လက်မှိုင်ချ! ၃
Vol. 32 Ch. 467
ဘာမှန်းမသိဘဲ ချင်လင်လှည့်စားတာခံလိုက်ရသလိုလို။
ချင်လင်ကပြုံးပြီးရှင်းပြသည်_
''အနက်ရောင်ချစ်သူများနေ့လေ... ဒါမိုချင်းအတွက်လက်ဆောင်... အစ်ကို...မရီးအတွက်လက်ဆောင်မပြင်ရသေးတာတော့မဟုတ်ပါဘူးနော်?''
''ကျစ်... ကျစ်'' ကျောက်မိုယွင်ကြောင်သွားသည်။ သူဒီအတွက်ပြင်မထား။ အရင်တစ်ခေါက်က မိုချင်းကိုချင်လင်ဘယ်လောက်ဂရုစိုက်ကြောင်း သူ့မိန်းမပြောဖူးသည်ကို ချက်ချင်းသတိရသွားသည်။
သူ့ညီမက ဒီလည်ဆွဲကိုအခိုက်အတန့်များမှာတင်ပြီး သူ့မိန်းမမြင်သွားရင်၊ သူ့အမေကိုလက်ကောက်ပေးပြီး သူ့ကိုတစ်ခုမှမပေးရင် ဘယ်လောက်စိတ်မကောင်းဖြစ်သွားမလဲ?
ကျောက်မိုယွင်စိတ်ထဲတွင် ကီးဘုတ်ပုံမြင်ယောင်လာသည်။ ကံကောင်းချင်တော့ သူ့အိမ်မှာ laptop ပဲရှိသည်၊ desktop မရှိ။ ဒီတော့ ကီးဘုတ်ပေါ်ဒူးထောက်စရာမလို။
သို့သော် သူ့မိန်းမကဒူးရင်းသီးကြိုက်မှန်း သတိရသွားပြန်သည်။ ရေခဲသေတ္တာထဲမှာ ဒူးရင်းသီးနှစ်လုံးရှိသည်ထင်သည်။
''သောက်... ချင်လင်... ဒီတစ်ခေါက် မင်းထပ်ပြီးလှည့်စားတာခံရတော့မလို့''
ကျောက်မိုယွင်က ထညည်းလိုက်သည်။
သူသောက်ရမ်းပြင်ဆင်ထားခဲ့တာ၊ ဒါပေမဲ့ တစ်ကွက်လိုသွားတယ်။
ထို့နောက် သူကတစ်ခုခုတွေးမိသွားပြီး_
''မဟုတ်သေးဘူး... ဧပရယ်အနက်ရောင်ချစ်သူများနေ့မလား?''
သူပျော်သွားပြန်သည်။ ဒါသူနဲ့ဘာဆိုင်လို့လဲ?


အနက်ရောင်ချစ်သူများနေ့က တစ်ကိုယ်တော်လေလွင့်သူတွေရဲ့အားလပ်ရက်။ ပြီးတော့ သူကလက်ထပ်ပြီးသား။
''ယောက်ျားတွေ အနက်ရောင်ချစ်သူများနေ့ကိုအောင်ပွဲခံကြတာသူတို့လက်ဆောင်မပေးရလို့လေ''
ချင်လင်ကပြုံးပြုံးနှင့်ပြောလိုက်သည်။
''ဟဲ... ဟဲ'' ကျောက်မိုယွင်က ထိုစကားကြားလျှင်သဘောပေါက်ပြီး သူ့စိတ်ထဲတွင်စာလုံးနှစ်လုံးတွေးမိသည်: အေးဆေး။
ထိုအချိန်တွင် လူကြီးကလည်း ချင်လင်ကိုပြောလိုက်သည်_
''လူကြီးမင်းချင်... ဒီအနီရောင်ကျောက်စိမ်းက အရည်အသွေးအရမ်းကောင်းတယ်... လက်ကောက်ထက်လည်းပိုပြီးတန်ဖိုးရှိတယ်... သူလည်း ယွမ် ၅၀၀၀၀ လောက်တန်မယ်''
''အဘ... ကျွန်တော်တို့အတွက်လက်ဆောင်ဘူးသုံးဘူးပေးပါ''
ချင်လင်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။
လူကြီးကခေါင်းညိမ့်ပြသည်။
ခဏအကြာ ချင်လင်ကတန်ဖိုးဖြတ်ခပေးပြီး လက်ဆောင်ဘူးသုံးဘူးနှင့် ကျောက်စိမ်းထည်ဆိုင်မှထွက်လာသည်။
ကျောက်မိုယွင်မှာ လက်ကောက်ပါသောလက်ဆောင်ဘူးကိုကိုင်ပြီး သက်ပြင်းချလိုက်သည်။
အမျိုးသမီးတွေကဘာလို့ချစ်သူများနေ့တွေအများကြီးကိုသဘောကျရတာလဲ?
