← Chapters

စွမ်းအားပင်အသီးနှစ်လုံးရဲ့အာနိသင်!

Vol. 32 Ch. 471

စွမ်းအားပင်အသီးနှစ်လုံးရဲ့အာနိသင်!

Vol. 32 Ch. 471

မီဒီယာဌာနတခြားဝန်ထမ်းများမှာ ခွေးအသည်းအသန်ခုန်ပေါက်နေပုံကိုကြည့်ရင်း မချီးကျူးဘဲမနေနိုင်။

''ပိုင်ရှင်ကအံ့ဩစရာပဲ... သူ့အိမ်မွေးတိရစ္ဆာန်တွေတောင် အရမ်းတော်တယ်''

''အင်း... အခုဝမ်ချိုင်ကိုအကတောင်သင်ပေးထားတယ်''

''မိုရင်းကခွေးကိုတောင် လူဝင်စားတယ်ထင်နေတာ... ဝမ်ချိုင်ကမှတကယ်လူဝင်စားတာ''

“......”

''လွတ်လပ်စွာပျံသန်းခြင်း သီချင်းပြောင်းလိုက်''

ချင်လင်ကညွှန်ကြားလိုက်သည်။

ကွန်ပျူတာရှေ့မှအယ်ဒီတာက ချက်ချင်းသီချင်းပြောင်းလိုက်သည်။

သီချင်းခဏရပ်သွားချိန်တွင် ဝမ်ချိုင်၏လှုပ်ရှားမှုလည်း ရပ်သွားသည်။ သူကကရတာမဝသေးပုံနှင့် မကျေမနပ်နှစ်ခါအူလိုက်သည်။





နောက်ခဏတွင် လွတ်လပ်စွာပျံသန်းခြင်းသီချင်းဖွင့်လိုက်သောအခါ ခွေးနားထဲချက်ချင်းတိုးသွားသည်။ ထို့နောက် ခွေးကဘယ်ညာလိမ်ပြီး အလွန်စည်းချက်ကျကျကတော့သည်။ ပြီးလျှင် ရှေ့လက်များကိုဘယ်ညာယှက်ပြီး ခုန်ပေါက်နေ၏။

''အကပြောင်းသွားပြန်ပြီ.. ပြီးတော့ ကွက်တိကိုကနေတာ''

လင်းလန်ဇီမှာအံ့ဩပြီး မမေးဘဲမနေနိုင်တော့_

''သူဌေး... ဝမ်ချိုင်ကိုဘယ်လိုများသင်ပေးထားတာလဲ?''

''​ကိုယ်ပိုင်စွမ်းရည်လေ... လျှို့ဝှက်ချက်!''

ဘယ်လိုလေ့ကျင့်ပေးရမှန်း ချင်လင်မသိ။ အားလုံးစနစ်ရဲ့ကျေးဇူးကြောင့်ဖြစ်သော်လည်း ဒီကိစ္စမျိုးကပြောလို့မရ။

လင်းလန်ဇီကအတင်းမမေး။ သူမငတုံးမဟုတ်။

ချင်လင်က နောက်ထပ်သီချင်းစမ်းမကြည့်တော့။ ကောင်လေးကို တစ်ခါတည်း ၁၀ ပုဒ်ကခိုင်းရင် ကြောက်စရာကောင်းလွန်းနေမည်။

အခုနှစ်ပုဒ်ကခိုင်းတာ တော်လောက်ပြီ။

ကျန်တဲ့ ၈ ပုဒ်ကို တဖြည်းဖြည်းချင်းထုတ်ပြသွားရမည်။ အကျိုးသက်ရောက်မှုသိပ်မရှိဘဲ တခြားလူတွေရိုးသွားလိမ့်မည်။

တိုက်တိုက်ဆိုင်ဆိုင်သီချင်း ၁၀ ပုဒ်ကိုဖွင့်ခဲ့ရင်တော့ ပြဿနာမဟုတ်တော့။ ရှင်းပြမနေဘဲ သူတို့ဘာသာတွေးယူကြလိမ့်မည်။

''အလင်းနဲ့ကင်မရာအသင့်ပြင်... အခုချက်ချင်း ဗီဒီယိုမှတ်တမ်းတင်ထားမယ်... ဒီသီချင်းနှစ်ပုဒ်နဲ့ ဝမ်ချိုင်ပရိသတ်တွေအများကြီးရမှာ''

