နယ်စပ်အခြေအနေ
Vol. 90 Ch. 1255
ရှောင်ထျန်းတိက စစ်ဆေးမှုအခြေအနေအကြောင်း တွေးကာ မျက်မှောင်ကြုတ်လိုက်သည်။
“အများကြီး စဉ်းစားမနေနဲ့” ရှုကျင်းယောင်က ပြောလိုက်သည်။
“မင်းက ကံကြမ္မာကောင်းတဲ့သူပဲ။ ဘယ်သူသိမှာလဲ။ မင်းက အဲဒီအတွက် ပြင်းထန်တဲ့ဆန္ဒ ရှိရင် ပေါ်ထွက်လာရင် ပေါ်ထွက်လာမှာပေါ့”
သူမက သူမ၏ တပည့်အား ယခင်ပုံစံအတိုင်း ပြန်ပြောင်းမသွားစေလိုပေ။ ထို့ကြောင့် ရှုကျင်းယောင်က မျှော်လင့်ချက်အတုအယောင်ပေးဖို့ ရွေးချယ်လိုက်ခြင်း ဖြစ်၏။ သဘောတရားအရ သူမက ထိုစစ်ဆေးမှုအတွက် လိုအပ်သည့် လိုအပ်ချက်များကို မသိသည့်အတွက် မျှော်လင့်ချက် အတုအယောင်တော့ မဟုတ်ပေ။ သူမ သိထားသလောက် ကံကြမ္မာကောင်းသည့်သူတစ်ယောက်က ရယူနိုင်ခြင်း သို့မဟုတ် ဖရိုဖရဲဖြစ်နေသည့် အချိန်ကာလမျိုးတွင် ပေါ်ထွက်လာခြင်းမျိုး ဖြစ်တတ်သည်။
“ကံကြမ္မာလား။ အဲဒါကို ကျွန်တော်တို့တွေ ဆင့်ခေါ်လို့ရမလား” ရှောင်ထျန်းတိက တစ်စုံတစ်ခုကို တွေးမိသွားကာ အကြည့်များ တောက်ပလာသည်။
“အဲဒါက အတွေးကောင်းပဲ။ ဒါပေမဲ့ ဘယ်လိုလုပ်မှာလဲ”
“ဒုတိယမူလစစ်ပွဲတုန်းက အဖြစ်အပျက်ကို မှတ်မိသေးလား” ရှောင်ထျန်းတိက မေးလိုက်သည်။
“စံပြချီယွမ်က အကြွင်းမဲ့ တားမြစ်ချက်ကို ဆင့်ခေါ်ဖို့ ကံကောင်းမှုနဲ့ ကြမ္မာအမြောက်အများကို စုဝေးဖို့ စစ်ပွဲစတင်ခဲ့တယ်လို့ ပြောတယ်လေ။ ကျွန်တော်တို့တွေလည်း အဲဒီနည်းလမ်းကို သုံးပြီးတော့ ဆင့်ခေါ်လို့ မရဘူးလား”
“အဲဒါက အလုပ်ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကြမ္မာက…” ရှုကျင်းယောင်က ခေါင်းညိတ်လိုက်သည်။
“ကျွန်တော် တစ်ယောက်တည်းနဲ့ မလုံလောက်တာကို သိပါတယ်။ ဒါပေမဲ့ ဧကရာဇ်ခုံနဲ့ ကျန်တဲ့သူတွေကို ဆက်သွယ်လို့ရတာပဲလေ” ရှောင်ထျန်းတိက ဖျောင်းဖျလိုက်သည်။
“ပြီးတော့ မျိုးဆက်တူ လူတွေအများကြီးရှိမယ်လို့ ထင်တယ်။ အဲဒီလူတွေက လက်ရှိအနေအထားမှာ အခွင့်အရေးကောင်းကို လက်လွှတ်ခံမှာမဟုတ်ဘူး”
ရှုကျင်းယောင်က သူသည် မိတ်ဆွေဟု ခေါ်ဆိုသည့်သူတစ်ယောက်နှင့် တွေ့ဆုံပြီးသည့်နောက်တွင် မည်မျှ ထူးထူးဆန်းဆန်း တုံ့ပြန်နေကြောင်း သတိထားမိလိုက်သော်လည်း သူမက မစုံစမ်းပေ။ သူတို့က အင်မတန် ရင်းနှီးသည့်အတွက် သူ့တပည့်က မပြောလိုလျှင် အကြောင်းအရင်းရှိရပေမည်။
