← Chapters

ဆုနှစ်ခု! အကဘုရင်လို့ခေါ်! ဝမ်!

Vol. 32 Ch. 468

ဆုနှစ်ခု! အကဘုရင်လို့ခေါ်! ဝမ်!

Vol. 32 Ch. 468

နောက်တစ်နေ့နေ့လယ်_

ချင်လင်က ကျောက်မိုချင်းနှင့်သူ့အမေကို ကျောက်မိသားစုအိမ်ခေါ်လာခဲ့သည်။

ဒီနှစ်ချန်ရှောက်မွေးနေ့က ၁၀ ရက်နေ့မဟုတ်။ သူ့မွေးနေ့လေးမှာ ရင်းနှီးသောမိတ်ဆွေများကိုသာ ညစာဖိတ်ထားသည်။ စားသောက်ဆိုင်တောင်မသွားပေ။

သူ့မိသားစုနဲ့မိတ်ဆွေများ အိမ်မှာပျော်ပျော်ရွှင်ရွှင်ညစာစားကြမည်။

ချန်ရှောက်အဖို့ လက်ရှိသူ့ဘဝကအလွန်ပြည့်စုံနေပြီ။ သူ့ယောက်ျားက ပထမအလယ်တန်းကျောင်းမှာစီနီယာ၊ နောက်နှစ်ဆိုရာထူးတိုးတော့မည်။ သူ့သားကမထူးချွန်သော်လည်း လုပ်ငန်းလေးတစ်ခုရှိပြီး ဇနီးကောင်းတစ်ယောက်ရထားသည်။

သူ့သမီးက သားမက်ကောင်းနှင့်ရထား၏။ သူ့သားမက်ကလုပ်နိုင်စွမ်းရှိရုံသာမက သူ့သမီးနှင့်သူ့အပေါ်လည်းသိတတ်သည်။

အဓိကက သူ့သား၊ ချွေးမ၊ သမီးနဲ့သားမက် အားလုံးရုံချန်းမှာပဲရှိပြီး တစ်နှစ်မှနှစ်ခါသူ့ကိုတွေ့ရတဲ့သူ့မိဘများလိုမဟုတ်ပေ။

မိသားစုအတူတူရှိပြီး ဝေးနေစရာမလို။ ဒါကပြည့်စုံခြင်းတစ်မျိုးပင်။

တစ်ခါတလေ ဘဝမှာအောင်မြင်မှုအကြီးကြီးရထားသလိုခံစားရသည်။





ကျောက်မိုယွင်မှာ ချန်ရှောက်ကိုလက်ကောက်ပေးလိုက်သော်လည်း သူထင်ထားသလိုဖြစ်မလာ၊ တုံ့ပြန်စကားတစ်ခွန်းသာရသည်။ နောက်ဆုံးတော့ အသိတရားရှိပြီပေါ့တဲ့။

ချင်လင်နှင့်ကျောက်မိုချင်းက ချန်ရှောက်ကိုလက်ကောက်ပေးနေစဉ် ရုတ်တရက်သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။

ဂိမ်းစိုက်ခင်းထဲတွင် မြို့တော်ဝန်သောမတ်ပေါ်လာသည်။

နောက်ထပ်ဇာတ်ကွက်။ နောက်ပြီး ဒီလူရဲ့ပုံစံက နောက်ထပ်ပွဲဇာတ်ကွက်မျိုးဖြစ်ဖို့များသည်။ ဘာပဲဖြစ်ဖြစ် အရင်ကဒီလိုဖြစ်ဖူးသည်။

သူ့ယောက္ခမမွေးနေ့မှာတောင် ရုတ်တရက်ငေးကြည့်ရုံနှင့် ဂိမ်းဆော့ဖို့အားမလျှော့နိုင်။

သူ့ယောက္ခမမွေးနေ့ပွဲပြီးသည်နှင့် စံအိမ်ပြန်မောင်းလာခဲ့သည်။ ဒီတစ်ခါဘာဇာတ်ကွက်မျိုးကြုံမလဲကြည့်ဖို့ ရုံးခန်းထဲသွားရန်ပြင်လိုက်သည်။

ကျောက်မိုချင်းနှင့်သူ့အမေက သူ့ယောက္ခမကိုအဖော်ပြုပေးဖို့နေခဲ့သည်။ လီကျားဝမ်နှင့်အတူ အမျိုးသမီးလေးယောက်သား နေ့လယ်ပိုင်းစျေးဝယ်ထွက်ဖို့အစီအစဉ်ဆွဲလိုက်ကြသည်။