လင်းလန်ဇီက မာတီမီဒီယာဌာနဝန်ထမ်းများကိုချက်ချင်းညွှန်ကြားလိုက်သည်။

တခြားဝန်ထမ်းများလည်း ညွှန်ကြားချက်ကြားကြားချင်း လှုပ်ရှားကြသည်။

အင်တာနက်ဆယ်လီတိရစ္ဆာန်နှစ်ကောင် မွေးနီနဲ့ဝမ်ချိုင်အတွက်စဖန်တီးကတည်းက မာတီမီဒီယာဌာနက ဒီလိုအရာတွေနဲ့အသားကျနေပြီ။





ထို့ကြောင့် ချင်လင်ကရှောင်ရွှယ်ကိုပိုက်၍ မာတီမီဒီယာဌာနထဲမှထွက်ပြီး သူ့ရုံးခန်းထဲပြန်လာခဲ့သည်။

ရှောင်ရွှယ်ကိုချပြီးနောက် ရုံးခန်းတံခါးလော့ချကာ ပူပူနွေးနွေးရထားသောစွမ်းအားပင်အသီးယူရန် ဂိမ်းထဲဝင်လိုက်သည်။

ပထမစွမ်းအားပင်အသီးစားပြီးနောက် သူ့ခန္ဓာကိုယ်မှာအဖက်ဖက်က အတော်အတန်တိုးတက်လာခဲ့သည်။ သူ့အရှိန်ကိုတိတိကျကျတိုင်းတာမထားသော်လည်း ခန္ဓာကိုယ်ကပိုပြီးဖျတ်လတ်ပေါ့ပါးကာ ပစ္စည်းများသယ်လျှင်လည်း သူ့အင်အားကိုခံစားမိသည်။

နောက်ပြီး အမျိုးသားနှင့်အမျိုးသမီးဂီတခန်းဖွင့်သောအခါ တချို့ပုံစံများမှာအချင်းချင်းပွေ့ဖက်ဖို့လို၍ သူတို့အင်အားကိုစမ်းသပ်ခြင်းလည်းဖြစ်သည်။ စွမ်းအားပင်အသီးစားပြီးနောက် ၉၉% သောအမျိုးသားများမလုပ်နိုင်သောဂီတအတွေ့အကြုံကိုသူအပြီးသတ်နိုင်လုနီးနီးပင်။

ခံနိုင်ရည်နှင့်ကိုယ်ခံစွမ်းအားမှာ ကောလိပ်တုန်းကအလွန်ဆုံးဒိုက်အကြိမ် ၄၀ သာကောင်းကောင်းထိုးနိုင်သည်။ စွမ်းအားပင်အသီးစားပြီးနောက် မရပ်မနားအကြိမ် ၁၅၀ ဒိုက်ထိုးနိုင်သည်။ နှစ်ရှည်လများလေ့ကျင့်ထားသောအားကစားသမားနှင့်ပင်ယှဉ်နိုင်သည်။

စွမ်းအားပင်အသီးရဖို့မျှော်လင့်စောင့်စားနေခဲ့ရသဖြင့် လက်နှေးမနေဘဲစားပစ်လိုက်၏။

ထူးဆန်းသောအနွေးစီးကြောင်းတစ်ခုသူ့ခန္ဓာကိုယ်ထဲပေါ်လာပြီး တစ်ကိုယ်လုံးလျင်လျင်မြန်မြန်စီးဆင်းကာပုံပြောင်းလိုက်သဖြင့် သက်သောင့်သက်သာဖြစ်သွားသည်။

သို့သော် အရင်တစ်ခါကအတိုင်း ခံစားချက်ကသိပ်မကြာ။ ထို့နောက် ပထမအကြိမ်အတိုင်းထူးထူးခြားခြားခံစားမှုမရှိတော့။

ထို့နောက် ဂိမ်းထဲမှထွက်ပြီး ဖုန်းထုတ်ကာအချိန်မှတ်ထားလိုက်သည်။

ပထမအကြိမ်စွမ်းအားပင်အသီးစားပြီး ဂရုတစိုက်စမ်းသပ်မှုဘာမှမလုပ်ခဲ့ရပေ။ တဆက်တည်း အကြိမ် ၁၅၀ သာဒိုက်ထိုးပြီး သူ့ခံနိုင်ရည်၊ကိုယ်ခံအားက သာမန်လူတစ်ယောက်အဖြစ်မှ အားကစားသမားတစ်ယောက်အဆင့်ရောက်သွားပြီမှန်းသိလိုက်သည်။

ဒီတစ်ခါ ပိုပြီးအသေးစိတ်ကျကျစမ်းသပ်ကြည့်မည်။





အချိန်စမှတ်ပြီ။

သူကချက်ချင်းမှောက်ပြီး အားကုန်သုံး၍သေချာဒိုက်ထိုးလိုက်သည်။ အလွန်မြန်မြန်ဆန်ဆန်နှင့် သူ့ခန္ဓာကိုယ်ကနိမ့်ချည်မြင့်ချည်ရှိနေသည်။ တစ်ချက်ပြီးတစ်ချက် သူ့စိတ်ထဲမှရေတွက်ထား၏။

