← Chapters

ပထမဦးဆုံးစကားဝိုင်း

Vol. 90 Ch. 1259

ပထမဦးဆုံးစကားဝိုင်း

Vol. 90 Ch. 1259

ဝမ်ဝေ့က သူနှင့် နှစ်သန်းပေါင်းများစွာ အချိန်ကုန်ဆုံးလာသည့် အမျိုးသမီးကို ကြည့်ကာ ပိုမိုတွေးမိသွားသည်။  သူမက အမှတ်ရထားသလို လှပနေဆဲဖြစ်ကာ သူ လက်ထပ်ထားသည့်သူနှင့် ကွဲပြားနေသည့်အတွက် ပိုမိုပင် ပိုနေသေးသည်။

ဤဝူဟုန်က အေးစက်ကာ အထီးကျန်ဆန်ပြီး သူမ၏ စွမ်းအားနှင့် တည်ရှိမှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ ဤတစ်ယောက်က သူတို့၏ ဆက်ဆံရေးနှင့်ပတ်သက်ပြီး ဘေးပတ်ဝန်းကျင်တွင် တံတိုင်းတစ်ခု ခြားထားသလိုမျိုး ဖြစ်နေလေ၏။ သို့သော်လည်း သူမ၏ ဆံပင်အရောင်ကို မြင်တွေ့ပြီးသည့်နောက်တွင် သူ့နှုတ်ခမ်းထောင့်၌ အပြုံးတစ်ပွင့်ပေါ်ထွက်လာသည်။

“တောင်းပန်ပါတယ်။ ဒါက အလိုလိုသိစိတ်ကြောင့်ပါ”

ဝမ်ဝေ့က ရေထဲ မထိုင်ခင် ပြောလိုက်သည်။

“ရှင့်ရဲ့ အခြေအနေတွေက ထူးဆန်းနေတယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်မက သူမ မဟုတ်ဘူးဆိုတာကို မှတ်ထားစေချင်တယ်”

ဝူဟုန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

“အဲဒါဆိုတော့ သူမက မင်းဆီကို မှတ်ဥာဏ်တွေ ချန်ထားခဲ့တယ်ပေါ့”

“အင်း ... ဒါပေမယ့် အများစုကို စည်းပိတ်ထားတာ” ဝူဟုန်က တုန့်ပြန်လိုက်သည်။

“ဘာလို့လဲ”

“သူမက မျက်နှာလိုက်ထားတယ်လေ။ အဲဒါဆိုတော့ သေချာမသိရဘူး”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ အချိန်ကွဲပြားရှုပ်ထွေးမှုများနှင့် ပတ်သက်လာသည့်အခါ သူ့အနာဂတ်ကိုယ်က ပါဝင်နေပြီး သူ့တုန့်ပြန်မှုက အမြဲလိုလို ဤသို့သာ ဖြစ်၏။ သူက သူကိုယ်တိုင်နှင့် သူ့အနာဂတ်အတွက် ယုံကြည်မှုတစ်ချို့ ချန်ထားခဲ့လေသည်။ သို့သော်လည်း ဝူဟုန်၏ ချဥ်းကပ်မှုကမူ ရေရှည်ထားထားပြီး ယုံကြည်မှုဟူ၍ မရှိပေ။

ဒိုင်မေးရှင်းက နေရခက်စွာ တိတ်ဆိတ်သွားပြီး ရေသံကသာ ပတ်ဝန်းကျင်ထဲ ပဲ့တင်ထပ်နေလေ၏။

“ဘာလို့ ရုတ်တရက်ကြီး တိတ်ဆိတ်သွားတာလဲ။ ကျွန်မဆီမှာရှိတဲ့ မှတ်ဥာဏ်တွေအရဆိုရင် ရှင်က အတော်‌လေးကို စကားများတဲ့လူပါပဲ။ အထူးသဖြင့် သူမဘေးမှာရှိနေတဲ့အချိန်မျိုးပေါ့”

