← Chapters

အသက်ပြန်ရှင်ခြင်း သံမဏိ

Vol. 90 Ch. 1253

အသက်ပြန်ရှင်ခြင်း သံမဏိ

Vol. 90 Ch. 1253

ဝမ်ဝေ့က အတွေးကို ရပ်တန့်ကာ အဖန်ရည်ကို သောက်သုံးလိုက်သည်။

“ပြီးသွားပြီလား။” ရှောင်ထျန်းတိက မေးလိုက်၏။

“အားနာပါတယ်”

“ငါ နားလည်ပါတယ်” ရှောင်ထျန်းတိက ခေါင်းညိတ်လိုက်သည်။ သူက ရုတ်တရက် လှုံ့ဆော်မှု ရရှိလာသည့်အခါ သူ့အတွေးများကို လွှတ်ပေးသည်က အကောင်းဆုံးဖြစ်ကြောင်း သိထားသည်။

“အဲဒါဆိုတော့ ဘာတွေများ လုပ်ဖို့ စီစဉ်ထားလဲ”

“မင်း သိတဲ့အတိုင်း အနာဂတ်အတွက် ပြင်ဆင်နေတာပေါ့” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“တာအိုအခွင့်အလမ်းဂိုဏ်းက မင်းရဲ့ ကံကြမ္မာကို ဖြည့်စည်းဖို့ ထောက်ပံ့မှု အပြည့်အဝပေးဖို့ ပြင်ဆင်ပြီးသွားပြီလား။”

“မင်းက ဘာလို့ သိချင်တာလဲ”

“အဲဒါဆိုတော့ ငါ မှန်နေတာပဲ။ မင်းက သူတို့ကို ဘေးဖယ်နေခိုင်းဖို့ ကြိုးစားနေတာပဲ” ရှောင်ထျန်းတိက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

“ငါ မင်း စိတ်ဓာတ်ကျပြီး တိတ်ဆိတ်နေတဲ့ပုံကို ပိုသဘောကျတယ်”

“ဒါက လာနှိမ်နေတာပဲ”

“မင်း ငါ့ကို ဆက်ပြီးတော့ စမ်းသပ်နေမယ်ဆိုရင် အဲ့ထက်ပိုပြီးတော့ လုပ်နိုင်တယ်” ဝမ်ဝေ့က သူ့အား စိုက်ကြည့်ကာ ပြောလိုက်သည်။

ရှောင်ထျန်းတိက ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် ထရပ်လိုက်၏။

“ကောင်းပြီလေ။ ဒါက ပျော်စရာတော့ ကောင်းပါတယ်။ နောက်တစ်ချိန်ကျမှ ထပ်တွေ့ကြတာပေါ့”

သူ့ခန္ဓာကိုယ်က ပန်းခင်းအသွင်ပြောင်းလဲကာ ရုတ်ချည်းဆိုသလို ကောင်းကင်ယံထက် ပျံသန်းသွားပြီး အသံက ပျံ့နှံ့ထွက်လာသည်။

“တစ်ခါက အထီးကျန်လမ်းစဉ်ကို လျှောက်လှမ်းခဲ့တယ်။ အခုတော့ အလှတရားကို ကိုယ်စားပြုတဲ့ ပန်းတစ်ပွင့်ကြောင့် လှုံ့ဆော်ခံလိုက်ရပြီ။ သူ့မရဲ့ အပြုံးကို ကာကွယ်ဖို့ ငါ ဘာမဆိုလုပ်ပေးနိုင်တယ် ... ငါ့ဘဝက သွေးသံရဲရဲဖြစ်နေတယ်ဆိုရင်တောင်ပေါ့”