“ဒါက ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းပဲ” ရှုကျင်းယောင်က သက်ပြင်းချလိုက်၏။
“တာအိုအခွင့်အလမ်းဂိုဏ်းဆီကနေ အရေးကြီးတဲ့အရာကို ဘယ်လိုလုပ်ရနိုင်မှာလဲ။ သူတို့ကို တောင်းဆိုလို့ရပေမဲ့ သူတို့က မျက်နှာသာပေးပါ့မလားပဲ”
“ပြီးပြည့်စုံတဲ့ နည်းလမ်းကို မလိုပါဘူး။ မဟုတ်သေးဘူး။ ကျွန်တော်တို့တွေက စစ်ဆေးမှုကို ဆင့်ခေါ်ရမဲ့ လူဖြစ်ဖို့ မလိုဘူးလေ” ရှောင်ထျန်းတိက ဖျောင်းဖျလိုက်သည်။
“တာအိုအခွင့်အလမ်းဂိုဏ်းက ဒီလိုဖြစ်ရပ်ကနေ အကျိုးကျေးဇူးအများကြီးရမယ်လို့ ထင်နေတာ။ တခြားနည်းနဲ့ပြောရမယ်ဆိုရင် သူတို့ကို ဖျောင်းဖျဖို့ပဲ လိုတယ်”
ရှောင်ထျန်းတိက ထိုအစီအစဉ်အပေါ် ယုံကြည်ချက်ရှိနေသည်မှာ တာအိုအခွင့်အလမ်းဂိုဏ်းက ဝမ်ဝေ့ကြောင့် သဘောတူနိုင်မှု မြင့်မားကြောင်း သိထား၍ ဖြစ်သည်။ သူက ထိုခွေးကောင်ထံ အကျိုးအမြတ် မရဖို့ မျှော်လင့်သော်လည်း ထိုသို့မဖြစ်နိုင်ကြောင်း သိထားလေသည်။ မည်သို့ပင်ဆိုစေကာမူ စမ်းသပ်မှုက သူတို့ကြားမှ ကွာဟချက်ကို တစ်နည်းနည်းနှင့် လျှော့ချပေးနိုင်ပြီဖြစ်သည်။ အထူးသဖြင့် သူ့ကောင်းကင်ဘုံအဆင့်တစ်ယောက်ဖြစ်လာပြီး တတိယမြောက်နိုးထအသက်ဝင်ခြင်းကို ရောက်ရှိပြီးသည့်နောက်တွင် ဖြစ်သည်။
“မင်းက အားလုံးကို တွေးထားတဲ့ပုံပဲ” ရှုကျင်းယောင်က ပြုံးကာ ပြောလိုက်သည်။ ကံကောင်းစွာဖြင့် သူမက မျက်နှာကို ဝှက်ထားလေသည်။ မဟုတ်ပါက အခန်းတစ်ခုလုံး လင်းထိန်သွားနိုင်သည်။ သို့သော်လည်း ထိုသို့အကာအကွယ်ရှိနေလျှင်ပင် ရှောင်ထျန်းတိက ထိုအပြုံးကို ဖော်ပြဖို့အတွက် ကဗျာအပုဒ်တစ်ရာလောက်ကို စဉ်းစားပြီးသား ဖြစ်၏။
“ကောင်းပြီ။ ကျွန်တော် သူတို့ကို ချက်ချင်း ဆက်သွယ်လိုက်မယ်” ရှုကျင်းယောင်က ပြောလိုက်သည်။ ဒီလိုစမ်းသစ်မှုမျိုးက သူမအတွက်ပင် အကျိုးကျေးဇူး ရှိ၏။
“မဟုတ်သေးဘူး။ သူမကို အခမ်းအနားဆီ ဖိတ်ကြားပြီး ကိုယ်တိုင်ပြောတာ ပိုကောင်းလိမ့်မယ်။ အဲ့လိုဆိုရင်တောင် ဖိတ်စာကိုပို့ဖို့ တခြားတစ်ယောက်ကို လွှတ်လို့တော့ မရသေးဘူး”
“ကျွန်တော် သွားလိုက်မယ်”
“ဟုတ်တယ်။ မင်းက ငါ့ရဲ့ တိုက်ရိုက်တပည့်ဆိုတော့ ငါ့ကို ကိုယ်စားပြုဖို့ အကောင်းဆုံးသူပဲ” ရှုကျင်းယောင်က ခေါင်းညိတ်လိုက်သည်။
