အချိန်အမှတ်အသားနဲ့ အချိန်စိတ်ဝိညာဥ်
Vol. 90 Ch. 1260
“ကောင်းပြီလေ။ ကျွန်မ ထင်ထားတာထက်တော့ ပိုပြီး ပျော်ဖို့ကောင်းခဲ့တာပဲ” ဝူဟုန်က ပြောရင်း ထရပ်လိုက်သည်။ ဝမ်ဝေ့၏ မျက်ဝန်းများက အာရုံအစိုက်ဆုံး ဖြစ်နေလေ၏။ နှမျောစရာကောင်းလှစွာဖြင့် သူမ၏ ခန္ဓာကိုယ်ဝန်းကျင်တွင် သူ့ကံကြမ္မာမျက်ဝန်းပင် မထိုးဖောက်နိုင်သည့် မြူခိုးတစ်ခု ပေါ်ထွက်လာသည်။
ကျစ်...
သူက ကျိန်ဆဲလိုက်၏။ သို့သော်လည်း သူ့အမူအရာက မပြောင်းမလဲသာ ကျန်ရှိနေသည်။
အရင်က ငါ မမြင်ဖူးတာလည်းမဟုတ်ဘဲနဲ့...
ဝူဟုန်၏ ဝန်းကျင်တွင် ဝတ်ရုံတစ်ခု ပေါ်ထွက်လာကာ သူမက ဆံပင်ကို ဖီးလိုက်သည်။
“ထွက်သွားတော့မှာလား”
“ကျွန်မ လုပ်စရာရှိသေးတယ်”
သူမက ခေါင်းညိတ်လိုက်၏။ ထို့နောက် ဝူဟုန်က ဝမ်ဝေ့အား ကြည့်ကာ ပြောလိုက်သည်။
“ရှင် ဂရုစိုက်ရမယ်။ ကြမ္မာက ရှင့်ဘက်မှာ ရှိနေတယ်ဆိုပေမယ့် အဲ့ဒီ့လူတွေကို သတိလက်လွတ် ဆက်ဆံလို့မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က စံပြတွေပဲလေ။ အဲ့ဒီ့တစ်ချက်တည်းနဲ့တင် သူတို့က ခြိမ်းခြောက်မှု ဖြစ်နေပြီ”
“ကိုယ် အလေးအနက် မှတ်ယူမှာပါ”
“အဲ့လိုဆိုရင် ရှင့်ရဲ့ အချိန်အမှတ်အသားကို ဘာလို့မကာကွယ်ရတာလဲ။ ပြီးတော့ အချိန်စိတ်ဝိညာဥ်ကိုလည်း ဘာလို့မဖန်တီးရတာလဲ။ ရှင့်လက်အောက်ငယ်သားတွေအတွက်ရော လုပ်ပေးပြီးပြီလား။ ရှင်က အချိန်တာအိုကို လေ့ကျင့်တာဆိုတော့ ပြဿနာ မရှိသင့်ဘူးလေ”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ အချိန်အမှတ်အသားနှင့် အချိန်စိတ်ဝိညာဥ်တို့က စံပြများကြားမှ တိုက်ပွဲအတွင်း လိုအပ်လေသည်။ အတိအကျပြောရမည်ဆိုလျှင် အဆုံးစွန်မဲ့နှင့် မငြိမ်းသက်နိုင်ဖွယ် စံပြများကြားမှ တိုက်ပွဲအတွင်း ဖြစ်၏။ ထိုသက်ရှိနှစ်ခုက သတ်ဖြတ်ဖို့ အင်မန် ရှုပ်ထွေးလှသည်။
တစ်ယောက်က သူ့ကိုယ်သူအသက်ပြန်သွင်းဖို့ နည်းလမ်းများစွာ ရှိသော်လည်း တစ်ယောက်ကမူ သူတို့၏ ဆန္ဒကို အားနည်းအောင် မလုပ်နိုင်သရွေ့ မသတ်နိုင်ပေ။ သို့သော်လည်း ခန္ဓာကို လေ့ကျင့်သူများကမူ သူတို့၏ ခန္ဓာကိုယ်ကို အဆုံးစွန်ထိတွန်းပို့ရင်း စိတ်ဆန္ဒကို လေ့ကျင့်ပေးကြသည့်သူများဖြစ်သည့်အတွက် သူတို့၏ စိတ်စွမ်းအားက နားလည်မှုထက် ကျော်လွန်အောင် ကြောက်ဖို့ကောင်းလှသည်။
