← Chapters

ထင်မှတ်မထားသည့် ပထမဦးဆုံး တွေ့ဆုံမှု

Vol. 90 Ch. 1258

ထင်မှတ်မထားသည့် ပထမဦးဆုံး တွေ့ဆုံမှု

Vol. 90 Ch. 1258

“ခင်ဗျားရဲ့ ကံကြမ္မာကြိုးမျှင်က တစ်ခြားသူတွေနဲ့ ရောယှက်နေတာပဲ”

ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။

လူအိုကြီးထျန်းကျိ၏ ကံကြမ္မာကြိုးမျှင်က သူ မြင်လိုက်ရသည့် အနာဂတ်နှင့် ဆင်တူနေသည်။ ထိုအရာက စိတ်ဝင်စားစရာ ကောင်းလှ၏။

“ဒါက ခင်ဗျားကိုယ်ခင်ဗျား ဂမ္ဘီရ တန်ပြန်သက်ရောက်မှုကနေ ကာကွယ်ဖို့ လုပ်ထားတဲ့ နည်းလမ်းလား။ အတော်လေး ပြောင်မြောက်တယ်လို့တော့ ပြောရမယ်။ ဒါကနေ တစ်ခုနှစ်ခုလောက်တော့ သင်လို့ရနိုင်တယ်”

ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ဒါပေမယ့် အဲ့ဒီ့ကံကြမ္မာကြိုးမျှင်ကလူတွေက ဘယ်သူတွေလဲ။ သူတို့တွေက လူအိုကြီးထျန်းကျိနာမည်နဲ့ ကွဲပြားတဲ့လူတွေလား”

သူက သေသေချာချာအကဲခတ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

“မဟုတ်သေးဘူးပဲ။ ဒါက ခင်ဗျား ကူညီပေးခဲ့တဲ့သူတွေ။ အပြန်အလှန်အနေနဲ့ ခင်ဗျားရဲ့ ကံကြမ္မာကြိုးမျှင်ကို ဝှက်ထားဖို့ သူတို့ရဲ့ ကံကြမ္မာကို ငှားယူခဲ့တာပဲ။ ပိုပြီးအရေးကြီးတာက အဲ့ဒီ့လူတွေရဲ့ ကံကောင်းမှုကို ငှားယူပြီး ခင်ဗျားက ကျင့်ကြံရေးမှာ အသုံးချခဲ့တယ်။ ခင်‌ဗျားတို့ဂိုဏ်းက ကံကြမ္မာနဲ့ ကြမ္မာအပေါ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းမျိုး ရှိနေတာပဲ”  ဝမ်ဝေ့က ပြောလိုက်သည်။

“ဒါပေမယ့် တစ်ကယ်လို့ ဒီလိုကာကွယ်ရေးနည်းလမ်းမျိုး ရှိထားတယ်ဆိုရင် မျက်လုံးကို ထာဝရကန်းသွားစေအောင် ဘာအရာကိုများ မြင်တွေ့ခဲ့တာလဲ”

“ဒါက မင်း သိရမယ့်အရာ မဟုတ်ဘူး”

လူအိုကြီးထျန်းကျိက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည့်အတွက် ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်သည်။ ထိုလူအိုကြီးဆီမှ သတင်းအချက်အလက်များကို ရဖို့ ခက်ခဲလှသည်။ ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

“ဒါက ခင်ဗျားတို့လူတွေနဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုပဲ။ အနည်းဆုံး ခင်ဗျားတို့ဂိုဏ်းအကြောင်း ပြောပြမလား”

“ကောင်းပြီလေ ဒီဟာက ...”

“တကယ်လို့ အဓိပ္ပာယ်မရှိတဲ့ ပဟေဠိတွေ ပြောပြီး ကျုပ်မေးခွန်းကို မဖြေဘူးဆိုရင် ကျုပ်စည်းမျဥ်းကို လျစ်လျူရှုပြီး ခင်ဗျားနဲ့ တိုက်ရိုက် တိုက်ခိုက်လိုက်မှာ”

