ထူးကဲသည့် ဧည့်သည်
Vol. 90 Ch. 1256
သွေးနဂါးက သူ့နေရာဆီ ပြန်လာပြီးသည့်နောက်တွင် နောက်ထပ်နဂါးတစ်ကောင်က သူ့အား စောင့်ဆိုင်းနေလေ၏။ ထိုနဂါးက ပိုမိုအသက်ကြီးပြီး အနက်ရောင်နဂါးဦးချိုနှစ်ခု ရှိထားသည့် လူသားတစ်ယောက်နှင့် တူလေသည်။ သို့သော်လည်း သူက သေသေသပ်သပ် ဝတ်ဆင်ထားလေ၏။
“အရှင်”
“အောင်းယင်း ရလဒ်က ဘယ်လိုလဲ” သွေးနဂါးက စားပွဲဝန်းကျင်တွင် ထိုင်ရင်း မေးလိုက်သည်။
သူက သေရည်အိုးကို ဖောက်ကာ သောက်သုံးလိုက်သည်။
“ကျုပ် စုံစမ်းထားသလောက်ကတော့ အရှင်တစ်ယောက်တည်းကိုပဲ မိန်းကလေး ရှုကျင်းယောင်က ဖိတ်ခဲ့တာပါ” အောင်းယင်းက တင်ပြလိုက်သည်။
“သေချာလား”
“ကျုပ် အကောင်းဆုံး ကြိုးစားပြီး စုံစမ်းထားတာပါ။ သိထားသလောက်တော့ တခြားအင်အားစုက သူမဆီကနေ ကိုယ်တိုင်ကိုယ်ကျ ဖိတ်စာကို ရတဲ့ပုံ မပေါ်ဘူး။”
“ကောင်းတယ်။ ကောင်းတယ် .. ကောင်းတယ်” သွေးနဂါးက သုံးကြိမ် ရေရွတ်လိုက်သည်။ သူ့အသံက အခန်းထဲ ပျံ့လွင့်နေ၏။ ကံကောင်းစွာဖြင့် အသံပိုင်းခြားရေး အစီအရင်တစ်ခု ရှိနေလေသည်။
“သတင်းကောင်း မကြားရတာကြာပြီ”
“အရှင် သတိမထားမိစေဘဲ ဒီအခမ်းအနားကို ဘယ်လိုတက်ရောက်မှာလဲ”
သွေးနဂါးက သူ့ကို ကြည့်လိုက်သည်။
“မင်းက တစ်ခုခုမှားယွင်းသွားတယ်ဆိုတဲ့ အခြေအနေအတွက် ဒီအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း သိထားသင့်တယ်။ ငါနဲ့ အတူတူ လိုက်ခဲ့”
သူက လက်ဝှေ့လိုက်ပြီး အာကာပြင်မုခ်ဝတစ်ခုကို ဆင့်ခေါ်ကာ အထဲ လျှောက်လှမ်းသွားလိုက်သည်။ အထဲတွင် အလယ်ခေါင်၌ သွေးပိုးအိမ်တစ်ခု ရှိသည့် သွေးကန်ကြီး ရှိနေလေသည်။
“ဒီကိုယ်ပွားက ငါ့အင်အား ၉၉ ရာခိုင်နှုန်းကျော်ကို ရထားတာဆိုတော့ ဒီဟာကွက်ကို ဖြည့်စည်းနိုင်လိမ့်မယ်”
“အရှင် သွေးကိုယ်ပွားစွမ်းရည်ကို သုံးခဲ့တာလား။ ဒါပေမဲ့ အဲ့လိုသုံးတာက အရမ်းလွန်ကဲ…”
