← Chapters

လက်မှိုင်ချ! ၂

Vol. 32 Ch. 466

လက်မှိုင်ချ! ၂

Vol. 32 Ch. 466

ဆင်ခြေကတော့ မြို့စားနှင်းဆီကစံအိမ်မှာလူကြပ်သိပ်စေလို့၊ စံအိမ်ရဲ့ပုံမှန်လုပ်ငန်းဆောင်တာကိုထိခိုက်မှုရှိစေလို့ပဲပေါ့။

ဝန်ကြီးလု သူနဲ့ဆွေးနွေးတဲ့ကိစ္စကို ဖွင့်ချဖို့မသင့်တော်။

ချင်းလင်စံအိမ်မှာပန်းပင်လယ်အကျယ်လုပ်ငန်းမဖွင့်ရသေး၍ ဒီလုပ်ငန်းအသစ်ကို အတော်များများကမျှော်လင့်စောင့်စားနေကြသည်။

မြို့စားနှင်းဆီကို သန့်စင်ခန်းပေါက်တွင်မတွေ့ရသောကြောင့် နှစ်ရက်အကြာတွင် ချင်းလင်စံအိမ်၏ကြောက်စရာကောင်းအောင်ပြွတ်သိပ်နေသောအခြေအနေမှာ ပုံမှန်အတိုင်းပြန်ဖြစ်လာသည်။

...

ရုံးခန်းထဲ၌_

ချင်လင်မှာလိုင်းပေါ်တက်ပြီး ပိုင်တုကွန်ရက်၊ စိတ်မြေပုံကွန်ရက်ကဲ့သို့သော ဒီဇိုင်းဝဘ်ဆိုဒ်များတွင် သူသဘောကျသောပုံစံငယ်ကိုရှာဖွေနေသည်။

မနက်ဖြန် သူ့ယောက္ခမမွေးနေ့ဖြစ်၍ လက်ဆောင်ပြင်ဆင်ရမည်။

သူ့ယောက်ဖကျောက်မိုယွင်အတွက်လည်း လက်ဆောင်ပြင်ပေးမည်ဟုတောင် ကတိပေးထားသေးသည်။ ဒါမှ သားတစ်ယောက်အနေနဲ့ သူ့တည်မှုကိုကာကွယ်နိုင်မည်တဲ့။

ချင်လင်က အင်တာနက်ပေါ်တွင်အကြာကြီးရှာပြီး စိတ်တိုင်းကျပုံစံသုံးခုကိုရလိုက်သည်။ နှစ်ခုက လက်ကောက်အတွက်၊ တစ်ခုက လည်ဆွဲအတွက်။

လက်ကောက်ဒီဇိုင်းကထူးခြားသည်။ ဒီဒီဇိုင်းကို သူနဲ့သူ့ယောက်ဖကျောက်မိုယွင်က ယောက္ခမဖြစ်သူကိုအတူတူပေးဖို့ပြင်လိုက်သည်။

လည်ဆွဲက ကျောက်မိုချင်းကိုပေးဖို့စဉ်းစားထားသည်။ သူ့ယောက္ခမမွေးနေ့မှာ အနက်ရောင်ချစ်သူများနေ့နှင့်တိုက်ဆိုင်နေမှန်း သိလိုက်ရသောကြောင့်ပင်။





အနက်ရောင်ချစ်သူများနေ့ဆိုတာ? မြင့်မြတ်တဲ့တစ်ကိုယ်တည်းသမားတွေအတွက် ချစ်သူများနေ့။ တစ်ကိုယ်တော်လေလွင့်သူတွေရဲ့အားလပ်ရက်ဖြစ်သောကြောင့် အနက်ရောင်ဟုခေါ်သည်။

ဒါပေမဲ့ ဘာလို့အနက်ရောင်ချစ်သူများနေ့မှာ အမျိုးသားတွေက သူ့ကောင်မလေး ဒါမှမဟုတ် သူ့ဇနီးကိုလက်ဆောင်ပေးကြတာလဲ? ဘာပဲဖြစ်ဖြစ် တကိုယ်တည်းသမားတွေရဲ့ပွဲလေ။ စုံတွဲတွေအတွက်မှမဟုတ်ဘဲ။

ဒါကနောက်ထပ်ပြဿနာတစ်ခု။ တကယ်လို့ အနက်ရောင်ချစ်သူများနေ့မှာ ကိုယ့်ကောင်မလေးကိုလက်ဆောင်မပေးရင် အနက်ရောင်ချစ်သူတစ်ယောက်တကယ်ရလာလိမ့်မည်။

အနက်ရောင်ချစ်သူများနေ့နဲ့မလွဲရအောင် အနက်ရောင်ချစ်သူများနေ့မှာ ကိုယ့်ကောင်မလေးကိုလက်ဆောင်ပေးရသည်။

