← Chapters

ထူးဆန်းသည့် အစည်းအဝေး

Vol. 90 Ch. 1257

ထူးဆန်းသည့် အစည်းအဝေး

Vol. 90 Ch. 1257

ဝမ်ဝေ့က သီးသန့်ကျင့်ကြံရာမှ ထွက်လာသည့်အခါ ဝမ်ချီက လာရောက်တွေ့ဆုံခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့က ထိုသူသည် ကိုယ်ပွားတစ်ယောက်မျှသာ ဖြစ်ကြောင်း ပြောနိုင်လေ၏။ တကယ့်အစစ်အမှန်က သီးသန့်ကျင့်ကြံရေးသို့ ဝင်ရောက်သွားသည့်အချက်ကို သိထားလေသည်။

“ဘာလို့များ စိတ်ဖိစီးနေတုန်း” ဝမ်ဝေ့က မေးလိုက်သည်။

“ပွဲအခမ်းအနားကို ဘာလက်ဆောင်ပေးရမလဲဆိုတာကို အဖြေထုတ်လို့မရသေးဘူး။” ဝမ်ချီက ပြောလိုက်သည်။

“ဘာလို့များ အဲ့လောက် စိတ်ရှုပ်နေရတာတုန်း”

“ခေါင်းဆောင် ဒါကို အလေးအနက် မှတ်ယူသင့်တယ်။ ကြီးကျယ်တဲ့ အခမ်းအနားမှာ သင့်တော်တဲ့ လက်ဆောင်မျိုးကို ယူသွားရမယ်။ မဟုတ်ရင် မျက်နှာပျက်ရလိမ့်မယ်”

“ငါက တကယ့်ဇစ်မြစ်နဲ့ သွားမှာမှ မဟုတ်တာ။ မင်း ထင်သလောက် အရေးမကြီးပါဘူး”

“ဒါပေမဲ့ မိန်းကလေးရှုကျင်းယောင်ကို လူကိုယ်တိုင်သွားတွေ့မှာ မဟုတ်ဘူးလား။ ဒါက ပထမဦးဆုံးတွေ့ဆုံမှုဆိုတော့ ထိုက်တန်တဲ့လက်ဆောင်ကို ယူသွားသင့်တယ်လေ”

“ငါက ပြီးပြည့်စုံတဲ့ လက်ဆောင်ကို ပြင်ဆင်ပြီးသားပါ”

“ခေါင်းဆောင်ရဲ့ တည်ရှိမှုက  အကောင်းဆုံး လက်ဆောင်ဆိုပြီးတော့ တုံးတုံးအအအရာမျိုးတော့ မပြောနဲ့နော်” ဝမ်ချီက သတိပေးလိုက်ပြီး ဝမ်ဝေ့က ဆွံ့အမိသွားသည်။

“ငါက ဟာသလုပ်မလို့ကို မင်းက ဖျက်ဆီးပစ်လိုက်တာပဲ”

“ခေါင်းဆောင် ဒါက တကယ့်ကို အလေးအနက်မှတ်ယူရမဲ့ ကိစ္စပဲ”

“ငါ သိပါတယ်” ဝမ်ဝေ့က လက်ယမ်းကာ ပြောလိုက်သည်။

“အဲဒါဆိုတော့ ဘာလက်ဆောင် ပြင်ဆင်ထားတာလဲ”

“မင်းက အတော်လေးကို ဇွဲရှိတာပဲ”

“ဒါက ကျွန်တော်ရဲ့ အရည်အချင်းတစ်ခုလေ”

ဝမ်ဝေ့က သက်ပြင်းချပြီးသည့်နောက်တွင် သူ ပြင်ဆင်ထားသည့် လက်ဆောင်အကြောင်းပြောကာ ဆင့်ခေါ်ပြီး ပြလိုက်သည်။

“ဒါက သူမအတွက် ပြီးပြည့်စုံတာပဲ” ဝမ်ချီက ပြောလိုက်၏။

ဝမ်ဝေ့က မျက်လုံးကို ဝေ့လိုက်၏။

“ဒါပေမဲ့ တခြားတစ်ခုအဖြစ် သန့်စင်ပေးလိုက်တာ ပိုမကောင်းဘူးလား။ ဆံထိုး၊ လက်ကောက် ဒါမှမဟုတ် ကြေးမုံပေါ့။ မေ့လို့ သူမက ကြေးမုံတွေကို မုန်းတယ်”