သူ့အမေက ညစာအတွက်တစ်ဝိုင်းပြင်ထားဖို့လည်းမှာလိုက်ပြီး ညပိုင်းသူ့ယောက္ခမကိုထပ်ပြီးပွဲလုပ်ပေးကြဦးမည်။

ချင်လင်က သူ့အမေ၏တောင်းဆိုချက်ကိုချက်ချင်းသဘောတူလိုက်သည်။

စံအိမ်ရုံးခန်းထဲပြန်ရောက်သောအခါ အရင်ဆုံးလုပ်သည်က သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်ခြင်းပင်။ သူ့ဂိမ်းဇာတ်ကောင်ကို မြို့တော်ဝန်သောမတ်ဆီသွားစေပြီး ဇာတ်ကွက်ကြည့်လိုက်သည်။

(ထပ်ဆုံပြန်ပြီနော်... အခုတလော မင်းရဲ့စိုက်ခင်းကအရမ်းအလုပ်ဖြစ်တာပဲ... မင်းကိုအရင်ကပြောဖူးတဲ့ပန်းကန်ပြားဖမ်းပြိုင်ပွဲအကြောင်းမှတ်မိသေးလား? မြီု့ထဲမှာခရီးထွက်လာတဲ့အိမ်မွေးတိရစ္ဆာန်ဆရာရှိလို့ ခွေးပန်းကန်ပြားဖမ်းပြိုင်ပွဲကိုကြိုပြီးကျင်းပမယ်... အနိုင်ရရင် ပိုင်ရှင်ဆီကဆန်းကြယ်တဲ့လက်ဆောင်ရရုံတင်မကဘူး... ခွေးကလည်း အိမ်မွေးတိရစ္ဆာန်ဆရာဆီက လက်ဆောင်ရမယ်!

မင်းရဲ့ခွေးကိုခေါ်လာပြီး ပြိုင်ချင်ပါသလား?)

ဇာတ်ကွက်တာဝန်ဆိုမှတော့ ချင်လင်ကပြိုင်မည်ကိုရွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ပန်းကန်ပြားဖမ်းပြိုင်ပွဲနိုင်ရင် စွမ်းအားပင်အသီးလည်းရမည်။

ခွေးကိုဂိမ်းထဲခေါ်ပြီး သူနဲ့ချည်ထားရတဲ့ရည်ရွယ်ချက်ကပန်းကန်ပြားဖမ်းပြိုင်ပွဲမှာဝင်ပြိုင်ဖို့မလား?

(ကောင်းပြီ... အခုဝင်ပြိုင်ဖို့ဆုံးဖြတ်ပြီးပြီ... ပါဝင်ယှဉ်ပြိုင်မယ့်သူတစ်ယောက်မကရှိတယ်... မြို့တော်ပန်းခြံထဲကပြိုင်ပွဲအခမ်းအနားမှာ မင်းကိုစောင့်နေမယ်)

သည်လိုနှင့် မြို့တော်ဝန်သောမတ်က စိုက်ခင်းထဲမှထွက်သွားသည်။

ချင်လင်လည်း ချက်ချင်းရုံးခန်းထဲမှထွက်လိုက်သည်။

ခွေးပန်းကန်ပြားဖမ်းပြိုင်ပွဲမှာ ခွေးရှိရမည်။

ရုံးခန်းထောင့်တွင် ခွေးနှင့်​မြေခွေးဖြူကိုတွေ့လိုက်ရသည်။

မြေခွေးဖြူကရုံးခန်းဝန်းကျင်မှမခွာရဲ၍ သူ့ဆိုးဖော်ဆိုးဖက်ခွေးက ရုံးခန်းထဲတွင်အချိန်တိုင်းလိုလို ရှောင်ရွှယ်နှင့်ရှိနေသည်။

တကယ်တော့ အပြင်ပန်းအရ ရှောင်ရွှယ်ကခွေးထက်အများကြီးသာသည်။ နှိုင်းပြောရရင် ရှောင်ရွှယ်က ကျောင်းရဲ့အလှလေး၊ ခွေးက အလှလေးရဲ့နောက်လိုက်။

လင်းလန်ဇီ၏မီဒီယာဌာနကလည်း ရှောင်ရွှယ်ကိုမျက်စိကျနေသည်။ ဘာပဲဖြစ်ဖြစ် ဆယ်လီတိရစ္ဆာန်တွေက အင်တာနက်ပေါ်မှာအလွန်နာမည်ကြီးတတ်သည်။

ရှဉ့်နဲ့ခွေး မွေးနီနဲ့ဝမ်ချိုင်က ပရိသတ်သန်းချီရတော့မည်ဖြစ်ပြီး ဘာအချက်အလက်မှမရှိတာအမှန်။