အချိန်ရွေ့လျားလာသည်နှင့် အနက်ရောင်ချစ်သူများနေ့မှာ ကောင်မလေးကိုလက်ဆောင်နှင့်ဟုန်ပေါင်းပေးရသောနေ့ဖြစ်လာသည်။

ထို့ကြောင့် အခုလတိုင်းချစ်သူများနေ့ရှိနေသည်။

ပုံစံငယ်သုံးခုကိုရွေးပြီး ချင်လင်ကငွေပေးချေ၍ download ဆွဲကာ မိတ္တူထုတ်လိုက်သည်။

ထို့နောက် ရုံးခန်းတံခါးသော့ခတ်၍ ပုံစံငယ်ကိုဂိမ်းထဲယူပြီး ပစ္စည်းသေတ္တာထဲထည့်လိုက်သည်။ ထို့နောက် ဂိမ်းထဲမှထွက်ကာ သူ့ဂိမ်းဇာတ်ကောင်ကို Sebara ဆီတွင် ကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ခိုင်းလိုက်သည်။

ချင်လင်က Sebara ကို ကျောက်စိမ်းလက်ကောက်နှစ်ကွင်းနှင့်ကျောက်စိမ်းလည်ဆွဲတစ်ကုံးပုံသွင်းခိုင်းလိုက်သည်။ သူဂိမ်းထဲဝင်၍ထုတ်ယူပြီးမကြာမီ သူ့ယောက်ဖကျောက်မိုယွင်ရောက်ချလာသည်။

''ချင်လင်... မနက်ဖြန်အမေ့မွေးနေ့နော်... လက်ဆောင်ရော?''

ကျောက်မိုယွင်က ရုံးခန်းဝင်ဝင်လာချင်းမေးသည်။

ချင်လင်ကပြုံးပြီး ကျောက်စိမ်းလက်ကောက်နှစ်ကွင်းကိုထုတ်ကာ ကျောက်မိုယွင်ဆီပေးလိုက်သည်_ ''ဒီမှာ!''

ကျောက်မိုယွင်က ကျောက်စိမ်းလက်ကောက်ကိုယူပြီးကြည့်လိုက်ရာ 'ကျောက်မိုယွင်နှင့်လီကျားဝမ်၏လက်ဆောင်'ဟူသောစာတန်းကိုတွေ့ရသည်။ သူမအံ့ဩဘဲမနေနိုင်_

''လက်ရာတကယ်ကောင်းတာပဲ... ချင်လင်... ဒီလက်ကောက်တန်ဖိုးက ဘယ်လောက်လဲ?''

ချင်လင်ကပြုံးလိုက်ပြီး_ ''အစ်ကို... ဒါကိုတန်ဖိုးဖြတ်ဖို့ ကျောက်စိမ်းထည်ဆိုင်သွားရအောင်... ဒါစိတ်တိုင်းကျအပ်ထည်လေ... ကျွန်တော်အလိမ်ခံရတာဟုတ်မဟုတ် မသေချာဘူး... အမေ့အတွက်ဆိုတော့ အရင်ဆုံးသေချာအောင်လုပ်တာကောင်းမယ်''

ကျောက်စိမ်းအရည်အသွေးက အရင်အတိုင်း အရည်အသွေး ၁ ဖြစ်၍ တန်ဖိုးသိပ်ကွာမည်မဟုတ်။ သို့သော် တန်ဖိုးဖြတ်ပြီး တိတိကျကျတန်ဖိုးသိရတာကောင်းသည်။

ကျောက်မိုယွင်လည်း သဘောတူခေါင်းညိမ့်လိုက်သည်_ ''သွားစို့... အခုချက်ချင်း တန်ဖိုးသွားဖြတ်မယ်... ငါတို့အလိမ်ခံရပြီး အမေ့ကိုအတုတွေ အရည်အသွေးနိမ့်တာတွေပေးမိရင် ငါ့ရဲ့သားဆိုတဲ့နေရာက သားမက်ထက်ပိုပြီး လုံးလုံးနိမ့်ကျသွားလိမ့်မယ်''





''အစ်ကို'' ချင်လင်ကမတတ်သာပုံနှင့်_

''ကိုယ့်ယောက်ဖကိုယ် ဒီလိုမနာလိုဖြစ်လို့ရလား?''

''ဟဲ.. ဟဲ'' ကျောက်မိုယွင်ကဘာမှမပြောဘဲ ပြုံးစိစိလုပ်နေသည်။

သူတို့နှစ်ယောက်မှာ ကျောက်မိုယွင်ကားနှင့် စံအိမ်မှအတူတူထွက်လာပြီး ကျောက်စိမ်းထည်ဆိုင်သို့ရောက်သွား၏။ လူကြီးမှာ ကျောက်မျက်တန်ဖိုးဖြတ်သောလူကြီးပင်။

''လူကြီးမင်း... ရောက်လာပြန်ပြီလား? ဒီတစ်ခါ ဘယ်သူ့အတွက်လက်ဆောင်ပြင်ပေးတာလဲ?''

