← Chapters

သောမတ်ပေးသော ညလင်းကျောက်စိမ်းခြင်္သေ့နှင့်မျိုးစိတ်ပြောင်းမြက်!

Vol. 32 Ch. 480

သောမတ်ပေးသော ညလင်းကျောက်စိမ်းခြင်္သေ့နှင့်မျိုးစိတ်ပြောင်းမြက်!

Vol. 32 Ch. 480

ချင်လင်က အဆင့်တက်သောအချက်အလက်များကိုကြည့်ပြီး မွေးမြူရေးခြံထဲဝင်လိုက်သည်။

ထင်တဲ့အတိုင်း အထဲမှာနေရာသစ်ရှိနေသည်။

ထိုနေရာသစ်က စိုက်ခင်းအစတုန်းကလို ပေါင်းပင်များ၊သစ်ငုတ်တိုများနှင့်ကျောက်များဖုံးနေသည်။ မွေးမြူရေးခြံစည်းရိုးနှင့်မကာထားဘဲ မြေရိုင်းဖြစ်နေဆဲပင်။

ညွှန်ကြားချက်အရ မြေအဆင့်မမြှင့်နိုင်ခင် ဒါတွေအားလုံးရှင်းဖို့လိုသည်။

မွေးမြူရေးခြံအဆင့်မြှင့်ပြီးနောက် ပိုအဆင့်မြင့်သောခြံများဆောက်၍ သက်ဆိုင်ရာမွေးမြူရေးတိရစ္ဆာန်အကောင်ပေါက်များဝယ်ယူနိုင်သည်။

ဒါကလည်း အရင်မြေနှင့်မတူ။

မြေကပွင့်တာနဲ့ ဖွံ့ဖြိုးအောင်လုပ်၊အဆင့်မြှင့်ပြီးရင် သက်ဆိုင်ရာမျိုးစေ့များတန်းစိုက်ပျိုးနိုင်သည်။

ထို့နောက် ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား ပေါင်းပင်များ၊သစ်ငုတ်တိုများနှင့်ကျောက်တုံးများကိုရှင်းစေလိုက်သည်။

အရင်ကအဆင့်တက်တိုင်း အသစ်ပွင့်သောမြေကိုရှင်းရတာအဆင်ပြေသည်။



မွေးမြူရေးခြံအသစ်က အရင်ခြံများပေါင်းထားသည်ထက်ပိုကြီးသောကြောင့် သန့်ရှင်းရေးလုပ်ဖို့ဝန်ကျယ်ပြီးဒုက္ခများသည်။

သူအားလပ်ချိန်တိုင်းလိုလို ထိုနေရာကိုသန့်ရှင်းသော်လည်း ညရောက်သည်အထိမပြီးနိုင်သေး။

သူဂိမ်းထဲဝင်လိုက်ရင် ဧကရာချီလောက်ရှိမယ် ဟုတ်တယ်မလား?

အလုပ်မှအိမ်ရောက်သောအခါ လက်လျှော့လိုက်ပြီး မနက်ဖြန်မှသန့်ရှင်းဖို့သာစောင့်ရတော့မည်။

ဘာပဲဖြစ်ဖြစ် ညကျရင်ပိုအရေးကြီးသောလုပ်စရာရှိနေသည်။

နောက်တစ်နေ့ ချင်လင်ကပစ္စည်းအားလုံးစံအိမ်ပို့ပြီး သန့်ရှင်းရေးဆက်လုပ်မည်အပြုတွင် လီခိုင်ကအလောတကြီးသူ့အခန်းပေါက်ရောက်လာကာ_

''ညီလေးချင်... ဒီမျိုးစေ့နှစ်စေ့ကိုကြည့်စမ်း''

''သခွားမျိုးစေ့... ကျွန်တော်တို့အခုသိမ်းပြီးစိုက်လို့ရပြီလား?''

