ဖိတ်ကြားချက်
Vol. 90 Ch. 1252
“ဝိုး ဘယ်လိုလုပ် ရုတ်တရက် ရန်ထလိုနေတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ပထမဦးဆုံးတွေ့ခဲ့တုန်းက မင်းက ငါ့ဆရာနဲ့ ဆက်နွယ်မှုရှိခဲ့တယ်ဆိုတာကို ခံစားမိခဲ့တယ်။ ပထမဦးဆုံး ငါက အတွေးလွန်နေတယ်လို့ တွေးခဲ့မိတာ။ ဒါပေမဲ့ အခု စစ်ဆေးကြည့်လိုက်တော့မှ မင်းရဲ့ ကံကြမ္မာက သူမနဲ့ လိုက်ဖက်ညီနေတာပဲ” ရှောင်ထျန်းတိက မျက်လုံးနီဖြင့် ပြောလာခဲ့သည်။
“သူမက သူမရဲ့ ကံကြမ္မာဆက်နွယ်မှု ဖြစ်ရပ်နဲ့ သူမရဲ့ ကံကြမ္မာဖန်တဲ့ ချစ်ခြင်းအကြောင်း ပြောခဲ့ဖူးတယ်။ မင်းက ကံကြမ္မာ သူမအတွက် ရွေးချယ်ထားတဲ့သူလား”
“အဲဒါဆိုတော့ ဘာဖြစ်လဲ” ဝမ်ဝေ့က တည်ငြိမ်စွာ မေးလိုက်သည်။
“မင်းက မထိုက်တန်ဘူး”
“ငါက သူမနဲ့ ဘာလို့ မထိုက်တန်တာလဲဆိုတာ ပြောစမ်းပါဦး”
ရှောင်ထျန်းတိက ပါးစပ်ဟကာ တစ်ခုခုပြောလိုသော်လည်း လည်ချောင်းဝတွင် တစ်ဆို့သွားလေ၏။ ဝမ်ဝေ့က ရုပ်ချောမောပြီး သူ့စွမ်းအားက အသက်အရွယ်အရ အတော်လေး မြင့်မားသည်ဟု ဆိုနိုင်ပေသည်။ သူ့ပါရမီကလည်း ထိပ်တန်းတွင် ရှိ၏။ သူ့နောက်ခံကလည်း ကမ္ဘာ၌ အကောင်းဆုံးထဲတွင် ပါဝင်နေသည်။ ထိုကဏ္ဍအားလုံးအတွက် သူက ရှုကျင်းယောင်အတွက် ပြီးပြည့်စုံနေ၏။ ထိုအချက်အားလုံးက ရှောင်ထျန်းတိအား ဆွံ့အသွားစေသည်။ သူ့အတွက် ကံကောင်းသွားစေသည်က ဝမ်ဝေ့သည် သူ့အရှိန်အဝါကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားခြင်း ဖြစ်၏။ မဟုတ်ပါက ထိုနှစ်ဦးသားက တစ်ယောက်နှင့်တစ်ယောက် ပိုမိုပြီးပြည့်စုံသွားစေလိမ့်မည်။
“မင်းက လက်ထပ်ပြီးပြီလေ” ရှောင်ထျန်းတိက နောက်ဆုံးသောစက္ကန့်ပိုင်း၌ အကြောင်းအရင်း တွေ့သွားသည့်အလား ပြောလိုက်သည်။
“အဲဒါဆိုတော့” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
“ယောက်ျားတစ်ယောက်မှာ ဇနီးသုံးယောက်နဲ့ ကိုယ်လုပ်တော် ၃၃ယောက်ရှိတာ ပုံမှန်ပဲ မဟုတ်ဘူးလား။ ငါ့ရဲ့ အဆင့်အတန်းနဲ့ စွမ်းရည်အရဆိုရင် အလှလေးတွေ သုံးထောင်ရှိတဲ့ မောင်းမဆောင်ရှိတာလည်း ပြဿနာမရှိလောက်ဘူး”
“ခွေးကောင် ငါ့ဆရာကို သာမန်မိန်းမများ ထင်နေလား”