ဝူဟုန်က ပြောလိုက်သည်။

ဝမ်ဝေ့က သက်ပြင်းချလိုက်၏။

“ဒီအခြေအနေက နည်းနည်းတော့ စိတ်ထဲ ဘဝင်မကျဖို့ ကောင်းတယ်လေ။ ဘဝနှစ်ခုကို နေပြီးတော့ ချစ်ခြင်းမေတ္တာက ကံဆိုးနေသလို ခံစားရတယ်။”

“ဘယ်လိုဖြစ်ပြီးတော့လဲ”

“ပထမဘဝမှာ မိသားစုဝင်တွေက ကိုယ့်ကို မိသားစုတစ်ခုစတင်ဖို့ ဖိအားပေးခဲ့ကြတယ်။ သူတို့က စီးပွားရေးအရ လက်ထပ်ဖို့အထိတောင် ဖိအားပေးခဲ့ကြတယ်။ ကျုပ်က ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားပြီးတော့ လက်တွဲဖော်တောင် မရှိလိုက်ဘူး”

“ဒုတိယဘဝမှာကျတော့ ကျုပ်နှလုံးသားကို ခုန်အောင်လုပ်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ အဲ့ဒီ့အမျိုးသမီးနဲ့ တစ်ဘဝလုံး ကုန်ဆုံးချင်တဲ့ အမျိုးသမီးပေ့ါ။ ဒါပေမယ့် ဘယ်လိုဖြစ်သွားလဲ။ သူမက အားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ ကိုယ်ပွားဖြစ်နေခဲ့တာလေ။ တစ်ကယ်တမ်းတော့ သူမက ကိုယ်ပွားတစ်ယောက်တင် မကဘဲနဲ့ အဲ့ဒီ့ကျင့်ကြံသူရဲ့ အနာဂတ်ကိုယ်ရဲ့ ကိုယ်ပွားဖြစ်နေခဲ့တာလေ။ သူမက ကိုယ်ပွားလုပ်ထားတယ်ဆိုတာကို သိတောင်မသိဘူးလေ။ ဒီအခြေအနေက အတော်လေးကို ဆိုးရွားနေတာ မဟုတ်ဘူးလား”

“ထုတ်ပြောလိုက်တော့လည်း နည်းနည်းထူးဆန်းနေသလိုပါပဲ”

ဝူဟုန်က ခေါင်းညိတ်လိုက်၏။ သူမက အခြေအနေသည် ရှုပ်ထွေးကြောင်း သိထားသော်လည်း ထိုစကားများနှင့် ရှင်းပြသည့်အခါ တစ်စုံတစ်ခု သဘောပေါက်သွားခဲ့သည်။

“မင်းကို တစ်ခုမေးချင်တယ်။ ကိုယ့်ဆီမှာ အခွင့်အရေး ရှိသေးလား”

ဝူဟုန်က သူမဆံပင်ဖြင့် ကစားရင်း ပြောလိုက်သည်။

“ဒီမေးခွန်းအတွက် အဖြေကို ပေးထားပြီးသားပါ”

“ဒါပေမယ့် မင်းဆီက တိုက်ရိုက်ကြားရတာထက်စာရင်‌တော့ ကွဲပြားနေတယ်လေ။”

“အမျိုးသမီးတွေက တိုက်ရိုက်ပြောရတာမကြိုက်ဘူးဆိုတာကို ရှင် နားလည်ထားသင့်တယ်။ ဒါပေမယ့် မင်းက အဲ့လိုအမျိုးသမီးတွေထဲကမှ မဟုတ်တာ”

ဝမ်ဝေ့က ပြန်လည်ချေပလိုက်သည်။

“မျှတပါတယ်လေ”

ဝူဟုန်က ခေါင်းညိတ်လိုက်သည်။

“အဖြေက ရတယ်။ ဒါပေမယ့် ရှင့်ကို ရှင်းရှင်းလင်းလင်း အရင်ဆုံး နားလည်စေချင်တယ်။ ကံကြမ္မာက ကျွန်မတို့ အတူတူ ရှိသွားတာနဲ့ ဘာမှပတ်သက်မှု မရှိဘူး။ မဟာတာအိုတောင် ကျွန်မကို စိတ်ထွေပြားအောင် မလုပ်နိုင်ဘူး။”