ချင်လင်အံ့ဩသွားသည်။

အလှအပသခွားမျိုးစေ့များပင်။

''အင်း!'' လီခိုင်ကခေါင်းညိမ့်ပြီး_

''ငါမျိုးစေ့တွေစစုနေပြီ... စမ်းသပ်ကြည့်တော့ ဒီမျိုးစေ့နှစ်စေ့ရဲ့အရည်အသွေးကမတူမှန်းသိရတယ်... ပိုကြီးတဲ့မျိုးစေ့မှာ ဓာတ်တွေပိုပါတယ်... ဒီတော့ဒါကိုစိုက်ရင် အလှအပအာနိသင်ပိုကောင်းလိမ့်မယ်... သေးတဲ့ဟာက အာနိသင်ပိုညံ့မယ်''

ဘာအဓိပ္ပါယ်လဲ ချင်လင်သဘောပေါက်သည်။ အရည်အသွေး ၁ မျိုးစေ့နဲ့ အရည်အသွေး ၂ မျိုးစေ့။

ဖရဲမျိုးစိတ်အသစ်လိုပင်။ လက်တွေ့လောကမှအရည်အသွေး ၂ မျိုးစေ့ကိုစုဆောင်းပြီး အလှအပသခွားသီးအဖြစ်စိုက်လျှင်လည်း အရည်အသွေးအတူတူဖြစ်သည်။

ဒါသတင်းကောင်းပဲ။



ဒီအလှအပသခွားသီးကိုမတိုးမြှင့်ဘဲ စံအိမ်ရဲ့ပြိုင်ဘက်ကင်းထုတ်ကုန်အဖြစ်သာသဘောထားရင် အရည်အသွေးမြင့်နှင့်အရည်အသွေးနိမ့်ထုတ်ကုန်အဖြစ်ခွဲခြားထားနိုင်သေးသည်။

နောင်မှာ အရည်အသွေး ၂ ကို စံအိမ်ရဲ့ VIP ဧည့်သည်များအတွက်သက်သက်ထားပြီး အရည်အသွေး ၁ ကိုသာမန်ခရီးသည်များအတွက်ထားမည်။ တန်ဖိုးချင်းတူလိမ့်မည်မဟုတ်။

စံအိမ်ရဲ့ VIP ဖြစ်မှတော့ နောင်မှာအဆင့်သတ်မှတ်ချက်ကြားတွင်ကွာခြားမှုရှိမည်။

ထိုအတွေးနှင့် ချင်လင်ကခြံထဲမှအလုပ်ကိုခဏဆိုင်းထားပြီး သခွားမျိုးစေ့စုဆောင်းရန် မူလခန်းမအနောက်ဘက်စိုက်ခင်းထဲ လီခိုင်ကိုဆွဲခေါ်သွားလိုက်သည်။ သခွားသီးတိုင်းတွင် ပိုကြီးသောမျိုးစေ့တချို့ပါကြောင်းတွေ့ရသည်။

အလှအပသခွားသီးတချို့ယူပြီး ရုံးခန်းထဲလည်းမျိုးစေ့နည်းနည်းပြန်ယူလာခဲ့သည်။ ထို့နောက် တံခါးလော့ချပြီးဂိမ်းထဲဝင်ကာ မျိုးစေ့အချက်အလက်ကိုစစ်ဆေးကြည့်လိုက်သည်:

''အလှအပသခွားမျိုးစေ့: အရည်အသွေး ၂''

(အထူးသခွားမျိုးစေ့ဖြစ်သည်။)

''အလှအပသခွားမျိုးစေ့: အရည်အသွေး ၁''

(အထူးသခွားမျိုးစေ့ဖြစ်သည်။)

ထင်တဲ့အတိုင်း ပိုကြီးတဲ့အစေ့က အရည်အသွေး ၂။ အသေးက အရည်အသွေး ၁။

နောက်ပြီး လက်တွေ့လောကမှာစုဆောင်းတဲ့မျိုးစေ့က မှတ်ချက်အစဉ်လိုက်မရှိ။ ဂိမ်းထဲကထုတ်တဲ့မျိုးစေ့နဲ့မတူမှန်းသိသာသည်။ လက်တွေ့လောကရဲ့ထုတ်ကုန်တွေဖြစ်နေပြီ။