ထိုသက်ရှိများ၏ အသက်ရှင်နိုင်စွမ်းအရ အမြောက်အမြား ဖြစ်သင့်၏။ အထူးသဖြင့် သူတို့က အဆုံးမဲ့သက်တမ်း ရှိထားသည့် အနေအထားတွင် ဖြစ်သည်။
ကံဆိုးစွာဖြင့် ထိုသို့ဟုတ်မနေခဲ့ပေ။
ထိုသက်ရှိများကို သတ်ဖြတ်ဖို့ လျှင်မြန်ကာ သက်ရောက်မှုရှိသည့် နည်းလမ်းတစ်ခု ရှိ၏။ ထိုအရာက အားနည်းသည့် သူတို့၏ အတိတ်ကိုယ်ကို သတ်ဖြတ်ခြင်း ဖြစ်သည်။
အချိန်မျဥ်းကြောင်း၏ ရှုပ်ထွေးမှုက စံပြများအတွက် နိမ့်ကျသည့်အတွက် တစ်ခြားတစ်ယောက်ကို ဖြေရှင်းခြင်း၊ သို့မဟုတ် ထာဝရလမ်းစဥ်မှ အားနည်းသောသူများကို ဖြေရှင်းခြင်းက သူတို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပေသည်။
သို့သော်လည်း အချိန်ကို ပတ်သက်ရာ၌ ကိစ္စများက ပိုမို ရှုပ်ထွေးလာနိုင်သည်။ အထူးသဖြင့် အရင်းအမြစ်ဟွင်သွမ်းကမ္ဘာများတွင် ဖြစ်၏။ ထိုကမ္ဘာများတွင် အချိန်ကို ပြောင်းလဲလိုက်ခြင်းက ပင်မအချိန်မျဥ်းကြောင်းအပေါ် သက်ရောက်မှု ရှိလာစေသည်။
ထို့ကြောင့် စံပြများက အတိတ်မှ လူတစ်ယောက်ကို ဖယ်ဖျက်ဖို့ရာ ကျွမ်းကျင်ဖို့ လိုအပ်သည်။ ပထမဦးစွာ သူတို့သည် ရန်သူ၏ အချိန်စက်ဝန်းကို သူတို့၏ အချိန်အမှတ်အသားမှတစ်ဆင့် အချိန်မျဥ်းကြောင်းမှ ပိုင်းခြားပြီး သတ်ဖြတ်ရသည်။ ထိုဖြစ်စဥ်က ပင်လယ်သမုဒ္ဒရာထဲမှ ရေတစ်စက်ကို ခပ်ထုတ်လိုက်ခြင်းနှင့် တူညီ၏။
သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် စံပြများက အချိန်စိတ်ဝိညာဥ်ကို ဖန်တီးသန့်စင်ရသည်။ ထိုအရာက သူတို့၏ အမှတ်အသားကို ဖုံးကွယ်ပေးပြီး သူတို့၏ အချိန်စက်ဝန်းကို ကာကွယ်ပေးလိမ့်မည်။ ဤကမ္ဘာ၏ အစောပိုင်းဖွင့်ဖြိုးမှုအနေအထား၌ တစ်စုံတစ်ယောက်က စံပြတစ်ယောက်၏ အချိန်အမှတ်အသားကို တိတ်တဆိတ်ရှာဖွေပြီး သူတို့မတုန့်ပြန်နိုင်ခင် သတ်ဖို့ရာ ပုံမှန်ကိစ္စသာ ဖြစ်၏။ ထို့နောက် အချိန်စိတ်ဝိညာဥ်သဘောတရားကို တီထွင်ပြီးသည့်နောက်တွင် စံပြများအနေဖြင့် လုပ်ကိုလုပ်ရမည့် စာရင်းထဲ၌ ပါရှိလာသည်။
ငါ့ကိုယ်ငါမကာကွယ်နိုင်ဘဲ အဲ့ဒီ့ကပ်ပါးတွေကို တွေ့ဖို့စီစဥ်မထားဘူး...