“မင်းဆရာကိုတော့ မသိဘူး။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အလှဆုံးဆိုတဲ့ အဆင့်အတန်းပဲရှိတာဆိုရင်တော့ ငါ့ဘဝမှာ တစ်ဦးတည်းသော အမျိုးသမီးဖြစ်ဖို့ မလုံလောက်သေးဘူး”
ရှောင်ထျန်းတိက သတ်ဖြတ်ငွေ့တို့ ထုတ်လွှတ်လာလေ၏။
“မင်းက တိုက်ချင်နေတာလား။ ငါက အကုန်စွန့်လွှတ်ရဲတယ်”
“ကိုယ့်ကိုယ်ကို အရှက်ခွဲမနေနဲ့” ဝမ်ဝေ့က လက်ဝှေ့ကာ ပြောလိုက်သည်။
“ဘာဖြစ်လို့ သူမကို မင်းက ဘာလို့ အဲ့လောက်တောင် ဂရုစိုက်နေရတာလဲ”
သူက ပြောရင်း ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။
“ငါ့ကို အဲ့လိုလာမကြည့်နဲ့” ရှောင်ထျန်းတိက ညည်းတွားလိုက်၏။
“သူမနဲ့ အဆုံးမှာရှိသွားမဲ့ လူတိုင်းက တစ်ကမ္ဘာလုံးမှာရှိတဲ့ အကောင်းဆုံးအရာတွေကို ပေးစေချင်တာ။ ဒါက သူမအတွက် အနည်းဆုံးလိုအပ်ချက်ပဲ”
“အဲ့လိုလား။” ဝမ်ဝေ့က ပြောလိုက်သည်။
“မင်းက မင်းဘဝတစ်လျှောက်မှာ သူမကပဲ တစ်ဦးတည်းသော ကောင်းခဲ့တဲ့သူဆိုတော့ ခံစားချက်တွေ မှားနေတယ်လို့ ထင်နေတာ။ ဒါမှမဟုတ် မင်းဘဝခရီးလမ်း ပြန်တွေ့ပြီးတဲ့နောက်မှာ မစားကောင်းတဲ့ အသီးကိုများ မြည်းစမ်းချင်နေတာလားလို့လေ”
ဝုန်း
အဖျက်စွမ်းအားပါဝင်သည့် ကြောက်မက်ဖွယ်ကောင်းသည့် လက်ဝါးချက်က ဝမ်ဝေ့အား ထိမှန်လာခဲ့သည်။ သို့သော်လည်း ဒိုင်းကာတစ်ခု ပေါ်ထွက်လာကာ အလျင်အမြန် တားဆီးလိုက်၏။ သူက မျှော်နန်းဆောင်ပင် အထိအခိုက်မရှိသလို တားဆီးနိုင်ခဲ့သည်။
“စိတ်အေးအေး ထားစမ်းပါ” ဝမ်ဝေ့က အဖန်ရည်သောက်သုံးရင်း ပြောလိုက်သည်။
“မင်းက တာအိုသခင်တစ်ယောက်အနေနဲ့ ဘယ်လိုလုပ် အဲ့လောက်တောင် ဒေါသထွက်နေရတာတုန်း။ မင်းဆရာက မင်းရဲ့ အားနည်းချက်ဆိုရင်တောင် ဖုံးကွယ်ဖို့ အကောင်းဆုံးကြိုးစားရမှာလေ” ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်ကာ ပြောလိုက်သည်။
“ဘာဖြစ်ဖြစ် ဆရာတပည့်ဆက်ဆံရေးက တားမြစ်ချက် တစ်ခုရယ်တော့ မဟုတ်ပါဘူး”
တားမြစ်ချက်တချို့ရှိထားသော်လည်း မည်သူကမှ ထိုသို့သော ဆက်ဆံရေးမျိုးကို ဂရုမစိုက်ကြပေ။ အသက်ရှည်စွာနေထိုင်ပြီးသည့်နောက်တွင် ကျင့်ကြံသူများ၏ ဘဝက ကြိုးမျှင်လေးသဖွယ် ဖော်ညွှန်းနိုင်သည်။ မိသားစုကြားတွင် ဆက်ဆံရေးမျိုးများပင် သေမျိုးလောကထက် ပိုမိုသာမန်ဆန်ခဲ့၏။ အဆင့်(၁၀) ကျင့်ကြံသူများက သူတို့မိသားစုအား မျိုးဆက်သန်းချီအောင် မွေးဖွားပေးနိုင်လောက်အောင် ကြာကြာနေထိုင်နိုင်ကြသည်။ ထို့ကြောင့် မျိုးဆက်တချို့ပြီးသည့်နောက်တွင် လူတချို့က ဂရုမစိုက်ကြတော့သလို သူတို့၏ သွေးမျိုးဆက်ကို သန့်စင်အောင် အချင်းချင်းလက်ထပ်ပွဲများမှတဆင့် ကြိုးစားသည့်သူများကိုလည်း ထည့်မပြောကြတော့ပေ။
