← Chapters

စွမ်းအားပင်အသီးနှစ်လုံးရဲ့အာနိသင်! ၂

Vol. 32 Ch. 472

စွမ်းအားပင်အသီးနှစ်လုံးရဲ့အာနိသင်! ၂

Vol. 32 Ch. 472

အထူးသဖြင့် တချို့ကယုံကြမည်၊ တချို့ကမေးခွန်းထုတ်ကြမည်၊ ယုံကြည်ကြသူတွေက မေးခွန်းထုတ်သူတွေကို ပိုမြင့်သောရှုထောင့်မှဝေဖန်ကြလိမ့်မည်:

တစ်ယောက်ယောက်ကထူးချွန်ပြီဆိုရင်ဝန်ခံဖို့ခက်တာလား?

ပွင့်ပွင့်လင်းလင်းပြောရရင် သူများတော်ကြောင်းဝန်ခံဖို့ခက်သော်လည်း IQ မြေကြီးထဲထိုးဝင်နေပါကတုံးအဟန်ဆောင်ဖို့ခက်သည်။

တကယ်သာဒီလောက်အံ့ဩဖို့ကောင်းရင် တိုက်ခိုက်စရာမလို၊ နိုင်ငံတကာစစ်တပ်ကိုယ်ခံအားလေ့ကျင့်ရေးမှာပါဖို့ ခန္ဓာကိုယ်အထူးပြုလေ့ကျင့်စရာမလိုတဲ့ အထူးတပ်သားသစ်တွေကို စစ်တပ်ကလွှတ်မယ်ဆိုတာယုံရမလား? အင်တာနက်ပေါ်မှာအရူးလုပ်စရာလိုလို့လား?

ဒီအကြောင်းသိရင် ချင်လင်လိုလူတွေကိုသေချာပေါက်လာဆက်သွယ်ကြလိမ့်မည်။

သူက ၅ မိနစ်အတွင်း အကြိမ် ၃၀၀ ကောင်းကောင်းဒိုက်ထိုးခဲ့ပြီး အားအများကြီးကျန်နေသေးသည်။

သို့သော် ဆက်မလုပ်တော့။ ဆက်လုပ်နိုင်သေးသော်လည်း ဆက်လုပ်စရာမလိုတော့။

စွမ်းအားပင်အသီးနှစ်လုံးစားပြီး သူ့ခန္ဓာကိုယ်ခံနိုင်ရည်က အလွန်ကြောက်စရာကောင်းသောအဆင့်ရောက်နေပြီမှန်းသိလိုက်ရပြီ။

စွမ်းအားပင်အသီးနှစ်လုံးစားရုံနှင့် ဒီအဆင့်ရောက်နေပြီ။ တချို့အင်တာနက်ကျွမ်းကျင်သူများအကြောင်းတွေးမိပြီး သူနည်းနည်းစိတ်လှုပ်ရှားမိသည်။ မိုရင်းကလူချမ်းသာမဟုတ်၊ သို့သော် ထိုအားကစားဘလော့ဂါများလည်း သာမန်အမေရိကန်များဖြစ်သည်။

ချင်လင်ထလိုက်သောအခါ ချွေးများရွှဲနေပြီ။ ထို့နောက် ဂိမ်းထဲပြန်ဝင်၍ စိုက်ပျိုးမွေးမြူရေးခြံအိမ်သွားကာ ရေချိုးပြီးအဝတ်အစားလဲလိုက်၏။

အဆင်ပြေစေရန်အတွက် စိုက်ပျိုးမွေးမြူရေးခြံအိမ်ထဲတွင် နေ့စဉ်အသုံးအဆောင်ပစ္စည်းတချို့လည်းထည့်ထားသည်။

စွမ်းအားပင်အသီးနှစ်လုံးစားပြီး သူ့သက်လုံအားကိုစမ်းသပ်ပြီးသွားသည်။ ဂိမ်းထဲမှပြန်ထွက်ပြီးနောက် သူအင်အားကိုထပ်စမ်းသပ်ချင်သေးသည်။

သို့သော် ရုံးခန်းမှထွက်ထွက်ချင်း ကျောက်မိုချင်း၊ သူ့အမေ၊ သူ့ယောက္ခမနှင့် လီကျားဝမ်တို့စံအိမ်ရောက်လာပြီး ရုံးခန်းထဲဝင်လာသည်ကို ချင်လင်တွေ့လိုက်ရသည်။





''ယောက်ျား... ပြီးရင် ကျွန်မတို့စံအိမ်ထဲလျှောက်သွားမလို့''

ကျောက်မိုချင်းက ချင်လင်ကိုမြင်လျှင် ရှေ့တိုးပြီးသူ့လက်မောင်းကိုတွဲလိုက်သည်။

''အင်း'' ချင်လင်ခေါင်းညိမ့်လိုက်သည်။ သူ့ယောက္ခမကိုဧည့်ခံဖို့ သူ့အမေ၊သူ့ယောက္ခမနှင့်စံအိမ်ထဲလျှောက်သွားရတော့မည်။