“ဟုတ်လား”

“အဲဒါက အများသိတဲ့ အချက်ပဲ” ဝမ်ချီက ဝမ်ဝေ့အား ရှုကျင်းယောင်အကြောင်း စုဆောင်းထားသည့် သတင်းအချက်အလက်များကို ပေးကာ ပြောလိုက်သည်။

သူမက သူမ လက်ခံရရှိသည့် ကြေးမုံများကို ပြန်လည်ပေးလေ့ရှိပြီး ထိုအရာများကို မကြိုက်ကြောင်း လူသိရှင်ကြား ဖော်ထုတ်ပြသခဲ့သည်။

“ကမ္ဘာပေါ်မှာ အလှဆုံးအမျိုးသမီးက မှန်ကြည့်ရတာ သဘောမကျဘူးတဲ့လား” ဝမ်ဝေ့က တီးတိုးပြောလိုက်သည်။

“အဲဒီအချက်ကို တွေ့တုန်းက အတော်လေးကို ထူးဆန်းနေခဲ့တာ။ သူမက သူမကိုယ်သူးမ ပြန်မြင်ရတာကို သဘောမကျတာလို့ ထင်လား” ဝမ်ချီက ထပ်ပြောလိုက်သည်။

“ဒါမှမဟုတ် သူမက ကိုယ့်ကိုယ်ကို ချစ်ကျွမ်းဝင်သွားမှာ စိုးလို့နေမှာပေါ့” ဝမ်ဝေ့က ဂရိဒဏ္ဍာရီတစ်ခုကို ပြန်လည်အမှတ်ရသွားလေ၏။

“အဲ့လိုဖြစ်နိုင်လို့လား”

“ထူးထူးဆန်းဆန်းအရာတွေက ဖြစ်ပျက်လေ့ရှိတယ်”

“ဟုတ်တာပဲ” ဝမ်ချီက ခေါင်းညိတ်ပြီးသည့်နောက်တွင် ခေါင်းစဉ်ကို လွှဲကာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်ကတော်အတွက်ရော လက်ဆောင်ပြင်ဆင်ပြီးသွားပြီလား”

“အဲဒါက မလိုပါဘူး”

“ဒါပေမဲ့”

“ငါတို့ရဲ့ ပထမဦးဆုံး တွေ့ဆုံမှုမှာ မရှုပ်ထွေးစေချင်ဘူး” ဝမ်ဝေ့က သူ့ကို တားလိုက်သည်။

“အဲဒါဆိုတော့ လက်ဆောင်တွေ၊ ကြီးကျယ်ခမ်းနားတဲ့ အပြုအမူတွေ မလိုအပ်ဘူး။ ငါတို့က စကားပဲပြောမှာ”

“အဲ့လိုတော့လည်း ဟုတ်ပါတယ်လေ” ဝမ်ချီက ထိုခေါင်းစဉ်အကြောင်း ထပ်မပြောတော့ပေ။

“ငါ မရှိတုန်း တစ်ခုခုထူးခြားတာ ရှိသေးလား”

“မရှိပါဘူး။ အရာအားလုံးက ငြိမ်နေတယ်။ အားလုံးက ပွဲအခမ်းအနားအတွင်း စောင့်ဆိုင်းနေကြတဲ့ပုံပဲ”

“သူတို့အပါအဝင်လား”

“ဟုတ်တယ်”

“အဲဒီလူတွေရဲ့ အင်အားစုက ဒီလိုမျိုး ပြုမူလိမ့်မယ်လို့တော့ ထင်ထားပြီးသားပါ။ ဒါပေမဲ့ ဝူယွီလိုမျိုးလူက ရှုကျင်းယောင်ရဲ့ အလှတရားကို အခု မနာလိုဖြစ်ပြီး ပြဿနာရှာမယ်လို့ ထင်နေတာ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“အဲဒါက ပွဲအခမ်းအနားမှာ ဖြစ်လာနိုင်ချေတော့ ရှိတယ်” ဝမ်ချီက ထပ်ပြောလိုက်သည်။