“အခုသွားတော့။ ပြီးတော့ ကြည့်ကောင်းတာလေးလည်း လဲသွားဦး။ ပြီးတော့ လက်ဆောင်တွေပါ ယူသွား”
“ဟုတ်ကဲ့ပါ”ရှောင်ထျန်းတိက ပြောလိုက်သည်။
“ဒါနဲ့ အဲဒီစမ်းသပ်ချက်က စံပြတွေအတွက်ပါ အသုံးဝင်တာလား”
“မဟုတ်ဘူး။ စံပြဖြစ်လာပြီးတဲ့နောက်တော့ ထွက်သွားရလိမ့်မယ်”
“အဲ့လိုဆိုတော်သေးတာပေါ့” ရှောင်ထျန်းတိက သက်ပြင်းချလိုက်၏။ အကယ်၍ ထိုသူများက စမ်းသပ်ချက်ကို အသုံးပြုနိုင်သည်ဆိုပါက လက်ရှိအခြေအနေသည် ကြောက်မက်ဖွယ်အနေအထားထိ ဆိုးရွားသွားနိုင်သည်။ သူက အခန်းအတွင်းမှ ထွက်ကာ သူ့နေရာဆီ ဦးတည်လိုက်သည်။
“ခဏနေဦး” ရှုကျင်းယောင်က လှမ်းအော်လိုက်သည်။
“ငါ ယူဖို့ ပြောထားတဲ့ ပစ္စည်းကိုရော”
“အော် ကျွန်တော် မေ့သွားတယ်” ရှောင်ထျန်းတိက ပြန်ဖြေလိုက်၏။ သူက လှည့်မကြည့်ဘဲ ခေါင်းပေါ်ကနေ သိုလှောင်လက်စွပ်တစ်ကွင်းကို ပစ်ပေးလိုက်သည်။ ထိုအရာက ရှုကျင်းယောင် ၏လက်ထဲ ကျရောက်လာလေ၏။
“ရိုင်းပျလိုက်တာ” သူမက ညည်းတွားလိုက်သည်။
“ဘာမှ အမှားအယွင်း မဖြစ်ဘူးမလား”
“မဖြစ်ပါဘူး။ အားလုံးအဆင်ပြေတယ်”
…………………………………………………………….
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ ကမ္ဘာဦးဟွင်သွမ်း
သွေးနီရောင်နဂါးက ဓားပျံကျင့်ကြံသူနှင့် တိုက်ခိုက်နေသည်။ နဂါး၏ ခန္ဓာကိုယ်အထက် သွေးနီရောင်အမှတ်အသားများစွာ ရှိနေလေ၏။ သူ၏ ကြေးခွံများကပင် ဖျက်ဆီးခံထားရသည်။ သူတို့၏ အရှိန်အဝါအရ ဓားသမားသည် ထိုနဂါးထက် ပိုမိုအားကောင်းကြောင်း သိသာလှ၏။ သို့သော်လည်း နတ်သားရဲဖြစ်သင့်သည့် နဂါးက အလားအလာကောင်းသည့် အစီအရင်မှ စွမ်းအားမြှင့်တင်ထားလေသည်။
ဓားသမားက အစီအရင်ကို ဖယ်ရှားဖို့ ကြိုးစားလိုက်၏။ ထိုအရာက တစ်ဖက်သူ၏ အင်အား ဇစ်မြစ် ဖြစ်ပေသည်။ သို့သော်လည်း ထိုအစီအရင်ကို ဖယ်ရှားဖို့အတွက် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ဖျက်ဆီးပစ်ရမည်ဖြစ်ကြောင်း သဘောပေါက်သွားပြီးသည့်နောက်တွင် ရူးရူးမိုက်မိုက်အတွေးကို လက်လျှော့လိုက်၏။ နှမြောဖို့ကောင်းလှသည်က သူ့တွင် ထိုစွမ်းအားမျိုး မရှိထားသည့်အတွက် အံကြိတ်ကာ ပြောင်မြောက်သည့် အစီအရင်ကို ဖန်တီးထားသည့်သူကိုသာ ကျိန်ဆဲလိုက်တော့သည်။