“အဲဒါက နားလည်လို့ ရပါတယ်။ မင်း တောင်းဆိုတဲ့အခါမှာ တစ်ယောက်တည်း ချန်ထားပေးဖို့လည်း ကတိပေးပါတယ်”

“အဲ့လောက်လွယ်လွယ်ကူကူ လက်လျှော့တယ်လား”

သူမက လှောင်ပြုံးဖြင့် မေးလိုက်သည့်အတွက် ဝမ်ဝေ့က နှလုံးခုန်တစ်ချက် မြန်သွားမိသည်။ သူမက အမှန်တစ်ကယ် ကွဲပြားနေသော်လည်း ထိုအချိန်ခဏတွင် သူက သူ့ဝူဟုန်ကို ပြန်လည်မြင်လိုက်ရသလို ခံစားမိလိုက်သည်။

“အဲဒါက လေးစားမှုနယ်နိမိတ်ပေါ့”

သူက ယုံကြည်ချက်ရှိရှိ ‌ပြုံးကာ ပြောလိုက်သည်။

ဝူဟုန်က ညာဘက်ခြေထောက်ကို မြှောက်ကာ ဆေးကြောလိုက်၏။

“ကျွန်မက အသက်ရှည်ရှည် နေခဲ့တာ။ အနည်းဆုံးတော့ ရှင်နဲ့ ယှဉ်လိုက်တယ်ဆိုရင်ပေါ့။ ဒီရှည်ကြာလှတဲ့ ကျင့်ကြံရေးခရီးလမ်းမှာ ကိစ္စတွေအားလုံးက စိတ်ဝင်စားဖို့ မကောင်းတော့ဘူး။ ဒါပေမယ့် ကျွန်မရဲ့ တစ်ခြားကိုယ်က ယူဆောင်လာတဲ့ မှတ်ဥာဏ်တွေက ကျွန်မဘဝထဲမှာ အရောင်အသွေး စုံလာစေတယ်ဆိုတာကိုတော့ ဝန်ခံရလိမ့်မယ်”

သူမက သူ့ကို စိုက်ကြည့်လိုက်သည်။

“ဒီခရီးလမ်းတစ်လျှောက်မှာ ရှင်က ကျွန်မကို အဖော်ပြုပေးနိုင်မလား။ ဒါမှမဟုတ် ကျွန်မရဲ့ဘဝက အရင်ကလိုပဲ ဆက်ဖြစ်နေမလား။ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေတယ်။”

ဝမ်ဝေ့က သူမ၏ စိတ်သဘောထားကို နားလည်သည့်အတွက် ခေါင်းညိတ်လိုက်သည်။

ကျင့်ကြံရေးလမ်းစဥ်က ရှည်လျားသည့်အတွက် လူများက သူတို့အားဖြစ်ဖို့ တာအိုလက်တွဲဖော်များ ရှိတတ်ကြသည်။ သို့သော်လည်း ဝူဟုန်ကဲ့သို့ များစွာနေထိုင်ခဲ့ဖူးသည့်သူက ယခုမှစ၍ သူမအား အဖော်လုပ်ပေးသည်က အဆင်ပြေသလို သူမ လုပ်နေသည့်အရာကို ဆက်လုပ်နေလည်း ရသေးသည်။ သို့‌သော်လည်း ထိုတစ်စုံတစ်ယောက် တစ်ခြားသူတစ်ယောက်ဖြစ်၍ မရပေ။

“ဒီလိုဆိုရင် အခြေခံကနေ စလိုက်ရအောင်”

ဝမ်ဝေ့က ပြောလိုက်သည်။

သူက ရှုပ်ထွေးသည့် အခြေအနေကို ချဥ်းကပ်ဖို့ ဆုံးဖြတ်လိုက်၏။

“မင်္ဂလာပါ ကိုယ့်နာမည်က ဝမ်ဝေ့ ... တွေ့ရတာ ဝမ်းသာပါတယ်။”