“ဒါပေမဲ့ သူမရဲ့ အပြုအမူက အားလုံးကို ဆန့်ကျင်လိုက်သလို ဖြစ်သွားမှာဆိုတော့ ထိန်းချုပ်ထားလောက်ပါတယ်”

“ထိန်းချုပ်မထားနိုင်ရင်တော့ ကိစ္စတွေက ပိုပြီးစိတ်ဝင်စားစရာ ကောင်းလာတော့မှာပဲ” ဝမ်ဝေ့က လှောင်ပြောင်ကာ ပြောလိုက်သည်။

“အနီရောင်မျက်နှာဖုံးက ဘယ်မှာလဲ”

“ကျွန်မ ဒီမှာပါ”

“သူမက အခန်းအတွင်း ဒူးတစ်ဖက်ထောက်လျက် ပေါ်ထွက်လာသည်။

“ဘာတင်ပြဖို့ ရှိသေးလဲ”

“ခက်ထန်ကျားနဲ့ ကျန်းပိယုအကြောင်း သိထားတဲ့သူတွေကို သုတ်သင်ပြီးသွားပါပြီ” သူမက တင်ပြလိုက်သည်။

“ကောင်းပြီလေ” ဝမ်ဝေ့က ချီးကျူးလိုက်သည်။ သူက သူမ ဘယ်လိုလုပ်လိုက်လဲဆိုတာကို မမေးမြန်းပေ။

“တုံ့ပြန်မှုကရော ဘယ်လိုလဲ”

“မဟာချူးတိုင်းပြည်ကို ဆန့်ကျင်တဲ့ ယခင်တာဝန်တစ်ခုကနေ ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ပဲ တူအောင်လုပ်ထားတာပါ” အနီရောင်မျက်နှာဖုံးက တုံ့ပြန်လိုက်သည်။

“ပြီးတော့ အဲဒီကတည်းက သူတို့တွေက ပိုပြီးသတိကြီးကြီး ထားလာကြတယ်”

“သူတို့တွေက ခေါင်းဆောင်အသစ်ကို ရွေးပြီးသွားပြီလား”

“သူတို့က ဆုံးဖြတ်ဖို့ တိုက်ခိုက်နေကြတုန်းပဲ”

“အင်း တခြားကိုတော့ ဘာမှမျှော်လင့်မထားသင့်ပါဘူးလေ”

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်၏။ တော်လှန်ရေးအတွက် လက်ရှိအနေအထားက အဖွဲ့ဝင်များအား သူ့ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များဖြင့် အစားထိုးကာ အထဲမှ ထိန်းချုပ်ဖို့ ဖြစ်၏။ ထို့နောက် ဧကရာဇ်ကျိမင် ပြန်လည်ရောက်ရှိလာသည့်အခါ သူက ထိုသူ မည်သို့ပြန်လည်ရောက်ရှိလာလဲအပေါ် မူတည်ပြီး အကြွင်းမဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်လိမ့်မည်။

အကယ်၍ သူက စံပြဖြစ်လာတာ အောင်မြင်ပါက ဝမ်ဝေ့သည် လူအများစုကို ဖယ်ရှားပြီး အချက်အလက် စုဆောင်းဖို့ လူအနည်းစုသာ ချန်ထားခဲ့မည်။ ထို့နောက် သူက သူတို့နှင့် ပူးပေါင်းသည့်ဆက်ဆံရေးကို ဆက်လက် လုပ်ဆောင်လိမ့်မည်။ အကယ်၍ ထိုသူက ကောင်းကင်ဘုံအဆင့်အနေဖြင့် ပြန်ရောက်လာပါက ဝမ်ဝေ့သည် သူတို့အဖွဲ့အစည်းတစ်ခုလုံးကို သိမ်းပိုက်ကာ ဧကရာဇ်ကျိမင်အား သူ့လက်အောက်၌ အတင်းအကြပ်ထားရှိမည် ဖြစ်သည်။

