← Chapters

ဆုနှစ်ခု! အကဘုရင်လို့ခေါ်! ဝမ်! ၂

Vol. 32 Ch. 469

ဆုနှစ်ခု! အကဘုရင်လို့ခေါ်! ဝမ်! ၂

Vol. 32 Ch. 469

အလယ်တွင် 'ပန်းကန်ပြားဖမ်းပြိုင်ပွဲ'ဟူသောစာတန်းရှိသည်။

ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်ကို ခေါင်းပေါ်တွင်အဝါရောင်အမှတ်အသားနှင့်မြို့တော်ဝန်သောမတ်ဆီသွားစေလိုက်သည်။

(ရောက်ပြီလား... စာရင်းလာသွင်းပါ... ပန်းကန်ပြားဖမ်းပြိုင်ပွဲစတော့မယ်!)

ချင်လင်ကဂိမ်းဇာတ်ကောင်ကို သောမတ်နောက်လိုက်ပြီးစာရင်းသွင်းစေသည်။ ခဏအကြာ ဂိမ်းဖန်သားပြင်မှာ ပန်းကန်ပြားဖမ်းပြိုင်ပွဲလေးဖြစ်သွားသည်။

ထိုဂိမ်းလေးမှာ ပန်းကန်ပြားဖမ်းပြိုင်ပွဲစည်းမျဉ်းအတိုင်းမဟုတ်ဘဲ ဂိမ်းဒီဇိုင်းဆွဲသူကိုယ်တိုင်စီစဉ်ထားသောစည်းမျဉ်းနှင့်ဖြစ်ပြီး ဘယ်သူအဝေးဆုံးလဲကြည့်ရမည်။ ခွေးကပန်းကန်ပြားကိုကိုက်နိုင်မှသာ အကွာအဝေးကအကျုံးဝင်ပေမည်။

ကစားသူက အားနှင့်ပန်းကန်ပြား၏ထောင့်ကိုထိန်းပစ်ရန်လိုသည်။ အားနှင့်ထောင့်မတူလျှင် အကွာအဝေးချင်းမတူပေ။ တစ်ချ်ိန်တည်းမှာ ခွေးကိုပန်းကန်ပြားဆီမြန်မြန်ပြေးအောင်ထိန်းရန် အထူးခလုတ်များပေါ်လာပြီး ပန်းကန်ပြားကိုကိုက်ရန်အချိန်ကိုက်ခုန်ရမည်။

အောင်အောင်မြင်မြင်ဖမ်းနိုင်ရင် အောင်မြင်သည်ဟုယူဆမည်။

စုစုပေါင်းသုံးကြိမ်ရှိပြီး အဝေးဆုံးပစ်နိုင်သူကဆုရမည်။

ဒီဂိမ်းအသေးကရိုးရှင်းသော်လည်း တုံ့ပြန်သည့်အချိန်နှင့်လက်လှုပ်ရှားမှုကိုစမ်းသပ်ခြင်းပင်။ ဖိုရမ်ထဲ၌ ခွေးပန်းကန်ပြားဖမ်းပြိုင်ပွဲတွင်ပထမဆုံးအကြိမ်ဝင်ပြိုင်သောအခါ ကစားသမားအတော်များများက NPC ကိုရှုံးကြသည်။





သို့သော် ချင်လင်ကသူ့လက်နဲ့မထိန်းဘဲ သူ့စိတ်နဲ့တိုက်ရိုက်ထိန်းခြင်းဖြစ်၍ အမှားမရှိနိုင်။

ချင်လင်က ပန်းကန်ပြားပစ်ဖို့လောမနေ။ ဘာပဲဖြစ်ဖြစ် ဒီပြိုင်ပွဲမှာရှုံးရင် နောက်ပန်းကန်ပြားဖမ်းပြိုင်ပွဲနဲ့ဘယ်တော့မှထပ်ကြုံမည်မသိပေ။

ပစ်အားတူပြီးထောင့်မတူလျှင် ခွေးဖမ်းနိုင်ပုံကွာသောကြောင့် အကွာအဝေးချင်းတူမည်မဟုတ်။

အရင်ဆုံးလိုင်းပေါ်တက်ပြီး ပန်းကန်ပြားကိုဝေးဝေးရောက်အောင်ပစ်နည်းရှာရမည်။ အင်တာနက်ပေါ်တွင်အတော်လေးသတင်းစုံသည်။