လူအိုကြီးထျန်းကျိက သီးလုမတတ် ဖြစ်သွားလေ၏။ သူက သူ့ရှေ့တွင်ရှိနေသည့် ရုပ်ချောချောအမျိုးသားကို ကြည့်ကာ သူသာ စကားတစ်ခွန်းမှမပြောပါက အမှန်တစ်ကယ် တိုက်ခိုက်လာနိုင်ချေရှိကြောင်း ပြောနိုင်လေသည်။ သူက သက်ပြင်းချကာ မေးခွန်းတစ်ချို့ကို ဖြေခြင်းက အဆင်ပြေလောက်ကြောင်း စဥ်းစားနေ၏။

“ငါတို့က  ကြယ်တာရာစူးစိုက်မျှော်နန်းဆောင်က …  ငါတို့က ကံကြမ္မာရဲ့ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ မိုးမြေရဲ့ လျှို့ဝှက်ချက်တွေနောက်ကို လိုက်လံရှာဖွေနေကြတာ”

“ခင်ဗျားတို့တွေက ဒီကမ္ဘာက မဟုတ်ဘူးမလား”

“မဟုတ်ဘူး”

လူအိုကြီးထျန်းကျိက အမှန်အတိုင်း ပြောလိုက်သည်။

“ငါတို့ကို ဟွင်သွမ်းကမ္ဘာထဲ တစ်လျှောက်မှာ ဖြန့်ကျက်ထားတာ”

“အဲဒါဆိုတော့ ခင်ဗျားတို့က အင်အားစုကြီးတယ်ပေါ့”

“ငါတို့ဆီမှာ တိုက်ရိုက်ဆက်နွယ်မှုဆိုတာ မရှိဘူး။ ဒါပေမယ့် တစ်နည်းနည်းနဲ့ ဆက်နွယ်နေတယ်ဆိုတာတော့ သေချာတယ်”

လူအိုကြီးထျန်းကျိက ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် ဒီလိုကိစ္စမျိုးက ငါ့အဆင့်ထက် ကျော်လွန်နေတယ်လေ။”

“အဲ့လိုလား”

ဝမ်ဝေ့က တီးတိုးရေရွတ်လိုက်သည်။

“ဟုတ်လည်း ဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူး။”

လူအိုကြီးထျန်းကျိက ဝမ်ဝေ့၏ မျက်ဝန်းမှ သတ်ဖြတ်ငွေ့ကို မြင်သည့်အခါ တုန်ယင်သွားလေ၏။ ထို့ကြောင့် သူက အလျင်အမြန် ဖြေလိုက်သည်။

“ငါတို့ဆီမှာ ပြင်ပအဖွဲ့ဝင်တွေ အများကြီးရှိတယ်။ ဒါပေမယ့် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့သူကို သူကပဲ လူအိုကြီးထျန်းကျိဆိုတဲ့ နာမည်ကို အမွေဆက်ခံပြီးတော့ အတွင်းအဖွဲ့ဝင် ဖြစ်လာနိုင်တာ”

ဒီစနစ်က နှလုံးသားအလိုဆန္ဒနန်းဆောင်ကိုတောင် ပြန်ပြီး အမှတ်ရသွားစေပြီ။ သူတို့က တစ်နည်းနည်းနဲ့ ဆက်နွယ်နေတာလား...

ဝမ်ဝေ့က ထိုမေးခွန်းကို တွေးလိုက်သည်။

“အဲ့လိုလား။ ဒီလိုမျိုးအင်အားစုအကြီးကြီးအတွက် ကျုပ်က ဘာလို့ ခင်ဗျားတို့၂ယောက်ပဲ တွေ့ဖူးသေးတာလဲ။”

ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ လိုအပ်ချက်က အတော်လေးတင်းကြပ်တော့ ဒီခေတ်ကာလမှာ ကျုပ်တစ်ယောက်တည်းကပဲ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ မွေးဖွားလာတယ်။ ဒိုင်မန်းရှင်းအနိမ့်က ဂျူနီယာအငယ်လေးကို ထည့်မတွက်ရင်ပေါ့”

လူအိုကြီးထျန်းကျိက ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် ပြင်ပအဖွဲ့ဝင်တွေကို တွေ့ခဲ့နိုင်ချေတော့ များပါတယ်။”

ဝမ်ဝေ့က ရုတ်ချည်းဆိုသလို ဝိရောဓိ ဖြစ်လာမိသည်။ သူ တွေ့ခဲ့ဖူးသည့် ဂမ္ဘီရ အကောင်းဆုံးအင်အားစု သို့မဟုတ် ပုဂ္ဂိုလ်များက ကြယ်တာရာစူးစိုက်မျှော်နန်းဆောင်နှင့် တစ်နည်းနည်း ဆက်နွယ်နေသည်လား။