ဝူဟုန်က သူ့အား ထူးထူးဆန်းဆန်း ကြည့်လာပြီးသည့်နောက်တွင် သူမ၏ နှုတ်ခမ်းထောင့်၌ ညင်သာသည့် အပြုံတစ်ပွင့် ပေါ်ထွက်လာသည်။

“ဝူဟုန်။ တွေ့ရတာလည်း ဝမ်းသာပါတယ်။”

“အကြိုက်ဆုံးအရောင်တွေက “

“အနီနဲ့ အဖြူ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

သူ့ဝူဟုန်၏ အကြိုက်ဆုံးအရောင်များက အနက်ရောင်နှင့် အနီရောင် ဖြစ်သော်လည်း လူများ၏ အရောင်အကြိုက်က အချိန်နှင့်အမျှ ပြောင်းလဲနေသည့်အတွက် အဓိပ္ပာယ်ရှိပေသည်။

“ခရမ်းနဲ့ ခဲဖြူရောင်”

သူက ပြန်ပြောလိုက်သည်။

“ကိုယ်က ၁.၉၅ မီတာမြင့်တယ်။ မင်းကရော”

“အတူတူပဲ”

“ကိုယ့်ရဲ့အကြိုက်ဆုံးအဖန်ရည်က လုံကြွယ်အဖန်ရည် မင်းရော”

“နှင်းအမြီးအဖန်ရည်”

အဖြေက ကွဲပြားနေတာပဲ။ ဒီအဖန်ရည်က သူမရဲ့ တတိယအကြိုက်ဆုံး အဖန်ရည်ပဲ...

 ဝမ်ဝေ့က တွေးလိုက်သည်။

“အကြိုက်ဆုံးအစားအစာကရော”

“အဲ့လိုဆိုရင်တော့ နဂါးနှလုံးသား၊  ဇာမဏီအသည်းနဲ့ အိပ်မက်ထမင်းဖြစ်လိမ့်မယ်”

ဝူဟုန်က ပြန်ဖြေလိုက်၏။

ဒါပေမယ့် နဂါးတိုင်း ဖြစ်လို့တော့မရဘူး။ နဂါးကောင်းချီးကမ္ဘာက ရေနဂါး ဖြစ်ရမယ်။ ဇာမဏီကိုလည်း ဓာတ်ငါးပါးနဲ့ သေသေချာချာ ပြင်ဆင်ရမယ်။ မဟုတ်ရင် သူ့ရဲ့ မီးဓာတ်တာအိုကြောင့် အရသာက တော်တော်လေး လျော့ကျသွားလိမ့်မယ်”

“အစားကောင်းကြိုက်တာပဲ”

ဝမ်ဝေ့က ပြောလိုက်သည်။

သူ့ဝူဟုန်ကလည်း အစားကောင်းကြိုက်သော်လည်း သူမက ဤအနေအထားအထိ ထုတ်မပြခဲ့ပေ။ သို့‌သော်လည်း သူမက သူသည် အမှန်တစ်ကယ် အရသာရှိသည့်အရာကို မမြည်းဆန်းဖူးကြောင်း ပြောလေ့ရှိ၏။

“အဲ့ဒီ့ကမ္ဘာက နဂါးက ဘာလို့များ အရသာထူးကဲစေတာလဲ”

“သူတို့က အဲ့ဒီ့ကမ္ဘာရဲ့ဇာတ်လိုက်လေ။ အဲ့ဒီ့တော့ ကောင်းချီးတွေက သူတို့ရဲ့အရသာကို ပိုပြီးတော့ ကောင်းသွားစေတယ်။ “

ဝူဟုန်က ရှင်းပြလိုက်သည်။

“ပြီးတော့ အဲ့ဒီ့ကမ္ဘာထဲက ရေနဂါးက သူတို့ရဲ့ မြစ်၊ ပင်လယ်နဲ့ မိုးတို့အ‌ပေါ်မှာ ထိန်းချုပ်နိုင်တဲ့ အစွမ်းကြောင့် ကိုးကွယ်မှုအမြောက်အမြားကို လက်ခံရရှိတယ်လေ။ ယုံကြည်မှုစွမ်းအားက အရသာကို ပိုပြီး တိုးမြင့်လာစေတယ်”