နိုင်ငံ့စစ်သည်တော်များမှာ နှစ်မိနစ်အတွင်း ၄၅ ကြိမ်ကောင်းကောင်းဒိုက်ထိုးနိုင်မှအောင်သည်။

အကြိမ် ၆၀ ကျော်လျှင် အကောင်းဆုံးရလဒ်ဖြစ်သည်။

အထူးစစ်သည်တပ်ဖွဲ့စံချိန်မှာ စက္ကန့် ၆၀ အတွင်းအကြိမ်တစ်ရာဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် အထူးစစ်သည်တပ်ဖွဲ့၏ခန္ဓာကိုယ်ကြံ့ခိုင်မှုဘယ်လောက်ကောင်းလဲတွေးကြည့်နိုင်သည်။

ချင်လင်က မြန်မြန်ဆန်ဆန်ဒိုက်ထိုး၏။ တစ်မိနစ်ပြည့်သောအခါ စိတ်မလှုပ်ရှားဘဲမနေနိုင်တော့။

တစ်မိနစ်အတွင်း သူအကြိမ် ၁၅၀ ပြီးသည်။

စံသတ်မှတ်မထားသောအရာများရှိသည်ဆိုသော်လည်း သူ့ခံနိုင်ရည်၊ကိုယ်ခံအားက အထူးစစ်သည်တပ်ဖွဲ့အဆင့်အလွယ်တကူရောက်နိုင်ကြောင်းသက်သေပြနေသည်။

သူကနိမ့်ချည်မြင့်ချည်လျင်လျင်မြန်မြန်ဆက်ထိုး၍ တစ်ကြိမ်ပြီးတစ်ကြိမ်တဟုန်ထိုးအားကုန်သုံးပြီး သူ့ကန့်သတ်ချက်ဘယ်လောက်လဲစမ်းကြည့်လိုက်သည်။

ကျောက်မိုချင်းအောက်မှာရှိသည်ဟုစိတ်ကူးလိုက်ရာ အမြန်ဆုံးအရှိန်သုံးနိုင်လာသည်။

အချိန်ကုန်လွန်သွားသည်။

စိတ်ထဲမှအရေအတွက်တိုးလာသည်နှင့်အမျှ ချင်လင်၏နဖူးမှာ ချွေးဒီးဒီးကျပြီး အဝတ်အစားများရွှဲစိုလာသည်။

မြေခွေးဖြူရှောင်ရွှယ်မှာသူ့ဘေးဆောင့်ကြောင့်ထိုင်ပြီး မျက်လုံးကသူ့လှုပ်ရှားမှုကိုစပ်စုနေခြင်းဖြစ်သော်လည်း သူ့ကိုကြီးကြပ်နေသောညွှန်ကြားသူနှင့်တူနေ၏။

သို့ရာတွင် တစ်ယောက်ယောက်သာ ချင်လင်အသည်းအသန်ဒိုက်ထိုးနေပုံကိုမြင်လျှင် လုံးဝအံ့ဩသွားလိမ့်မည်။

ဒါကနိုင်ငံတကာစစ်ရေးပြိုင်ပွဲဝင်နိုင်တဲ့ ထိပ်တန်းအထူးစစ်သည်တပ်ဖွဲ့ပုံစံမျိုး။ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ငါးမိနစ်အတွင်းအကြိမ် ၃၀၀ ဒိုက်ထိုးနိုင်ခြင်းကလိုအပ်ချက်တစ်ခုပင်။ လူ့ခန္ဓာကိုယ်ခံနိုင်ရည်၏အလွန်ဆုံးကန့်သတ်ချက်ရောက်လုနီးနီးပင်။

ဥပမာဆိုရသော် Tik Tok ပေါ်တွင် သုံးမိနစ်အတွင်း အကြိမ် ၄၀၀ - ၅၀၀ လေ့ကျင့်ပေးဖို့အာရုံစိုက်နေကြသော တချို့ဘလော့ဂါများမှာ လူမဟုတ်။

ဤသည်က တစ်မိနစ်အတွင်း ပျမ်းမျှ ၁၆၆ ကြိမ်ရှိသည်။ လူမဟုတ်တာမဟုတ်ရင် လူသားကိုဦးနှောက်ပျက်အောင်လုပ်နေတာဖြစ်ရမည်။





All Chapters