အကောင်းဆုံးအနေအထားက ထိုသူ သေဆုံးဖို့ရာအတွက်သာ ဖြစ်သော်လည်း ဝမ်ဝေ့က ထိုသို့သော ပါရမီရှင် သေဆုံးသွားသည်က နှမြောဖို့ကောင်းကြောင်း ခံစားမိ၏။

ဝမ်ဝေ့က သူ့အဖွဲ့သားနှင့် ကံကြမ္မာပြောင်းလဲရေး ခန်းမကို စစ်ဆေးကြည့်လိုက်သည်။ သူက အထဲတွင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားကာ အပြင်ဘက်တွင် အဖြူရောင် ဝတ်ရုံ ဝတ်ဆင်ထားပြီး လက်ထဲတွင် ယပ်တောင်တစ်ချောင်းကိုင်ဆောင်ထားသည့် ပညာရှင်တစ်ယောက်အသွင် ပြောင်းလဲသွားခဲ့သည်။ သူ့ကို မြင်သည့်သူတိုင်းက သူသည် နေရာမှာတင် ကဗျာများကို ရေးစပ်သည့်သူဟု ထင်ကြလိမ့်မည်။

ရှောင်ထျန်းတိက ဒီလိုဖြစ်သွားတာဆိုတော့ ဒီသွင်ပြင်ကို ပိုပြီးတော့ ချဉ်းကပ်ရလွယ်ကူတယ်လို့ ထင်မှာပါ။

ဝမ်ဝေ့က တွေးလိုက်သည်။

နောက်ဆုံးတွင် သူက ရေပူစမ်းကမ္ဘာဆီ ရောက်ရှိလာလေ၏။ သူ ရောက်ရှိလာသည်နှင့် ကိစ္စနှစ်ခုကို သတိထားမိခဲ့သည်။ ပထမဦးစွာ လူများစွာရှိနေခြင်း ဖြစ်၏။ ထိုနေရာက နာမည်ကြီးသည့် အပန်းဖြေနေရာတစ်ခုဖြစ်သည့်အတွက် စည်ကားသိုက်မြိုက်နေသည်က ပုံမှန်သာဖြစ်ပေသည်။ သို့သော်လည်း ပွဲအခမ်းအနားတွင် ရောက်ရှိနေသည့်လူများစွာ ရှိနေခြင်းကမူ ကွဲပြားသည့်ကိစ္စတစ်ခု ဖြစ်သွားလေသည်။

သူ သတိထားမိသည့် ဒုတိယကိစ္စကမူ ထိုနေရာ၌ မူမမှန်လောက်ဖွယ် ကြမ္မာပမာဏ စုဝေးနေခြင်း ဖြစ်၏။ သူ့မျက်ဝန်းထဲ ရွှေရောင်ကန်အထက် ကောင်းကင်ယံထဲ မမြင်နိုင်ဖွယ် နဂါးတစ်ကောင် ကူးခတ်နေသည်ကို မြင်လိုက်ရသည်။

ဒီပွဲအခမ်းအနားမှာ တစ်စုံတစ်ခုကတော့ သေချာပေါက်ဖြစ်လာမှာပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

ဒါက ကိစ္စကြီးကြီးမားမားပဲ။

သူက အမှန်တရားကို ကောက်ချက်ချဖို့ ကြိုးစားလိုက်သော်လည်း မှန်းဖို့ရာလွယ်ကူသည့် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားလေသည်။

ရှုကျင်းယောင်က အရာအားလုံးရဲ့ ဗဟိုချက်ဖြစ်လာလိမ့်မယ်။

ယုံကြည်မှုက ကျရှုံးသွားတယ်ဆိုမှတော့ နောင်အနာဂတ်ကို စောင့်မျှော်နေတော့မှာပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက သူ့မျက်ဝန်းအထက် အချိန်မြစ်ကြောင်း ဖြတ်သန်းသွားလေသည်။