“ကိစ္စမရှိဘူး”သွေးနဂါးက သူ့ကို တားလိုက်၍ အောင်းယင်းက သက်ပြင်းချလိုက်သည်။
“ပြီးတော့ ပြဿနာတစ်ခု ရှိနေသေးတယ်လေ” အသက်ကြီးကြီးနဂါးက ဆက်ပြောလိုက်သည်။
“တခြားကဏ္ဍကိုရော ဘယ်လိုလုပ်မှာလဲ။ သူတို့တွေ သတိမထားမိစေဘဲ မွေးရပ်မြေဆီ ဘယ်လိုပြန်မှာလဲ”
“ငါ ဒါကို သုံးမှာလေ” သွေးနဂါးက အလယ်တွင် စာလုံးတစ်ခုရေးဆွဲထားသည့် အဝါရောင် စာရွက်တစ်ခုကို ထုတ်ပြလိုက်သည်။ စိတ်ဝင်စားစရာကောင်းလှသည်က ထိုသင်္ကေတသည် နဂါးတစ်ကောင် ဖြစ်ပြီး သေချာအနီးကပ်ကြည့်ပါက အသက်ရှင်နေဟန် ထင်ရစေသည်။
“ဘိုးဘေးနဂါးအဆောင်” အောင်းယင်းက တအံ့တဩရေရွတ်လိုက်သည်။
“ဟုတ်တယ်” သွေးနဂါးက ပြုံးကာ ပြောလိုက်သည်။ ဘိုးဘေးနဂါးဆိုသည်က ကမ္ဘာဦးစံပြနဂါးများကို ချီးမြှင့်သည့် ဂုဏ်ပုဒ်တစ်ခု ဖြစ်ပေသည်။ ထိုထူးကဲလှသည့်အဆောင်က ရွှေရောင်ခေတ်ကာလ မတိုင်ခင်ကတည်းက နဂါးမျိုးနွယ်၏ ရတနာတစ်ခု ဖြစ်ခဲ့လေ၏။
“ဒါပေမဲ့ ဒါပေမဲ့…”အောင်းယင်းက ဆွံ့အနေမိသည်။ ထိုအဆောင်က နဂါးမျိုးနွယ်၏ အခြေခံအုတ်မြစ်အဖြစ် မှတ်ယူလို့ရသည့် ရတနာမျိုးဖြစ်ကာ သူ့တော်လှန်ရေးအပြီး သွေးနဂါး ယူဆောင်ခဲ့သည့် ရတနာတချို့မှ ဖြစ်ပေသည်။ ကျန်အရာအားလုံးကိုမူ သူ့ဆီမှ ဝှက်ထားကြလေ၏။ သို့သော် ထိုအဆောင်ကို ယူပြီးသည့်နောက်တွင် သူက သာမန်အသုံးမပြုနိုင်သည့်အတွက် တစ်ခါအသက်သွင်းဖို့ရာ အသက်ပေါင်း သန်းပေါင်းများစွာကို စတေးရသည်။
“အရှင်၊ ဒီအဆောင်က ဒီခေတ်ကာလအဆုံးသတ်တဲ့အချိန်ကျရင် ထွက်လမ်းအတွက်လေ” အောင်းယင်းက သတိပေးလိုက်သည်။
“ဘာလို့ ဒါကို ဖြုန်းတီးပစ်နေမှာလဲ”
“ဖြုန်းတီးတယ်ဆိုတာ ဘာကိုပြောတာတုန်း” သွေးနဂါးက မေးလိုက်သည်။ သူ့အပြုံးတို့က အနည်းငယ်မှုန်မှိုင်းသွားလေ၏။
