← Chapters

တိရစ္ဆာန်များဝယ်ယူခြင်း! မွေးမြူရေးခြံအဆင့်မြှင့်! အထူးလက်ဆောင်! ၂

Vol. 32 Ch. 478

တိရစ္ဆာန်များဝယ်ယူခြင်း! မွေးမြူရေးခြံအဆင့်မြှင့်! အထူးလက်ဆောင်! ၂

Vol. 32 Ch. 478

ဒါသူ့ရဲ့အင်အားနဲ့ခံနိုင်ရည်ကမဆိုးဘူးဆိုတဲ့သဘော။

လူငယ်ကချင်လင်ကိုတွေ့သောအခါ သူမျက်နှာမှာလည်းအံ့ဩမှုကအတိုင်းသား။ မနေ့ညက သူနဲ့သူ့ကောင်မလေး စုံတွဲမင်းသမီးချီနည်းမှာဝင်ပြိုင်ခဲ့ပြီး ချင်လင်ကိုသူတော်တော်အထင်ကြီးသွားသည်။

တစ်ဖက်လူရဲ့အင်အားနဲ့ခံနိုင်ရည်က သူလိုသေချာရွေးချယ်လေ့ကျင့်ထားတဲ့အထူးတပ်ဖွဲ့ဝင်တောင်မယှဉ်နိုင်ဘူးမလား?

ဒီနေ့ သူ့ကောင်မလေးရဲ့ဦးလေးနဲ့ချင်းလင်စံအိမ်လိုက်လာပြီး သူနဲ့ထပ်ဆုံရပြန်သည်။ သူ့ကိုချင်းလင်စံအိမ်ဝန်ထမ်းဖြစ်မည်ဟုမထင်မိပေ။

သို့ရာတွင် သူ့ကောင်မလေးဦးလေးက တစ်ဖက်လူကိုရိုရိုသေသေနှင့် ''သူဌေး''ဟုနှုတ်ဆက်လိုက်သောကြောင့်လူငယ်အံ့ဩသွားသည်။

ချင်လင်ကလူငယ်ကိုကြည့်ပြီး ချန်တပေအားစူးစမ်းလိုက်သည်_

''မန်နေဂျာချန်... သူက?''

''သူဌေး... သူကကျွန်တော့်ဆွေမျိုးမိန်းကလေးရဲ့ကောင်လေးပါ... သူ့နာမည်က ဟွမ်ကျုံးပင်တဲ့... သူလည်းအနားယူထားတဲ့စစ်သားပဲ... စံအိမ်ကလုံခြုံရေးခေါ်နေလို့... သူကအလုပ်ရှာနေတာနဲ့ သူ့ကိုလာလျှောက်ကြည့်ခိုင်းတာ''

ဟွမ်ကျုံးပင်ကြောင်သွားသည်။ ချင်လင်ဘယ်သူမှန်းသိပြီး သူလန့်သွား၏။



တစ်ဖက်လူကိုချင်းလင်စံအိမ်ပိုင်ရှင်ဟု သူမထင်မိ။ သူအနားယူပြီးရုံချန်းပြန်လာတော့ ချင်းလင်စံအိမ်ပိုင်ရှင်အကြောင်း လူတွေပြောနေတာကြားဖူးသည်။

ချင်းလင်စံအိမ်ပိုင်ရှင်ကဘယ်လိုပုံစံဖြစ်မလဲဟု အတော်များများစပ်စုနေကြပြီး သူ့မွေးရပ်မြေမှလူတစ်ယောက်က ချင်းလင်စံအိမ်ပိုင်ရှင်ကိုအသက် ၃၈ ဖြစ်မည်ဟုဆိုကာ အသေးစိတ်တောင်ကျိန်ပြောပြလေသည်။

အရင်ကယုံခဲ့ပေမဲ့ အဲဒီလူကငကြွားသက်သက်ပဲ။

ဒါပေမဲ့ ချင်းလင်စံအိမ်ပိုင်ရှင်ကိုဒီလောက်ငယ်မယ်လို့ဘယ်သူထင်မှာလဲ? သူ့ထက်သုံးလေးနှစ်လောက်ငယ်ပြီး စံအိမ်ထဲမှာဘယ်သူကမှသူဌေးလို့မထင်အောင်သိုသိုသိပ်သိပ်နေလွန်းသည်။ အလွန်ဆုံး ဝန်ထမ်းဟုသာထင်ကြပေမည်။

သို့သော် သူ့အသက်အရွယ်နှင့် ချင်းလင်စံအိမ်၊ ချင်းလင်ကုမ္ပဏီကိုတည်ထောင်ဖို့စီမံနိုင်သည်မှာ 'အံ့ဩဖို့ကောင်းသည်'ဟူသောစာလုံးနှင့်ဖော်ပြ၍မရ။ တစ်နိုင်ငံလုံးမှာတောင် သူလိုလူငယ်ကိုရှာတွေ့ဖို့မဖြစ်နိုင်ချေ။

ချင်လင်လည်းဟွမ်ကျုံးပင်ကိုကြည့်ပြီး_

''အလုပ်ကောင်းကောင်းလုပ်ပါ!''