“ဒီနေရာမှာ အချိန်တာအို သုံးနေလည်း အလကားပဲ” တီးတိုးသံတစ်သံ ထွက်ပေါ်လာလေ၏။

“ပွဲအခမ်းအနားက သမိုင်းကြောင်းတစ်လျှောက်မှာ အရေးကြီးဆုံးအခိုက်အတန့်ပဲလေ။ တကယ်လို့ မင်း လိုလားတယ်ဆိုရင် အနာဂတ်က တစ်သတ်မှတ်တည်းဖြစ်နေမှာ မဟုတ်ဘူး။ အနည်းဆုံး ငါတို့အတွက်ကတော့ အချိန်အနှောင်အဖွဲ့ကနေ မလွတ်မြောက်နိုင်ဘူးပေါ့။

ထိုအသံပိုင်ရှင် ပြောသည်က မှန်ကန်လှသည်။ ဝမ်ဝေ့၏ အမြင်၌ အနာဂတ်က ကြိုးမျှင်များ အရှုပ်အထွေးသာ ဖြစ်၏။ တစ်ခုချင်းစီက ကွဲပြားသည့် ဖြစ်နိုင်ချေကို ကိုယ်စားပြုနေသည်။

သူ့စိတ်ထဲ၌ တစ်ပိုင်းတစ်စ ချောင်းကြည့်နိုင်သည့် အရာများစွာ ရှိလေသည်။ ထိုအရာအားလုံးအပြင် သူမြင်သည့် ကြိုးမျှင်အားလုံးက ဝေဝါးနေလေ၏။

သူက စကားပြောသည့်သူကို လှည့်ကြည့်လိုက်၏။ ထိုသူက အဖြူရောင်ဆံပင်နှင့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ယောက်ဖြစ်၏။ သို့သော်လည်း ထိုသူက လျှို့ဝှက်ဆန်းကြယ်မှု ကိန်းအောင်းနေလေသည်။ ထို့အပြင် သူက အဖြူရောင်မျက်ဝန်းနှင့် မျက်လုံးကန်းနေသည့်အချက်ကြောင့် ပိုမိုလျှို့ဝှက်ဆန်းကြယ်ဟန် ထင်ရစေသည်။

“ခင်ဗျားက ဘယ်သူလဲ”

“လူတွေကတော့ ငါ့ကို လူအိုကြီးထျန်းကျိလို့ ခေါ်တယ်။ တွေ့ရတာ ဝမ်းသာပါတယ်။ ကံကြမ္မာဖန်တဲ့သူ”

“ဒါပေါ့” ဝမ်ဝေ့က တွေးလိုက်မိသည်။ ဒိုင်မေးရှင်းအနိမ့်၏ လူအိုကြီးထျန်းကျိနှင့် တွေ့ဆုံမှုကလည်း ကြုံရာကျပန်းဆန်လွန်းလှသည်။

“ဒီကို လာတာ ကျုပ်နဲ့ တမင် လာတွေ့တဲ့ပုံပဲ။ ဘယ်လိုများ ကျုပ်ကို တွေ့သွားတာလဲ” ဝမ်ဝေ့က ပြောလိုက်သည်။ စံပြများဖြစ်သည့် ကပ်ပါးများကပင် သူ့ကို ရှာတွေ့ဖို့ ကျရှုံးလေရာ ထိုလူအိုကြီးက တွေ့ရှိသွားခဲ့သည်။

“ဒီနေရာကို ဝင်တဲ့ထွက်တဲ့သူအားလုံးကို စောင့်ကြည့်နေရုံပါပဲ” လူအိုကြီးထျန်းကျိက ပြောလိုက်သည်။

“ယုံကြည်ချက်နဲ့ ပြောရမယ်ဆိုရင်တော့ ဘယ်သူပဲဖြစ်ဖြစ် ကျုပ်က သူတို့ကံကြမ္မာက သတင်းအချက်အလက်တွေကို မြင်ရတယ်လေ။ ဒါပေမဲ့ မင်းကတော့ ခြွင်းချက်ပဲ။ အဲဒါဆိုတော့ ကောက်ချက်ချနိုင်တာပေါ့”

“တကယ်လို့ ကျုပ်က ဆန့်ကျင်ဂမ္ဘီရမှာ ကျွမ်းကျင်နေတဲ့သူတစ်ယောက်ဆိုရင်ရော”