“သူမက ငါ့တစ်ယောက်ထဲကိုပဲ ဖိတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို နားမလည်ဘူးလား။ အဲဒီမှုန်မှိုင်းမှိုင်း ထာဝရဇာမဏီကောင်စုတ်၊ ပျင်းရိပြီး မာနကြီးတဲ့ ရှုရန်နှင့် ဉာဏ်များတဲ့ အချိန်စားသုံးသူကြားမှာ သူမက အကြောက်တရားမရှိတဲ့ ငါ့ကို ရွေးချယ်ခဲ့တာလေ။ ဒီလိုအဆောင်တစ်ခုက သူမနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ တကယ်တော့ ငါ သူမကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကို ပြသလို့တောင် ရတယ်”
အောင်းယင်းက အမျိုးသမီးတစ်ယောက်က မည်မျှပင် လှပစေကာမူ ထိုအဆောင်၏ တန်ဖိုးနှင့် မထိုက်တန်ကြောင်း ပြောပြလိုသည်။ သို့သော် သခင်လေးနှင့်အတူ ငယ်ငယ်လေးကတည်းက နေခဲ့သည့်အတွက် သူ့ဒေါသအကြောင်း ကောင်းကောင်းသိထားလေ၏။ သူသာ ပြောလိုက်သည်နှင့် ကြားထဲက အဆူခံရုံသာ ရှိလိမ့်မည်။
သူ ပထမဦးဆုံး စိတ်ဝင်စားကတည်းက သူမကို လုပ်ကြံခဲ့သင့်တာ…
အောင်းယင်းက တွေးလိုက်သည်။
နှမြောဖို့ကောင်းလှစွာဖြင့် နောက်ကျလွန်းသွားခဲ့လေသည်။ အောင်းယင်းက သက်ပြင်းချပြီးသည့်နောက်တွင် စိတ်ပိုင်းဆိုင်ရာအရ များစွာ အသက်ကြီးသွားသလို ခံစားလိုက်ရသည်။
“စိတ်တိုင်းကျသာ လုပ်ပါတော့” သူက ပြောလိုက်သည်။
“ဒါပေမဲ့ သခင်လေး ကျုပ်ထက် အရင် မသေဘူးဆိုတဲ့ ကတိစကားကိုတော့ မမေ့ပါနဲ့”
ထိုစကားများ ပြောပြီးသည့်နောက်တွင် အောင်းယင်းက ပခုံးငိုက်စိုက်ဖြင့် ထိုဒိုင်မေးရှင်းထဲမှ ထွက်လာလေသည်။
သွေးနဂါးက ခေါင်းယမ်းလိုက်သည်။ အောင်းယင်းက သူ မွေးဖွားစဉ်ကတည်းက အတူတကွ တည်ရှိခဲ့သည့် ယုံကြည်ရသော လက်အောက်ငယ်သားတစ်ယောက် ဖြစ်သော်လည်း သူက သိသာသည့် ဟာကွက်ကြီးတချို့ရှိနေလေသည်။ သူက အရမ်းကို သတိကြီးကြီးထားလွန်းလှ၏။ သူလုပ်သမျှအရာအားလုံး၌ သတိကြီးမှုနှင့်သာ ပြည့်နှက်နေသည့်အတွက် သွေးနဂါး လုပ်လိုသည့်အရာတို့၌ အနှောင့်အယှက်တချို့ဖြစ်လာလေသည်။
သွေးနဂါးက သွေးပိုးအိမ်နှင့် အဆောင်ကို ကြည့်ကာ ပြုံးလိုက်သည်။ သူက စိတ်အခြေအနေကောင်းစွာဖြင့် သူ့အိမ်ဆီ ပြန်လည်ရောက်ရှိလာသည်။
……………………………………………..
