ပွဲစီစဉ်သူငိုတော့မယ်! ၂
Vol. 32 Ch. 475
ထို့ကြောင့် နောက်ထပ်အော်သံများထွက်လာသည်။
တင်ဆက်သူအမျိုးသမီးက ဒီလိုဖြစ်မည်မထင်မိသောကြောင့် တမင်သက်သက်အံ့ဩဟန်ဆောင်ကာ_
''ကြည့်ပါဦး... ဘယ်လိုဖြစ်သွားတာလဲ? လူကြီးမင်းနှစ်ယောက်က ယောက်ျားလေးမာန်အပြည့်ပဲ''
ထိုစကားကြောင့် လူသန်ကြီးအောင့်သက်သက်ဖြစ်သွားသည်။
ဘာသေဘာလဲ? သူကယောက်ျားမပီသဘူးလို့ပြောနေတာလား?
ဒါပေမဲ့ ဒီအခြေအနေက သူ့အတွက်အတော်လေးရှက်စရာကောင်းနေပြီ။
ထို့ကြောင့် နောက်ဆုံး သူ့ကောင်မလေးကိုလက်တစ်ဖက်နှင့်မပြီး ပိုခက်ခဲသောမင်းသမီးချီနည်းပြောင်းလိုက်သည်။
ဒီလိုအခြေအနေမှာ တခြားနည်းမရှိတော့။ သူဆုမရနိုင်ရင်တောင် သူ့ကိုယ်သူအရှက်ခွဲလို့မဖြစ်။ သူနောက်ဆုံးအချိန်အထိတောင့်ခံထားနိုင်ရင်ရပြီ။ သူဒီလိုယုံကြည်ချက်ရှိသည်။ သူ့လိုအထူးခန္ဓာကိုယ်တည်ဆောက်ထားသူက ဘယ်လိုလုပ်ပြီးရှုံးနိုင်မှာလဲ?
တစ်မိနစ်ကုန်လွန်သွားသည်။ ဒီလိုလက်တစ်ဖက်တည်းအားပြု၍ခက်ခက်ခဲခဲမင်းသမီးချီနည်းက လူသန်ကြီး၏လက်ကိုမသက်မသာဖြစ်စေပြီး ချွေးဒီးဒီးကျလာသည်။ အမှန်ပင်ခက်ခဲလေသည်။
ချင်လင်နှင့်တခြားလူငယ်ကိုကြည့်လိုက်ရာ သူ့မျက်နှာမှာရှုံ့တွသွား၏။
ဒီနှစ်ကောင်ကတောင့်ခံနိုင်တုန်း။
နောက်ထပ်မိနစ်ဝက်အကြာတွင် လူသန်ကြီးမျက်နှာနီလာသည်။ သူကဆက်မထိန်းထားနိုင်တော့ဘဲ သူ့ကောင်မလေးကိုလွှတ်ချလိုက်၏။
ဒီလိုခက်ခက်ခဲခဲလက်တစ်ဖက်တည်းနှင့်မင်းသမီးချီနည်းမျိုးကိုဆက်မထိန်းနိုင်။ ချင်လင်နဲ့ကောင်လေးကထိန်းထားနိုင်သောကြောင့် သူမယုံနိုင်အောင်ဖြစ်နေသည်။
ဒါ ...
တစ်ချိန်တည်းလိုလို ပတ်ဝန်းကျင်မှအော်သံများထွက်လာ၏။
စောစောကလူသန်ကြီးထောင်လွှားနေသည်ကိုကြည့်မရသူများပင်။ အခုတော့ သူကအရင်ကျပြီ။ သူကျသည်နှင့်ပြောမည့်သူမရှားပေ။
''ဟား ဟား... ထောင်ထောင်ထောင်ထောင်နဲ့ကောင်က အမြန်ဆုံးကျတယ်!''
''ခန္ဓာကိုယ်ကြွက်သားရှိတာ... ဒါပေမဲ့ အသုံးမကျဘူး''
''ပြီးတော့ ဒီမှာသူကပိုပြီးအင်အားရှိလိမ့်မယ်ထင်တာ... ကြွက်သားတွေက ကြွားလုံးသက်သက်ပဲ!''
......
ထိုအသံမ်ားက လူသန်ကြီးကိုအရှက်ရစေ၍ သူ့ကောင်မလေးကိုရှက်ရှက်နှင့်ဆွဲခေါ်သွားလိုက်သည်။
ဒီတစ်ခါ မကြွားနိုင်မှန်းသိသွားပြီ။
ခဏအကြာ လူငယ်လေးကထပ်မထိန်းနိုင်တော့ဘဲသက်ပြင်းချပြီး သူ့ကောင်မလေးကိုချလိုက်သည်။ သူကတည်ငြိမ်နေဆဲဖြစ်သောချင်လင်ကိုတစ်ချက်ကြည့်ရင်း အံ့ဩသွားပြီး_
''အံ့ဩစရာပဲ!''
