← Chapters

တိရစ္ဆာန်များဝယ်ယူခြင်း! မွေးမြူရေးခြံအဆင့်မြှင့်! အထူးလက်ဆောင်!

Vol. 32 Ch. 477

တိရစ္ဆာန်များဝယ်ယူခြင်း! မွေးမြူရေးခြံအဆင့်မြှင့်! အထူးလက်ဆောင်!

Vol. 32 Ch. 477

မျက်စိတစ်မှိတ်အတွင်း ရက်ပိုင်းကုန်လွန်သွားသည်။

ခရီးသည်များချင်းလင်စံအိမ်ရောက်လာသောအခါ ကားပါကင်ဘေးလေးထောင့်ကွက်လေးတွင် အနီရောင်ရိုးရာစတိတ်စင်ကိုတွေ့ရသည်။

ထိုစင်ကိုခရီးသည်များစိတ်ဝင်စားသွားကြသည်။ သူတို့ကလျှောက်လာပြီးကြည့်လိုက်ရာ ပြင်ဆင်ထားသောစင်၏နောက်ခံနံရံတွင် 'ချင်းလင်တောင်တန်းစံအိမ် ရှုမျှော်ခင်း 4A ပေးအပ်ပွဲအခမ်းအနား' ဟူသောစာလုံးများကိုတွေ့ရသည်။

စင်ရှေ့တွင် အနီရောင်ကော်ဇောရှည်ကြီးခင်းထားပြီး တစ်ဖက်တချက်တွင် ပန်းခြင်းများချထားသည်။

ထိုမြင်ကွင်းကြောင့် ခရီးသည်များအားလုံးအံ့ဩသွား၏။

''ချင်းလင်တောင်တန်းစံအိမ်က ရှုမျှော်ခင်း 4A နေရာရပြီးသားမလား?''

''အင်း... ဒီမှာရှင်းရှင်းလင်းလင်းရေးထားတာပဲမလား?''

ချင်းလင်စံအိမ်က ရှုမျှော်ခင်း 4A မဖြစ်ခင် အချိန်ပြဿနာသာရှိမှန်းသိသော်လည်း မြန်လွန်းသည်။ သို့သော် လက်ရှိချင်းလင်စံအိမ်၏ကျော်ကြားပုံ၊နာမည်ကြီးပုံကိုတွေးမိသောအခါ ဒါကပြဿနာမဟုတ်တော့။

ထူးထူးခြားခြားလုပ်ထားသောစားပွဲရှေ့တွင် ကံစမ်းမဲနှိုက်ရန် ဘောလုံးအကြည်လေးများရှိသည်။ ထိုနေရာတွင်စီစဉ်နေသောဝန်ထမ်းနှစ်ဦးက သူတို့နားကြပ်ဖုန်းများနှင့် ပတ်ဝန်းကျင်မှခရီးသည်များအား_

''ချင်းလင်စံအိမ်မှကြိုဆိုပါတယ်... ဒီနေ့က ရှုမျှော်ခင်း 4A နေရာအတွက်ကျင်းပတဲ့နေ့ပါ... အားလုံးအတွက်လက်ဆောင်တွေအများကြီးပြင်ထားပါတယ်''

ချင်လင်က ပေးအပ်ပွဲအခမ်းအနားကျင်းပရန် လင်းလန်ဇီကိုလုပ်ပိုင်ခွင့်အပြည့်အဝပေးထားသည်။ ဒီလိုကိစ္စမျိုးအတွက် သူနဲ့ကျောက်မိုချင်းအယောင်ပြဖို့မလို၊ လူကြားထဲမျက်နှာပြဖို့အစီအစဉ်မရှိပေ။



နောက်ပြီး ဒီတစ်ခါ ရုံချန်းစီရင်စုခရီးသွားဌာန၏ဒါရိုက်တာအသစ်သာ ဒီအခမ်းအနားကိုတက်မည်။

ချန်လီကိုယ်တိုင်မလာပေ။ ခေါင်းဆောင်ကအားလုံးကိုလိုက်မလုပ်နိုင်။ ချင်လင်ကသိုသိုသိပ်သိပ်နေပြီးလူလုံးထွက်မပြချင်မှန်းသူသိသောကြောင့် ဒီကိစ္စအတွက်ချင်းလင်စံအိမ်နှင့်ဆက်သွယ်ရန် ဌာနမှူးအသစ်ကိုလွှဲပေးထားသည်။

အခမ်းအနားလွှဲအပ်ထားသည့်အတောအတွင်း ချင်လင်ကရုံးခန်းထဲတွင် အသက် ၃၀ အရွယ်လူတစ်ယောက်ကိုဧည့်ခံနေသည်။ သူကလက်ဖက်ရည်တစ်အိုးနှပ်ပြီး တစ်ခွက်ငှဲ့ပေးလိုက်၏။

ထိုလူကထိုင်လိုက်ပြီး သူ့ကိုယ်ရေးအကျဉ်းကိုချင်လင်ဆီပေးကာ_

''ဥက္ကဌချင်... ဒါကျွန်တော့်ကိုယ်ရေးအကျဉ်းပါ''