တာအိုသင်္ချိုင်းနယ်မြေ…
ဝမ်ဝေ့က ဧကရာဇ်ကျိမင်နှင့် အရူးသူခိုးအဖွဲ့ခေါင်းဆောင်ကြားမှ ဆက်နွယ်မှုများကို ရှာဖွေဖို့ ကြိုးစားနေသည်။ သို့သော်လည်း ရလဒ်က မသိသာပေ။ ထိုသူနှစ်ယောက်က ဇာတ်ကြောင်း၊ ဘဝ၊ စိတ်ဝင်စားမှု၊ ဝါသနာနှင့် အကျင့်စရိုက်များ ကွဲပြားသည့် လူနှစ်ဦးဖြစ်နေလေ၏။ သူ ပြောနိုင်သလောက် သူတို့သည် တစ်ခါမှ မဆက်နွယ်ဖူးသလို သူတို့ကြား၌ ဆက်နွယ်မှုဟူ၍လည်း ရှိမနေပေ။
ဝမ်ဝေ့က ထိုအရာသည် ငန်းရိုင်းဖမ်းနေရသလို ဖြစ်ကြောင်း ခံစားမိကာ လက်လျှော့လိုက်၏။ သူ့အတွက် ကံကောင်းသွားစေသည်က ဝမ်ချီသည် သူ့အား သတင်းကောင်းတချို့ ယူဆောင်ပေးလာသည်။ တော်လှန်ရေးဖက်က သူ့အကြံပေးချက်ကို သဘောတူကာ ကျန်းပိယု၏ စာချုပ်ကို ပေးလာခဲ့သည်။ သို့သော်လည်း သူတို့က ဝမ်ဝေ့က သူမဆီမှ ရရှိထားသည့် သတင်းအချက်အလက်များကို မျှဝေဖို့ တောင်းဆိုလာလေသည်။ သူတို့ကလည်း သဘောတူလေ၏။ သူက ထိုသူများဆီ ပေးဖို့ သတင်းအချက်အလက်ကို ရွေးချယ်နိုင်လေ၏။
အနီရောင်မျက်နှာဖုံးကံကြမ္မာကလည်း ပိုမိုကောင်းမွန်သည့် သတင်းကောင်းတချို့ ယူဆောင်လာလေသည်။ သူတို့က ခက်ထန်ကျားအပြင် ကျန်းပိယု၏ အခြေအနေအကြောင်း သိထားသည့်သူ နှစ်ဦးရှိနေကြောင်း သိလိုက်ရသည်။ တစ်ဦးကမူ လောင်မာ ဖြစ်၏။ သူမက သူတို့နှင့် ဘာလုပ်ရမလဲ သိလိုနေသည့်အတွက် ဝမ်ဝေ့က လောင်မာကလွဲ၍ ကျန်သူအားလုံးကို သတ်ဖို့ ပြောခဲ့သည်။ သူက ဧကရာဇ်ကျိမင်နှင့် တတ်နိုင်သမျှ ဆက်ဆံရေးကို ထိန်းသိမ်းလိုသေး၏။
ထိုကိစ္စများကို ဖြေရှင်းပြီးသည့်နောက်တွင် ဝမ်ဝေ့က သီးသန့်ကျင့်ကြံရေးသို့ ပြန်လည်ဝင်ရောက်သွားလေသည်။ သူက ပွဲအခမ်းအနားမတိုင်ခင် အချိန်တချို့ယူပြီး သူ့ကိုယ်သူ တိုးတက်အောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ပွဲအခမ်းအနား မတိုင်ခင်အချိန်က တိုတောင်းလွန်းသည့်အတွက် သူ အာရုံစိုက်ရမည့်အရာကို ရွေးချယ်ဖို့ လိုအပ်နေသည်။
ငါ့အဓိက ဦးစားပေးက အဆင့်(၁၁)ဆင့်ကဲပြောင်းလဲရေး သွေးမျိုးဆက်ကို ဖွဲ့စည်းဖို့ပဲ။ ပြောရမယ်ဆိုရင် အသက်သွင်းရမဲ့ စွမ်းရည်အစား အလိုအလျောက် အသက်ဝင်လာတဲ့ စွမ်းရည်အဖြစ် ပြောင်းလဲရမယ်။ အဲဒါက တားမြစ်နယ်ပယ်ကို ဝင်ရောက်ဖို့ အထောက်အပံ့ ဖြစ်လာစေနိုင်တယ်။ တကယ်လို့ အချိန်ရမယ်ဆိုရင်တော့ အရင်ရန်ဖက်ဟောင်းတွေကြောင့် ထိခိုက်အောင် ကျင့်စဉ်တွေအားလုံးကို တိုးတက်အောင်လုပ်ဖို့ လိုတယ်။ ငါ အချိန်ရတယ်ဆိုရင်ပေါ့…