ဝမ်ဝေ့က တွေးလိုက်သည်။ သူက ကျင့်ကြံဆင့် မြင့်မားသည့်သူအတွက် တစ်စုံတစ်ယော်၏ အချိန်အမှတ်အသားကို အာရုံခံဖို့ရာ အင်မတန်လွယ်ကူကြောင်း သိထားလေ၏။ ထို့ကြောင့် သူက သူ့အမှတ်အသားအား အတိတ်ဗုဒ္ဓကိုယ်ဖြင့် ကာကွယ်ထားခဲ့သည်။ အချိန်စိတ်ဝိညာဥ်အတွက်မူ သူက တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဝင်ရောက်ပြီးသည့်နောက်မှာ သန့်စင်ဖို့ ပြင်ဆင်ထား၏။
“ကိုယ့်ရဲ့အချိန်အမှတ်အသားကို ကာကွယ်ပြီးသွားပြီ။ အားကောင်းလာတဲ့အချိန်ကျရင် အချိန်စိတ်ဝိညာဥ်ကိုလည်း သန့်စင်ဖို့ စီစဥ်ထားတယ်”
ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“အဲဒါက မလုံလောက်သေးဘူး”
ဝူဟုန်က ခေါင်းရမ်းလိုက်၏။ သူမက လက်ကိုမြှောက်ကာ အဆောင်နှစ်ခုကို ဖွဲ့စည်းလိုက်၏။
“ဒါက ကျွန်မရဲ့အတွေ့အကြုံပဲ။ ရှင့်အသက် ပါဝင်နေတာဆိုတော့ အလေးအနက်မှတ်ယူပေါ့”
ဝမ်ဝေ့က အဆောင်ကို လက်ခံလိုက်ပြီး ကြိုတင်စစ်ဆေးမကြည့်နိုင်ခင် သူမက စကားအနည်းငယ်ချန်ထားပြီး ပျောက်ကွယ်သွားလေသည်။
“ကျွန်မတို့တွေ အခမ်းအနားစမှ ပြန်တွေ့ကြတာပေါ့”
ဝမ်ဝေ့က ပြုံးလိုက်၏။
“သူမက နည်းနည်း ဒရမ်မာချိုးနေသေးတာ ဝမ်းသာရမှာပဲ”
သူက ဝူဟုန်နှင့် ဤနေရာတွင် တွေ့လိမ့်မည်ဟု အာရုံမခံမိခဲ့သော်လည်း သူမက အာရုံမခံနိုင်စရာ အကြောင်းအရင်းမရှိပေ။ သို့သော်လည်း သူမက ပုန်းအောင်းခြင်းမရှိသလို ထွက်ခွာသွားခြင်းလည်း မရှိဘဲ သူ့ကိုလည်း နှင်မထုတ်ခဲ့ပေ။ ထိုအစား သူမက စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းပြီး သူ မည်သို့တုန့်ပြန်မည်ကို စမ်းသပ်ခဲ့သေးသည်။
ဝမ်ဝေ့က အာရုံစိုက်ထားပြီး အဆောင်ထဲမှ သတင်းအချက်အလက်များကို ဖတ်ရှုလိုက်၏။ သိပ်မကြာခင် သူ့ပျော်ရွှင်မှုက လွင့်ပြယ်သွားခဲ့သည်။
သူမ ပြောတာကမှန်တယ်။ ငါ့အမှတ်အသားကို ဖုံးကွယ်ထားတဲ့နည်းလမ်းက မလုံလောက်သေးဘူး...
ခေတ္တမျှ သုံးသပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့နည်းလမ်းသည် အားအနည်းဆုံးစံပြများအတွက်ပင် အတော်လေး လျော့တိလျော့ရဲဖြစ်နေကြောင်း သဘောပေါက်သွားခဲ့၏။
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
သူက ကောင်းကင်ဘုံအရှင်တစ်ယောက် တိုက်ခိုက်သည့်ပုံစံကို ယခုမှ အပြည့်အဝ ကျွမ်းကျင်လာခြင်းဖြစ်ကာ သူ့လက်ရှိကျင့်ကြံဆင့်က သူသာ တိုက်ခိုက်ရေးအဆင့်ကို ဝင်ရောက်သွားသည်နှင့် စံပြတစ်ယောက်နှင့် ရင်ဆိုင်ဖို့ လုံလောက်သည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။ သို့သော်လည်း ဝူဟုန်၏ သတိပေးချက်က စံပြများ၏ တိုက်ပွဲသည် နောက်ထပ် ရှုပ်ထွေးမှုတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားစေ၏။
ဂိုဏ်းက ငါ့ကို ဘာလို့သတိမပေးခဲ့ပါလိမ့်...