သူကရိုးသားသည်။
စစ်တပ်မှအနားယူခါစဖြစ်သောကြောင့် သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက စစ်သားစံချိန်မီနေဆဲဖြစ်ပြီး သာမန်လူများထက်အများကြီးပိုကောင်းသည်။
သို့သော် လက်တစ်ဖက်တည်းနှင့်မင်းသမီးချီနည်းကို သူကြာကြာမထိန်းနိုင်။ တစ်ဖက်လူကဒီလောက်တည်တည်ငြိမ်ငြိမ်ဆက်ထိန်းထားနိုင်တာ သူမလေးစားဘဲမနေနိုင်တော့။
လူငယ်လေးက သူ့ကောင်မလေးကိုစင်အောက်သာဆွဲခေါ်လာရတော့သည်။ အပြင်ရောက်သောအခါ သူက_ ''Sorry ကြာ... ဆုမရလိုက်ဘူး''
သူ့ကောင်မလေးက အလွန်နားလည်မှုရှိသည်_
''ဘာမှမဖြစ်ဘူး... ဒါပေမဲ့ မနက်ဖြန်ရှင့်ယောက်ဖနဲ့တွေ့ရင် သတိထားရမယ်နော်... သူကချင်းလင်စံအိမ်မှာလုံခြုံရေးခေါင်းဆောင်ဆိုပေမဲ့ ရှင်သေချာမလုပ်ရင် သူအခက်တွေ့လိမ့်မယ်''
''အင်း! ကိုယ်သိပါတယ်!'' လူငယ်လေးကခေါင်းညိမ့်လိုက်သည်။
စစ်တပ်မှအနားယူပြီးနောက် သူ့မိသားစု၊မိတ်ဆွေများမှတဆင့် ချင်းလင်စံအိမ်၏လုံခြုံရေးအစောင့်လစာတောင် အလွန်မြင့်ကြောင်းသိလိုက်ရသည်။ မန်နေဂျာအဖြစ်သာရာထူးတိုးသွားရင် မြို့ကြီးများမှာတောင်အလွန်ကောင်းသောအလုပ်မျိုးပင်။
အခုချင်းလင်စံအိမ်ကလုပ်ငန်းခွဲများဖွင့်တော့မည်ဖြစ်၍ နောက်ထပ်လုံခြုံရေးအစောင့်ထပ်ခေါ်လျှင် အတော်များများနှင့်ယှဉ်ပြိုင်ရလိမ့်မည်။ သူ့ကောင်မလေးမိသားစုမှာ ဒီလိုအဆက်အသွယ်မျိုးရှိမည်ဟုမထင်မိပေ။
စင်ပေါ်တွင် ချင်လင်နှင့်ကျောက်မိုချင်းသာကျန်တော့သည်။
လူအများကြီးဝိုင်းကြည့်နေသောကြောင့် ကျောက်မိုချင်းနည်းနည်းရှက်လာသည်။
မကြာမီ ၁၀ မိနစ်ပြည့်သွားပြီး ချင်လင်နှင့်ကျောက်မိုချင်းမှာ အာမခံလက်ဆောင်ရသွားပြီဖြစ်သည်။
တင်ဆက်သူကချက်ချင်းပင်_ ''၁၀ မိနစ်ပြည့်သွားပါပြီ... ဒီစုံတွဲကိုဂုဏ်ပြုလိုက်ရအောင်... သူတို့ကအာမခံချက်ရှိတဲ့လက်ဆောင်ကောင်းကောင်းရမှာပါ... ပြီးရင် တစ်မိနစ်လွန်တိုင်း ယွမ် ၅၀၀ ထပ်ဆောင်းရဦးမှာပါ''
ထို့ကြောင့် ကျွက်စီကျွက်စီဆွေးနွေးကြပြန်သည်။ တစ်မိနစ်တိုင်း ယွမ် ၅၀၀ ဆိုရင် ၁၀ မိနစ်ဆို ယွမ် ၅၀၀၀။ ဒီစီရင်စုလေးမှာ ဒါလူအများစုရဲ့လစာပဲ။
ချင်လင်က ကျောက်မိုချင်းကိုနောက်တစ်မိနစ်ချီထားသည်။
ဒီတော့ ယွမ် ၅၀၀ ရပြီပေါ့။
အချိန်ကုန်လွန်သွားသည်။ ဝန်ထမ်းများမျက်နှာပျက်လာကြ၏။