ကားထဲဝင်ပြီးနောက် ကျောက်မိုယွင်ကဖုန်းထုတ်ပြီး ချင်လင်ဆီ ယွမ် ၄၀၀၀၀ လွှဲပေးလိုက်သည်။
ချင်လင်ကစာဝင်လာလျှင်_ ''အစ်ကို... ခင်ဗျားအတွက်လက်ဆောင်ပြင်ပေးထားမယ်လို့ပြောထားတယ်လေ... ကျွန်တော်တို့ပတ်သက်မှုနဲ့ ပိုက်ဆံလွှဲပေးစရာမလိုပါဘူး''
''ဒါက တစ်ကန့်လေကွာ'' ကျောက်မိုယွင်ကခေါင်းခါလိုက်သည်။ သူ့အတွက်တော့ ဒါကစည်းကမ်းပိုင်း။ ဆက်ဆံရေးရင်းနှီးလေလေ ဒီလိုကိစ္စတွေကိုပိုပြီးရှင်းရှင်းလင်းလင်းလုပ်ထားရမည်။ ဒါသူကောင်းဖို့အတွက်၊ ပြီးတော့ သူ့ညီမကောင်းဖို့အတွက်။
''အာ'' ချင်လင်သက်ပြင်းချလိုက်သည်။ သူကရုတ်တရက်တစ်ခုခုတွေးမိပြီး ကျောက်မိုယွင်ကိုပြောလိုက်သည်_
''ဒါနဲ့... အစ်ကို... စီရင်စုက ချင်းလင်ဓာတ်ခွဲခန်းနဲ့ချင်းလင်စံအိမ်ကိုတစ်နေရာတည်းထားဖို့စီစဉ်ထားပြီ... သူတို့ကဒါကိုဗဟိုထားပြီး ဆင်ခြေဖုံးဒေသဖွံ့ဖြိုးဖို့ ချဲ့ထွင်ဖို့အသုံးချချင်တာ''


''ဟုတ်လား?'' ထိုသတင်းကြားပြီး ကျောက်မိုယွင်အံ့ဩသွားသည်။
ဆင်ခြေဖုံးဒေသချဲ့ထွက်ရေးဆိုသည်က ရုံးချန်း၏နောက်ထပ်ချဲ့ထွင်ရေးဖြစ်သည်။ ချင်းလင်စံအိမ်အနီးတဝိုက်သည် ဖွံ့ဖြိုးပြီးနောက်ပိုင်း ရုံချန်း၏အပြင်ဘက်တွင်ရှိနေ၍ ဆင်ခြေဖုံးဒေသဟုခေါ်ခြင်းပင်။
သို့ရာတွင် ချင်းလင်စံအိမ်လူဝင်နှုန်းနှင့် နောင်ဒီနေရာမှာဆက်ပြီးလူဝင်မည့်နှုန်းက လက်ရှိအရှေ့ပိုင်းစီးပွားရေးစျေးကွက်ထက်မလျော့နိုင်။ အရင်ဆုံး ချင်းလင်စံအိမ်၏လူဝင်နှုန်း၊ နောက် ရုံချန်း၏ဗဟိုမှလူဝင်နှုန်းမှာလည်း ဒီအသစ်ဖွံ့ဖြိုးလာသောနေရာသို့ရောက်လာလိမ့်မည်။
အဓိကအကျဆုံးအချက်မှာ ဒီလိုဖွံ့ဖြိုးတိုးတက်မှုက လူချမ်းသာအုပ်စုကိုဖန်တီးပေးတတ်သည်။ သူတို့သာဒီသတင်းကြိုသိရင် အများကြီးလုပ်ထားနိုင်သည်။
''အင်း! ဟုတ်တယ်'' ချင်လင်ကအသေအချာပြောလိုက်သည်။
