ပွဲစီစဉ်သူငိုတော့မယ်! ၃
Vol. 32 Ch. 476
''ဟုတ်ပါပြီ!'' ချင်လင်ကပြုံးပြီး ကျောက်မိုချင်းကိုချပေးလိုက်သည်။
ဒီလောက်ပိုက်ဆံမရှားသော်လည်း လူတွေကြည့်နေတာမခံချင်။ အကြာကြီးအကြည့်ခံနေရတာတော်လောက်ပြီ။ ထို့ကြောင့် ဝန်ထမ်းများကိုအလျှော့ပေးလိုက်၏။
သို့ရာတွင် သူပင်ပင်ပန်းပန်းလုပ်ထားသော လက်ဆောင်နှင့်ဆုကြေးများကို သူတို့ပေးရဦးမည်။
လက်ဆောင်နှင့်အပိုယွမ် ၁၀၀၀၀ ယူလာသော ဝန်ထမ်းက ချင်လင်အားပေးလိုက်သောအခါ သူတို့မျက်နှာများရှုံ့မဲ့သွားကြသည်။
ဘာပဲဖြစ်ဖြစ် ဒီယွမ် ၁၀၀၀၀ ပေးလိုက်ရင် သူတို့လစဉ်ဘောနပ်ပါသွားပြီလေ။
ယွမ် ၁၀၀၀၀ ဆုကြေးရပြီး ချင်လင်ကကျောက်မိုချင်းနှင့်စင်ပေါ်မှဆင်းလာသည်။
''ယောက်ျား... ရှင်ဒီနေ့ပိုက်ဆံပိုရထားတာ... ပြီးရင်ညစာသွားစားရအောင်''
ကျောက်မိုချင်းက ချင်လင်လက်ကိုပျော်ပျော်ရွှင်ရွှင်တွဲလိုက်သည်။ ယွမ် ၁၀၀၀၀ မလိုသော်လည်း ဒီလိုပွဲမျိုးတွေ့ကြုံရတာဒါပထမဆုံးဖြစ်၍ ထူးထူးခြားခြားအဓိပ္ပါယ်မျိုးခံစားရသည်။
''မင်းဘာစားချင်လဲ?'' ချင်လင်ကအပြုံးနှင့်မေးလိုက်သည်။
''သိုးသားဟော့ပေါ့! ဟော့ပေါ့မစားရတာကြာနေပြီ'' ကျောက်မိုချင်းကပြုံးပြီးပြောသည်။
''ဟုတ်ပြီ!'' ချင်လင်ကပြုံးပြုံးနှင့်ပြောလိုက်သည်။
သူတို့နှစ်ယောက်သားတစ်နာရီကျော်လောက်လျှောက်သွားကြ၏။ ဘာမှမဝယ်သော်လည်း အရမ်းပျော်နေကြသည်။ ထို့နောက် အရှေ့ပိုင်းစျေးကွက်ပလာဇာတတိယထပ်မှသိုးသားဟော့ပေါ့ဆိုင်သွားလိုက်သည်။ ဝန်ဆောင်မှုနေရာရောက်သောအခါ သူတို့ဘေးတွင်အမျိုးသမီးများဆွေးနွေးနေသောအသံကြောင့် သူတို့စိတ်ဝင်စားသွားသည်။
''ဟေ့... မိုရင်းကိုကြည့်... ဒီခွေးကဘီလူးစီးသလိုကနေတာ''
''ဟုတ်ပါ့... ဒီဂမ်းနမ်းစတိုင်က အကပညာရှင်တွေထက်တောင် ကွက်တိကျနေသေးတယ်နော်?''
''ဒီခွေးက ချင်းလင်စံအိမ်ကဝမ်ချိုင်... ဟုတ်တယ်မလား? ငါသုံးလေးခါတွေ့ဖူးတယ်''
''ကြည့်... ဒီမှာနောက်တစ်ပုဒ်... လွတ်လပ်စွာပျံသန်းခြင်းနဲ့တောင်ကတတ်တယ်''
“......”