ရှောင်ထျန်းတိက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်၏။
“ငါ့ မေးခွန်းကိုဖြေ။ ငါ့ဆရာအပေါ်မှာ ဘယ်လိုရည်ရွယ်ချက်မျိုး ရှိနေတာလဲ”
ဝမ်ဝေ့က သူ့ရိုင်းပျသည့် အပြုအမူကို လျစ်လျူရှုထားပြီး ပြောလိုက်သည်။
“ငါက ရည်ရွယ်ချက် မရှိဘူး။ ကံကြမ္မာဆက်နွယ်မှုဖြစ်ရပ်ကို ဖျောက်ဖျက်ဖို့ သူမနဲ့ တွေ့ရမှာ။ အဲ့လိုလုပ်ဖို့ လိုနေတာ”
“ဒါပဲလား”
“အဲ့လိုပဲ”
“မင်းက နည်းနည်းလေးမှ စိတ်မပါဘူးလား”
“ငါ ပြောတဲ့အတိုင်း သူမဆီမှာရှိတာ အလှတရားပဲဆိုရင် ငါ့အတွက် ဂရုစိုက်ဖို့ မလုံလောက်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“မင်းပြောတဲ့အတိုင်း ငါ့ဆီမှာ ဇနီး ရှိတယ်။ ငါ့အတွက် သူမက တစ်ယောက်တည်းသောသူပဲ”
ရှောင်ထျန်းတိက သူ့အား စိုက်ကြည့်လိုက်သည်။
“ငါ့ အလိုလိုသိစိတ်ကတော့ မင်းက အမှန်အတိုင်း ပြောနေတယ်ဆိုတာကို ပြောပြနေတယ်။ ဒါပေမဲ့ ငါ့စိတ်က မင်းစကားတွေကို မယုံနိုင်သေးဘူး”
“အဲဒါက မင်းက မျက်နှာသာလိုက်နေလို့လေ။” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
“မင်းက သူမကို များများ မျှော်လင့်ထားတာဆိုတော့ တခြားသူတွေနဲ့ ရှိမဲ့ အခွင့်အရေးကို ငြင်းဆန်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကမ္ဘာကြီးက ကျယ်ပြောတယ်။ ငါက အသေးအဖွဲဆိုပေမဲ့ တခြားသူတွေရှိဦးမှာ သေချာတယ်”
“အဲဒါက မင်း သူမကို မရသေးလို့ ဖြစ်နိုင်တာပဲ” ရှောင်ထျန်းတိက ပြန်လည်ချေပလိုက်၏။ သူ့ဆရာသည် မျိုးနွယ်၊ မျိုးစိတ်နှင့် လိင်အမျိုးအစားတို့ကို ကျော်လွန်နေသည့် အလှတရားမျိုး ဖြစ်ကြောင်း သိထားလေသည်။
