← Chapters

ဆုနှစ်ခု! အကဘုရင်လို့ခေါ်! ဝမ်! ၃

Vol. 32 Ch. 470

ဆုနှစ်ခု! အကဘုရင်လို့ခေါ်! ဝမ်! ၃

Vol. 32 Ch. 470

သို့ရာတွင် ခွေးကဒီစွမ်းရည်ရပြီးထူးခြားသွားမည်။ သီချင်းသံကြားနေသရွေ့ စိတ်ရှိလက်ရှိကနိုင်သည်။ ခွေးကမ္ဘာမှာ အကဘုရင်ဖြစ်လာဖို့ပြဿနာမရှိတော့။

သို့သော် ဒီစွမ်းရည်ကအကန့်အသတ်ရှိသည်။ အသံကအတိုင်းအတာတစ်ခုအထိရောက်ရမည်။

ဝု.. ဝု.. ဝု!

ခွေးဟောင်သံထွက်လာသည်။

ဒီတစ်ခါ သူ့လက်ထဲကစွမ်းရည်စာလိပ်ကိုဘာလဲသိနေသလိုလိုစိုက်ကြည့်နေသည်။

(စွမ်းရည်စာလိပ်ကို သင့်အိမ်မွေးခွေးဝမ်ချိုင်အပေါ်မှာ အသုံးပြုလိုပါသလား?)

ချင်လင်ကကောင်လေးကိုကြည့်လိုက်ရာ အသိပေးစာပေါ်လာသည်။

ဒီတစ်ခါ ခွေးရဲ့ပန်းကန်းပြားဖမ်းစွမ်းရည်နဲ့မတူ။ အရင်က အိမ်မွေးကုန်သည်ဆီမှကာတွန်းပုံနှင့်သင်ယူခဲ့ရသည်။

ချင်လင်က 'အသုံးပြုမည်'ကိုတန်းရွေးလိုက်သည်။

နောက်ခဏတွင် စာလိပ်ကအလင်းရောင်ထွက်လာပြီး ခွေးကိုယ်ထဲဝင်သွားသည်။ ဟင်းချက်လက်ရာအသုံးချတုန်းကလို ခွေးကအချက်အလက်ရသွားသည်။

ကောင်လေးလည်း ရုတ်တရက်ရူးသွား၏။ ကျိန်စာသင့်သလိုတုန်ခါသွားပြီး ပြင်သစ်စတိတ်စင်တင်ဆက်မှုနှင့်ဟွာမျိုးရိုးအဆိုတော်ကိုပင်သတိရမိသည်။





ထိုဖြစ်စဉ်ကခဏမျှကြာပြီး ရပ်သွား၏။ ထို့နောက် ခွေးကသူ့ရှေ့တွင်ခုန်ပေါက်ပြီး ထပ်ဟောင်ကာတစ်ခုခုပြောနေသည်။

ချင်လင်ချက်ချင်းသဘောပေါက်သွားသည်။

အရင်တစ်ခါကလို သူ့စွမ်းရည်အသစ်ကိုအမြန်ဆုံးပြချင်နေပြီပေါ့။

သူကချက်ချင်း ကောင်လေးကိုဂိမ်းထဲမှထုတ်လိုက်သည်။

ရုံးခန်းထဲပြန်ရောက်သောအခါ ကောင်လေးကထပ်ဟောင်ပြန်သည်။

သီချင်းဖွင့်ရအောင်။

သူကကွန်ပျူတာရှေ့ထိုင်ပြီး QQ ဂီတဖွင့်လိုက်သည်။ သူကဂမ်းနမ်းစတိုင်သီချင်းရှာကာဖွင့်လိုက်၏။

''အိုပါ ဂမ်းနမ်းစတိုင်!''

အကြမ်းစားသီချင်းသံထွက်လာသည်။

သို့သော် ခွေးကအချိန်ကိုက်မကဘဲ မအီမသာဖြစ်နေသလိုသူ့ကိုဟောင်နေသည်။

ခွေးက တကယ့်အချိန်မှအမျိုးသားနဲ့အမျိုးသမီးသီချင်းဖွင့်ထားသလို ဘာလုပ်ရမှန်းမသိ။

ခွေးကစိတ်မရှည်တော့။

ချင်လင်မျက်မှောင်ကြုတ်လိုက်သည်။

မရသေးဘူးလား?