သူက ထိုအတွေးကို အလျင်အမြန် ဖယ်ရှားလိုက်သည်။

“ဘာလို့အဲ့ဒီ့နာမည် ပေးထားတာလဲ”

သူက ‌မေးလိုက်သည်။

ထိုမွေးခွန်းက သူအသိချင်ဆုံး မေးခွန်း ဖြစ်သည်။

လူအိုကြီးထျန်းကျိက ခေတ္တမျှတုံ့ဆိုင်းပြီးသည့်နောက်တွင် ပြန်ဖြေလိုက်သည်။

“ကျုပ်တို့ရဲ့ တည်ထောင်သူက ကိစ္စတွေကို အဲ့ဒီ့လိုဖြစ်စေချင်လို့လေ”

“ဒါက အတော်လေး သံသယဖြစ်ဖို့ကောင်းတယ်ဆိုတာ သိတယ်မလား”

ဝမ်ဝေ့က မေးလိုက်သည်။

“နာမည်တွေမှာ စွမ်းအားဆိုတာ ရှိတယ်။ လွှမ်းမိုးမှုရှိတဲ့လူတွေအများကြီးက တူညီတဲ့တစ်ခုကို မျှဝေထားကြတာ”

သူက ခေါင်းအသာယမ်းလိုက်သည်။

“ခင်ဗျားတို့ရဲ့ လေ့ကျင့်မှုက တစ်ခြားသူတွေရဲ့ ကံကြမ္မာကို ငှားယူခြင်း ပါဝင်နေသလိုမျိုး ခင်ဗျားရဲ့ တည်ထောင်သူက အဲ့ဒီ့နာမည်ကို သုံးပြီး ခင်ဗျားတို့အားလုံးကို အသုံးချနေတာလည်း ဖြစ်နိုင်တာပဲ။ ခင်ဗျားလည်း ဒါတွေကို သဘောပေါက်မှာပါလေ”

လူအိုကြီးထျန်းကျိက ယာယီ တိတ်ဆိတ်သွားလေသည်။

“ကျုပ်တို့အားလုံးဆီမှာ ကျုပ်တို့ရဲ့ ကြမ္မာဆိုတာ ရှိတယ်”

“ခင်ဗျားရဲ့ကံကြမ္မာကို လက်ခံလိုက်ပြီပေါ့”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ အနည်းဆုံး‌တော့ ခင်ဗျားက ဘယ်လိုအမြင်အာရုံဆုံးရှုံးသွားလဲဆိုတာကိုတော့ သိလိုက်ရတာပဲ။ ကောင်းကင်ဘုံအရှင်တစ်ယောက် ဖြစ်လာပြီးတဲ့နောက်မှာ ခင်ဗျားရဲ့ မြင်ကွင်း ထာဝရဆုံးရှုံးနေတာဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ။ မှော်ဆန်တာများဖြစ်လာပြီးတော့ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့တော့ ထင်ပါတယ်လေ”

“ဒီတွေ့ဆုံမှုက တရားဝင်ပြီးဆုံးသင့်တာ ကြာလှပြီ”

လူအိုကြီးထျန်းကျိက ဝမ်ဝေ့အား တစ်နည်းနည်းဖြင့် ခြိမ်းခြောက်နိုင်သည့်အကြည့်မျိုးဖြင့် တိုက်ရိုက်ကြည့်လိုက်သည်။

“မင်းနဲ့ တွေ့ဆုံရတာက ငါ့ကံကြမ္မာရဲ့ အကောင်းဘက်က လှည့်ကွက်တစ်ခုလည်းဖြစ်နိုင်သလို အကြီးမားဆုံး ကံဆိုးမှုလည်း ဖြစ်နိုင်တယ်။”

ထို့နောက် လူအိုကြီးက ပျောက်ကွယ်သွားလေ၏။

“သွားပြီလား။ ကြည့်ရတာ ချက်ကောင်းထိသွားတဲ့ပုံပဲ...”

ဝမ်ဝေ့က ပြောလိုက်သည်။

“သူ့ဂိုဏ်းက အလုံးစုံသိမြင်ပကတိဘုံကျောင်းနှင့် ဆက်နွယ်နေတာလားဆိုတာကိုမေးမလို့ဟာကို နှမျောစရာပဲ...”