“မင်းက ငါ့ကို မသိပါဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“ငါက ကံကြမ္မာကို စက်ဆုပ်တယ်။ အဲဒါကြောင့် ငါ့အတွက် ကိစ္စတွေကို ဆုံးဖြတ်ပေးဖို့ ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး။ ငါ့ဇနီးကလွဲလို့ပေါ့။ သူမကတော့ အမြဲတမ်း တစ်ခုတည်းသော ခြွင်းချက်ပဲ။ မင်းရဲ့ ဆရာက ဘယ်လောက်ပဲ အံ့ဩဖို့ကောင်းကောင်း ကိစ္စမရှိဘူး။ ကံကြမ္မာက ငါ့အတွက် သူမကို ရွေးချယ်ပေးတယ်ဆိုတာနဲ့တင် ငါတို့နှစ်ယောက်က အတူတူဖြစ်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”
“တကယ်ကို ထူးဆန်းလိုက်တာ” ရှောင်ထျန်းတိက မှတ်ချက်ပေးလိုက်သည်။ အကယ်၍ သူသာ ပထမအကြိမ် လက်ခံခဲ့ပါက အဘယ်ကြောင့် ဒုတိယအကြိမ် မရှိရသနည်း။ သို့သော်လည်း သူက ထိုသို့သော ဆုံးဖြတ်ချက်မျိုးကို နားလည်ထားလေသည်။
“မင်းကို ယုံလိုက်မယ်” ရှောင်ထျန်းတိက ပြောပြီးသည့်နောက်တွင် ရွှေရောင်ဖိတ်စာကို ထုတ်ကာ ဝမ်ဝေ့ဆီ ပေးလိုက်သည်။
“အခမ်းအနားက ရေပူစမ်းနယ်မြေမှာ လုပ်မှာ။ အားလုံးက စုဝေးကြမဲ့နေရာပဲ။ ဧည့်သည်တွေတော့ ဝင်ရောက်နိုင်တာပေါ့”
ဝမ်ဝေ့က ထိုနေရာနှင့်ပတ်သက်ပြီး သူ့အသိများကို ပြန်လည်စုစည်းလိုက်သည်။ ထိုအရာက ရေပူစမ်းများသည် ကွဲပြားသည့် ဒိုင်မေးရှင်းတစ်လျှောက် ရုတ်ချည်းပေါ်ထွက်လာသည့် ထူးထူးဆန်းဆန်းနေရာတစ်ခု ဖြစ်၏။ ရေပူစမ်းများက စိတ်အပန်းဖြေသော်လည်း ပို၍အရေးကြီးသည်က သက်ရောက်မှုများစွာ ရှိလေသည်။ ထိုအရာက ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ကျင့်ကြံဖို့ ကူညီပေးပြီး စွမ်းရည် သို့မဟုတ်ပါရမီများကိုပင် ချီးမြှင့်ပေးနိုင်သည်။
“ငါ အချိန်မီ လာခဲ့မယ်” ဝမ်ဝေ့က ဖိတ်စာကို သိမ်းကာ ပြောလိုက်သည်။
“ဒါနဲ့ တော်လှန်ရေးမှာ အခြေအနေဘယ်လိုလဲ”
“အဆင်ပြေပါတယ်။ ရည်မှန်းချက်တစ်ခုတော့ ရှိသွားတာပေါ့။ တခြားတော့ ဘာမှ ထပ်မတောင်းဆိုနိုင်ပါဘူး”
“မင်းရဲ့ တည်ရှိမှုက မင်းဆရာအပေါ် သက်ရောက်မှု မဖြစ်ဘူးလား”
“ဒါက ငါပြောနိုင်တဲ့အရာမဟုတ်ဘူး” ရှောင်ထျန်းတိက ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် လုပ်ဖို့အားပေးခဲ့တာ သူမပဲလေ။ ပြဿနာရောက်လာရင် သူမပဲ ဖြေရှင်းလိုက်မယ်တဲ့”
“တော်သေးတာပေါ့။ သူတို့ ဘယ်လိုထင်လဲ” ဝမ်ဝေ့က မေးလိုက်သည်။
“သူတို့လား” ရှောင်ထျန်းတိက အတွေးများကို ပြန်လည်စုစည်းကာ ပြောလိုက်သည်။