ဟွမ်ကျုံးပင်ကခဏ​ကြောင်သွားပြီးမှ မြန်မြန်ပြောလိုက်သည်_ ''ဟုတ်ကဲ့... သူဌေး!''

သူ့သဘောထားက အလွန်လေးလေးစားစားနှင့်။

ထိုလေးစားမှုက သူ့ရင်ထဲမှအခြေခိုင်ဖြစ်လာခြင်းပင်။ သူ့မျက်စိထဲတွင် ချင်းလင်စံအိမ်ပိုင်ရှင်ကပြိုင်ဘက်ကင်းဖြစ်ပြီး ချင်းလင်စံအိမ်မှာအလုပ်လုပ်ဖို့မျှော်လင့်နေခဲ့သည်။

သူကအနားယူထားတဲ့စစ်သားဆိုရင်တောင် အလားအလာတွေတသီကြီးနှင့်ကုမ္ပဏီမှန်းသူသိသည်။ သူဌေးက အားကောင်းကောင်းနှင့်ပဲ့ကိုင်သူလူငယ်တစ်ယောက်။ ကုမ္ပဏီက ရှေ့ရေးကောင်းပြီး အခွင့်အရေးတွေအများကြီးရှိသည်။

ချင်လင်ကခေါင်းညိမ့်ပြီး လုယုံကိုလည်းဝန်ထမ်းရေးရာရုံးခန်းထဲခေါ်သွားလိုက်သည်။

စံအိမ်ထဲအဆက်အစပ်ရှိသူတွေဝင်တာ စံအိမ်စီမံရေးအတွက်ပုံမှန်ပင်။ အလွန်အကျွံမဟုတ်သရွေ့သူတို့ခေါ်လာသူတွေက အလုပ်ကောင်းကောင်းလုပ်သည်၊ လုပ်နိုင်စွမ်းရှိသည်၊ တက်ကြွသည်။

ဝန်ဆောင်မှုလုပ်ငန်းက တခြားကုမ္ပဏီများနှင့်မတူ။ ဒီလိုလူမှုရေးအလေ့အကျင့်များကို မျက်စိစုံမှိတ်မလုပ်သရွေ့ ခွင့်ပြုထားသည်။

ကမောက်ကမဖြစ်လောက်အောင်တုံးတဲ့သူတွေခေါ်လာရင်တော့ သူတို့လုပ်စရာရှိတာလုပ်ရပေမည်။ ချင်းလင်စံအိမ်မန်နေဂျာဖြစ်ချင်သူတွေလည်းအများကြီးရှိသည်။

“သူဌေး!”

“သူဌေး!”

ချင်လင်ဝင်လာသည်ကိုမြင်လျှင် ဝန်ထမ်းရေးရာဌာနမှမိန်းကလေးများကမတ်တပ်ရပ်ပြီး နှုတ်ဆက်ကြသည်။

''ဒီမန်နေဂျာလုကို ဝန်ထမ်းခန့်တဲ့လုပ်ငန်းစဉ်တွေလုပ်ပေးလိုက်ပါ''

ချင်လင်လည်း လုယုံ၏ကိုယ်ရေးအကျဉ်းနှင့်အချက်အလက်ကို မိန်းကလေးတစ်ယောက်ဆီပေးလိုက်သည်။

မိန်းကလေးကစာဖိုင်ယူပြီး အချိန်မဆွဲရဲသဖြင့်ချက်ချင်းလုပ်ပေးလိုက်သည်။

လုယုံကိုဝန်ထမ်းခန့်လုပ်ငန်းစဉ်များနှင့်စာချုပ်လက်မှတ်ထိုးဖို့ကူညီပေးပြီး ချင်လင်ကလုယုံကိုသူ့ရုံးခန်းပြန်ခေါ်လာကာ အဝယ်စာရင်းလွှဲပေးလိုက်သည်_

''မန်နေဂျာလု... ဒါခင်ဗျားအလုပ်ဝင်ဝင်ချင်းလုပ်ရမယ့်ပထမဆုံးကိစ္စပဲ''

အဝယ်စာရင်းမှာ မွေးမြူရေးခြံမှဝယ်ရန် သူနှင့်ကျောက်မိုချင်းရွေးထားသောပထမအသုတ်တိရစ္ဆာန်များပင်။

