← Chapters

ပွဲစီစဉ်သူငိုတော့မယ်!

Vol. 32 Ch. 474

ပွဲစီစဉ်သူငိုတော့မယ်!

Vol. 32 Ch. 474

ချင်လင်နှင့်ကျောက်မိုချင်းက ဝန်ထမ်းနောက်လိုက်၍စတိတ်စင်ပေါ်ရောက်သွားပြီး လူအုပ်၏အာရုံကိုဆွဲဆောင်လိုက်သည်။

ချင်လင်ကဘာမှမခံစားရသော်လည်း ကျောက်မိုချင်းမှာ အမျိုးသားများ၏အာရုံစိုက်စရာဖြစ်နေသည်။

သူမကရှန်းရွှေလက်ဆောင်ဆန်နှင့်အလှအပဥကိုကြာရှည်စားခဲ့သူဖြစ်သောကြောင့် အသားအရေကလုံးဝဖြူဝင်းနေသည်။ နောက်ပြီး စံအိမ်တစ်ခုလုံးရဲ့တာဝန်ခံလုပ်သက်ကြာပြီဖြစ်၍ စိတ်နေသဘောထားကလည်းအထောက်အပံ့ဖြစ်နေသည်။

စင်ပေါ်တွင်စောင့်နေသောစုံတွဲတချို့ရှိသည်။

ချင်လင်နှင့်ကျောက်မိုချင်းဘေးတွင် လူသန်အမျိုးသားနှင့်အမျိုးသမီးကြီး။ အမျိုးသားရဲ့လက်မောင်းတွေကတုတ်ခိုင်ပြီး ကြွက်သားများကြောက်စရာကောင်းအောင်ဖောင်းထွက်နေသည်။

သူ့ဘေးမှလူသန်အမျိုးသမီးလည်း ဒီအတိုင်း။ သူမလက်မောင်းနဲ့ကိုယ်လုံးကိုယ်ပေါက်က အင်တာနက်ပေါ်မှကင်းကောင် Nezha နဲ့တူနေသည်။

ဒီစုံတွဲက gym စုံတွဲဖြစ်ရမည်။ ဒီလိုပုံစံမျိုးရအောင်စိတ်ဆုံးဖြတ်ထားပုံပေါ်၏။ လူသန်အမျိုးသားကသူ့လက်မောင်းကွေး၍ကြွက်သားများထုတ်ပြပြီး တခြားစုံတွဲမှအမျိုးသားများကိုရန်စသလိုကြည့်လိုက်သည်။

ထိုရန်စသောအကြည့်ထဲတွင် သူ့ဘေးမှချင်လင်လည်းပါသည်။ လူထွားကြီးက ချင်လင်၏လက်မောင်းကိုတောင်ပုတ်လိုက်ပြီး သူ့လက်မောင်းလေးကိုဂုဏ်ယူပုံနှင့်ကြည့်နေသည်။

လေ့ကျင့်ခန်းလုပ်ထားသူများက ပိုသာသောအနေအထားရှိနေ၏။

ချင်လင်မှာ သူ့ကိုအာရုံစိုက်ဖို့တောင်စိတ်မဝင်စား။

ထိုအချိန်၌_

တရုတ်အင်္ကျီအရှည်ဝတ်ထားသောဝန်ထမ်းတစ်ဦးက တင်ဆက်သူနေရာလျှောက်လာပြီး မိုက်ကရိုဖုန်းနှင့်_

''ဟယ်လို... အားလုံးပဲ... ဒါကတော့ ကျွန်မတို့စီးပွားရေးစျေးကွက်ကတင်ဆက်တဲ့မင်းသမီးချီပွဲပါ... ပါဝင်တဲ့စုံတွဲတွေက ၁၀ မိနစ်ချီထားနိုင်ရင် ကောင်းမွန်တဲ့လက်ဆောင်တွေရမှာပါရှင်... ပြီးတော့ ၁၀ မိနစ်ထက်ပိုပြီးချီနိုင်တယ်ဆိုရင် အပိုမိနစ်တိုင်းအတွက် ယွမ် ၅၀၀ ဆုရမှာပါ... အခုပါဝင်ယှဉ်ပြိုင်တဲ့ဘယ်စုံတွဲကဆုရမလဲဆိုတာကြည့်လိုက်ကြရအောင်!''