“သူတို့ရဲ့ ခေါင်းဆောင် ဧကရာဇ်ကျိမင်က အတော်လေး ပါရမီထူးကဲတယ်။ ဒါပေမဲ့ သူက တော်လှန်ရေးကို စုစည်းတဲ့နေရာမှာ အမှားကြီးကြီးလုပ်ခဲ့တယ်လေ။ သူက စွမ်းအားကို ပဓာနမထားဘဲနဲ့ လူအများကြီးကို ခေါ်ခဲ့တာ။ အဲဒါကြောင့် အင်အားစုအများကြီးက အာဏာအတွက် တိုက်ခိုက်ကြတဲ့အခြေအနေမျိုးတွေ ဖြစ်လာတာပေါ့”
ရှောင်ထျန်းတိက မျက်မှောင်ကြုတ်လိုက်သည်။
“ဒါက အမှားအယွင်းမဟုတ်ဘဲ တမင်လုပ်ခဲ့တာလို့တောင် ထင်တယ်”
“အိုး”
“သူ လုပ်ခဲ့သမျှအားလုံးကို သုံးသပ်ပြီးတဲ့နောက်မှာ သူ့ရဲ့ အကြွင်းမဲ့ရည်မှန်းချက်က ဒီအခန်းကဏ္ဍကို အဆုံးသတ်ပစ်ဖို့ တော်လှန်ရေးအတွက် မဟုတ်ဘဲနဲ့ တော်လှန်ရေးကို အသုံးချပြီးတော့ သူ့ကိုယ်ပိုင်အင်အားစုကို တည်ထောင်ဖို့ပဲလို့ ကောက်ချက်ချထားတယ်” ရှောင်ထျန်းတိက ပြောလိုက်သည်။
“သူက အဲ့လောက်တောင် ရည်မှန်းချက်ကြီးတယ်လား”
“မင်း ထင်ထားတာထက်ပိုတယ်” တကယ်လို့ ငါ့သုံးသပ်ချက် မှန်မယ်ဆိုရင် သူပျောက်ကွယ်သွားတာက စံပြအဆင့်ကို ဝင်ရောက်ဖို့ ကြိုးစားနေတာပဲဖြစ်ရမယ်”
“တကယ်လို့ သူသာ အောင်မြင်မယ်ဆိုရင် ခုခံမှုတွေအားလုံးကို ထိန်းချုပ်ဖို့ ပိုမိုလွယ်ကူသွားလိမ့်မယ်။ အထူးသဖြင့် သူတို့က ထိန်းချုပ်မှုအမြောက်အများ ရရှိထားတဲ့ အခြေအနေမျိုးမှာပေါ့” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။
“အဲဒါက အစကတည်းက သူ့ရဲ့ ရေရှည်ရည်မှန်းချက် ဖြစ်နေနိုင်တယ်” ရှောင်ထျန်းတိက သဘောတူလေ၏။
ဝမ်ဝေ့က စားပွဲခုံကို ခေါက်ရင်း သေချာစဉ်းစားနေသည်။
လက်ရှိအခြေအနေမှာဆိုရင် ငါက အဆင့်တက်လှမ်းဖို့ ဘယ်မှာ ပုန်းအောင်းနေမလဲ…
သူ့ကိုယ်သူ ရိုးရှင်းလှသည်။ ဖြစ်နိုင်ချေနေရာသုံးခုသာ ရှိ၏။ ပထမတစ်ခုက အရင်းအမြစ်ချီနေရာလွတ် ဖြစ်ကာ ပတ်ဝန်းကျင်အနေအထားအရ အတိုင်းအတာမဲ့ စမ်းသပ်ချက်မျိုးကို သက်ရောက်မှုရှိစေသည့်အတွက် ခက်ခဲနှုန်းက သိသိသာသာ တိုးမြင့်သွားလိမ့်မည်။
ဒုတိယရွေးချယ်စရာကမူ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ တားမြစ်နယ်မြေများဖြစ်၏။ သို့သော် နေမင်းနှစ်စင်းက ထိန်းချုပ်ပြီးကတည်းက ထိုနေရာများသည် ပျောက်ကွယ်သွားခြင်း အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။ ကျန်ရှိနေသည့် နောက်ဆုံးသောနေရာက စည်းမျဉ်းမဲ့ဇုန်သာ ဖြစ်၏။