ဓားသမားက သူ့ဆီ ပြေးဝင်လာသည့်သူကို ခံစားမိလိုက်သည်။ သူက ဤတစ်ကြိမ် ရှုံးသွားကြောင်း သိထားလေ၏။ သူသာ ဤနေရာတွင် ဆက်နေနေလျှင် အရင်းအမြစ်ချီနေရာလွတ်ထဲမှ အန္တရာယ်များသည့် နေရာဆီ နှင်ထုတ်ခံရနိုင်ချေရှိကြောင်း သိထားလေ၏။
သူက နဂါးအား နောက်ဆုံးတစ်ချက်ကြည့်ကာ ထွက်သွားလိုက်သည်။ ဤသည်က အဆုံးသတ်ခြင်းနှင့် အလှမ်းဝေးနေသေး၏။ ဟွင်သွမ်းစကြဝဠာက နောက်ထပ် ဒုတိယမူလစစ်ပွဲနှင့် တူညီသည့် ဖရိုဖရဲကိစ္စမျိုး ဖြစ်လာတော့မည်ဖြစ်ကာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက အရာအားလုံးဖြစ်ပျက်လာနိုင်ချေကို သိထားသည့် သော့ချက်တစ်ခု ဖြစ်နေသည်။ ပို၍ကောင်းမွန်သည်က ထိုအရာသည် အကျိုးအမြတ်များစွာကို အာမခံပေးနိုင်သည့် သော့တစ်ခု ဖြစ်နေလေ၏။
ထိပ်တန်းအင်အားစုများက ပေါ်ထွက်လာခြင်း မရှိသေးဘဲ အမှောင်ထဲမှသာ စောင့်ကြည့်နေကြပြီး ဓားသမားကဲ့သို့ လူများကို နယ်ရုပ်အဖြစ် အသုံးချနေကြသည်။ သို့သော်လည်း အနှေးနှင့် အမြန် သူတို့က လှုပ်ရှားလာကြမည် ဖြစ်၏။
သွေးနဂါးက ဘာမှမခံစားမိတော့မိသည်အထိ စောင့်ဆိုင်းလိုက်ပြီးသည့်နောက်တွင် ၂.၈ မီတာမြင့်မားသည့် ခပ်ထွားထွားအမျိုးသားအသွင် ပြောင်းလဲလိုက်သည်။ သူ့ဦးခေါင်းအထက်တွင် အနီရောင်နဂါးချို နှစ်ခုနှင့် ဝတ်ရုံတစ်ခု ရှိနေလေ၏။
ဒါက ဘယ်အချိန်မှ အဆုံးသတ်မှာလဲ…
သွေးနီရောင်နဂါးက ညည်းတွားလိုက်သည်။ သူက လှည့်ထွက်တော့မည့်ဆဲဆဲတွင် သူ့ရင်ဘတ်မှ ရုတ်ချည်းဆိုသလို နာကျင်မှုကို ခံစားမိလိုက်၏။
ဘာလို့ ဒီအချိန်မှ ဖြစ်ရတာလဲ…
သူက တွေးလိုက်မိသည်။ သို့သော် သူက နာကျင်နေသော်လည်း သူ့အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။
သွေးနဂါး ဘာတွေလုပ်နေတာလဲ။ ဒဏ်ရာရထားတာလား။
လှပသည့် အသံတစ်သံ ထွက်ပေါ်လာလေ၏။
ငါ ကိစ္စမရှိဘူး
အဲ့လိုလား။ ငါတို့တွေ အစည်းအဝေး ကျင်းပမယ်။
ငါ လာခဲ့မယ်။
သွေးနဂါးက ပြောလိုက်သည်။ သူက အိတ်ကပ်ငယ်ဒိုင်မေးရှင်းထဲမှ ဆေးလုံးတချို့အား အစာအိမ်ထဲ တိုက်ရိုက်ပို့ဆောင်လိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက လှုပ်ရှားလာ၏။ သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ အပြင်ဘက်တွင်နေသည့် မျှော်နန်းဆောင်တစ်ခုဆီ ဦးတည်လိုက်သည်။ ထိုအရာက ကမ္ဘာဦးဟွင်သွမ်းမှကြည့်လျှင် ဧရာမ ဥကြီးသဖွယ် ဖြစ်နေလေ၏။