ချင်လင်ကကိုယ်ရေးအကျဉ်းယူပြီး မကြည့်ဘဲဘေးချထားလိုက်ကာ_

''လောင်ချန်ရဲ့အကြံပြုချက်ကို ကျွန်တော်စိတ်မပူပါဘူး... မန်နေဂျာလု ခင်ဗျားဒီနေ့အလုပ်စဆင်းလို့ရပြီ... ခင်ဗျားကိုင်တွယ်ဖို့လိုအပ်နေတဲ့ ဝယ်ယူထားတာတွေအများကြီး လောလောလတ်လတ်ရှိနေတာ''

ထိုမန်နေဂျာလု၏နာမည်က လုယုံ။ ပင်လယ်ပြာအဖွဲ့၏အဝယ်ဌာနမန်နေဂျာတစ်ဦးပင်။

ချင်းလင်စံအိမ်၏ဌာနဖွဲ့စည်းပုံက ရိုးရှင်းပြီးအကြမ်းထည်ဖြစ်နေသည်။ အခုမွေးမြူရေးခြံကဖွင့်တော့မည်ဖြစ်ပြီး စံအိမ်အတိုင်းအတာက သုံးဆကျော်တက်သွားသည်။

ဒီအချိန်မှာ မွေးမြူရေးခြံက စံအိမ်ထက်ပိုပြီးဝန်ထမ်းများထပ်ခေါ်ရန်လိုနေသောကြောင့် ဌာနဖွဲ့စည်းပုံကိုပြည့်ပြည့်စုံစုံလုပ်ထားရပေမည်။

နောက်ပြီး အဝယ်ဌာနက အရေးအကြီးဆုံးပင်။

အရင်က စံအိမ်၏ဝယ်ယူခြင်းအပိုင်း၊ ဝန်ထမ်းရေးရာအပိုင်းကို ကျောက်မိုချင်းကိုယ်တိုင်ကိုင်တွယ်သည်။ အခုတိုးချဲ့နေပြီဖြစ်၍ ကျောက်မိုချင်းမလုပ်နိုင်တော့။ ထို့ကြောင့် အဝယ်တာဝန်ခံတစ်ဦးရှာဖို့အရေးတကြီးလိုနေသည်။

စံအိမ်ကဘယ်ဝန်ထမ်းမှဒီတာဝန်မယူနိုင်သောကြောင့် တာဝန်ခံကိုအပြင်ကရှာပြီးဆွဲခေါ်ရသည်။

ချန်ရှန်းဖေသိသောအခါ လုယုံကိုအကြံပြုပေးသည်။

လုယုံမှာ ပင်လယ်ပြာအဖွဲ့၏အဝယ်ဌာနမှကြီးကြပ်သူသာဖြစ်သော်လည်း မန်နေဂျာထက်တောင်လုပ်နိုင်စွမ်းရှိသည်။ သို့သော် ပင်လယ်ပြာအဖွဲ့၏အဝယ်ဌာနမန်နေဂျာကလည်းလုပ်ရည်ကိုင်ရည်ရှိသဖြင့် လုယုံကိုရာထူးတိုးပေးလို့မရချေ။



ဒီလိုအခြေအနေမျိုးမှာ လုယုံကအခွင့်အရေးစောင့်ရင်စောင့်၊ မစောင့်ရင်ခုန်တက်ရပေမည်။ သူဌေးကောင်း ဒါမှမဟုတ် ခေါင်းဆောင်ကောင်းတစ်ယောက်ယောက်နဲ့တွေ့ရင် တခြားကုမ္ပဏီမှာသူ့ကိုမန်နေဂျာခန့်ပေးဖို့အကြံပြုပေးမည်။

ထို့ကြောင့် ချန်ရှန်းဖေကလုယုံကိုထောက်ခံပေးခြင်းပင်။

နောက်ပြီး လောင်ချန်အကြံပြုတဲ့သူက လုံးဝသင့်တော်သည်ဟုလည်း ချင်လင်ယုံကြည်သည်။ ထို့ကြောင့် ပုံမှန်လုပ်ရိုးလုပ်စဉ်အင်တာဗျူးမျိုးလုပ်ရန်မလိုပေ။ တစ်ဖက်လူကိုပိုအာရုံစိုက်ပေးပြီး သူတို့စိတ်ကိုအရယူထားမည်။

''ဥက္ကဌချင် စိတ်မပူပါနဲ့... ကျွန်တော်သေချာပေါက်လုပ်ထားလိုက်မယ်''

ချင်လင်၏လုပ်ရပ်ကြောင့် လုယုံရင်ထဲနည်းနည်းထိသွားသည်။

ဘာပဲဖြစ်ဖြစ် ယုံကြည်ခံရတာမကြိုက်တဲ့သူရှိလား?