သူက ခေါင်းအသာယမ်းပြီးသည့်နောက်တွင် တစ်စုံတစ်ခုကိုသာ အာရုံစိုက်လိုက်သည်။

ကြယ်တာရာစူးစိုက်မျှော်နန်းဆောင်၏ တည်ထောင်သူက သေချာပေါက် ထူးကဲသာလွန်တစ်ပိုင်းအဆင့်သာ ဖြစ်ရပေမည်။ အကြွင်းမဲ့တားမြစ်ချက်မတိုင်ခင်က သူက ထိုအဆင့်ကို ရရှိနိုင်ခြေ မြင့်မား၏။ အကယ်၍ သူသာ ထိုဖြစ်ရပ်တွင် ပါဝင်ဆင်နွှဲခဲ့ပါက သူသည် ထူးကဲသာလွန်မှုလမ်းစဥ်ကို လျှောက်လှမ်းဖို့ လမ်းတစ်ခုကို ရှာဖွေတွေ့ရှိသွားနိုင်သည်။

ဝမ်ဝေ့က ကောင်းကင်ကို မော့ကြည့်လိုက်သည်။

“နယ်ခြားတွေက ဒီနေရာကိုကျုးကျော်နေတာ ဘာကြောင့်လဲ။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက အားနည်းနေလို့ သူတို့က လက်စားချေချင်တာလား။ ဒါမှမဟုတ် တစ်စုံတစ်ယောက်က မေတ္တယျနဲ့ အန္တိမ သဟဇာတတို့ရဲ့ တိုက်ပွဲကို အာရုံခံမိသွားတာလား...”

ဒါပေမယ့် ငါသိထားတဲ့သတင်းအချက်အလက်နဲ့ဆိုရင် ဒီကပ်ပါးတွေ ရှေ့တန်းထွက်သွားတာက မေတ္တယျနဲ့ အန္တိမသဟဇာတတို့ မတိုက်ခိုက်ခင်ကတည်းကပဲ။ အဲ့တာဆိုတော့ ဒီလူတွေက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို အတွင်းရေးပဋိပက္ခတွေ မဖြစ်ခင်ကတည်းက စိတ်ဝင်စားနေကြတာပဲ”

“တစ်ခုခုတော့ တစ်ခုခုပဲ...”

ဝမ်ဝေ့က အဆက်အသွယ် မိဖို့ ကြာကြာမစဥ်းစားလိုက်ပေ။

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက အင်္သေချေအင်ပါယာကမ္ဘာနှင့် တူညီသော်လည်း ပိုမိုကြီးမားပေသည်။ ကြမ္မာ၏ ဗဟိုချက်အနေဖြင့် ထိုနေရာက အားလုံးအပေါ် သက်ရောက်မှုရှိနိုင်သည့် အရေးပါသည့် ဖြစ်ရပ်မျိုးကို စတင်ဖြစ်ပျက်နိုင်သည့် နေရာတစ်ခုဖြစ်ပေသည်။

ဝူဟုန်ရဲ့ မှတ်စုနဲ့ ဂိုဏ်းက ထောက်ပံ့ပေးထားတဲ့ အချက်အလက်တွေနဲ့ဆိုရင် အလုံးစုံပကတိသိမြင်ဘုံကျောင်းရဲ့ အဲ့ဒီ့လူတွေက သူတို့ရဲ့ လောဘတကြီး လေ့ကျင့်မှုကြောင့် ရွံရှာဖို့ကောင်းတယ်။ အထူးသဖြင့် သူတို့က ဟွင်သွမ်းစကြာဝဠာကြီးရဲ့ အဓိကဖြစ်ရပ်တွေကို ခန့်မှန်းခြေထုတ်ပြီးတော့ပေါ့။

သူတို့က တတိယမူလစစ်ပွဲကိုလည်း ခန့်မှန်းနိုင်ခဲ့တာလား။ ငါက ဟွင်သွမ်းစကြာဝဠာကြီးဆီ ရုတ်ရုတ်သဲသဲ ဆောင်ကြည်းလာတော့မယ်ဆိုတာ ကြိုတင်မြင်နေတားလား”

ဝမ်ဝေ့က နောက်ဆုံးသောစကားနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း မရှိပေ။ အရိပ်အမြွက်များစွာက သူ လုပ်ခဲ့ခြင်း သို့မဟုတ် ကမ္ဘာတစ်ခုလုံးအပေါ် သက်ရောက်မှုရှိလာနိုင်ချေရှိကြောင်း ပြသနေလေသည်။