စမ်းသပ်ချက်က အစစ်အမှန်ကောင်းကင်ဆီက ဆင်းသက်လာတာဆိုတော့ အဆင့်တက်လှမ်းတဲ့နေရာမှာ သက်ရောက်မှုရှိမှာ မဟုတ်ဘူးပဲ။ ပြီးတော့ တစ်စုံတစ်ယောက်က ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားမယ်ဆိုရင်တောင် သူတို့ရဲ့စွမ်းအားက ကောင်းကင်ဘုံအဆင့်ထိ လျှော့ချခံရလိမ့်မယ်။ အဲဒါဆိုတော့ ကပ်ပါးတွေ ဝင်ရောက်နှောင့်ယှက်ဖို့ ကြိုးစားလာနိုင်တဲ့အခြေအနေမျိုးအတွက် အကောင်းဆုံးနေရာ ဖြစ်နေတာပဲ…
အဲဒါဆိုတော့ ဧကရာဇ်ကျိမင်က စည်းမျဉ်းမဲ့ဇုန်ထဲမှာ ပုန်းအောင်းနေတာလား။ ဒါပေမဲ့ ငါ သူ့ကို ဘာလို့မတွေ့တာလဲ။ စဉ်းစားကြည့်တော့မှ အရူးသူခိုးအဖွဲ့ခေါင်းဆောင်ကို မတွေ့သေးဘူးပဲ။ သူတို့က သက်ဆိုင်နေတာလား။ ဒါမှမဟုတ်ဘူးဆိုရင် သူတို့က အတူတူပဲလား…
ဝမ်ဝေ့၏ ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို ရပ်တန့်သွားကာ အတွေးများစွာ ဖြတ်ပြေးသွားသည်။ သူက သူရောက်ရှိနေသည့်အတွေးကို စဉ်းစားမိသွားသော်လည်း တစ်စုံတစ်ခုက သူ့အား ထိုအခိုက်အတန့်ကို ယူကာ ဆက်တွေးသင့်ကြောင်း ပြောနေလေ၏။
ငါ ပထမဦးဆုံးတွေ့တုန်းက သူ့နာမည်က လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်နေတယ်လို့ ထင်ခဲ့တာ။
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
နောက်ပိုင်း စုစည်းထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် အဲ့လိုဖြစ်တဲ့ပုံပဲ။
သူတို့ခေါင်းဆောင်ရဲ့ တာအိုကို မည်သူကမှ မသိကြဘူး။ ဒါပေမဲ့ အားလုံးက သူ့ကို ကျရှုံးခဲတဲ့ လုပ်ကြံသတ်ဖြတ်ရေး ဆရာသခင်လို့ပဲ သိကြတာ။
ဒါပေမဲ့ အဲဒါက ခိုးယူရေးနဲ့ ပတ်သက်တဲ့ တာအိုအပေါ်လည်း သက်ရောက်မှုရှိတယ်။ သူတို့နှစ်ယောက်လုံးက တစ်ပြိုင်နက် ကျင့်ကြံနေတာက သံသယဖြစ်ဖို့ကောင်းတယ်။ အထူးသဖြင့် အဖွဲ့ခေါင်းဆောင်ရဲ့ ကျင့်ကြံဆင့်က အဆင့်(၁၁)ထိပ်ဆုံးလို့ ကြားတဲ့အခါမျိုးပေါ့…
ဝမ်ဝေ့က သူ့ကောက်ချက်ချမှုသည် သေးငယ်သော်လည်း တစ်စုံတစ်ခု ဖမ်းဆုပ်မိကြောင်း ပြောပြနေ၏။ ဧကရာဇ်ကျိမင်က အရူးသူခိုးအဖွဲ့ခေါင်းဆောင်နှင့် တူညီသည့်သူဖြစ်စေ သို့မဟုတ် သူတို့က တစ်နည်းနည်းနှင့် ဆက်နွယ်နေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူက စုံစမ်းဖို့ ပြင်ဆင်ထားလေ၏။