ဝမ်ဝေ့က အံကြိတ်ကာ တွေးလိုက်ပြီး တစ်စုံတစ်ယောက်ကို အပြစ်တင်ဖို့ ကြိုးစားလိုက်သည်။ ဒိုင်မေးရှင်းအမြင့်ဆီ တက်လှမ်းလာကတည်းက သူက အမှားအယွင်းများစွာကို ဆက်တိုက်ပြုလုပ်ခဲ့သော်လည်း သူတို့က သူ့ဘဝနှင့်ကျင့်ကြံရေး နည်းလမ်းကို လွယ်လွယ်ကူကူ အဆုံးသတ်ပစ်နိုင်သည့် အမှားအယွင်းမျိုး ဖြစ်နေသည်။ ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။
သူက သူတို့၏ ပြီးပြည့်စုံသည့် အကူအညီကို လက်ခံရန် ငြင်းဆန်ခဲ့သည့်သူဖြစ်သည့်အတွက် သူတို့ကို အပြစ်တင်နေ၍ အကျိုးမရှိကြောင်း သိထားလေသည်။ သူတို့ထောက်ပံ့သည့် သတင်းအချက်အလက်က စံပြများ၏ စွမ်းရည်ကို သတိပေးခြင်းသာ ဖြစ်၏။ ထို့အပြင် သူက ယွမ်ခေတ်ကာလများစွာကို သိုသိုသိပ်သိပ်နေလိမ့်မည်ဟု ခန့်မှန်းထားကြပြီး စံပြဖြစ်လာပြီးနောက်တွင်မှသာ ထိုကပ်ပါးများကို စတင်ဖြေရှင်းလိမ့်မည်ဟု မှတ်ယူထားကြသည်။
အောင်မြင်မှုက မောက်မာမှုကို မွေးဖွားပေးတယ်။ မောက်မာမှုက အောင်မြင်မှုရဲ့ ပြစ်ချက်ပဲ...
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ တွေးလိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုကို အမှတ်ရသွားလေ၏။
သူမရဲ့လေသံသတိပေးပုံအရက အခုရင်ဆိုင်ရမဲ့ အန္တရာယ်က သိပ်အလှမ်းမဝေးတဲ့အနာဂတ်မှာလိုပဲ။ သူမက တစ်ခုခုကို သိနေတာလား...
အဓိကဖြစ်ရပ်က စံပြထဲက တစ်ယောက်ပါဝင်နေတာလား။ ငါက အာရုံမခံမိခဲ့တာ အဓိပ္ပာယ်တော့ရှိသွားပြီ..
ဝမ်ဝေ့က ယခင် ကျရှုံးခဲ့သည့်အကြောင်းအရင်းက ကောင်းကင်တာအိုသည် ကြမ္မာများပြားသည့် လူများစွာနှင့် ပတ်သက်နေသည့်အတွက်နှင့် ရှုကျင်းယောင်၏ ပြီးပြည့်စုံသောအရောင်အဝါက သူမအား ကာကွယ်ပေးထား၍ ဖြစ်သည်ဟု ထင်ခဲ့မိသည်။ သို့သော်လည်း စံပြတစ်ယောက်က ဤဖြစ်ရပ်တွင် ပေါ်ထွက်လာပါက ပို၍ အဓိပ္ပာယ်ရှိသွားပေသည်။
ဒါပေမယ့် သူတို့ထဲကတစ်ယောက်က ဘယ်လိုလုပ် ဒီနေရာမှာပေါ်ထွက်လာမှာတုန်း သူတို့က ရှေ့တန်းမှာ ရောက်နေတာမဟုတ်ဘူးလား။ ဒါမှမဟုတ် သူတို့က ကိုယ်ပွား၊ ဒါမှမဟုတ် သူတို့က ပုံရိပ်ယောင်ကို စေလွှတ်လိုက်မှာလား...