“ပြီးတော့ ရှင် သိတဲ့အတိုင်း ရေက နူးညံ့တယ်လေ။ နဂါးအသားကို ပိုပြီးနူးညံ့သွားစေတာပေါ့။”

ဝူဟုန်က ရှင်းပြလိုက်သည်။

“တစ်ခါတုန်းက ကျွန်မ သုံးကောင်လုံး ဆက်တိုက်အမဲလိုက်ပြီးတော့ တစ်ခါတည်း စားဖူးတယ်။ တစ်ကယ့်ကို နတ်သုဒ္ဓါပဲ။ အဲ့ဒီ့အရသာကို ထပ်ပြီးမြည်းစမ်းဖို့ မျှော်လင့်‌နေမိတုန်းပဲ”

“မင်းရဲ့ စွမ်းအားအပြည့်အဝကို ပြန်လည်ရောက်တာနဲ့ မျှော်လင့်နေလို့ရပါတယ်”

ဝူဟုန်က သက်ပြင်းချလိုက်၏။

“အဲဒါက မရိုးရှင်းဘူး။ အဲ့ဒီ့နဂါးတွေက ထူးကဲသာလွန်မှု နည်းလမ်းကို ရထားတယ်ဆိုတာ သေချာတယ်။ ကျွန်မက သူတို့ကို အမဲလိုက်ခဲ့တာဆိုတော့ အဲ့ဒီ့ကမ္ဘာမှာ စာရင်းတစ်ချို့ထဲမှာ ရောက်နေလောက်ပြီ”

“နှမျောစရာပဲ။ ဒါပေမယ့် တစ်ရက်ကျရင် အဲ့ဒီ့အဆင့်ကို ရောက်လာပြီးတော့ ကိုယ်တို့တွေ နဂါးတွေကို အတူတူအမဲလိုက်နိုင်မှာပါ”

ဝမ်ဝေ့က ကိုယ်တို့ဟူသော အသုံးအနှုန်းကို သတိထားမိလိုက်သော်လည်း ဘာမှထုတ်မပြောလိုက်ပေ။

“ဇာမဏီအသည်းနဲ့ အိပ်မက်ထမင်းကရော”

“အသည်းက ဓာတ်ငါးပါးထဲမှာ သစ်သားကို တုန့်ပြန်တယ်လေ။ အဲဒါဆိုတော့ သေချာချက်ပြုတ်ပြီးတဲ့နောက်မှာ အရသာရှိတဲ့ ဟင်းသီးဟင်းရွက်ဟင်းလျာ ဖြစ်လာတာပေါ့”

ဝူဟုန်က ရှင်းပြလိုက်သည်။

“အိပ်မက် ထမင်းအတွက်ကတော့ အစားအစာကို သ‌ဘောကျတဲ့ စံပြတစ်ယောက်ဆီကနေ ရထားတာ။ သူက သူ့မဟာမြေစက်ဝန်းထဲက လူအားလုံးကို အစစအရာရာအကြောင်း မက်စေပြီးတော့ အဲ့ဒီ့စွမ်းအားကို အဟာရအဖြစ်ပြောင်းပြီး စပါးခင်းကို စိုက်ခဲ့တာလေ။ ပြီးတော့ ကျွန်မရဲ့ထူးကဲမှု စိတ်ခံစားချက်၇မျိုးနဲ့ လိုအင်ဆန္ဒခြောက်ပါးအရသာတွေကို ထပ်ထည့်လိုက်တယ်။ အဲဒါက ဆန်ကို ပိုပြီးတော့ အရသာကောင်းသွားစေတယ်လေ။

“အဆိုးမြင်စိတ်ခံစားချက်တွေက အရသာကို မပျက်စီးစေဘူးလား”

“သူတို့ကို ပိုင်းခြားနိုင်တယ်‌လေ။ ဒါပေမယ့် သူတို့နဲ့ဆိုရင်တောင် အရသာက ပျက်စီးမသွားပါဘူး”