ညနေပိုင်းတွင် သူကိုယ်တိုင် ဘဲဥထမင်းကြော်နှင့်ငါးစားသောက်ပွဲကိုခမ်းခမ်းနားနားချက်ကျွေးသည်။

ဒီညညစာစားပွဲမှာ အတော်လေးအသက်ဝင်နေသည်။ ကျောက်မိုယွင်လည်းအလုပ်ပြီးလျှင် ကျောက်ရှန်ဟုန်ကိုခေါ်လာသည်။ သားအဖနှစ်ယောက်က ချင်လင်လက်ရာဘယ်လောက်ကောင်းမှန်းသိသည်။ နောက်ပြီး ချန်ရှောက်နှင့်လီကျားဝမ်အိမ်မှာမရှိ၍ သူတို့သားအဖနှစ်ယောက်ကိုချက်ကျွေးမည့်သူမရှိ။

ဝင်ပြီးဂုန်းဆင်းသောလီခိုင်နှင့်လီရှင်းပါဆိုလျှင် ထမင်းဝိုင်းမှာလူအတော်များနေသည်။

ထမင်းစားပြီး ကျောက်မိုယွင်က သူ့မိန်းမ၊ချန်ရှောက်၊ကျောက်ရှန်ဟုန်တို့နှင့်အတူ စံအိမ်မှပြန်ထွက်လာခဲ့သည်။

ညပိုင်း_

ချင်လင်လည်း ကျောက်မိုချင်းကို ရုံချန်းအရှေ့ပိုင်းစျေးကွက်ပလာဇာသို့ခေါ်လာသည်။

ဒီနေ့အနက်ရောင်ချစ်သူများနေ့ဆိုသော်လည်း ပွဲကျင်းပရန်ထွက်လာသူများက သိသိသာသာစုံတွဲများဖြစ်နေသည်။ ဒီနေ့မှာ ဘယ်တစ်ကိုယ်တော်လေလွင့်သူမှ သူတို့ဘဝကိုအောင်ပွဲခံဖို့မထွက်လာလောက်ဘူးမလား?

ချင်လင်နှင့်ကျောက်မိုချင်းမှာ အတူတူစျေးဝယ်မထွက်တာကြာပြီဖြစ်၍ ဒီလိုကြည်နူးစရာမျိုးတစ်ခါတလေလုပ်ပေးဖို့လိုနေသည်။

အရှေ့ပိုင်းစျေးကွက်ပလာဇာ၏ကားပါကင်ရောက်သောအခါ ကျောက်မိုချင်းကကားထဲမှထွက်ပြီး ချင်လင်လက်ကိုချစ်ချစ်ခင်ခင်တွဲလိုက်သည်။

စံအိမ်နှင့်ချင်းလင်ကုမ္ပဏီရှိလာကတည်းက လုပ်စရာအများကြီးရှိနေသည်။ ရှားရှားပါးပါးချင်လင်နှင့်စျေးဝယ်ထွက်ရတာ သူမလည်းပျော်သည်။

တက္ကသိုလ်မှာတုန်းက ချင်လင်နှင့်စျေးဝယ်ထွက်ရတာလည်းသဘောကျသည်။ ဘာမှဝယ်ဝယ်မဝယ်ဝယ် ချစ်သူနဲ့လက်ချင်းတွဲပြီးလျှောက်သွားရတာကြိုက်သည်။

''ဒါမင်းအတွက်'' ချင်လင်လည်း ကျောက်မိုချင်းကိုသူပြင်ဆင်ထားသော အနီရောင်လည်ဆွဲလက်ဆောင်ဘူးပေးလိုက်သည်။

''ဘာလဲ?'' ကျောက်မိုချင်းက ချင်လင်လက်ကိုလွှတ်ပြီးလက်ဆောင်ဘူးယူလိုက်သည်။





''လက်ဆောင်'' ချင်လင်က ကျောက်မိုချင်းကိုလက်ဆောင်ဘူးပေးပြီး သူမခါးကိုလှမ်းဖက်လိုက်၏။

စုံတွဲအပြင်ထွက်လာရင် အချင်းချင်းဖလှယ်ဖို့ကအရေးအကြီးဆုံး။ ကျောက်မိုချင်းကပဲသူ့လက်မောင်းကိုတွဲတွဲ၊ သူကပဲကျောက်မိုချင်းခါးကိုဖက်ဖက်ပေါ့။