သူတို့က မျက်မှောင်ကြုတ်လိုက်သည်။
ရှုကျင်းယောင်၏ ပွဲအခမ်းအနားတွင် ထိုလူထဲကတစ်ယောက်က ခိုးကြောင်ခိုးဝှက် ထွက်လာမည်ကိုပင် အံ့အားသင့်မိမည် မဟုတ်ပေ။
“ငါ ပြင်ဆင်ထားဖို့ လိုတယ်...”
ဝမ်ဝေ့က ဝမ်ချီနှင့် တစ်ခြားသူများကို ဆက်သွယ်ကာ ဖြစ်နိုင်လာချေရှိသည့် တိုက်ပွဲအတွက် ပြင်ဆင်ထားခိုင်းလိုက်သည်။ သူက ကံကြမ္မာပြောင်းလဲရေးခန်းမမှ စိတ်ဝိညာဉ်အမှုန်ကို အသက်သွင်းပြီး အဖွဲ့ဝင်အားလုံးကို ကမ္ဘာ့အဆင့် တာဝန်အတွက် ပြင်ဆင်ထားဖို့ သတင်းစကား ပေးပို့ခဲ့၏။
ခန်းမ၏စည်းမျဥ်းအရ အားလုံးက ထိုတာဝန်အကြောင်း သိထားကြသော်လည်း မပါဝင်ဖို့ ရွေးချယ်နိုင်ကြသေးသည်။ သို့သော်လည်း ထိုတာဝန်၏ အကျိုးအမြတ်ကမူ ယခင်ဆုလာဘ်၏ သုံးဆ ပေးကမ်းထား၏။ ထို့အပြင် ထိုတာဝန်သည် အင်မတန်ခက်ခဲသည့်အတွက် ရာခိုင်နှုန်းကို တိုးမြှင့်ပေးထားခြင်းဖြစ်ကြောင်း သေသေချာချာ ဖော်ပြထားသည်။ ဤသည်က ခန်းမ စတင်ကတည်းက ပထမဦးဆုံး ကမ္ဘာ့အဆင့်တာဝန် ဖြစ်သည်။
ငါ့လူတွေရဲ့ အချိန်အမှတ်အသားကိုကာကွယ်ဖို့ အချိန်အချို့ကို ပြင်ဆင်ထားရမယ်...
ဝမ်ဝေ့က တွေးလိုက်သည်။ သူက အဆောင်များ၏ ပါဝင်အကြောင်းအရာကို သေချာဖတ်ရှုပြီးသည့်နောက်တွင် ရေစိမ်လိုက်သည်။ ဝမ်ဝေ့က နစ်မျောသွားပြီး သူ့ခန္ဓာကိုယ်မှ သူ့အား နိုးထလာစေသည့် စွမ်းအားတစ်ခုကို မခံစားမိခင်အချိန်ထိသာ ဖြစ်၏။
“ဟမ် ငါက ခန္ဓာ-ဆန္ဒပေါင်းစည်းမှုအစောပိုင်းအဆင့်ကို ပြီးမြောက်သွားပြီလား...”
သူက သူ့ခန္ဓာကိုယ်တွင် ဖြစ်ပျက်သမျှ အရာအားလုံးကို အာရုံခံလိုက်၏။
အခုငါက ခန္ဓာစမ်းသပ်ချက်ကို ဖြည့်စွက်ဖို့ပဲ လိုတော့တယ်။ အဲ့လိုဆိုရင် စတုတ္ထမြောက် ကောင်းကင်ဘုံအဆင့်ကို ဝင်ရောက်သွားလိမ့်မယ်။ ငါ အတားအဆီး မရှိဖို့တော့ မျှော်လင့်ရတာပဲ...