သူများတွေသူ့ခွေးအကြောင်းပြောနေသောကြောင့် ကျောက်မိုချင်းကသိချင်စိတ်နှင့်ဖုန်းထုတ်ပြီး မိုရင်းမှာရှာလိုက်သည်။ သူမလည်းဝမ်ချိုင်အကြောင်းဗီဒီယိုတွေ့သွား၏။
ဟုတ်တာပေါ့။
ဒါလင်းလန်ဇီမှတ်တမ်းတင်ထားတဲ့အကဗီဒီယိုပဲ။
ခွေးကနေတဲ့ဗီဒီယိုကမြူးကြွပြီးထူးဆန်းသည်။ ချင်းလင်စံအိမ်နာမည်ကြီးမှုနှင့်အတူ ခွေးမှာရေပန်းစားရှာဖွေမှုထဲရောက်လာ၏။
''ဒါဘယ်တုန်းကလုပ်လိုက်တာလဲ?'' ကျောက်မိုချင်းကတိုးတိုးလေးမေးလိုက်သည်။ ဒီနေ့ သူမအမေမွေးနေ့ပွဲစားပြီး တစ်နေ့ခင်းလုံးသူမအမေနှင့်စျေးဝယ်ထွက်နေခဲ့သည်။ ထို့နောက် ချင်လင်နှင့်လျှောက်သွားနေသောကြောင့် ကောင်လေးအကြောင်းလုံးဝမသိလိုက်။
''နေ့လယ်က'' ချင်လင်ကတခိခိရယ်လိုက်သည်။
ထိုအချိန်တွင်_
ဘေးနားမှမိန်းကလေးများကဆွေးနွေးကြပြန်သည်။
''ငါပြောမယ်... ငါဒီဝမ်ချိုင်နဲ့တွေ့တော့ သူ့ပိုင်ရှင်နဲ့ဆုံခဲ့တယ်!''
''လီလီ... ဘယ်တုန်းကလဲ? ဝမ်ချိုင်ရဲ့ပိုင်ရှင်က ချင်းလင်စံအိမ်ရဲ့ပိုင်ရှင်ပဲမလား?''
''အင်း... ချင်းလင်စံအိမ်ပိုင်ရှင်... ရုံချန်းမှာ ငါ့ဝမ်းကွဲရှိတယ်လို့ပြောဖူးတယ်မလား? သူနဲ့ချင်းလင်စံအိမ်ပိုင်ရှင်က အခင်ဆုံးသူငယ်ချင်းတွေ... အရင်တစ်ခေါက်က ချင်းလင်စံအိမ်ကိုသူနဲ့သွားခဲ့တာ... ဒါပေမဲ့ ဒီတစ်ခေါက်သူအလုပ်ကိစ္စနဲ့ခရီးထွက်သွားလို့... မဟုတ်ရင် အဲဒီကိုထပ်ပို့ရင်ပို့ပေးဦးမှာ''
''လီလီ... နင့်ကိုတကယ်အားကျလိုက်တာဟယ်!''
''အင်း... ဒီလိုလူမျိုးနဲ့တွေ့နိုင်တာ မနာလိုလိုက်တာ''
“???” ချင်လင်။
“???” ကျောက်မိုချင်း။
သူတို့နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။
ဒီလီလီဆိုတဲ့တစ်ယောက်ကို သူတို့တစ်ခါမှမတွေ့ဖူး။
သူ့အခင်ဆုံးသူငယ်ချင်းက သူ့ဝမ်းကွဲလား ကျောက်မိုချင်းတောင်မသိ။
သို့သော် အရင်ကတကယ်မြင်ဖူးသလားသေချာအောင် ကျောက်မိုချင်းကလီလီကိုသုံးလေးခါပြန်ကြည့်လိုက်သည်။

''ဘာကြည့်တာလဲ?'' လီလီကစိတ်ဆတ်သူဖြစ်၍ ကျောက်မိုချင်းကြည့်နေတာသတိထားမိပြီး မေးခွန်းတောင်ထုတ်လိုက်သည်။
''ချင်းလင်စံအိမ်ရဲ့သူဌေးကတော်နဲ့သိတယ်ကြားလို့... သိချင်လို့ပါ''
ကျောက်မိုချင်းကအောင့်သီးအောင့်သက်ပြောလိုက်သည်။