အကောင်းဆုံးထောင့်ကိုသိပြီးလျှင် ဂိမ်းကိုပြန်ကြည့်ပြီး အကောင်းဆုံးထောင့်နှင့်ပန်းကန်ပြားပစ်လိုက်သည်။ ထို့နောက် ခွေးကိုပန်းကန်ပြားပျံဆီမြန်မြန်ပြေးစေပြီး တိတိကျကျဖမ်းလိုက်သည်။

နောက်ပြီး သူပထမဆုံးအကြိမ်ပန်းကန်ပြားပစ်လိုက်သည်က တခြား NPC များထက်ဝေးဝေးရောက်သည်။

သည်လိုနှင့် သုံးကြိမ်ဆက်တိုက်ပစ်ပြီး အလွယ်တကူချန်ပီယံဖြစ်သွားသည်။

ဒါအသိဉာဏ်ရဲ့အင်အားပဲ။ ဒါကဂိမ်းသေးသေးလေး။ ကစားတဲ့သူက NPC ကိုဘယ်လိုလုပ်ရှုံးရမှာလဲ?

ဂိမ်းပြီးလျှင် ဖန်သားပြင်ကပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ မြို့တော်ဝန်သောမတ်ပေါ်လာပြန်၏။

''ပန်းကန်ပြားဖမ်းပြိုင်ပွဲမှာ ပထမရတဲ့အတွက်ဂုဏ်ယူပါတယ်... ဒါမင်းရဲ့ဆုပါ... အထဲမှာမထင်မှတ်စရာဆန်းကြယ်လက်ဆောင်ပါတဲ့ ဆန်းကြယ်လက်ဆောင်သေတ္တာပါ!''

သောမတ်ဘေးတွင် နောက်ထပ်ထူးထူးဆန်းဆန်းဝတ်ဆင်ထားသော NPC ပေါ်လာသည်။ အိမ်မွေးတိရစ္ဆာန်ဆရာ။

(မင်းရဲ့ခွေးကအံ့ဩစရာပဲ... ပြိုင်ပွဲမှာအနိုင်ရခဲ့တယ်... ဒါသူ့အတွက် ငါ့ရဲ့လက်ဆောင်... ဖွင့်ကြည့်လိုက်ရင် အံ့ဩစရာတွေ့ရမယ်!)

မြို့တော်ဝန်သောမတ်နှင့်အိမ်မွေးတိရစ္ဆာန်ဆရာက လက်ဆောင်များပေးပြီးထွက်သွားသည်။ ခဏအကြာ ပန်းခြံထဲတွင်စုဝေးနေသော NPC များလည်းလူစုကွဲသွားပြီး ဂိမ်းဇာတ်ကောင်နှင့်ခွေးသာကျန်ခဲ့သည်။





ချင်လင်ကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်ကိုခွေးချီစေပြီး စိုက်ခင်းထဲပြန်လာကာ ဆုနှစ်ခုကိုစစ်ဆေးကြည့်လိုက်သည်။

ဆုနှစ်ခုလုံးက လက်ဆောင်သေတ္တာများဖြစ်သည်။ မြို့တော်ဝန်ပေးသောလက်ဆောင်သေတ္တာကပိုကြီးပြီး အိမ်မွေးတိရစ္ဆာန်ဆရာပေးသောလက်ဆောင်သေတ္တာကသေးသည်။

သူမှန်းတာမမှားရင် မြို့တော်ဝန်ပေးတဲ့လက်ဆောင်က စွမ်းအားပင်အသီးဖြစ်မည်။ သူကချက်ချင်း ဂိမ်းဇာတ်ကောင်ကိုသေတ္တာနှစ်လုံးစလုံးဖွင့်စေလိုက်သည်။

(စွမ်းအားပင်အသီးရတဲ့အတွက်ဂုဏ်ယူပါတယ်!)

(သီချင်းသံကြားရင်ကတတ်တဲ့ခွေးစွမ်းရည်ရတဲ့အတွက်ဂုဏ်ယူပါတယ်!)

နောက်ခဏအကြာ သူ့သိုလှောင်ခန်းထဲတွင် ကန်စွန်းဥလိုအနီရောင်အသီးနှင့်စာလိပ်ပေါ်လာသည်။

စွမ်းအားပင်အသီးမြင်သောအခါ ချင်လင်၏မျက်လုံးများအရောင်တောက်သွားသည်။

သူမှန်းထားတဲ့အတိုင်း။

နောက်ထပ်စွမ်းအားပင်အသီးရပြီ။ ဒါကိုစားလိုက်ရင် သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက နောက်တစ်ဆင့်တက်သွားမည်။

အဲဒီအချိန်ကျရင် သူ့ကိုယ်ခံအားကလုံးဝပိုကောင်းလာပြီး နေ့တိုင်းကျောက်မိုချင်းကိုအသနားခံရအောင်လုပ်မည်။

သနားစရာမျက်နှာလေးဖြစ်သွားရင် အမျိုးသမီးရဲ့မျက်နှာကဆွဲဆောင်မှုအရှိဆုံး။

ဒါပေမဲ့ အိမ်မွေးတိရစ္ဆာန်ဆရာပေးတဲ့လက်ဆောင်သေတ္တာထဲကစွမ်းရည်ကိုသူနားမလည်။





'သီချင်းသံကြားရင် ကချင်တာလား?'