ဝမ်ဝေ့က တွေးလိုက်သည်။
ဤသည်က အခြေခံအစီအစဉ်၏ အကြမ်းဖျင်းမျှသာ ဖြစ်၏။
ဝမ်ဝေ့က အချိန်မြှင့်တင်ရေးအစီအရင်ကို အသက်သွင်းလိုက်သည်။ ထိုအရာက သူ့အချိန်တာအိုနှင့် မီးတောက်ပန်းပဲဆရာတို့၏ အစီအရင်ကြား ဗဟုသုတများဖြင့် ပေါင်းစည်းကာ မုန့်ခယ်၏ အထွတ်အထိပ်ဟွင်သွမ်းရတနာဖြစ်သည့် တိုက်ပွဲကွင်းပြင်ကို အသုံးပြုပြီး သူ့မိစ္ဆာနတ်ဘုရားခန္ဓာ ဆင့်ကဲပြောင်းလဲခြင်း ၁၂မျိုးကို တိုးတက်လာစေသည်။
ဖန်တီးမှု သို့မဟုတ် တိုးတက်မှုတို့က အလွယ်ကူဆုံးအပိုင်း ဖြစ်၏။ နောက်တစ်ခုလာသည့်အရာက အမှန်အကန် စိန်ခေါ်မှုတစ်ခု ဖြစ်ပေသည်။ ဤသည်က သွေးမျိုးဆက် စမ်းသပ်ချက် ဖြစ်၏။
ဝမ်ဝေ့၏ အကန့်အသတ် မဖျက်စီးနိုင်စွမ်းက ထိုဖြစ်စဉ်ကို အသေးအမွှားမျှသာ ဖြစ်သွားစေသော်လည်း ကောင်းကင်တာအိုက တစ်စုံတစ်ခု စီစဉ်ထားဟန်ပေါ်သည်။ သူ့စမ်းသပ်ချက်က စံပြစမ်းသပ်ချက်ထက်သာ အနည်းငယ် လျော့နည်းခဲ့၏။ ဆိုလိုသည်မှာ ဝမ်ဝေ့က သေဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။ ကောင်းကင်တာအို မဟုတ်သေးဘူး မဟာတာအိုက သူ့အား ဆယ်ဆတိုက်ခိုက်ရေးအဆင့်ကို အသုံးပြုခြင်းမှ တားဆီးထားသည့်အတွက် ဝမ်ဝေ့အနေဖြင့် အရွယ်ရောက်ပြီးသား မိစ္ဆာနတ်ဘုရားအဆင့်မှ တတိယကောင်းကင်ဘုံအဆင့်၏ ခန္ဓာနှင့် ကျင့်ကြံရေး ၇၈ရာခိုင်နှုန်းတို့ကိုသာ မှီခိုခဲ့ရသည်။
ဟူး ဒါက တစ်ခုခုပဲ…
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
စမ်းသပ်ကြည့်ရအောင်
သူက ဗလာနတ္ထိ၏ ရုပ်ပိုင်းဆိုင်ရာ သဏ္ဌာန်ပြမှုကို ဆင့်ခေါ်လိုက်သည့်အချိန် သူ့ခေါင်းအထက် ဗလာကျင်းနေသည့် စာလိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ဒါက အလုပ်ဖြစ်တယ်…
သူက တွေးလိုက်သည်။ သူ့ခန္ဓာကိုယ်က ထိုစွမ်းအားကို အလိုအလျောက် စုပ်ယူနေပြီး မျက်လုံးမှိတ်လိုက်သည့်အခါ ဗလာနတ္ထိစွမ်းအားက သူ့စိတ်ဆန္ဒကို လေ့ကျင့်ပေးနေကြောင်း ခံစားမိလိုက်သည်။ သူက မျက်လုံးကိုမှိတ်ပြီး ဗလာနတ္ထိစက်ဝန်းကို စစ်ဆေးကြည့်လိုက်၏။ ထိုအရာက ဥအရွယ်အစားမှ တင်းနစ်ဘောလုံးအရွယ်အစားသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ထိုသို့ အသေးအဖွဲသာ တိုးတက်လာသော်လည်း ဝမ်ဝေ့က ပြုံးလိုက်မိသည်။