ဘေးနားတွင် စောစောကစုံတွဲများကိုပြိုင်ပွဲဝင်ဖို့ဆွဲခေါ်နေသောဝန်ထမ်းလည်း ပြိုင်ပွဲဝင်စုံတွဲများကိုပြင်ဆင်ပေးလိုက်သည်။

ကျောက်မိုချင်းက ချင်လင်လည်ပင်းကိုလက်လှမ်းချိတ်ပြီး အသင့်ပြင်လိုက်သည်။

ဝန်ထမ်းက 'စ'ဟုအော်သည်နှင့် တခြားယောက်ျားများလို ချင်လင်လည်းခါးကုန်းပြီး ကျောက်မိုချင်းကိုမင်းသမီးချီချီလိုက်သည်။

နောက်ပြီး ကျောက်မိုချင်းကပိုပြီးပေါ့သွားသလိုလုံးဝခံစားရသည်။

သူနဲ့ကျောက်မိုချင်းနှစ်ပါးသွားရင် မကြာခဏသူမကိုမင်းသမီးချီချီလေ့ရှိသောကြောင့် ထိုပြောင်းလဲမှုကိုသတိထားမိသည်။

ကျောက်မိုချင်းကပေါ့သွားတာမဟုတ်။ ဒုတိယမြောက်စွမ်းအားပင်အသီးစားထားသောကြောင့်ပင်။

ကျောက်မိုချင်းကိုချီရတာ အတော်လွယ်နေသည်။ လက်ရှိသူ့အင်အားနဲ့ဆို ကျောက်မိုချင်းနဲ့သူ တချို့အခက်အခဲတွေ၊ အရင်အနေအထားတွေ တိုးတက်လာနိုင်သည်ဟုခံစားရသည်။

ထိုအချိန်တွင် ဘေးပတ်လည်လူများက သူတို့ဖုန်းထုတ်ပြီးဓာတ်ပုံများရိုက်ကြသည်။ အများစုကစင်ပေါ်တက်ဖို့သတ္တိမရှိသော်လည်း ဗီဒီယိုရိုက်ဖို့၊သူငယ်ချင်းတွေနဲ့မျှဝေဖို့တက်ကြွနေကြ၏။

လူသန်ကြီးက သူ့ကောင်မလေးကိုချီပြီး သူ့ခွန်အားကိုကြွားချင်ပုံရသည်။ သူ့ကောင်မလေးနှင့်လှည့်တောင်လှည့်နေသည်။

မင်းသမီးချီနည်းက လက်နှစ်ဖက်လုံးအားမျှဖို့လိုပြီး လက်မောင်းကခန္ဓာကိုယ်အားကိုယူသုံးလို့မရချေ။ လူသန်ကြီးဒီလိုလုပ်နိုင်တာ သူ့မှာခွန်အားရှိသောကြောင့်ပင်။

သူက သူ့အင်အားကိုကြွားချင်ရုံသက်သက်သာ။

အချိန်ကုန်လွန်သွားပြီး မကြာခင်အချိန်ငါးမိနစ်ပြည့်သွားသည်။ ထိုအချိန်တွင် ကြည့်နေသူများကညာဘက်ကိုကြည့်လိုက်ကြ၏။ စုံတွဲတစ်တွဲကထိန်းမထားနိုင်တော့ဘဲ မိန်းကလေးကိုလွှတ်ချလိုက်သည်။

ငါးမိနစ်မင်းသမီးချီခြင်းက သာမန်လူတစ်ယောက်ရဲ့သာမန်လုပ်နိုင်စွမ်းလည်းဖြစ်သည်။ သို့သော် ပြိုင်ပွဲဖြစ်၍ ယောက်ျားများက_ ''ဘရို... မဖြစ်ဘူးလေ'' ဟူ၍ပြောနေသလိုဝိုင်းအော်ကြသည်။

မိန်းကလေးလည်း ရှက်သွား၏။ သူ့ကောင်လေးကိုမျက်စောင်းထိုးကြည့်ပြီး စင်ပေါ်မှဆင်းချသွားသည်။ ကောင်လေးလည်းရှက်ပြီး သူမနောက်မှခပ်သုတ်သုတ်လိုက်သွားလေသည်။

ထိုစုံတွဲအပြီး တခြားစုံတွဲများလည်းကျရှုံး၍ ရှက်ကိုးရှက်ကန်းနှင့်စင်ပေါ်မှဆင်းသွားကြသည်။



မျက်စိတမှိတ်အတွင်း စုံတွဲသုံးတွဲသာကျန်တော့သည်။ ချင်လင်နှင့်ကျောက်မိုချင်း၊ လူသန်ကြီးစုံတွဲ၊ ကတုံးဆံတောက်ကောင်လေးနှင့်ဆံပင်ရှည်ရှည်မိန်းကလေးတို့ပင်။

ထိုမြင်ကွင်းကြောင့် လူသန်ကြီးကသူ့ကောင်မလေးကိုပွေ့ပြီးလှည့်ပြလိုက်သည်။

သူ့ပုံစံကြောင့် ချင်လင်ကခေါင်းခါပြီး 'လုပ်ပြန်ပြီ'ဆိုသောပုံမျိုးဖြစ်သွား၏။

ဒါကိုလူသန်ကြီးမြင်သွားမယ်လို့ဘယ်ထင်မလဲ? သူကချင်လင်ကိုရန်စသလိုကြည့်ရင်း သူ့ကောင်မလေးကိုပွေ့ကာ ချင်လင်ကိုတစ်ပတ်ပတ်ပြလိုက်သည်။