ရေပူစမ်း၏ သက်ရောက်မှုက သူ ထင်ထားသည်ထက် ပိုမိုကောင်းမွန်နေခဲ့၏။
ယခု ရေပူစမ်းက သူ့အပေါ် သက်ရောက်မှု မရှိတော့သည့်အတွက် ဝမ်ဝေ့က ထွက်ခွာလာလိုက်သည်။ သူက အတော်လေး စိတ်အခြေအနေ ကောင်းနေလေ၏။ သူ့ အနာဂတ်ဇနီးနှင့် ဒုတိယအကြိမ် ပထမတွေ့ဆုံမှုက အနည်းငယ် နေရခက်ခဲသော်လည်း သူမက လက်ဆောင်ပေးခဲ့သည့်အတွက် ကျင့်ကြံရေး၌ အတော်လေး တိုးတက်လာလေသည်။ သူက စိတ်အခြေအနေကောင်းစွာဖြင့် သူ့အား အကူအညီပေးနိုင်သည့် ရေပူစမ်းများကို ဆက်လက်ရှာဖွေခဲ့သည်။ သူက ဝိညာဥ်ကို ကျင့်ကြံရာ၌ ၁၀ ရာခိုင်နှုန်း ကောင်းချီးပေးနိုင်သည့် အရာတစ်ခုကို တွေ့ရှိခဲ့သည်။
သူပြီးမြောက်သွားသည့်အချိန် ရှုရှစ်နှင့် လင်းဖန်တို့နှင့် တွေ့ဆုံရမည့်အချိန်သို့ ကျရောက်လာခဲ့သည်။ ထို့ကြောင့် ဝမ်ဝေ့က ထွက်ခွာလာလိုက်သည်။ သူတို့၏ တွေ့ဆုံမှုက အလယ်ဗဟိုချက်နေရာတွင် အကောင်းဆုံး စားသောက်ဆိုင်တစ်ခုအတွင်း ဖြစ်၏။ ထိုစားသောက်ဆိုင်ကို အလှတရားဗိမ္မာန်ဟု ခေါ်ဆိုပြီး ဝမ်ဝေ့က ထိုအရာသည် ရှုကျင်းယောင်၏ စီးပွားရေးတစ်ခုဖြစ်မည်မှန်း မှန်းဆမိလိုက်သည်။
သူ ရောက်ရှိလာသည့်အခါ သူတို့က စောင့်ဆိုင်းနေကြ၏။
“ငါတို့က မိတ်ဆွေတွေလို့ ထင်နေတာ”
သူတို့က အခန်းထဲ ဝင်ဝင်လာချင်း ပြောလိုက်သည်။
“ဟုတ်တာပေါ့”
ရှုရှစ်က ထိုစကားများကြောင့် စိတ်ရှုပ်ထွေးသွားပုံကို ဖော်ပြကာ ပြောလိုက်သည်။
အဲ့လိုဆိုရင် ရှောင်ထျန်းတိကို ဘာလို့ငါ့အကြောင်းတွေ ပြောပြရတာလဲ”
“အို ဒါလား။ သူက ကျွန်မကို လာတွေ့တယ်လေ။ သူ့ဆရာက ကျွန်မတို့ဆရာနဲ့ မိတ်ဆွေတွေ။ အဲဒါဆိုတော့ တစ်ခုခုတော့ ပြောရတာပေါ့”
ရှုရှစ်က ပြန်ဖြေလိုက်သည်။
သူမက ဝမ်ဝေ့သည် သူမ လုပ်ခဲ့သည့်အရာကို စိတ်ထဲမထားကြောင်း ကောင်းကောင်းသိထားလေသည်။ သို့သော်လည်း သူမက ဧကရာဇ်ခုံနှင့် ရှုကျင်းယောင်တို့အကြောင်း အရေးပါသည့် သတင်းအချက်အလက်ကို ချက်ချင်းဖော်ထုတ်ခဲ့သည်။
“ပြီးတော့ လူအများသိမထားတဲ့အရာမျိုး ဘာမှမပြောခဲ့ပါဘူး။”
“အဲ့လိုလား”
ဝမ်ဝေ့က ထိုသူ၂ဦးကြားတွင် ဆက်နွယ်မှုတစ်ချို့ရှိကြောင်း သံသယဖြစ်မိသော်လည်း အတည်ပြုနိုင်သည်က ပို၍ကောင်းပေသည်။
“အဲ့လိုဆိုရင်လည်း ကိစ္စမရှိပါဘူး။”
၃ဦးသားက ထိုင်ကာ ပြန်လည်တွေ့ဆုံမှုကို စတင်လိုက်ကြသည်။