“အဲဒီဖြစ်နိုင်ချေကိုလည်း တွေးပြီးသားပါ” လူအိုကြီးထျန်းကျိက ပြန်လည်တုံ့ပြန်လိုက်သည်။

“အဲဒါကြောင့် မင်းရဲ့ အဆင့်အတန်းကို စမ်းသပ်ချက်အနေနဲ့ ခေါ်လိုက်တာ။ မင်းရဲ့ တုံ့ပြန်မှုအပေါ်မူတည်ပြီးတော့ ငါက မှန်တယ်ဆိုတာကို သိလိုက်ရတယ်လေ”

“လူအိုကြီး ကောင်းကောင်း ကစားခဲ့တာပဲ” ဝမ်ဝေ့က ဝန်ခံလိုက်၏။

“ကျေးဇူးပါ။ မင်းဆီကနေ ထွက်လာတဲ့ ဒီစကားမျိုးက အတော်လေးကို ကိစ္စကြီးကြီးမားမားဆိုတာ ကြားမိတယ်”

“ဒါပေါ့။ ဒါနဲ့ ဘာလို့ဆက်သွယ်ချင်တာလဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“အခု ဒီပွဲအခမ်းအနားမှာ မင်း ရှိအောင် သေချာအောင် လုပ်ချင်ရုံပါ”

“ဘာအတွက်လဲ”

“အဲ့ထက် ပိုပြီး ပြောလို့မရဘူး။ ဒါပေမဲ့ ဒီနေရာမှာ ရှိဖို့ပဲ လိုတာ။ ကြမ္မာက ဖြစ်ပျက်သမျှ အရာအားလုံးအတွက် အရေးပါတယ်” လူအိုကြီးထျန်းကျိက ပြောလိုက်သည်။

ဝမ်ဝေ့က သက်ပြင်းချလိုက်၏။

“ခင်ဗျားတို့ ပဟေဠိဆန်ဆန်ပြောနေတာတွေကို သဘောမကျဘူး”

“ကျုပ်က မင်းလိုမျိုး ကောင်းချီးပေးခံထားရတာမျိုး မဟုတ်ဘူးလေ” လူအိုကြီးထျန်းကျိက တုံ့ပြန်လိုက်သည်။ သူ့လေသံထဲ၌ အားကျမှုကို ဖုံးကွယ်ထားခြင်းမရှိပေ။

“ကျုပ်လက်ရှိ ကျင့်ကြံဆင့်အနေအထားမှာတောင် ဖော်ပြလို့မရတဲ့ လျှို့ဝှက်ချက်တွေ အများကြီးဆိုတာရှိတယ်။ အဲဒါဆိုရင် တန်ပြန်သက်ရောက်မှုကို ခံစားရလိမ့်မယ်”

သူက ပါရမီထူးကဲကာ ထာဝရကောင်းကင်ဘုံအဆင့် တစ်ယောက် ဖြစ်နေသော်လည်း သူ သေမျိုးတစ်ယောက် ဖြစ်စဉ်က ကံကြမ္မာကို များစွာကြည့်ရှုခဲ့သည့်အတွက် ထာဝရမျက်လုံးကန်းသွားခြင်း ဖြစ်၏။

“အဲဒါဆိုရင် ဘာမှမပြောနဲ့တော့။ ကျုပ်ဘာသာ ကျုပ် ကြည့်စီစဉ်လိုက်မယ်” ဝမ်ဝေ့က လူအိုကြီးထျန်းကျိ၏ ကံကြမ္မာကြိုးမျှင်ကို တိုက်ရိုက်ကြည့်လိုက်သည်။

“အသုံးမဝင်ဘူး” လူအိုကြီးက တည်ငြိမ်စွာ ပြောလာခဲ့သည်။

“ဟမ် ဘာလဲ” ဝမ်ဝေ့က တစ်စုံတစ်ခု စိတ်ဝင်စားစရာကောင်းသည်ကို တွေ့လိုက်ရသည်။

“ခင်ဗျားဆီမှာ ကံကြမ္မာကြိုးမျှင်တစ်ခုထက် ပိုပြီးရှိနေတာလား။ မဟုတ်သေးပါဘူး ခင်ဗျားရဲ့…”

All Chapters