''ချင်လင်... ကျေးဇူးပဲကွာ!'' ကျောက်မိုယွင်က ချင်လင်၏သတင်းကိုယုံသည်။
နောက်ပြီး ချင်လင်က သူ့ကိုချမ်းသာစေမယ့်သတင်းပြောပြထားသည်။
ဒါကိုသိပြီး ဘာလုပ်ရမှန်းမသိသေးရင် လုံးဝကံကြမ္မာကိုဖန်တီးနိုင်မည်မဟုတ်။
သူပြန်သွားရင် ဒါကိုဆွေးနွေးဖို့မိတ်ဆွေတချို့ဆီသွားမည်။ သတင်းကြိုရနိုင်တာ လုံးဝသူတစ်ယောက်တည်းမဟုတ်။ ဒီပွဲမှာပိုက်ဆံဘယ်လောက်ရသည်ဖြစ်စေ အလိုလိုနားလည်ရမည်။ တခြားသူတွေကို သူမဟန့်တားနိုင်။
နောက်ပြီး မကျော်ရမယ့်စည်းရှိသည်။ စည်းကျော်တာနဲ့ စီရင်စုရဲ့သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိမည်ပင်။ ဂရုတစိုက်မလုပ်ရင် ပြစ်မှုမြောက်လိမ့်မည်။
''အစ်ကို... ကျေးဇူးစကားပြောရအောင် သူစိမ်းတွေကျနေတာပဲ''
ချင်လင်ကခေါင်းခါရင်းပြောလိုက်သည်။
ကျောက်မိုယွင်ခေါင်းညိမ့်လိုက်သည်။ ကားစက်နှိုးပြီးလျှင် သူကရုတ်တရက်ချင်လင်ဘက်လှည့်ပြီး အလေးအနက်ပြောလိုက်သည်_
''ချင်လင်... ဒါဆိုရင် အပြင်လူလို့သဘောမထားဘဲ ပြောစရာရှိတယ်!''
''ဘာများလဲ အစ်ကို?'' ချင်လင်ကဇဝေဇဝါနှင့်မေးလိုက်သည်။
ကျောက်မိုယွင်ကချက်ချင်းပင်_
''အဲကောင်မလေးကို မင်းလည်ဆွဲပေးပြီးရင် အခိုက်အတန့်များမှာမတင်နဲ့လို့ပြောပေးလို့ရမလား?''
''ဘယ်လို?'' ချင်လင်ခဏကြောင်သွားသည်။ ကျောက်မိုယွင်၏အလေးအနက်ပုံစံကိုကြည့်ပြီး အရေးကြီးတာတစ်ခုခုပြောတော့မည်ဟုသူထင်ခဲ့သည်။ ကျောက်မိုချင်းကိုအခိုက်အတန့်များမှာမတင်နဲ့လို့ပြောမယ်မှန်း ဘယ်သိမလဲ?
ကျောက်မိုယွင်က ရှက်ကိုးရှက်ကန်းနှင့်_
''ချင်လင်... မင်းမိုချင်းကိုအခိုက်အတန့်များမှာမတင်ဖို့တားရမယ်... မင်းငါ့ကိုအနက်ရောင်ချစ်သူများနေ့ကျင်းပတာမကြည့်ချင်ဘူးလား? ဘယ်လောက်သနားစရာကောင်းလိုက်လဲ?''