Chapters

စွမ်းအားပင်အသီးနှစ်လုံးရဲ့အာနိသင်! ၃

Vol. 32 Ch. 473

စွမ်းအားပင်အသီးနှစ်လုံးရဲ့အာနိသင်! ၃

Vol. 32 Ch. 473

သူမရဲ့အခိုက်အတန့်များမှာ ဘယ်သူမှလက်ဆောင်မတင်ထား။

သို့သော် အပြိုင်အဆိုင်ကြောက်သည်။ ဒီအကြောင်းပေါ်သွားရင် အပြစ်မဲ့သူအတော်များများငြိလိမ့်မည်မဟုတ်လား?

ထိုအကြောင်းတွေးရင်း Wechat အခိုက်အတန့်များဖွင့်ကာ ပုံဖျက်မည်လုပ်လိုက်သော်လည်း အံ့ဩသံနှင့်_

''နောက်ကျသွားပြီ... ကျားဝမ်ချက်ချင်း like ပေးသွားတယ်... အခုပဲအခိုက်အတန့်များကိုဆွဲကြည့်သွားတာဖြစ်မယ်''

“ကျွတ်... ကျွတ်” ချင်လင်။

ခွတော့ကျပြီ။

သူ့ယောက်ဖကိုစိတ်ပျက်အောင်လုပ်မိပြီ။

ကျောက်မိုချင်းလည်း သူမအစ်ကိုဒုက္ခရောက်မည်မှန်းသိသောကြောင့် ချက်ချင်းပြန်ဖျက်ပြီး မတင်ခဲ့ဖူးသလိုဟန်ဆောင်နေလိုက်၏။

ထိုအချိန်၌_

တစ်ဖက်တွင် ကျောက်မိုယွင်ကဒီအကြောင်းမသိ။ KTV ရုံးခန်းထဲတွင် စာဖိုင်တချို့ကိုင်တွယ်နေစဉ် လီကျားဝမ်ဆီမှဖုန်းဝင်လာသည်။

''အချစ်... ဘာဖြစ်လို့လဲ?''

သူကချက်ချင်းဖုန်းဖြေလိုက်၏။

''အလုပ်ဆင်းရင် ကျွန်မအတွက်ဒူးရင်းသီးဝယ်လာခဲ့ပေး''

လီကျားဝမ်ကပြောသည်။

''အချစ်... ရေခဲသေတ္တာထဲမှာ ဒူးရင်းသီးနှစ်လုံးရှိတယ်မလား?''

ကျောက်မိုယွင်ကဇဝေဇဝါနှင့်မေးလိုက်သည်။

လီကျားဝမ်ကရှင်းပြ၏_ ''အဲဒီနှစ်လုံးက အခွံနည်းနည်းပျော့နေပြီ... မကောင်းတော့ဘူး... ကျွန်မကိုထပ်ဝယ်ခဲ့ပေး... အခွံကနည်းနည်းမာရမယ်''

''ဟုတ်ပြီလေ'' ကျောက်မိုယွင်ကသဘောတူလိုက်သော်လည်း ဖုန်းချပြီးသောအခါ တစ်ခုခုမဟုတ်သလိုခံစားရပြီး ကျောထဲစိမ့်သွားသည်။

သူကတစ်ခုခုတွေးမိပြီး သူ့ညီမရဲ့အခိုက်အတန့်များကိုမြန်မြန်ဖွင့်ကြည့်လိုက်သည်။ သူ့ညီမက အနီရောင်လည်ဆွဲအကြောင်းဘာမှတင်မထားတော့မှ စိတ်သက်သာရာရသွား၏။

သူအတွေးလွန်နေတာဖြစ်မယ်။

တစ်ဖက်တွင် ချင်လင်ကကျောက်မိုချင်းကို အရှေ့ပိုင်းစျေးကွက်ပလာဇာထဲမှပင်မခန်းမဆီခေါ်လာသည်။ ပင်မခန်းမတွင်လူစည်နေပြီး စျေးကွက်ပလာဇာအတွင်းပွဲတစ်ခုခုကျင်းပတော့မည်ပုံရှိသည်။

ပတ်ပတ်လည်မှပန်းရောင်နှင့်အသဲပုံအပြင်အဆင်များအရ စုံတွဲလှုပ်ရှားမှုတစ်ခုခုဖြစ်လိမ့်မည်။

ကျောက်မိုချင်းလည်းသတိထားမိပြီး ချင်လင်ကိုလှမ်းဆွဲကာ_

''ချင်လင်... အဲဒီမှာအရမ်းစည်တာပဲ... သွားကြည့်ရအောင်''

သူတို့နှစ်ယောက်က အနီးအနားလျှောက်သွားရုံရှိသေး၊ ဝန်ထမ်းတစ်ဦးကရှေ့ရောက်လာပြီး_

''လူကြီးမင်း... မမလေး... ကျွန်တော်တို့ဆီမှာ စုံတွဲမင်းသမီးအချီပြိုင်ပွဲရှိပါတယ်... ဘေးကမမလေးကို ၁၀ မိနစ်မင်းသမီးလိုချီထားနိုင်ရင် ကျွန်တော်တို့ပြင်ဆင်ထားတဲ့လက်ဆောင်ရမှာပါ... ဟမ်...''