တချို့ဂီတပလက်ဖောင်း၏တိရစ္ဆာန်နယ်ပယ်တွင် နည်းနည်းနာမည်ကျော်အွန်လိုင်းဆယ်လီဖြစ်နေပြီဟုလည်းဆိုနိုင်သည်။ ထို့ကြောင့် လင်းလန်ဇီက မြေခွေးဖြူရှောင်ရွှယ်ကိုမျက်စိကျနေပြန်သည်။

ရှောင်ရွှယ်ရဲ့ပုံစံနဲ့ဉာဏ်ကောင်းပုံအရ ချင်းလင်စံအိမ်နာမည်ကြီးမှုကိုမှီပြီး အလွယ်တကူနာမည်ကျော်လာနိုင်သည်။ ဖြစ်ချင်တော့ ကောင်လေးကအရမ်းကြောက်တတ်နေသည်။ အခု လင်းလန်ဇီနဲ့မီဒီယာဌာနက သူ့နားမကပ်နိုင်သေး။

ဝု.. ဝု.. ဝု!

ကျွက်.. ကျွက်!





ခွေးနှင့်မြေခွေးဖြူက ချင်လင်ကိုမြင်လျှင် အော်ပြီးပြေးလာသည်။

ချင်လင်ကခွေးကိုချီပြီး ရုံးခန်းထဲလျှောက်သွားလိုက်သည်။

ခွေးကဘာဖြစ်နေမှန်းမသိ၊ အမှတ်တမဲ့ယက်ကန်ယက်ကန်နှင့်သာပါလာသည်။

ရှောင်ရွှယ်က ကြောင်တောင်တောင်နှင့်ကြည့်ပြီးမှ သူ့အမြီးဖွားဖွားကြီးကိုယမ်းပြီးလိုက်လာသည်။ နောက်ဆုံး ရုံးခန်းထဲအတူတူဝင်သွားကြသည်။

ချင်လင်က ခွေးကိုရုံးခန်းထဲခေါ်လာပြီး အထဲမှတံခါးလော့ချလိုက်သည်။

ဝု.. ဝု.. ဝု!

ခွေးကဘာမှန်းမသိသေး၍ သူ့ကိုဟောင်လိုက်သည်။

ချင်လင်ကခွေးကိုချီပြီး ဂိမ်းစိုက်ခင်းထဲခေါ်သွားသည်။

ဂိမ်းထဲဝင်ဝင်ချင်း ခွေးကပတ်ချာလည်ကြည့်ပြီးဟောင်လိုက်သည်။ ထို့နောက် စပြေးတော့သည်။ သူ့နေရာသူမှတ်မိပုံပင်။

ချင်လင်က အတွေးနှင့်ဂိမ်းထဲမှထွက်လိုက်သည်။

ကျွက်!

မြေခွေးဖြူကသူ့ကိုမြင်လျှင် မျက်လုံးအဝိုင်းသားနှင့်ကြည့်ပြီးအော်လိုက်သည်_ ''ခွေးဘယ်ရောက်သွားလဲ?'' ဟုမေးနေသလိုလို။

ချင်လင်ကလက်လှမ်းပြီး သူ့ခေါင်းကိုထိလိုက်ရာ သူ့မျက်လုံးလှလှလေးက စိတ်ကျေနပ်ပြီးပိတ်သွားသည်။

ခွေးကိုဘယ်သူဂရုစိုက်လဲ!

ခဏအကြာ မြေခွေးဖြူလည်း မလှုပ်မယှက်နှင့် ထိုနေရာတွင်လဲလျောင်းနေသည်။

ချင်လင်ကထိုင်ပြီး သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။ ဂိမ်းထဲတွင် ခွေးက 2D ကာတွန်းပုံပြောင်းသွားပြီး သူ့ခေါင်းပေါ်တွင် 'ဝု.. ဝု.. ဝု!' ဟူသောစာသားနှင့် မြူးတူးစွာအော်နေကြောင်းပြထားသည်။

ချင်လင်လည်း သူ့ဂိမ်းဇာတ်ကောင်ကိုခွေးချီခိုင်းပြီး သတ္တုမြို့တော်ပန်းခြံထဲမှအပြေးလမ်းကြောင်းဆီဦးတည်သွားလိုက်သည်။

ဂိမ်းဇာတ်ကောင်ပန်းခြံရောက်သောအခါ မြင်ကွင်းကခါတိုင်းနဲ့လုံးဝမတူတော့။ ပန်းခြံထဲတွင် NPC တွေအများကြီးစုဝေးနေပြီး မြို့ထဲမှနာမည်ရှိ NPC တိုင်းလိုလိုရောက်နေကြသည်။





All Chapters