အကြောင်းမှာ ငါးမိနစ်ကျော်သွားပြီဖြစ်ပြီး ချင်လင်ကနည်းနည်းမှပင်ပန်းပုံမပေါက်ဘဲ ကျောက်မိုချင်းကိုဆက်ချီထားသောကြောင့်ပင်။
ချင်လင်က သူ့သက်လုံအားကိုယုံကြည်ချက်အပြည့်ရှိသည်။ စွမ်းအားပင်ပထမအသီးစားပြီးနောက်ပိုင်း ကျောက်မိုချင်းနဲ့ချစ်ရည်လူးရင်တောင် တော်တော်နဲ့မပြီး။
အခုဒုတိယအသီးစားပြီး သူ့ခံနိုင်ရည်၊သက်လုံနှင့်အင်အားက ထပ်တိုးလာသည်။
ဒီအချိန်လောက်ကဘာမှမဟုတ်။
နောက်ငါးမိနစ်ကုန်လွန်သွားပြီး ၁၀ မိနစ်ကျော်သွားလေပြီ။ ထပ်တိုးဆုကြေးက အမှန်ပင် ယွမ် ၅၀၀၀ ပြည့်သွား၏။
ဝန်ထမ်းများ၏မျက်နှာ ပုပ်သိုးတော့မည်။
ဒီမွန်းစတားကောင်က ဘယ်ကရောက်လာတာလဲ?
အထူးသဖြင့် ချင်လင်နှင့်ကျောက်မိုချင်းကိုဝင်ပြိုင်ဖို့တိုက်တွန်းခဲ့သောဝန်ထမ်းပင်။ သူ့မျက်လုံးများမှာပြူးကျယ်ပြီး သတ်ချင်ဖြတ်ချင်စိတ်တွေပေါ်နေသလိုလို။
ဆုကြေးတွေအများကြီးပေးလိုက်လို့ မန်နေဂျာကကလော်တုတ်လိမ့်မည်။
ပတ်ဝန်းကျင်မှဝိုင်းကြည့်နေသူများမှာ သူ့ကိုယ်ခံအင်အားကိုမလေးစားဘဲမနေနိုင်တော့။ အမျိုးသမီးများဆို ကျောက်မိုချင်းကိုမနာလိုသလိုကြည့်နေကြပြီ။
တကယ် ဒီလူပိုက်ဆံရှာနိုင်နိုင်မရှာနိုင်နိုင်၊ ကိစ္စမရှိ။ အင်အားသာရှိရင် ကောင်လေး၊ကောင်မလေးထားတာ အလကားမဖြစ်တော့။
ရုပ်ပိုင်းဆိုင်ရာနဲ့အသိစိတ်ပိုင်းဆိုင်ရာကျေနပ်စရာမရှိရင်တောင် ဒီအချက်နဲ့ဖာထေးနိုင်မည်။ ပိုက်ဆံရှိတယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့စိတ်ကူးယဉ်မင်းသားလေးပေါ့။
လူတိုင်းကြည့်နေသည့်ကြားက နောက်ထပ် ၁၀ မိနစ်ပြည့်သွားသည်။
ဆုကြေးက ၁၀၀၀၀ ဖြစ်နေပြီ။
တင်ဆက်သူလုပ်နေသောဝန်ထမ်းမှာ ဘာပြောရမှန်းမသိတော့။
ဒီလိုခက်ခဲတဲ့မင်းသမီးချီနည်းမျိုးနဲ့ မိနစ် ၂၀ ကျော်တဲ့။ လူမှဟုတ်သေးရဲ့လား?
ဝန်ထမ်းအားလုံးက ချင်လင်နှင့်ကျောက်မိုချင်းကိုအသံတိတ်ကြည့်နေကြသည်။
၁၀ မိနစ်ပြည့်ဖို့ခက်တယ်လို့ဘယ်သူပြောတာလဲ? ဒီထက်ခက်တဲ့မင်းသမီးချီနည်းနဲ့ မိနစ် ၂၀ တောင်ကျော်နေပြီ။
ထိုအချိန်တွင် ကျောက်မိုချင်းကချင်လင်နားနားကပ်ပြီး_ ''အချစ်ရေ... ဒီလောက်နဲ့ပဲတော်ကြစို့လေ? ဝန်ထမ်းတွေမျက်နှာပုပ်သိုးနေပြီ... သူတို့အလုပ်ကမလွယ်ဘူး... ကျွန်မတို့မှာပိုက်ဆံမရှားပါဘူး''
ဝန်ထမ်းများ၏မျက်နှာထားကို သူမသတိထားမိသည်။ သူတို့ကသနားနေသေးသည်။