လူကြီးကချင်လင်ကိုမှတ်မိပြီး အပြုံးနှင့်နှုတ်ဆက်သည်။

ဘာပဲဖြစ်ဖြစ် ဒီလူငယ်လေးကသူ့ကိုအတော်လေးအထင်ကြီးစေခဲ့သည်လေ။

''အရင်ဆုံး ကျွန်တော့်ယောက္ခမအတွက်မွေးနေ့လက်ဆောင်ကျောက်စိမ်းလက်ကောက်နှစ်ကွင်းကိုတန်ဖိုးဖြတ်ပေးပါ''

ချင်လင်လည်း 'ချင်လင်နှင့်ကျောက်မိုချင်း၏လက်ဆောင်'ဟူသောစာတန်းထွင်းထားသည့် သူ့လက်ကောက်ကို လူကြီးဆီပေးလိုက်သည်။

ကျောက်မိုယွင်လည်း သူ့လက်ထဲမှလက်ကောက်ကိုပေးလိုက်သည်။

လူကြီးကတစ်ချက်ကြည့်ရုံနှင့် လက်ကောက်နှစ်ကွင်းမှာ အဝါရောင်ကျောက်စိမ်းတစ်တုံးတည်းမှဖြစ်ကြောင်းသိပြီး တစ်ဖက်သား၏သုံးသပ်ချက်အရ လက်ရာအတူတူဖြစ်ပုံရသည်။ ထွင်းထားသောစာမတူသော်လည်း လက်ရာပုံစံကတစ်ထပ်တည်းပင်။ နောက်ပြီး လက်ကောက်ပုံသွင်းထားသောလက်ရာက အရမ်းကောင်းသည်။

''လူကြီးမင်း... လက်ကောက်နှစ်ကွင်းစလုံးက အရည်အသွေးကောင်းတယ်... ယွမ် ၄၀၀၀၀ ဝန်းကျင်ရှိတယ်''

လူကြီးလည်းသုံးသပ်ပြီး တန်ဖိုးပြောလိုက်သည်။

သူ့ယောက္ခမကို နည်းနည်းမနာလိုဖြစ်မိသည်။ သူ့သားမက်ရဲ့လက်ဆောင်တွေက ပေါ့ပေါ့တန်တန်မဟုတ်၊ အရမ်းဂရုစိုက်ထားသည်။

သူ့ကိုမွေးနေ့လက်ဆောင်ဝယ်ပေးနိုင်သော သူ့မြေးမ၏ကောင်လေးအကြောင်းတွေးမိသွားသည်။ သို့သော် သူ့မြေးအမိုက်မက တစ်ဖက်သား၏အပြင်ပန်းကိုသဘောကျနေသည်။

''ဒါဆို အလိမ်မခံရဘူးပေါ့... ဒီတစ်ခါ အမေဘာမှပြောစရာမရှိတော့ဘူး ဟုတ်တယ်မလား?''

ကျောက်မိုယွင်မှာ အဖြေကြောင့်ပြုံးရွှင်နေရုံရှိသေး၊ သူပြောအပြီးတွင် ချင်လင်ကနောက်ထပ်ကျောက်စိမ်းလည်ဆွဲကိုထုတ်လိုက်သည်။

ဘာလဲ?

ချင်လင်ကလည်ဆွဲကို လူကြီးဆီပေးလိုက်ပြီး_

''အဘ... ဒီကျောက်စိမ်းလည်ဆွဲကိုတန်ဖိုးဖြတ်ပေးပါဦး!''

''ဒါဟုန်လွမ်ပဲ! အနီရောင်ကျောက်စိမ်းကိုသိမ်းထားရင်တန်ဖိုးရှိတယ်''

လူကြီးကလည်ဆွဲကိုယူကြည့်လိုက်ရာ ရက်စွဲတစ်ခုနှင့် 'ချင်လင်နှင့်ကျောက်မိုချင်း'ဟူသောစာလုံးများကိုတွေ့ရသည်။

သူ့အရွယ်နဲ့တောင် အချစ်ကိုဖော်ပြတဲ့လည်ဆွဲမှန်း လူကြီးကသိသည်။

သူ့မိန်းမနဲ့ယောက္ခမကိုလက်ဆောင်ပေးတယ်။ ဒီလိုသားမက်မျိုးဘယ်မှာသွားရှာမလဲ?

သမီးရှင်တွေမနာလိုဖြစ်ပြီး သေလောက်တယ်မလား?

''ချင်လင်... မင်းဘာလို့လည်ဆွဲအပိုပြင်ထားတာလဲ? ဘာလုပ်တာလဲ?''

ကျောက်မိုယွင်က အလောတကြီးမေးလိုက်လေသည်။





All Chapters