သူ့ဘဝတွင်ရှိသည့် ဖြစ်ရပ်အများစုက မဟာတာအိုနှင့် စစ်ပွဲအတွင်း အနာဂတ်ကို သက်သေပြခဲ့လေသည်။ သို့သော်လည်း သူ့သံသယအရင်းအမြစ်ကမူ ကုရွှမ်၏ စစ်ဆေးမှုအတွင်း သူ့ကို သတ်ဖို့ကြိုးစားသည့် ခေါင်းဆောင့်းပုံရိပ် ဖြစ်၏။ တစ်စုံတစ်ယောက်က အနာဂတ်မှ ထိုကြီးထွားလာခြင်းကို တားဆီးဖို့ စေလွှတ်လိုက်ခြင်း ဖြစ်ကြောင်း သိသာလှသည်။

ဝမ်ဝေ့က သက်ပြင်းချလိုက်၏။

တကယ်လို့ ဘာပဲဖြစ်နေနေ လူအိုကြီးထျန်းကျိနဲ့တွေ့ဆုံမှုကတော့ မတော်တဆတစ်ခုတော့ မဟုတ်ဘူး။

သူက တွေးလိုက်သည်။

သူက သူ့ဂိုဏ်းရဲ့ တည်ထောင်သူက စေလွှတ်လိုက်တဲ့ နယ်ရုပ်တစ်ရုပ်ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ဘူးဆိုရင် ငါ့ရဲ့အနာဂတ်ကိုယ်က  သူ့ကို ငါ့လမ်းကြောင်းပေါ်မှာ ကြယ်တာရာစူးစိုက်မျှော်နန်းဆောင်နဲ့ ဆက်သွယ်ဖို့၊ ဖြေရှင်းဖို့ ပြင်ဆင်ဖို့ စေလွှတ်လိုက်တာလည်း ဖြစ်နိုင်တယ်...

ဝမ်ဝေ့က ညည်းတွားလိုက်ပြီးသည့်နောက်တွင် စိတ်အခြေအနေ မကောင်းသည့် အရာများအားလုံးကို မောင်းထုတ်လိုက်သည်။

အခြေအနေတစ်ခုလုံးအပေါ် ထိန်းချုပ်မှု နည်းပါးခြင်းကြောင့် သူက ထိုအချိန်ရှုပ်ထွေးမှုများကို မုန်းတီးလာသည်။

သူ့အနေဖြင့် အနာဂတ်အောင်မြင်မှုများက သူ့အတွေးအခေါ်ပိုင်းကို မထိခိုက်စေဖို့ရာ ကိုယ့်ကိုယ်ကို သတိပေးဖို့ လိုအပ်နေလေ၏။ ဤစစ်တုရင်ကစားပွဲအတွင်း ပါဝင်နေသည့် ထူးကဲသာလွန်သူ ကစားသမားအားလုံးက အတိတ်ကို ပြန်လည်ရေးသားနိုင်သည်က ပုံမှန်ကိစ္စရပ်သာ ဖြစ်နေသည်။

“ကဲ အရင်ဆုံး စိတ်ဖိစီးတာ လျှော့ချဖို့ ရေပူစမ်းပဲ စိမ်လိုက်ရအောင်...”

ဝမ်ဝေ့က တွေးလိုက်သည်။

ရေပူစမ်းကမ္ဘာကို ဓာတ်သဘာဝအရ ခြောက်ပိုင်း ခွဲခြားထားသည်။ မီးဓာတ်၊ ရေဓာတ်၊ ရွှေဓာတ်၊ သစ်သားဓာတ်၊ မြေကမ္ဘာဓာတ်နှင့် အလယ်ပိုင်းနေရာဟူ၍ ဖြစ်သည်။ နေရာတစ်ခုချင်းဆီက ဓာတ်ငါးပါးစွမ်းအား ပါဝင်နေပြီး ထိုငါးခုလုံးက ရေချိုးပြီးသည့်နောက်တွင်  အလယ်၌ ဝင်ရောက်နိုင်သည်။