ဝူဟုန်က ရှင်းပြလိုက်သည်။

“သူတို့ကို အသုံးပြုတာက တစ်စုံတစ်ခုကို ကောင်းကောင်းစားနေပေမယ့် ခန္ဓာကိုယ်အတွက် ဆိုးရွားတာကို သိ‌နေတဲ့ ခံစားချက်မျိုးပေါ့”

“အဲဒါက နတ်သုဒ္ဓါလိုပဲ”

ဝမ်ဝေ့က ထိုအရာကို တွေးရင်း သွားရည်စီးလာသည်။

“ဒါပေါ့။ ဒါပေမယ့် ကျွန်မအကြောင်း တော်ပါအုံး။ ရှင့်ရဲ့ အကြိုက်ဆုံးအစားအစာကရော”

ဝူဟုန်က ခေါင်းညိတ်ကာ မေးလိုက်၏။

“အမဲနှပ်လို့ ပြောရမယ်။ အထူးသဖြင့် အဆင့် ၉နတ်ဆိုး နွားရိုင်း၁၂ကောင်ရဲ့ အဆီအနှစ်တွေအားလုံးကို ပေါင်းစည်းထားတဲ့နေရာပေ့ါ။ မင်းပြောတာကို ကြားပြီးတဲ့နောက်မှာ ဒါက နည်းနည်းနိမ့်ကျသလိုတောင် ခံစားမိတယ်။”

“ဒါပေါ့။ ဒါက သနားစဖွယ် ရွေးချယ်မှုတစ်ခုပဲ”

“ဘယ်သူ့ကိုများ အပြစ်တင်ရမှာလဲ။ “

သူက သူမအား စိုက်ကြည့်လိုက်သည်။

“ရှင်ကိုယ်တိုင်ပေါ့”

သူမက ပြန်ဖြေလိုက်သည်။

“ရှင်က နတ်ဆိုးကောင်းကင်ဘုံရှင်တစ်ချို့ကို အမဲလိုက်ပြီးတော့ အဲ့ဒီ့ပါဝင်ပစ္စည်းတွေနဲ့ ထူးကဲတဲ့အစားအစာကို ပြုလုပ်ဖို့ သင်ယူနိုင်တာပဲ။ ကျွန်မ မှတ်မိသလောက် ရှင်က ဟင်းချက်ဟင်းလျာတွေထဲမှာ ထူးကဲတဲ့ အတွေးအခေါ်တွေ ရှိတတ်တယ်လေ။ ရှင်က အဲ့ဒီ့လမ်းစဥ်ကို မလိုက်ဘဲ ကျွန်မအပေါ်  အြလေ သူမအပေါ် မှီခိုနေတာတော့ ရှင့်အမှားပဲ။”

“အဲဒါက စိန်ခေါ်မှုလား”

ဝမ်ဝေ့က မေးလိုက်သည်။

“ကျွန်မက အမှန်တိုင်းပြောနေရုံပါ”

“ကောင်းပြီလေ။ မင်းက ကိုယ့်မာနကို သေသေချာချာ ရိုက်ခတ်လိုက်တာပဲ”

ဝမ်ဝေ့က ပြောလိုက်သည်။

“ဒီနေ့ကိုမှတ်ထားနော် တစ်နေ့ကျရင် မင်းရဲ့အကြိုက်ဆုံးအစားအစာထက် ပိုကောင်းတဲ့ အစားအသောက်ကို လုပ်ပြမယ်။ အဲ့ဒီ့နေ့ရောက်လာတဲ့အချိန်ကျရင် ဘယ်နည်းလမ်းက ပိုကောင်းတယ်ဆိုတာကို ဝန်မခံဘဲ မနေနဲ့အုံး”

“အဲ့ဒီ့အရာကို စိုးရိမ်နေစရာ မလိုဘူး”

ဝူဟုန်က ရယ်မောလိုက်၏။ သူမ၏ အပြုံးက အခန်းတစ်ခုလုံးကိုပင် တောက်ပသွားစေသည်။

“အဲ့ဒီ့နေ့ရက်က ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူးလေ”

All Chapters