ထိုရန်စပုံကြောင့် ပတ်ဝန်းကျင်မှလူများအံ့ဩသွားကြသည်။

ဒီလူကမောက်မာလိုက်တာ။

''ဟင်း!'' ချင်လင်သက်ပြင်းချလိုက်သည်။

ဒီလူကအားလေးနည်းနည်းရှိတာနဲ့ ထောင်လွှားမနေသင့်ဘူး။ မဟုတ်ရင် သူ့ကိုယ်သူအရှက်ခွဲရာကျလိမ့်မယ်။

သူကလူသန်ကြီးကိုလျစ်လျူရှုထားသော်လည်း သူ့ရှေ့မှာကြွားလုံးထုတ်နေတာကိုသည်းခံမည်ဟုမဆိုလို။

တကယ်တော့ မင်းသမီးချီနည်းနှစ်နည်းရှိသည်။ တစ်နည်းက အများလုပ်နေကျ လက်နှစ်ဖက်ဆန့်တန်းပြီး မိန်းကလေးကိုချီခြင်းပင်။ ဒီနည်းက စစ်သည်တော်နဲ့မင်းသမီးရဲ့ မင်းသမီးချီနည်း။

နောက်တစ်နည်းကပိုခက်သည်။ လက်တစ်ဖက်ကိုဆန့်ထုတ်၍မိန်းကလေးကိုထိုင်စေပြီး နောက်လက်တစ်ဖက်နှင့်ပွေ့ထားခြင်းဖြစ်သည်။ ဒါကလူ​ကြမ်းနဲ့မင်းသမီးရဲ့ မင်းသမီးချီနည်း။

ဒီလိုမင်းသမီးချီနည်းမျိုးက လက်တွေ့မှာယောက်ျားအများစုမလုပ်နိုင်သောအရာပင်။ မည်သို့ဆိုစေ လွီပု၊ ရှန်းယွီ၊ ပုကျင်းရင်အဖြစ်သရုပ်ဆောင်သောမင်းသားများတောင် မင်းသမီးများကို ဒီလိုချီနည်းမျိုးနှင့်သုံးမိနစ်ပြည့်အောင်မချီနိုင်ကြချေ။

ထို့ကြောင့် ချင်လက်ကလက်လှုပ်ပြီး မင်းသမီးချီနည်းပုံစံပြောင်းလိုက်သည်။ ကျောက်မိုချင်းကိုသူ့ညာလက်ပေါ်ထိုင်စေပြီး ဘယ်လက်နှင့်ပွေ့ထားလိုက်သည်။

ချင်လင်လုပ်ပုံကြောင့် ကျောက်မိုချင်းလန့်သွားပြီး သူ့ယောက်ျားကိုမယုံနိုင်ပုံနှင့်ကြည့်လိုက်သည်။

သူမနဲ့နှစ်ပါးသွားတိုင်း ချင်လင်၏အင်အားကိုခံစားမိသော်လည်း သူ့ယောက်ျားဒီလောက်အားကောင်းမှန်းမသိပေ။

ပတ်ဝန်းကျင်မှလူများ အထူးသဖြင့်မိန်းကလေးများက အံ့ဩပြီးအော်လိုက်ကြသည်။

ဒီလိုမင်းသမီးချီနည်းမျိုးက ယောက်ျားမာန်အပြည့်ပါသည်။

ထိုမြင်ကွင်းကြောင့် လူသန်ကြီးအောင့်သီးအောင့်သက်ဖြစ်သွား၏။

ဟိုကောင်က သောက်စွမ်းရှိတာပဲ။ ဒီလိုမင်းသမီးချီနည်းမျိုးလည်းချီတတ်တယ်။ ဒါပေမဲ့ ၁၀ မိနစ်ကျော်ပြီးအပိုဆုရဖို့နေနေသာသာ သူကြာကြာခံနိုင်မှာမဟုတ်ဘူး။

သူဘယ်လောက်ခံမလဲ ကြည့်ချင်သေးတယ်။

သို့ရာတွင် တစ်ဖက်မှကတုံးဆံတောက်လူငယ်လေးကလည်း သူ့ကောင်မလေးကိုပွေ့ပြီး ချင်လင်ချီသလိုခက်ခက်ခဲခဲမင်းသမီးချီနည်းမျိုးပြောင်းလိုက်၍ လူသန်ကြီးအံ့ဩသွားလေသည်။



All Chapters