ခွေးကိုသီချင်းနားထောင်ပြီး ကခိုင်းရမှာလား?

သီချင်းနားထောင်ပြီးကသောခွေးဗီဒီယိုများကိုမြင်ယောင်မိသွားသည်။ ဗီဒီယိုတိုင်းမှာ like ထောင်ချီနှင့်၊ ပရိသတ်တွေဘယ်လောက်သဘောကျလဲသိနိုင်သည်။

အထူးသဖြင့် ရွှေအိုရောင်အမွေးနှင့်ခွေးဗီဒီယိုပင်။ အကရင်ပြင်ကျယ်တွင် လူများနှင့်အတူ သီချင်းနားထောင်ပြီးခြေထောက်ဘယ်ညာယမ်းကာ ကနေသည်။ ရေပန်းစားရှာဖွေမှုထဲပါပုံရသည်။

ဝမ်ချိုင်သာ ဒီစွမ်းရည်တတ်သွားရင် ဘယ်လိုအသုံးဝင်မလဲ?

နောက်ကျ အမေနဲ့ကမှာလား?

စွမ်းရည်စာလိပ်က ဒီလိုဟုတ်မဟုတ်၊ သူဂိမ်းထဲဝင်ပြီး ဗီဒီယိုကြည့်ရလိမ့်မည်။

ချင်လင်ကအတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။

ဝု.. ဝု.. ဝု!

ချက်ချင်း ခွေးသံနားထဲ​ကြားရသည်။ ဝမ်ချိုင်ကသူ့ကိုလှည့်ပတ်ပြီး စိုးရိမ်ပုံနှင့်ဟောင်နေသည်။ သူ့ကိုမျှော်လင့်တကြီးတောင်ကြည့်နေ၏။

ချင်လင်နားလည်ပြီ။

ကောင်လေးကလက်ဆောင်တောင်းနေတာ။

သူတစ်ခုခုအနိုင်ရထားမှန်း တကယ်သိတာလား?

ချင်လင်လည်း အိမ်မွေးတိရစ္ဆာန်စွမ်းရည်စာလိပ်ကိုထုတ်ပြီး အချပ်အလက်ကိုကြည့်လိုက်သည်:

(သီချင်းသံနားထောင်ပြီးကခြင်း: စွမ်းရည်!)

(ပန်းကန်ပြားဖမ်းပြိုင်ပွဲအတွင်း အိမ်မွေးတိရစ္ဆာန်ဆရာပေးသောလက်ဆောင်ဖြစ်သည်။ ခွေးကိုပေးလိုက်ရင် သီချင်း ၁၀ ပုဒ်ရနိုင်သည်:

ဂမ်းနမ်းစတိုင်၊ ပန်းသီးလေး၊ လွတ်လပ်မှု၏ဖီရှူးပျံ(ခွေးကရန်နောက်ခံသီချင်းဗီဒီယိုများ)စသော သီချင်းများအတွက်အကစွမ်းရည်။

ကန့်သတ်ချက်များ: ထိုသီချင်း ၁၀ ပုဒ်၏အသံကိုအတိုင်းအတာတစ်ခုအထိကြားရလျှင် ကောင်လေး၏အကစွမ်းရည်မှတ်ဉာဏ်ထွက်လာပြီး စစ်ဆေးရေးဝင်နိုင်စွမ်းရှိသည်။)

ဟုတ်ပြီ။ မှတ်ချက်က သူ့ခန့်မှန်းချက်မှန်ကြောင်းအတည်ပြုပေးလိုက်ပြီ။

သူကခွေးကို မော့ရင်း၏'ဒစ်စကိုခွေးဘုရင်'ဖြစ်စေချင်သည်။ ပိုင်ရှင်ကသေချာလေ့ကျင့်ပေးထားသော မော့ရင်း၏အကဗီဒီယိုတစ်ပုဒ်နှစ်ပုဒ်အပြင် တခြားဗီဒီယိုအများစုကထပ်နေသည်။ ဒုတိယအကြိမ်မကနိုင်လောက်တော့။





All Chapters