နောက်ပြီး သူကအလုပ်ကိုစောင့်စားနေသူ။ သူကကြီးကြပ်သာဖြစ်သော်လည်း ဒါရိုက်တာချန်က သူ့ကိုချင်းလင်စံအိမ်လာဖို့ပြောခဲ့သည်။ စံအိမ်ကလျင်လျင်မြန်မြန်ချဲ့ထွင်နေသောကြောင့် သူ့ရှေ့မှာတိုးတက်မည့်အခွင့်အရေးရှိနေသည်။ လစာက ပင်လယ်ပြာအဖွဲ့ထက်နည်းမည်မဟုတ်ပေ။

ချင်လင်နှင့်လုယုံက လက်ဖက်ရည်ခဏသောက်ပြီး အလုပ်ခေါ်ကိစ္စများကိုင်တွယ်ရန် ဝန်ထမ်းရေးရာဌာနသို့ သူကိုယ်တိုင်ခေါ်သွားလိုက်သည်။

ဒါက လုယုံကိုတန်ဖိုးထားသည်ဟုခံစားရစေပြီး ထိုအချိန်အတွင်းအားအင်များပြည့်သွား၏။

ချင်းလင်စံအိမ်ဝန်ထမ်းရေးရာဌာနမှာ အလွန်ရိုးရှင်းသည်။ ကျောက်မိုချင်းခေါ်ထားသော စီရင်စုထဲမှပြည်သူ့ဝန်ဆောင်မှုစာမေးပွဲမအောင်သည့်မိန်းကလေး ၄ ဦးသာရှိသည်။

ဒီရက်ပိုင်း မွေးမြူရေးခြံတိုးချဲ့ခြင်းကြောင့် ချင်းလင်စံအိမ်မှာဝန်ထမ်းရေးရာများအလုပ်ရှုပ်နေသည်။

တစ်ချိန်တည်းမှာ မွေးမြူရေးခြံဖွင့်ပြီး စံအိမ်ဝန်ထမ်းရေးရာဌာနတွင် လူထပ်ခေါ်တော့မည်။ ထို့နောက် အတွေ့အကြုံရှိသောတာဝန်ခံ HR ကိုဆွဲခန့်ရမည်။

မည်သို့ဆိုစေ ပြဌာန်းချက်များ၊ လူသစ်ခေါ်သည့်ကိစ္စများ၊ လေ့ကျင့်ပေးခြင်း၊ တက်ရောက်ခြင်း၊ ဝန်ထမ်းစည်းကမ်းနှင့် တခြားလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများ၊ စံအိမ်တစ်ခုလုံး၏ဝန်ထမ်းရေးရာကိစ္စများစီစဉ်ရန်တာဝန်ယူရပေမည်။ ဝန်ထမ်းအင်အားကိုအသုံးချပြီး ထိထိရောက်ရောက်တိုးတက်မှုရှိစေရန် ဌာနအသီးသီးနှင့်ပူးပေါင်းလုပ်ဆောင်ခြင်း၊ ကုမ္ပဏီ၏ပြဌာန်းချက်များဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း တာဝန်ယူရပေမည်။

ဒါကျောက်မိုချင်းဆွဲခေါ်ထားတဲ့မိန်းကလေး ၄ ယောက်မဟုတ်။

စံအိမ်ကလျင်လျင်မြန်မြန်ဖွံ့ဖြိုးနေပြီး တိုးတက်ဖို့အခွင့်အရေးက သူတို့မျက်စိရှေ့မှာရှိနေသည်။ သို့သော် ဝန်ထမ်းဟောင်းများကိုသာ အကန့်အသတ်မရှိ၊ အခြေအနေမရှိဘဲရာထူးတိုးပေးဖို့မဖြစ်နိုင်။ ဒါကအကျိုးရှိမည်မဟုတ်ပေ။

ဝန်ထမ်းဟောင်းများကို အခွင့်အရေးသာပိုပေးနိုင်သည်။ ဝန်ထမ်းဟောင်းများကတာဝန်မထမ်းဆောင်နိုင်ရင် အပြင်မှအသစ်ခန့်ဖို့လိုသည်။

လုယုံကိုဝန်ထမ်းရေးရာဌာနခေါ်လာရုံရှိသေး၊ ချန်တပေကလူငယ်တစ်ယောက်နှင့်ရောက်လာသည်ကို ချင်လင်တွေ့လိုက်ရသည်။

ထိုလူငယ်ကိုမြင်လျှင်ရင်းနှီးသလိုလိုဖြစ်နေပြီး ချင်လင်အံ့ဩသွားသည်။

ဒါမနေ့ညက မင်းသမီးချီပွဲဝင်ပြိုင်ခဲ့တဲ့လူငယ်မလား?

ထိုအချိန်တွင် သူနည်းနည်းအံ့ဩသွားသည်။ ဘာပဲဖြစ်ဖြစ် လူသန်ကြီးအပြင် ဒီလူငယ်ကလည်း ခက်ခက်ခဲခဲမင်းသမီးချီနည်းနဲ့သူ့ကောင်မလေးကိုချီထားနိုင်သည်။ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်အောင်သေချာလုပ်ထားသောလူသန်ကြီးထက်ပိုကြာကြာခံခြင်းပင်။



All Chapters