ကျောက်မိုချင်းကဝမ်းသာအားရလက်ဆောင်ဘူးဖွင့်လိုက်ရာ သူမနဲ့ချင်လင်နာမည်၊ရက်စွဲတစ်ခုထွင်းထားသော လှလှပပအနီရောင်လည်ဆွဲကိုတွေ့ရသည်။ သူမမျက်နှာမှာပြုံးရွှင်သွားပြီး ချင်လင်မျက်နှာကိုနမ်းလိုက်ကာ_

''ယောက်ျား... ရှင်ကအကောင်းဆုံးပဲ''

''ကိုယ့်ယောက်ျားကောင်းမှန်းသိရင် ညကျအလိုက်သင့်နေပေးဖို့လက်ဦးမှုယူသင့်တာပေါ့''

ချင်လင်ကစလိုက်သည်။

''ကျွန်မကစိတ်လှုပ်ရှားရုံရှိသေး... ရှင်ကဒါမျိုးတွေပြောပြီးဖျက်ဆီးပစ်တာပဲ''

ကျောက်မိုချင်းက သူဆိုလိုသည်ကိုသဘောပေါက်၍ လှမ်းဆိတ်ပစ်လိုက်သည်။ ထို့နောက် ပြုံးပြုံးရွှင်ရွှင်နှင့်လည်ဆွဲထုတ်ပြီး ချင်လင်ကိုဆွဲပေးခိုင်းသည်။

''လှလား?'' ကျောက်မိုချင်းကမတ်မတ်ရပ်ပြီး ချင်လင်ကိုမျက်နှာချင်းဆိုင်လိုက်သည်။

''လှတယ်!'' ချင်လင်ကခေါင်းညိမ့်လိုက်သော်လည်း သူ့မျက်လုံးများကလည်ဆွဲပေါ်မှာမဟုတ်။ ကျောက်မိုချင်းကအရင်ထက်ပိုပြီးဝလာသလိုခံစားရသည်။

သူကလိတာထိရောက်ပုံရ၏။

သူဆက်ပြီးကြိုးစားဖို့လိုသေးသည်။

ခန္ဓာကိုယ်အချိုးအစားပုံမပျက်ရင် ဝတာကောင်းသည်။

ဒီလိုအာနိသင်ရှိတဲ့သီးနှံတွေ ဂိမ်းလောကမှာရှိမလားသူမသိ။ ရှိရင် ခရမ်းချဉ်ဆော့နှင့်အားဖြည့်လက်ဖက်ရည်ထက်ပိုပြီးတန်ဖိုးကြီးလိမ့်မည်။

ဒီတစ်ခါ ချင်လင်ချီးကျူးတာနည်းနည်းထူးဆန်းနေမှန်း ကျောက်မိုချင်းသတိမထားမိဘဲ ချင်လင်ဘာတွေးနေလဲမသိချေ။ သူမကဖုန်းထုတ်ပြီး ဆွဲကြိုးနှင့်ဆယ်လ်ဖီဆွဲကာ Wechat အခိုက်အတန့်များတွင်တင်ချလိုက်သည်:

''ယောက်ျားရဲ့ချစ်သူများနေ့လက်ဆောင်!''

ယောက်ျားပေးတဲ့လက်ဆောင်ကိုကြွားချင်တာ မိန်းမတိုင်းရဲ့သဘာဝပင်။

ဒီတော့မှ ချင်လင်ကသူ့ယောက်ဖကျောက်မိုယွင်ပြောထားသည်ကိုသတိရပြီး ကျောက်မိုချင်းအားအလောတကြီးနှင့်_

''မိုချင်း... အခိုက်အတန့်များမှာတင်လိုက်တာလား?''

''အင်း'' ကျောက်မိုချင်းက ပြုံးရွှင်ပြီးခေါင်းညိမ့်လိုက်သည်။

ချင်လင်က အမြန်ပြောလိုက်၏_

''မင်းအစ်ကိုက အခိုက်အတန့်များမှာဘာမှမတင်နဲ့လို့မှာထားတယ်... မင်းယောက်မမမြင်အောင် မြန်မြန်ဖျက်ပစ်... မဟုတ်ရင် မင်းအစ်ကိုတော့ကောင်းကောင်းအိပ်ရမှာမဟုတ်ဘူး''

''အမေ့အတွက်ရှင်လက်ဆောင်ပြင်ပေးထားတာနဲ့ ယောက်မအတွက် အစ်ကိုကမေ့သွားတယ်ပေါ့?''

ကျောက်မိုချင်းချက်ချင်းအကြောင်းရင်းသိသွားသည်။ သူမအစ်ကိုက ဒီအပိုင်းမှာလက်နှေးမှန်းသူမသိသည်။

ဒါပေမဲ့ သူမယောက်ျားကလွဲပြီး ဘယ်ယောက်ျားက အနက်ရောင်ချစ်သူများနေ့မှာ ကိုယ့်မိန်းမကိုပေးဖို့သတိရမှာတဲ့လဲ?





All Chapters