ဝမ်ဝေ့က ရှုံ့မဲ့သွား၏။

ဘာပါလဲ။ ရှုကျင်းယောင်က လှလွန်းလို့ အဲဒီကောင်စုတ်ကို ကဗျာဆရာဖြစ်သွားစေတာလား…

သူက ခေါင်းအသာယမ်းပြီးသည့်နောက်တွင် ထွက်ဖို့ ပြင်လိုက်သည်။ သူက ချက်ချင်း ထွက်ခွာမသွားသေးဘဲ ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ ဤနေရာထံ သူ့အဆောင်များကို ပို့ဆောင်၍ သတင်းအချက်အလက်များကို တွေးလိုက်မိသည်။

ဝမ်ဝေ့က ထိုပိုင်နက်ထဲ ပျံသန်းသွားပြီးသည့်နောက်တွင် ဖရိုဖရဲအများစုဖြစ်ရာနေရာကို ကြည့်လိုက်သည်။ နှင်းကောင်းကင်မြို့က ထိုအဖြစ်အပျက်များ များစွာ ဖြစ်ပျက်လေ့ရှိသည့်အတွက် အဖွဲ့ခွဲတည်ထောင်ဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်၏။ သူက ကံကြမ္မာပြောင်းလဲရေးခန်းမ၏ တာဝန်များကိုလည်း ဤနေရာအထိ ပို့ဆောင်ပေးရမည်။

မြို့က ဒိုင်မေးရှင်းအမြင့်တွင်ရှိသည့် အရာများစွာကဲ့သို့ ကြီးမားလှသည်။ သို့သော်လည်း ဤသည်က အထူးဆန်းဆုံးအပိုင်း မဟုတ်သေးပေ။ ဝမ်ဝေ့က ရောက်ရှိလာသည်နှင့် သူက လူအများ၏ အာရုံကို အကြောင်းအရင်းတစ်ခုကြောင့် ဖမ်းစားသွားခဲ့၏။ သူက သာမန်ဝတ်စုံကို ဝတ်ဆင်ထားစဉ် အားလုံးနီးပါးက အမွှေးပွပွ အနွေးထည်များ ဝတ်ဆင်ထားကြသည်။

နှင်းကောင်းကင်မြို့ကို နတ်ဘုရားရေကန်သလင်းကျောက် မိုင်းတွင်းအထက် တည်ဆောက်ထားသည့်အတွက် အပူချိန်က အင်မတန် နိမ့်ကျလှသည်။ ထိုအရာ၏ စွမ်းအားကို စုစည်းလိုက်ပါက ကောင်းကင်ဘုံအဆင့်ကိုပင် သေဆုံးလုနီးပါး အေးခဲသွားစေနိုင်၏။

နှင်းကောင်းကင်မြို့ထဲတွင် သီးသန့်လုပ်ထားသည့် အဝတ်အစားများကို မဝတ်သူများက အပူချိန်ကို ခုခံနိုင်သည့် ထိပ်တန်းအသုံးအဆောင်ပစ္စည်းများ ရှိနေကြောင်း သို့မဟုတ် အအေးဒဏ်ကို လျစ်လျူရှုလောက်အောင် လုံလုံလောက်လောက် အားကောင်းခြင်းသာ ဖြစ်၏။ ဝမ်ဝေ့က လူအုပ်ကြား ဝင်ကာ အားလုံးနှင့် ဆင်တူအောင် အင်္ကျီကို ပြောင်းလဲလိုက်သည်။

သူက မြို့ထဲ ဝင်လာပြီးသည့်နောက်တွင် စောင့်ဆိုင်းလိုက်၏။ သူက သိသမျှ အကြောင်းအရာအားလုံးကို ပြန်လည်စဉ်းစားလိုက်သည်။ နှင်းကောင်းကင်မြို့က အရည်အချင်းတာအိုအဖွဲ့အစည်း၏ ပိုင်ဆိုင်မှု ဖြစ်ခဲ့ဖူးသည်။ သူတို့က နတ်ဘုရားရေခဲသလင်းကျောက်ကို အသုံးပြုကာ လက်နက်များ၊ အဆောင်များ၊ ဆေးလုံးများ အစရှိသည်ကို ပြုလုပ်ခဲ့ကြ၏။