စွမ်းရည်မှတ်ချက်မှာ ကန့်သတ်ချက်က အတိုင်းအတာတစ်ခုအထိရောက်ရမည်ဟုပါသည်။





သူကချက်ချင်း အသံကိုအမြင့်ဆုံးတင်လိုက်၏။

ဝု.. ဝု.. ဝု!

ခွေးကမစောင့်နိုင်ပုံနှင့်အဆက်မပြတ်ဟောင်သည်။ ကွန်ပျူတာရဲ့အနိမ့်သံနဲ့မရမှန်းသိသာသည်။

ကြည့်ရတာ ရင်ပြင်ကပွဲလိုအသံကျယ်ရမည်ထင်သည်။

မာတီမီဒီယာဌာနမှာ ဒီလိုအသံနစ်မျိုးရှိသည်။

ချင်လင်ကချက်ချင်းရုံးခန်းတံခါးဖွင့်ပြီး ကောင်လေးကိုမာတီမီဒီယာဌာနထဲခေါ်သွားရန်ပြင်လိုက်သည်။

ကောင်လေးကပိုပြီးလောနေမယ်လို့ဘယ်ထင်မလဲ? သူကတံခါးဖွင့်ပြီး မာတီမီဒီယာဌာနတန်းပြေးသွားသည်။

ဒီကောင်လေးရဲ့စွမ်းရည်အသစ်စမ်းသပ်ချင်စိတ်က သူစနစ်ကိုရခါစ လေ့လာချင်စိတ်ပြင်းပြသလိုပင်။

ချင်လင်က ရုံးခန်းအပြင်လျှောက်ပြီး မာတီမီဒီယာဌာနသွားမည်အပြုတွင် မြေခွေးဖြူအော်သံကြားလိုက်ရသည်။

သူကငုံ့ကြည့်လိုက်ရာ ရှောင်ရွှယ်၏လှပသောမျက်လုံးများက သူ့ကိုမျှော်လင့်တကြီးကြည့်နေသည်။ သူ့ကိုဖက်ခိုင်းနေခြင်းပင်။

သူလည်းကုန်းပြီးမြေခွေးဖြူကိုချီကာ မာတီမီဒီယာဌာနလျှောက်သွားလိုက်သည်။

မြေခွေးဖြူ၏လက်များက သူ့လက်မောင်းပေါ်တင်ပြီး သူ့လက်ထဲတွင်ငြိမ်နေသည်။

ချင်လင်ကမာတီမီဒီယာဌာနအပြင်ရောက်ရောက်ချင်း အထဲမှကောင်လေး၏အလောတကြီးအူသံကိုကြားရသည်။

မာတီမီဒီယာဌာနမှာ ရှုပ်ပွနေ၏။ စီစဉ်သူမိန်းကလေးနှင့်စာစီသူမိန်းကလေးက ခွေးနားတွင်မုန့်များကိုင်ကာ ခွေးစားချင်မည်အထင်နှင့် လှမ်းကျွေးနေကြသည်။





မာတီမီဒီယာဌာနရဲ့အင်တာနက်ဆယ်လီနှစ်ကောင်ထဲမှတစ်ကောင်ဖြစ်သောခွေးကို ကောင်းကောင်းဆက်ဆံကြသည်။ မာတီမီဒီယာဌာနထဲခွေးဝင်လာလျှင် အမွေးဖြီးသူဖြီး၊မုန့်ကျွေးသူကကျွေးနှင့်။

လင်းလန်ဇီကချင်လင်ကိုမြင်လျှင် ခပ်သွက်သွက်ရောက်လာပြီးမေးသည်_

''သူဌေး... ဝမ်ချိုင်ဘာဖြစ်နေမှန်းမသိဘူး... ရုတ်တရက်ပြေးဝင်လာပြီး စိတ်အလိုမကျသလိုဟောင်နေတာ... မုန့်ကျွေးတာ မစားဘူး.. အရင်ကဝင်လာတာနဲ့ စားချင်လို့ဟောင်နေကျ''

ကောင်လေးက မာတီမီဒီယာဌာနကလူတွေကို ငတုံး၊ သူပြောတာနားမလည်ဘူးဟုတွေးနေပုံရသည်။ ချင်လင်ဝင်လာသည်ကိုမြင်လျှင် မြန်မြန်လုပ်ဖို့တိုက်တွန်းသလိုအူလိုက်သည်။

''အစ်မလင်း... နည်းနည်းချိတ်ဆက်ပြီးတော့ ဝမ်ချိုင်ကိုဂမ်းနမ်းစတိုင်ဖွင့်ပေးလိုက်ပါ!''