သူ့ကိုမသိတာ သေချာတယ်။
ထိုဝိုင်းမှတခြားမိန်းကလေးများက စပ်စပ်စုစုမေးလိုက်ကြသည်။
''လီလီ... ချင်းလင်စံအိမ်ရဲ့သူဌေးကတော်က ဘယ်လိုပုံမျိုးလဲ? ပြီးတော့ ချင်းလင်စံအိမ်ပိုင်ရှင်ကရော''
''ဟုတ်တယ်... ချင်းလင်စံအိမ်ပိုင်ရှင်က အရမ်းသိုသိုသိပ်သိပ်နေတတ်တာတဲ့... သူဘယ်လိုပုံလဲ ငါသိချင်တယ်''
အားလုံးဝိုင်းပြီးအာရုံစိုက်နေကြသဖြင့် လီလီကနည်းနည်းမြောက်သွားပြီး ဘာမှမဟုတ်သလိုပြောလိုက်သည်_
''သူလိုကိုယ်လိုပါပဲ... ငါ့ဝမ်းကွဲတောင် အသက် ၄၀ ထဲရောက်နေပြီ... ချင်းလင်စံအိမ်ပိုင်ရှင်စုံတွဲက သက်လတ်ပိုင်းစုံတွဲဖြစ်မယ်... မဟုတ်ရင် ဘယ်လိုလုပ်ပြီး ငါ့ဝမ်းကွဲနဲ့အခင်ဆုံးသူငယ်ချင်းတွေဖြစ်မှာလဲ?''
“ဟီ... ဟီ” ကျောက်မိုချင်း။
“ကျစ်... ကျစ်'' ချင်လင်။
သူတို့နှစ်ယောက်မရယ်ဘဲမနေနိုင်တော့။ ဘာဖြစ်နေလဲ သူတို့အကြမ်းဖျင်းသဘောပေါက်ပြီ။
ဒီကောင်မလေးက ကျားအရေခြုံတဲ့ငကြွားမလေး။
လူ့အဖွဲ့အစည်းထဲမှာ ဒီလိုလူမျိုးတွေအများကြီးရှိပြီး အကုန်ထူးထူးဆန်းဆန်းတွေးတတ်ကြသည်: အင်အားကြီးတဲ့သူမှန်းသိသွားရင် ဂုဏ်မြင့်သည်ဟုသဘောထားပြီး အလွန်အင်အားရှိကြောင်းလုပ်ပြတတ်ကြသည်။
ထို့ကြောင့် ဘယ်သူနဲ့သိတဲ့ဝမ်းကွဲရှိကြောင်း၊ ဘယ်သူ့ကိုပဲ့ကိုင်တဲ့ဦးလေးရှိကြောင်း စသဖြင့် မကြာခဏပြောတတ်ကြ၏။
သို့သော် ထိုဝမ်းကွဲ၊ဦးလေးတကယ်ရှိမရှိက သံသယဝင်စရာအချိန်များရှိလာတတ်သည်။
ဒီလိုလူမျိုးက အလွယ်တကူလူရယ်စရာဖြစ်သွားနိုင်လေသည်။
နောက်ပြီး တစ်ခုနားလည်ထားရမည်:
သင်ကအံ့ဩစရာမဟုတ်ရင် သင့်ဝမ်းကွဲ၊ ပဲ့ကိုင်သူသင့်ဦးလေးက ဘယ်လောက်ပဲအံ့ဩစရာကောင်းကောင်း သင်နှင့်ဘာမှမဆိုင်ချေ။
ချင်လင်နှင့်ကျောက်မိုချင်းမှာ သက်လတ်ပိုင်းစုံတွဲဖြစ်သွားရရှာသည်။ သူတို့ကခေါင်းခါလိုက်ပြီး စိတ်မဝင်စားတော့။ အစားအသောက်များရောက်လာသဖြင့် စားလိုက်ကြသည်။
နောင်မှာ ဒီလိုလူမျိုးတွေနဲ့ထပ်ဆုံရဦးမည်။ ဒီတော့ အကုန်လုံးကိုလိုက်ပြီးစိတ်ဆိုးနေလို့မဖြစ်။ ဒီအတွက်မလိုအပ်ပေ။
ဟော့ပေါ့စားပြီးသောအခါ ချင်လင်ကကျောက်မိုချင်းကိုအိမ်ပြန်ခေါ်သွားလိုက်သည်။
ဘာပဲဖြစ်ဖြစ် စွမ်းအားပင်ဒုတိယအသီးစားပြီး သူတို့စမ်းသပ်စရာရှိနေသေးသည်။

......