 သို့သော် ဤနေရာက ထာဝရဇာမဏီနှင့် ဝူယွီဇာမဏီတို့၏ ပိုင်ဆိုင်မှု ဖြစ်လာခဲ့သော်လည်း ပဋိပက္ခများက အရင်းအမြစ်မျှဝေရာမှ ဖြစ်ပေါ်လာလေ့ရှိသည်။ မဟုတ်ပါက ထိုပဋိပက္ခများသည် တခြားတစ်ခုပေါ်မှ ဖြစ်၏။ သို့သော် ထိုအရာက ဤနတ်ဘုရားရေခဲသလင်းကျောက်၏ မိုင်းတွင်းဝေခွဲမှုအပေါ် ဆက်တိုက်ရန်ပွဲများ ဖြစ်ပေါ်လာစေသည်။

ဒီလောက်အရင်းအမြစ်တွေအများကြီးကို အများစုက အလကားဖြစ်သွားတာပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ကပ်ပါးများက ကျွမ်းကျင်အတတ်ပညာတာအို စံပြအများစုကို သတ်ခဲ့သည့်အတွက် သူတို့က အရင်းအမြစ်များကို ထိုအနေအထားထိ မသန့်စင်နိုင်ကြတော့ပေ။ ဝမ်ဝေ့က မေတ္တယျနှင့် အန္တိမသဟဇာတသည် သူတို့တစ်ချို့တစ်လေကို ထိန်းသိမ်းထားနိုင်ကြောင်း ခံစားမိလေ၏။ အကြောင်းအရင်းကမူ စံပြဆေးလုံး ဖန်တီးခြင်းက သက်ရောက်မှုအပေါ် မူတည်၍ တစ်ကမ္ဘာလုံးအပေါ် အမြင်ရုပ်လွှာများစွာ ထွက်ပေါ်လာစေသည့်အတွက် ထိုသို့တော့ မဖြစ်နိုင်လောက်ပေ။

ထို့အပြင် ထိုကပ်ပါးများထဲ အချိန်စားသုံးသူကလွဲ၍ တခြားသော စံပြများကို နီးနီးကပ်ကပ် ထိန်းထားရဲမည် မဟုတ်ပေ။

ထို့ကြောင့် သူတို့လုပ်နိုင်သည့် အကောင်းဆုံးအရာက စံပြအဆင့် အရာများကို သန့်စင်နိုင်သည့် ရှားပါးသော ဆန့်ကျင်တာအိုအုပ်စိုးသူများကို ထိန်းသိမ်းထားခြင်း ဖြစ်၏။

ဝမ်ဝေ့က မြို့ထဲတွင် လျှောက်လှမ်းလာစဉ် သူ့အာရုံကို ဖမ်းစားနိုင်သည့် တစ်စုံတစ်ခုကို ကြားလိုက်ရသည်။

“တကယ်လား” အမျိုးသမီးတာအိုအုပ်ချုပ်သူက ပြောလိုက်သည်။

“ဟုတ်တာပေါ့။ သတင်း အခုမှ ကြားလာတာလေ။ ခရမ်းကြာပွင့်ခန်းမက လျှို့ဝှက်လေလံပွဲမှာ အသက်ပြန်ရှင်ခြင်းသံမဏိ ပါတယ်လို့ သတင်းလွှင့်လာတယ်လေ” သူမ၏ အပေါင်းအပါ ထာဝရဦးသျှောင်တစ်ယောက်က ပြောလိုက်သည်။

“ရှူး အသံကျယ်ကြီးမပြောနဲ့” ထိုအမျိုးသမီးက သတိပေးလိုက်၏။

“ဒါပေမဲ့ သူတို့က ဒီလိုမျိုး အကြောင်းအရာကို ရဲရဲတင်းတင်း ကြေညာရဲတယ်လား”