ထိုစက်ဝန်းက သူ့သွေးမျိုးဆက်မှ စွမ်းရည်များကို အလိုအလျောက် စုပ်ယူပေးနိုင်သည့်အတွက် ပြုံးဖို့ရာ လုံလောက်နေပြီဖြစ်သည်။ ထိုအရာက ကြီးမားလာသည့်အချိန် သူသည် ကန့်သတ်ချက်ကို ချိုးဖောက်ကာ ကမ္ဘာ၏ ထိပ်ဆုံးနှင့် တိုက်ခိုက်ရေးစွမ်းအားချင်း ယှဉ်နိုင်လိမ့်မည်။ ထိုနေ့ရက်က သိပ်အလှမ်းမဝေးတော့ပေ။
ဝမ်ဝေ့က နောက်ထပ် အပြောင်းအလဲများကို အာရုံစိုက်ထားလိုက်၏။
ငါက တတိယကောင်းကင်ဘုံအဆင့်ပဲ ရှိသေးတယ်ဆိုပေမဲ့ ခန္ဓာစိတ်ဆန္ဒပေါင်းစည်းခြင်းရဲ့ အစပိုင်းအဆင့်ကို ဝင်ရောက်လာပြီ…
ခန္ဓာဆန္ဒပေါင်းစည်းခြင်းတွင် အဆင့်လေးဆင့် ရှိ၏။ အစပိုင်း၊ အလယ်အလတ်၊ အဆင့်မြင့်နှင့် ပြီးပြည့်စုံမှုဟူ၍ ဖြစ်၏။ ဝမ်ဝေ့က အခုမှ စတင်ကာစ ဖြစ်၏။ ထိုစဉ် မုန့်ခယ်ကမူ ပြီးမြောက်လုနီးပါး ဖြစ်နေလေပြီ။
နောက်ကဏ္ဍက ဝမ်မျိုးနွယ်ရဲ့ သွေးမျိုးဆက်ပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ နောက်အဆင့်က သူ့မျိုးနွယ်ဝင်များအား သူ့ကြိုးပမ်းမှု အကျိုးအမြတ်များကို ရရှိစေဖို့ ဖြစ်သည်။ သို့သော်လည်း သူက ထိုအရာကို မလုပ်ဖို့သာ ဆုံးဖြတ်လိုက်၏။
သွေးမျိုးဆက်ထဲမှာ ရုတ်တရက် အပြောင်းအလဲက လက်ရှိအခြေအနေမှာ သတိထားမိဖို့ လွယ်ကူတယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ပြီးတော့ တစ်စုံတစ်ယောက်က ဆယ်ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းကို ပြီးမြောက်တဲ့အထိ စောင့်ဆိုင်းပြီး ၁၁ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းရဲ့ အကျိုးအမြတ်တွေအားလုံးကို မရရှိခင် မဖျက်စီးနိုင်ဖွယ်ကောင်းကင်ဘုံအဆင့် ဖြစ်လာဖို့ လိုအပ်တယ်။
သူက ၁၁ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းကိုလုပ်ဖို့ အားပေးသင့်တယ်…
ဝမ်ဝေ့က အရင်းအမြစ်ချီနေရာလွတ်မှ ထွက်လာကာ တာအိုသင်္ချိုင်းမြေဆီ ပြန်လည်ရောက်ရှိလာသည်။ မုန့်ခယ်၏ အသုံးအဆောင်ပစ္စည်းက ထင်ထားသည်ထက် ပိုမိုကောင်းမွန်နေသည့်အတွက် သူ့နည်းစနစ်များကို တိုးတက်ဖို့ အချိန်များစွာ ကျန်ရှိနေလေ၏။
ဤသို့ဖြင့် အချိန်ကုန်ဆုံးသွားကာ ရှုကျင်းယောင်၏ ပွဲအခမ်းအနားရက်သို့ ကျရောက်လာလေသည်။