''အမ်... အားနာပါတယ်'' ချင်လင်ကဒီလိုပွဲမျိုးမှာလုံးဝမပါချင်။ ကြည့်နေတဲ့သူတွေအများကြီး။

ဝန်ထမ်းကသူတို့နှစ်ယောက်ကိုလက်မလွှတ်ချင်။ ဘာပဲဖြစ်ဖြစ် အမျိုးသားကခန့်တယ်၊ အမျိုးသမီးကလှတယ်။ စိတ်နေစိတ်ထားလည်းကောင်းတယ်။ ပွဲမှာဒီလိုအဆင့်အတန်းမြင့်စုံတွဲမျိုးတွေ့ဖို့ရှားတယ်။ ဒီလိုစုံတွဲမျိုးက အာရုံစိုက်ခံရမှာ။

ထို့ကြောင့် ဝန်ထမ်းကဆွဲဆောင်ဖို့ကြိုးစားကြည့်ပြန်သည်_ ''လူကြီးမင်း... မမလေး... စဉ်းစားပါဦး... ကျွန်တော်တို့ကစုံတွဲတစ်တွဲပဲလိုတော့တာ... ပြီးတော့ ၁၀ မိနစ်ကျော်တာနဲ့ မိနစ်တိုင်း ယွမ် ၅၀၀ အပိုရမှာ... အကန့်အသတ်မရှိဘူး''

ဒါကပိုမြင့်တဲ့အလောင်းအစား။ ရှေ့ကစုံတွဲကိုလည်း ဒီအကြောင်းနဲ့ပဲဆွဲဆောင်လိုက်တာ။

''ချင်လင်... ကျွန်မတို့ဘာလို့မလုပ်ကြည့်တာလဲ?''

ကျောက်မိုချင်းက ချင်လင်ကိုမေးလိုက်သည်။ ဆုကြောင့်မဟုတ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်ကချင်လင်နဲ့ဒီလိုပွဲမျိုးဝင်မပြိုင်ဖူး၍ စမ်းကြည့်ချင်သည်။

''မင်းသဘော'' ချင်လင်ကကျောက်မိုချင်းစိတ်ပါနေသည်ကိုမြင်၍ ပြုံးပြီးပြောလိုက်သည်။

''လူကြီးမင်း... မမလေး... ဒီဘက်ကြွပါ''

ဝန်ထမ်းကချက်ချင်းပြုံးပြီးဖိတ်ခေါ်လိုက်သည်။ သူ့စိတ်ထဲတွင်မူ နောက်ထပ်စုံတွဲတစ်တွဲရပြီဟူ၍ရွှင်မြူးနေသည်။

မှန်သည်။ မိနစ်တိုင်းအပိုဆုယွမ် ၅၀၀ ကထိရောက်သည်ဆိုသော်လည်း မိနစ်တိုင်းအပိုဆုယွမ် ၅၀၀ ရဖို့ဘယ်လောက်လွယ်လဲ တစ်ဖက်လူကလုံးဝမသိချေ။

ဘာပဲဖြစ်ဖြစ် ၁၀ မိနစ်အချိန်ကန့်သတ်ချက်ကသူတို့အပြန်ပြန်အလှန်လှန်တွက်ချက်ထားပြီးသားလေ။

မင်းသမီးချီနည်းကိုစံမီအောင်လုပ်ဖို့မလွယ်။ အရင်ဆုံး လက်နှစ်ဖက်မြှောက်ထားရပြီး ခန္ဓာကိုယ်အားကိုယူသုံးလို့မရ။ သာမန်လူတစ်ယောက်အဖို့ ၁၀ မိနစ်ချီထားဖို့ကအလွန်ခက်သည်။

အပိုဆုရဖို့နေနေသာသာ၊ ၁၀ မိနစ်ဆုရနိုင်သူပင်အတော်နည်းသည်။

သို့ရာတွင် မိနစ်တိုင်းအပိုဆုယွမ် ၅၀၀ ဟူသောမက်လုံးက စုံတွဲတချို့ကိုဆွဲဆောင်နိုင်၍အတော်အဆင်ပြေလေသည်။