“ဒုတိယအဆင့်ပဲ ဖြစ်လို့နေမယ်။ ဒါပေမဲ့ ကောလဟာလတွေအရတော့ သူတို့ဆီမှာ တတိယအဆင့် အသက်ပြန်ရှင်ခြင်း သံမဏိ ရှိတယ်လို့ ကြားတယ်။ ဒါပေမဲ့ လျှို့ဝှက်လေလံပွဲမှာပဲ ရောင်းချမှာတဲ့”

“ကောလဟာလကတော့ ကောလဟာလပါပဲလေ”

“အဲဒါဆိုတော့ အမှန်လို့ထင်လား”

“အမှန်ဆိုရင်ရော ဘာလုပ်ရမှာလဲ” ထိုအမျိုးသမီးက မေးလိုက်သည်။

“ထိုပစ္စည်းမျိုးက ငါတို့တွေ ဝင်ရောက်စွက်ဖက်နိုင်တဲ့အရာလို့ ထင်နေတာလား”

“ငါ သိပါတယ်။ အဲဒါကြောင့် လေလံပွဲကို တက်ဖို့ ဖျောင်းဖျနေရတာပေါ့။ အဲဒီမှာ ပစ္စည်းကောင်းတွေ အများကြီးရှိလောက်တယ်”

“ငါတော့ ပြဿနာအနံ့ပဲ ရနေပြီ။ ဝေးဝေးနေသင့်တယ်” ထိုအမျိုးသမီးက ပြန်ဖြေလိုက်၏။

“မင်းကလေ အရမ်းကို ဘေးကင်းဖို့ပဲ အာရုံစိုက်လွန်းတယ်” သူ့အပေါင်းအပါက ပြောလိုက်သည်။

“ကောင်းပြီလေ။ ဒါပေမဲ့ ငါတို့တွေ ပူးပေါင်းတယ်ဆိုရင် ဒီလိုအန္တရာယ်များတဲ့ နေရာကို လာခြင်းရဲ့ အကျိုးကရော”

“အန္တရာယ်ကြားကနေ အကျိုးအမြတ်ရတာက အဆင်ပြေတယ်လေ။ ဒါကတော့ ငါတို့တွေ ဒုက္ခရောက်နေတဲ့အရာလို့ ခံစားမိနေတယ်။ ငါ စကားကို နားထောင်။ လေလံပွဲနဲ့ ဝေးဝေးနေ”

“ကောင်းပြီ ကောင်းပြီ  မင်းစကားကို နားထောင်ပါ့မယ်” ထိုအမျိုးသားက သက်ပြင်းချလိုက်၏။

အသက်ပြန်ရှင်ခြင်း သံမဏိလား…

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ ဤသည်က အသုံးချစရာများစွာရှိသည့် ရှားပါးအရင်းအမြစ် ဖြစ်၏။ အရေးကြီးဆုံးအရာက အသက်ရှည်အရင်းအမြစ်၏ ရန်သူ ဖြစ်ပေသည်။ အစပိုင်းတွင် ထိုပစ္စည်းကို တာအိုဆန္ဒ မသုံးနိုင်သည့် သူများက ဧကရာဇ်အဆင့်နှင့် အထက်ကို သတ်ဖို့ အသုံးပြုခဲ့ကြသည်။ သူတို့က ခန္ဓာကိုယ်ကို အသက်ပြန်ရှင်ခြင်း သံမဏိဖြင့် ဆောက်လုပ်ထားသည့် အကျဉ်းထောင်အတွင်း ပိတ်ဆို့ထားကြပြီး ဧကရာဇ်များအား အသက်ပြန်ရှင်လာခြင်းမှ တားဆီးထားသည်။ အကျဉ်းထောင်က သေလူ၏ တာအိုအမှတ်အသားကို ဖယ်ရှားဖို့ ပိုမိုလွယ်ကူစေသည်။