ပထမဆုံးက မြင်း။

အပြေးလမ်းကြောင်းက မြင်းပြိုင်ပွဲအတွက်အထူးလမ်းကြောင်းဖြစ်သည်။ စာချုပ်ချုပ်ထားသောမြေဧက ၅၀၀၀ မှ ဧက ၂၀၀ ကိုအပြေးလမ်းကြောင်းဆောက်ရန်သီးသန့်သုံးထားသည်။ စစချင်း အနည်းဆုံးမြင်းအကောင် ၅၀ ဝယ်ပြီး မြင်းယဉ်အောင်လေ့ကျင့်ပေးရမည်။ မဟုတ်ရင် ခရီးသည်များကိုထိခိုက်နိုင်သည်။



ပိုကောင်းတဲ့မြင်းဝယ်ချင်ရင် ဒီအတွက်တင်ယွမ်သန်းချီကျနိုင်သည်။ နောက်ပြီး နောက်ဆက်တွဲအစာကျွေးရမည့်စရိတ်က ပိုတောင်သာသည်။

နောက်နှစ်မျိုးက နွားနဲ့သိုး။

ဒီကောင်တွေကလည်း စားကျက်​မြေအတွက်မရှိမဖြစ်တိရစ္ဆာန်များပင်။ သို့သော် စားကျက်မြေ၏တစ်ဖက်ခြမ်း စားကျက်​မြေမှာအရင်ဆုံးပြောင်းရွှေ့စိုက်ထားပြီး သူကျဲထားသောမျိုးစေ့များကဒီလောက်မြန်မြန်မပေါက်လောက်သေး၍ လတ်တလော နွားနှင့်သိုးအကောင်ရေအများကြီးဝယ်လို့မရသေး။

ပြီးရင် ကြက်၊ ဒေါင်း၊ ဝက် စသည်။

နောက် ကုလားအုပ်။

ကုလားအုပ်များမှာ ရှုမျှော်ခင်းနေရာများတွင် အလွန်ရေပန်းစားသောတိရစ္ဆာန်များဖြစ်သည်။

တိရစ္ဆာန်များဝယ်ပြီးနောက် တိရစ္ဆာန်တချို့အတွက်အစာများနှင့်သက်ဆိုင်ရာအစာကျွေးတန်ဆာပလာများလိုသည်။

ထို့ကြောင့် လုယုံရောက်ရောက်ချင်း သူအလုပ်ရှုပ်ရလိမ့်မည်။ အချိန်တစ်ခုအထိတော့ သူပြေးလွှားနေရဦးမည်။

လုယုံကလည်း အလွန်တက်ကြွသူ။ တာဝန်ရသည်နှင့် နေ့လယ်ပိုင်းအလုပ်စတော့သည်။ ကျောက်မိုချင်းဆီခရီးသွားစရိတ်တင်ပြီး တိရစ္ဆာန်ရောင်းဝယ်ရေးနေရာတချို့ကိုသွားသည်။

အင်တာနက်မှာတိရစ္ဆာန်ပုံတွေကြည့်နေလို့မဖြစ်။ လက်ညိုးတစ်ချက်နှိပ်ပြီးမှာနိုင်သော်လည်း သူကိုယ်တိုင်အတည်ပြုဖို့ အိမ်တိုင်ယာရောက်သွားရမည်။

နေ့လယ်ပိုင်းတွင် တောင်တန်းစံအိမ်၏ရှုမျှော်ခင်း 4A ပေးအပ်ပွဲအခမ်းအနားတရားဝင်စတင်သည်။ ရုံချန်းခရီးသွားဌာနမှညွှန်မှူးအသစ်က တောင်တန်းစံအိမ်သို့ရှုမျှော်ခင်း 4A ဂုဏ်ပြုတံဆိပ်များပေးအပ်သည်။

ထိုတံဆိပ်များကို ပင်မဝင်ပေါက်၊ ပင်မခန်းမနှင့် သူဌေးရုံးခန်းတွင်ချိတ်ဆွဲထားမည်။

......

နောက်ရက်ပိုင်းတွင် မူလချင်းလင်စံအိမ်ဆောက်လုပ်ရေးကြောင့်ကာထားသောနံရံမှာ လုံးဝဖြိုချလိုက်ပြီဖြစ်ကြောင်း တဖြည်းဖြည်းလူတွေတွေ့သွားကြသည်။

တစ်စတစ်စနှင့် မွေးမြူရေးခြံကိုမြင်သွားကြ၏။

အင်တာနက်ပေါ်တွင် မွေးမြူရေးခြံတစ်ခုလုံးကိုဗီဒိယိုတင်ထားသူတောင်ရှိသည်။

ထိုအချိန်ကျမှ ခြံကသူတို့ထင်တာထက်ပိုကြီးကြောင်းသိကြသည်။ စံအိမ်မူလနေရာတောင် လက်ရှိခြံအရှေ့မှာဖြစ်နေလေသည်။



All Chapters