နောက်တစ်နေ့_
ချင်လင်ကစံအိမ်သို့ပစ္စည်းများပို့ပြီးမကြာမီ စွန်းမင်ကစာဖိုင်တစ်ဖိုင်နှင့်သူ့ဆီရောက်လာသည်။
''သူဌေးချင်... မွေးမြူရေးခြံလိုအပ်ချက်တွေက အခြေခံပိုင်းပြီးသွားပြီ... နှစ်ရက်အတွင်း လူစုပြီးစစ်ဆေးလို့ရတယ်''
စွန်းမင်ကရောက်ရောက်ချင်း ချင်လင်ကိုစာဖိုင်ပေးလိုက်သည်။
ချင်လင်ကစာဖိုင်ယူပြီးကြည့်လိုက်သည်။ မွေးမြူရေးခြံတစ်ခုလုံး၏မြေပုံဖြစ်ပြီး အမျိုးမျိုးသောလုပ်ငန်းနေရာများအကြောင်း အချက်အလက်လည်းပါသည်။ အကြီးဆုံးနေရာမှာ အပြေးလမ်းကြောင်းနှင့်စားကျက်မြေပင်။
''ဒါရိုက်တာစွန်း... အရင်လက်ဖက်ရည်သောက်ပါဦး... နောက်မှစစ်ဆေးကြည့်ဖို့ အချင်းချင်းပူးပေါင်းလုပ်ကြတာပေါ့... ဖြည်းဖြည်းချင်းအချိန်ယူလို့ရပါတယ်''
ချင်လင်ကထိုင်ဖို့ဖိတ်လိုက်သည်။ သူတို့ကမွေးမြူရေးခြံအတွက်ပြင်ဆင်ထားပြီးဖြစ်သည်။ ကျောက်မိုချင်းက တစ်ဖက်လူနှင့်ဆုံပြီး မွေးမြူရေးခြံအတွက်လုံခြုံရေးများ၊ဝန်ဆောင်မှုပေးသောဝန်ထမ်းများတောင် စခေါ်ထားပြီ။
''ဟုတ်ပါပြီ... ဥက္ကဌချင်ရဲ့အစီအစဉ်အတိုင်းပါပဲ''
စွန်းမင်လည်းပြုံးပြီးပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် မွေးမြူရေးခြံပြီးရင် ချင်းလင်အပန်းဖြေစံအိမ်နှင့်ချင်းလင်ဓာတ်ခွဲခန်းရှိသေးသည်။
စွန်းမင်ကိုလိုက်ပို့ပြီး ချင်လင်လည်းကျောက်မိုချင်းရုံးခန်းထဲသွားကာ စာဖိုင်ပေးလိုက်သည်_
''မွေးမြူရေးခြံလုပ်ငန်းအပြီးသတ်တော့မယ်... ဒီတော့ ဒီကတို့အစီအစဉ်တွေလိုက်ရမယ်... ဒီစာဖိုင်ကိုမိတ္တူဆွဲပြီး တစ်ဖက်လူကိုပေးလိုက်ပါ''
ကျောက်မိုချင်းခေါင်းညိမ့်လိုက်သည်။ စာဖိုင်ယူပြီးလျှင် ချင်လင်ကိုလည်းစာရင်းပြန်ပေးကာ_
''ဒီစာရင်းတစ်ချက်ကြည့်ပါဦး... ခြံကိုကြည့်ပြီးလက်ခံရင် ခြံထဲအစာထည့်ပြီးတော့ထိန်းသိမ်းထားရမယ်... ပထမဆုံးအသုတ်အတွက်ဝယ်ဖို့ဘာတွေလိုလဲကြည့်လိုက်ဦး''
မွေးမြူရေးခြံကအကျယ်ကြီး။ မြေပုံတွင်မြင်းပြိုင်ကွင်းအပါနှစ်ခုပြောင်းလဲပြီးနောက် နေရာတစ်ဝက်ကျော်ကျော်မှာ စာချုပ်အသစ်ချုပ်ထားသောမြေဧက ၅၀၀၀ ထဲမှတိုးချဲ့ထားရသည်။