အားလုံးက အစည်းအဝေး၌ ရောက်ရှိနေကြပြီး စက်ဝိုင်းပုံစံစားပွဲဝန်းကျင်တွင် ရှိသည့် ပလ္လင်ပေါ်တွင် ထိုင်လိုက်သည်။ ထိုအရာက ကပ်ဘေးစံပြနှင့် ပန်းနှစ်မွှာဘုန်းကြီးတို့ကသာ ခြွင်းချက် ဖြစ်၏။
“ဒီလိုဆက်လုပ်နေလို့ မရတော့ဘူး” အချိန်စားသုံးသူက အားလုံးရောက်ရှိလာပြီးသည်ကို မြင်ပြီးသည့်နောက်တွင် ပြောလိုက်သည်။
“တစ်ယောက်ယောက်က မွေးရပ်မြေဆီ ပြန်ပြီးတော့ ငါတို့တွေကို ကူညီဖို့ စံပြတွေကို ပြုစုပျိုးထောင်ပေးရမယ်”
“ဒီစကားဝိုင်းကို ပြောခဲ့တာလည်း ကြာလှပြီ။ ဘာလို့ အချိန်ဖြုန်းနေတာလဲ” ဝူယွီဇာမဏီက မေးလိုက်၏။
“အားလုံးက ပြန်ချင်ကြတာချည်းပဲ။ ဘယ်သူ့ကို ဆုံးဖြတ်မှာလဲ”
“ဒီတစ်ကြိမ် ငါပါ ပါမယ်” အချိန်စားသုံးသူက ကြေညာလိုက်သည်။
“ငါ ပြန်မယ်။ အဲဒီအတွက် အငြင်းဆိုတာ မကြားချင်ဘူး”
သူက အရှိန်အဝါကို ထုတ်လွှတ်ကာ အခန်းအတွင်းရှိ လူများကို ဖိနှိပ်လိုက်သည်။
“စကားကို ကြည့်ပြော” ချီတင်းက သတိပေးလိုက်သည်။
“ပြန်ရမဲ့သူရှိတယ်ဆိုရင် အဲဒါက ငါပဲ နေမယ်”
“မင်းအတွက် ကံဆိုးတာက မင်းရဲ့ ထူးကဲတဲ့ ဇစ်မြစ်ကိုလည်း ငါ ဂရုမစိုက်ဘူး” အချိန်စားသုံးသူက ပြောရင်းဖြင့် သတ်ဖြတ်ငွေ့တို့ကို ထုတ်လွှတ်လာသည်။
“မင်း”
“လုပ်ကြည့်လိုက်လေ။ ငါ အားလုံးကို ပြာကျအောင် လုပ်ပစ်လိုက်မယ်” ထာဝရဇာမဏီက ပြောလိုက်သည်။
“ငါ အစီအရင်ကိုလုပ်ပြီးတော့ အဲဒီလူတွေ ဝင်ခိုင်းတာဖြစ်ဖြစ် ထွက်ပြေးတာဖြစ်ဖြစ် ပြီးတော့ မင်းရဲ့ သတင်းအချက်အလက်တွေကို ရောင်းချပစ်မယ်”
“မင်း မလုပ်ရဲပါဘူး” အချိန်စားသုံးသူက ပြောလိုက်သည်။
“စမ်းကြည့်လိုက်လေ” ထာဝရဇာမဏီက ဝူယွီဇာမဏီအား ကြည့်ကာ ပြောလိုက်သည်။
“ငါ့အတွက် အဲဒီခွေးမကို သတ်ပေးဖို့ လူတစ်ယောက်တောင် ရှာနိုင်တယ်”
“သတ္တိတွေကောင်းနေတာ” ဝူယွီဇာမဏီက သတ်ဖြတ်ငွေ့ကို ထုတ်လွှတ်ကာ ပြောလိုက်သည်။
“ငါတို့တွေ ပြန်သွားလို့ ရတယ်လား” မြေကမ္ဘာဧကရာဇ်က တည်ငြိမ်စွာ မေးလိုက်၏။
“သူတို့ရဲ့ အမိန့်က ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာကို ကာကွယ်ဖို့အတွက်လေ။ ငါတို့ ပြန်သွားမှုကို သစ္စာဖောက်မှုအဖြစ် သတ်မှတ်မှာ မဟုတ်ဘူးလား”
အခန်းက ယာယီ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် အချိန်စားသုံးသူက ပြောလာခဲ့သည်။