နေရာတစ်ခုချင်းဆီက အဆင့် ၁၀အောက် ကျင့်ကြံသူများအတွက် များစွာ အကျိုးကျေးဇူးရှိ၏။ အလယ်၌ ပြီးမြောက်ပြီးသည့်နောက်တွင် မဟာဧကရာဇ်များက ကျင့်ကြံရေအရှိန် မြှင့်တင်မှု ကောင်းချီးကို လက်ခံရရှိလိမ့်မည်။ သို့သော်လည်း ထိုအရာ၏သက်ရောက်မှုက ကောင်းကင်ဘုံအဆင့်နှင့် အထက်အတွက် နည်းပါးလွန်းလှသည်။ ထို့အပြင် ရေပူစမ်းအတွင်း ဆရာများကိုပင် သက်ရောက်မှုရှိနိုင်သည့် လျှို့ဝှက်ဒိုင်မန်းရှင်းတစ်ချို့ ရှိသော်လည်း အင်မတန် ရှားပါးလွန်းလှ၏။

“ဒီနေရာက ကြမ္မာ နဲ့ပြည့်နှက်နေတာ။ အဲဒါဆိုတော့ ငါ့ကျင့်ကြံဆင့်ကို အကျိုးပြုနိုင်မယ့်အရာကို ရှာဖွေဖို့ ပိုလွယ်ကူတယ်…”

 ဝမ့်ဝေ့က တွေးပြီးသည့်နောက်တွင် ပတ်ဝန်းကျင်ကို ရှာဖွေလိုက်သည်။ သူက ရှုရှစ်နှင့် လင်းဖန်တို့ကိုပါ တွေ့ရှိခဲ့၏။ သူတို့က လျှို့ဝှက်ဒိုင်မေးရှင်းတစ်ခုကို တွေ့ကာ ဝင်ရောက်တော့မည့်ဆဲဆဲတွင် ဖြစ်သည်။

ဝမ်ဝေ့က သူတို့နှင့် မတွေ့လိုသည့်အတွက် နှုတ်ဆက်စကား ပို့ပြီးသည့်နောက်တွင် ပွဲအခမ်းအနားမတိုင်ခင် နောက်ရက်မှ တွေ့ဆုံဖို့ ချိန်းဆိုခဲ့သည်။ သူက ဆက်လက်ရှာဖွေနိုင်နေရင်း သူ့ကံကောင်းမှုနဂါးက ဒိုင်မန်းရှင်းတစ်ခုအတွင်း လှုပ်ခတ်လာလေ၏။

ဝမ်ဝေ့က အလျင်စလို ဝင်ရောက်သွားခြင်း မရှိပေ။ ထိုနေရာ၌ ဖုံးလွှမ်းနေသော အားကောင်းသည့် မြူခိုးတစ်ချို့ ရှိနေသော်လည်း ဝမ်ဝေ့က ထိုအရာကို ဂရုမစိုက်ပေ။ သူက ရေထဲ လက်ချလိုက်၏။

“ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီးတော့ ခန္ဓာ-စိတ်ဆန္ဒပေါင်းစည်းမှုကို အရှိန်မြှင့်တင်ပေးနိုင်တာဆိုတော့ ကောင်းတယ်။”

သူ့အဝတ်အစားများက ပျောက်ကွယ်သွားပြီး အထဲ ဝင်ရောက်လိုက်သည်။

“ရှင့်ကြည့်ရတာ စိတ်လှုပ်ရှားရမဲ့အစား စိတ်နောက်နေသလိုပဲ”

“ဘယ်သူလဲ”

ဝမ်ဝေ့က အော်ကာ မေးလိုက်သည်။ သူက သူနှင့် နီးကပ်နေသည့်သူတစ်ယောက်ကို သတိမထားမိခဲ့သည့်အတွက် တုန်လှုပ်နေမိ၏။ မြူခိုးများ ပျောက်ကွယ်သွားသည့်အခါ ခဲဖြူရောင်ဆံပင်နှင့် မိန်းမလှလေးတစ်ဦး ‌ပေါ်ထွက်လာသည်။

“ဟုန်အာလား”

ဝမ်ဝေ့က မေးလိုက်သည်။

“ဒါက ကျွန်မတို့ရဲ့ပထမဆုံး တွေ့ဆုံမှုဆိုတော့ ဒီလိုရင်းရင်းနှီးနှီး ခေါ်တာက မသင့်တော်ဘူးလို့ မထင်ဘူးလား”

ဝူဟုန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

All Chapters