နောက်ပိုင်းတွင် အသက်ရှင်ခြင်းသံမဏိကို အသက်ရှင်ခြင်းအဆောင်အဖြစ် ပြောင်းလဲကာ အသက်ပို တစ်သက် ရလာနိုင်သည်။ တခြားနည်းဖြင့်ပြောရလျှင် လူအများက ထိုအဆောင်များကို အသုံးပြုကာ တစ်ဖက်လူကို ထပ်ခါထပ်ခါ သေစေပြီး အစစ်အမှန်သေဆုံးသွားအောင်အထိ ပြုလုပ်ခဲ့ကြသည်။

ကပ်ပါးတွေက ဒီဟာကို တားမြစ်ထားတာ။ သူတို့က တတိယအဆင့်ပဲ ရှာတွေ့သွားတယ်ဆိုပေမဲ့  ….

ဝမ်ဝေ့က တွေးလိုက်သည်။

အဲဒါဆိုတော့ ဒီလူတွေက ဘာလို့များ ရဲရဲတင်းတင်း လုပ်ရဲနေတာလဲ…

 သူက စဉ်းစားနေရင်းဖြင့် ထိုအခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့သည်။ သူက ၆လတာ စောင့်ဆိုင်းပြီးသည့်နောက်တွင် ခရီးငယ်တစ်ခုသွားဖို့ ဆုံးဖြတ်လိုက်၏။

ဝမ်ဝေ့က လေလံပွဲအတွက် အထူးဧည့်သည်နေရာကို ဝယ်ယူခဲ့သည်။ သို့သော် တန်ကြေးက ကြီးမားလွန်းသည့်အတွက် ညည်းတွားခဲ့ရ၏။ ဧည့်ကြိုက  ရောင်းချသည့် သဘာဝကြောင့် တန်ကြေးများ မြင့်သွားကြောင်း ရှင်းပြသွားလည်း သူ့အနေဖြင့် တန်ဖိုးဈေးကြီးလွန်းသလို ခံစားမိနေဆဲသာ ဖြစ်၏။

လေလံပွဲနေ့တွင် သူက စောင့်စားပြီး သေချာလေ့လာနေခဲ့သည်။ တင်ဆက်သူက မိန်းမလှတစ်ဦး ဖြစ်၏။ သူမက ခရမ်းရင့် နှုတ်ခမ်းနီကို ဆိုးထားပြီး လက်သည်းများ ရှိလေသည်။ ထို့အပြင် ဆောင်းတွင်းမြေခွေး အမွေးပွအနွေးထည်ကို ဝတ်ဆင်ထားလေ၏။

ပထမပစ္စည်းက အဆင့်(၇)ဖြစ်ပြီး လေဟာနယ်အဆင့်ရှိ လူများအတွက် ဖြစ်ပေသည်။

ထို့နောက် ထိုအရာက ဖြည်းဖြည်းချင်း တိုးမြှင့်သွားပြီး  အဆင့်(၁၀) ရောက်ရှိလာစဉ် ဝမ်ဝေ့က တစ်စုံတစ်ခုကို ဝယ်ယူခဲ့သည်။ သူက ကောင်းကင်အလိုဆန္ဒ ၅ခုမှ ၃ခုကို ဝယ်ယူခဲ့၏။ သူက ကျန်ရှိနေသည့် နှစ်ခုကို မတိုက်ခိုက်ခဲ့သည်မှာ ထိုသူများက အတော်လေးလိုချင်နေ၍ ဖြစ်သည်။ ထို့ကြောင့် သူက ထိုနှစ်ခုကို ဒီအတိုင်း လက်လွှတ်လိုက်၏။

လေလံဆွဲပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်က သူ့ပစ္စည်းများ ယူဆောင်လာသည်။ သူက တန်ဖိုးပေးချေလိုက်၏။ ထိုဖြစ်စဉ်က ရိုးရှင်းကာ တဲ့တိုးဆန်လှ၏။ သူက ကောင်းကင်အလိုဆန္ဒကို သယ်ဆောင်ရင်း ဝမ်ဝေ့က မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ ဒိုင်မေးရှင်းအနိမ့်တွင် ထိုပစ္စည်းများကြောင့် တိုက်ခိုက်လေ့ရှိသော်လည်း ဒိုင်မေးရှင်းအမြင့်တွင်မူ ထိုအရာက သာမန်မျှသာ ဖြစ်နေလေ၏။

ဝမ်ဝေ့က ဘာမှထပ်မဝယ်တော့ဘဲ အဆင့်(၁၁)အရာများကပင် သူ့အတွက် ဆွဲဆောင်မှု မရှိပေ။ ထို့ကြောင့် နောက်ဆုံးသော လေလံပွဲပစ္စည်းကို စောင့်ဆိုင်းနေလေ၏။ တင်ဆင်သူအမျိုးသမီးက  လိုက်ကာနောက်မှ တစ်စုံတစ်ယောက်ကို ယူဆောင်လာစေသည်။

“အားလုံးပဲ တောင်းပန်ပါတယ်။ ဒီမှာ ပြဿနာတချို့ရှိသွားလို့ ကျွန်မကို ဖြေရှင်းဖို့ အချိန်နည်းနည်းပေးပါဦး”

တင်ဆက်သူအမျိုးသမီးက ဦးညွှတ်ပြီး ကြေညာလိုက်သည်။

“ဒီကိစ္စကို လျော်ကြေးပေးဖို့ အနာဂတ်လေလံပွဲတွေရဲ့ ငါးရာခိုင်နှုန်း လျှော့ဈေးပေးပါ့မယ်”

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။ လေလံဆွဲသူများကလည်း ကိုယ်စီ ဝင်ရောက်သွားကြပြီး သုံးမိနစ်ကြာမြင့်ပြီးသည့်နောက်တွင် သူမနောက်တွင် မြောလွင့်နေသည့်အရာနှင့် ပြန်လည်ထွက်ပေါ်လာသည်။

“အခု စလိုက်ကြရအောင်” သူမက ပြောရင်း အနီရောင်အဖုံးကို ဖယ်ရှားလိုက်သည်။ ထို့နောက် စက်ဝန်းပုံသဏ္ဌာန်များ လှည့်ပတ်နေသည့် အဖြူရောင်အစင်းများနှင့် အနက်ရောင်ကျောက်တုံးတစ်တုံးကို ထုတ်ပြလာလေ၏။ အံ့ဖွယ်အသိစိတ်များသည် ထိုအရာက တကယ့်အရာလား စစ်ဆေးကြည့်နေကြသည်။

“ဒီပစ္စည်းရဲ့ တန်ဖိုးကိုတော့ ကျွန်မ ပြောဖို့လိုမယ်လို့ မထင်ဘူး” တင်ဆက်သူအမျိုးသမီးက ပြောလိုက်သည်။

“လေလံကြမ်းခင်းဈေးကတော့…”

သူမက ခေတ္တမျှရပ်တန့်ပြီးသည့်နောက်တွင် ထပ်ပြောလိုက်သည်။

“မင်းတို့အသက်”

သူမက သတ်ဖြတ်ငွေ့အပြည့်ဖြင့် ပြောလာလေ၏။

ထင်ထားတဲ့အတိုင်းပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။ ထို့နောက် လေလံပွဲကို ဝန်းရံထားသည့် အကာအရံက ရုတ်ချည်းထွက်ပေါ်လာကာ ဇာမဏီပုံစံရှိသည့် ချပ်ဝတ်များကို ဝတ်ဆင်ထားသည့် အဖွဲ့နှစ်ခုက အဖက်ဖက်မှ ပြေးဝင်လာပြီး အားလုံးကို တိုက်ခိုက်ကြလေသည်။

All Chapters