“ငါတို့က ငါတို့ဆီပေးထားတဲ့ တာဝန်ကို ပိုမိုကောင်းမွန်အောင် ကြိုးစားရုံပဲလေ”
“သူက ဂရုစိုက်မှာတဲ့လား” မြေကမ္ဘာဧကရာဇ်က ပြန်လည်ချေပလိုက်၏။ သူ့စကားက အခန်းတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။
“အဓိပ္ပာယ်မရှိတဲ့ သုံးသပ်ချက်တွေကို မပြောဘဲ နေရအောင်” မြေကမ္ဘာဧကရာဇ်က ဆက်ပြောလိုက်သည်။
“သူတို့ကို ခေါ်မဲ့အစား လူတွေကို ဆင့်ခေါ်လိုက်ရင်ရော ဘယ်လိုလဲ။ ဒီနေရာမှာ စံပြဖြစ်လာလို့ ရတာပဲလေ။ အဲဒါဆို ပြဿနာဖြေရှင်းပြီးသား ဖြစ်သွားပြီ”
“လူတစ်ယောက်ချင်းစီကို ရွေးနိုင်သရွေ့ အဲဒီအစီအစဉ်ကို သဘောတူတယ်” ဝူယွီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ပြောတော့သာ ယူချင်တာ။ ရှုပ်ထွေးမှုတွေကို ဘယ်လိုထည့်သွင်းပြီး စဉ်းစားမှာလဲ” အချိန်စားသုံးသူက ထိုငတုံးများအား လှောင်ပြောင်လိုက်သည်။
“ငါတို့တွေ အဲဒီလူတွေကို အများစုဆီကနေ ဝှက်ထားလို့ရတယ်ဆိုပေမဲ့ သူတို့တွေ ကမ္ဘာဦးစမ်းသပ်ချက်မှာ ဖြတ်သန်းတဲ့အခါ ဘယ်လိုလုပ်မှာလဲ” သူက အပြင်ဘက်ကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။
“အဲဒီလူတွေက ငတုံးလို့များ ထင်နေလား။ သူတို့က ငါတို့လုပ်မဲ့အရာကို ခန့်မှန်းပြီး တားဆီးနိုင်မှာ မဟုတ်ဘူး”
“ဟုတ်တယ်။ ဒါပေမဲ့ ကြိုတင်စီစဉ်ထားတာတော့ အကောင်းဆုံးပေါ့” မြေကမ္ဘာဧကရာဇ်က ပြောလိုက်သည်။
“အဲဒီလူတွေရဲ့ တုံ့ပြန်မှုကို ဖြေရှင်းနိုင်တယ်။ အဆိုးဆုံးအခြေအနေအရ ငါတို့လူတွေကို အရင်းအမြစ်ချီနေရာလွတ်ထဲကို စမ်းသပ်ချက် အောင်မြင်ဖို့ စေလွှတ်လို့ရတာပဲ”
အချိန်စားသုံးသူက မြေကမ္ဘာဧကရာဇ်အား ကြည့်လိုက်သည်။
ရှုရန်က အချိန်စားသုံးသူသည် အဘယ်ကြောင့် အိမ်ပြန်လိုမှန်း မသိသော်လည်း အတတ်နိုင်ဆုံး တားဆီးဖို့ လိုအပ်ကြောင်းသာ သိထားလေသည်။
“ကောင်းပြီလေ။ လူ ဘယ်လောက်ဆင့်ခေါ်မလဲ။ ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာကို ဆွေးနွေးကြတာပေါ့”
ထိုဆွေးနွေးမှုသည် အားလုံးကို လူတစ်ယောက်အပေါ် သဘောမတူခင်အချိန်ထိ မပြီးဆုံးခဲ့ပေ။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် အားလုံးက သူတို့၏ သက်ဆိုင်ရာအခန်းဆီ ပြန်သွားလိုက်ကြသည်။ ထိုစဉ် တိတ်ဆိတ်ငြိမ်သက်နေသည့် သွေးနဂါးကမူ အံကြိတ်လျက် သူ့အခန်းဆီ ပြန်လာလိုက်သည်။