ချင်လင်လည်း လင်းလန်ဇီကိုမှာလိုက်သည်။

''???'' လင်းလန်ဇီမှာ ချင်လင်၏တောင်းဆိုသံကြားပြီး ခဏကြောင်သွားသည်။

မာတီမီဒီယာဌာနဝန်ထမ်းအားလုံးလည်း သူတို့သူဌေးကိုကြောင်တောင်တောင်နှင့်ကြည့်လိုက်ကြသည်။

ဝမ်ချိုင်ကဉာဏ်ကောင်းပြီး ဗီဒီယိုထဲမှာသူတို့ပူးပေါင်းလုပ်ပေးဖို့တောင်းဆိုသမျှ တခြားနာမည်ကျော်ခွေးတွေရဲ့လှုပ်ရှားမှုကိုသင်ယူနိုင်တယ်ဆိုပေမဲ့ ဂမ်းနမ်းစတိုင်ဖွင့်ရင် နားလည်ပါ့မလား?

သို့သော် သူဌေးကပြောမှတော့ လင်းလန်ဇီမှာပြောတဲ့အတိုင်းလုပ်ရုံသာ။ သူမကနည်းနည်းပါးပါးချိတ်ဆက်ပြီး ဒိတ်အောက်နေပြီဖြစ်သောရင်ပြင်အကသီချင်း'ဂမ်းနမ်းစတိုင်'ကိုရှာခိုင်းလိုက်သည်။

ခဏအကြာ အကြမ်းစားသီချင်းကိုစဖွင့်လိုက်၏။

''အိုပါ ဂမ်းနမ်းစတိုင်!''

သီချင်းဖွင့်သည်နှင့် ကောင်လေးနားကလိမ်တွန့်သွားသည်။ ခြားနားချိန်ကျပြီး သူ့အာရုံကြောများထိသွားပုံရသည်။

ထို့နောက် သူကဆတ်ကနဲရပ်ပြီး ရှေ့လက်များကိုယှက်လိုက်ရာ အားလုံးအံ့ဩသွားသည်။ ပြီးလျှင် ဂမ်းနမ်းစတိုင်မြင်းစီးအကအတိုင်း သီချင်းအလိုက်ခုန်ပေါက်နေ၏။

ထိုမြင်ကွင်းကြောင့် လင်းလန်ဇီနှင့်မာတီမီဒီယာဌာနဝန်ထမ်းအားလုံးကြောင်သွားသည်။

ဒီခွေးကနားလည်ရုံတင်မကဘူး၊ သီချင်းနဲ့တောင်လိုက်ကနေတာလား?

အထူးသဖြင့် ခွေးရဲ့စည်းချက်ကအရူးအမူးအကသမားတွေလို ထူးထူးခြားခြားတိကျနေမှန်း လင်းလန်ဇီတို့သဘောပေါက်သွားသည်။

အားလုံးပါးစပ်အဟောင်းသားနှင့်။

ကောင်လေးကစွမ်းရည်ရထားမှန်းကြိုသိသောချင်လင်တောင် မယုံနိုင်အောင်ဖြစ်နေသေးသည်။ တချို့ဂီတချန်နယ်မှ ကနေသောကောင်လေးထက်တောင် ပိုပြီးအံ့ဩစရာကောင်းနေသည်။

''သူဌေး... ကောင်လေးကိုစွမ်းရည်အသစ်သင်ပေးထားတာလား?''

လင်းလန်ဇီက အံ့ဩနေသောမျက်နှာနှင့်မေးလိုက်သည်။

မာတီမီဒီယာဌာနဝန်ထမ်းများကလည်း ချင်လင်ကိုလေးစားပုံနှင့်ကြည့်လိုက်သည်။

သူဌေးကတိရစ္ဆာန်လေ့ကျင့်ပေးတဲ့နေရာမှာ ဆရာတစ်ဆူမှန်း စံအိမ်ဝန်ထမ်းအားလုံးအသိ။ ခွေးနှင့်ရှဉ့်များကိုအလွန်သိတတ်အောင် သူသင်ပေးထားခြင်းဖြစ်သည်။





All Chapters