မွေးမြူရေးခြံက လက်ရှိစံအိမ်အကျယ်အဝန်းထက်သုံးဆခန့်ပိုကြီးသည်။ မွေးမြူရေးခြံဖွင့်သည်နှင့် စံအိမ်လည်ပတ်ပုံလမ်းကြောင်းက အကြီးအကျယ်ပြောင်းလဲသွားလိမ့်မည်။
သို့ရာတွင် ဒီလိုကြီးသောကြောင့်လည်း တစ်ချီတည်းနဲ့မပြည့်စုံနိုင်။ အားလုံးတပြိုင်တည်းထည့်ဖို့မဖြစ်နိုင်သောကြောင့် တစ်သုတ်ချင်းအဆင့်ဆင့်လုပ်သွားရမည်။
ချင်လင်ကစာရင်းကိုတစ်ချက်ကြည့်လိုက်ရာ တိရစ္ဆာန်နာမည်များတွေ့ရသည်:
နွားသိုး၊ မြင်း၊ မြည်း၊ ကုလားအုပ်၊ ကြက်၊ ဘဲ၊ ငန်း။
ကြောင်ကတိုး၊ သမင်၊ ဝက်။
ကြက်တူရွေး၊ စာကလေးနှင့်ရောင်စုံငှက်များ။
အားလုံးမွေးမြူနိုင်သောခြံမွေးတိရစ္ဆာန်များဖြစ်၍ ဒီထဲကတချို့ရွေးရမည်။
မြင်းကတော့ မပါမနေရ။ ဒီအပြေးလမ်းကြောင်းဆောက်တာ နောင်မှာဂိမ်းထဲကမြင်းတွေယူဖို့၊မြင်းစီးစွမ်းရည်ယူဖို့။ ဒီတော့မှ အပြေးလမ်းကြောင်းမှာမြင်းတွေပြေးနိုင်မည်။
ချင်းလင်စံအိမ်ကအစီအစဉ်များဆွဲနေစဉ် စွန်းမင်၏ရုံချန်းပထမဆောက်လုပ်ရေးကလည်း ဆောက်လုပ်ရေးနေရာအတားအဆီးနံရံများကိုစတင်ဖြိုဖျက်နေသည်။
အစပိုင်းက စံအိမ်လည်ပတ်မှုကိုသက်ရောက်မှုမရှိစေရန် မွေးမြူရေးခြံကိုစံအိမ်နှင့်ခပ်ခွာခွာထားသည်။ နံရံများကာဆီးထားသဖြင့် ခရီးသည်များသိပ်သတိမထားမိပေ။ အခုနံရံများဖြိုချလိုက်သောအခါ မွေးမြူရေးခြံ၏အပိုင်းများ ဖြည်းဖြည်းချင်းပေါ်လာပြီး ခရီးသည်များချက်ချင်းသတိထားမိသွားသည်။
ခရီးသည်များကရှေ့တိုးပြီးလှမ်းကြည့်ကြ၏။ ဘာပဲဖြစ်ဖြစ် ပန်းပင်လယ်အကျယ်မှာပန်းတွေပွင့်ရင် မြို့စားနှင်းဆီကိုကြည့်ချင်သူတွေရှိသည်ပင်။
သို့သော် ခရီးသည်များအနားရောက်လာပြီး အထဲကိုကြည့်လိုက်သောအခါ အားလုံးအံ့ဩသွားကြသည်။ ပန်းပင်လယ်အကျယ်မဟုတ်ဘဲ အလွန်အံ့ဩစရာကောင်းသောမြင်ကွင်းဖြစ်နေသည်။
စံအိမ်ထက်အများကြီးပိုကျယ်သောနေရာတစ်ခု။ တစ်ချက်ကြည့်ရုံနှင့် အမျိုးမျိုးသောစားကျက်များ၊ အသုံးအဆောင်များ၊ အဆုံးမရှိစိုက်ထားသောမြက်ခင်းပြင်များမှာ ခမ်းခမ်းနားနားမြင်ကွင်းတစ်ခုပင်။