အခုသူ့မှာ လက်တွေ့လောကရဲ့အရည်အသွေး ၂ မျိုးစေ့ရှိနေပြီ။ အရည်အသွေး ၂ သခွားသီးစိုက်ရန် မြေတစ်ကွက်သတ်မှတ်ထားရမည်။



အချက်အလက်အတည်ပြုပြီးနောက် ချင်လင်ကဂိမ်းထဲမှထွက်လာခဲ့သည်။

အလှအပသခွားသီးစိုက်ဖို့က ချက်ချင်းမပြီး။ ဘာပဲဖြစ်ဖြစ် သခွားမျိုးစေ့ကိုမစိုက်နိုင်သေးခင် လုပ်ငန်းစဉ်ထားရမည်။

ထို့ကြောင့် သူ့အာရုံကိုအသစ်ဖွင့်ထားသောမွေးမြူရေးခြံဆီပြန်ထားလိုက်၏။ ပေါင်းပင်များ၊သစ်ငုတ်တိုများ၊ကျောက်တုံးများပြန်ရှင်းရာ အားလုံးပြီးအောင်နေ့ဝက်လောက်အချိန်ပေးလိုက်ရသည်။

နောက်ဆုံးကျောက်တုံးကိုချင်လင်ကရှင်းပြီးသည်နှင့်တပြိုင်တည်း စနစ်၏အသိပေးသံထွက်လာသည်။

(ခြံကိုအဆင့်မြှင့်ဖို့လိုအပ်ချက်နဲ့ပြည့်စုံသွားပါပြီ။ အဆင့်မြှင့်ချင်ပါသလား?)

ချင်လင်ကလက်နှေးမနေဘဲ အဆင့်မြှင့်မည်ကိုရွေးလိုက်သည်။

ဂိမ်းထဲတွင် မွေးမြူရေးခြံ၏မူလခြံစည်းရိုးကိုတွေ့ရသည်။ ထိုခြံစည်းရိုးကနေရာအသစ်ထိရောက်လာပြီး သူရှင်းထားသောနေရာကိုခတ်လိုက်သည်။

ရှင်းထားသောနေရာကိုအလုံကာပြီးသောအခါ စနစ်အသိပေးသံထွက်လာပြန်သည်။

(မွေးမြူရေးခြံအဆင့်မြှင့်တင်ခြင်းအောင်မြင်သွားပါပြီ!)

တစ်ချိန်တည်းလိုလို မြို့တော်ဝန်သောမတ်မှာ ခေါင်းပေါ်တွင်အံ့ဩနေသောအဝါရောင်အမှတ်အသားနှင့် ခြံပေါက်ဝတွင်ပြန်ပေါ်လာသည်။ သူ့ဇာတ်ကွက်နဲ့တွေ့ပြီ။

ချင်လင်ကသူ့ဇာတ်ကောင်ကိုခြံပေါက်ဝသွားစေလိုက်ရာ ချက်ချင်းစကားပြောပေါ်လာသည်။

(ဒီလောက်မြန်မြန်နဲ့ မွေးမြူရေးခြံအသစ်ဖွင့်မယ်မထင်မိဘူး... ဒီတော့ မြို့တော်ကကောင်လေးတစ်ကောင်ပေးမယ်... မွေးမြူရေးခြံမှာ နေရာအသစ်ဖွင့်ရင် ကောင်လေးပြေးစရာရှိလာလိမ့်မယ်!)

သောမတ်ကပြောပြီး ခြံထဲမှထွက်သွားသည်။ ခဏအကြာ ကာတွန်းပုံမြင်းဖြူလေးခေါ်လာ၏။

ထိုအကောင်ကိုမြင်လျှင် ချင်လင်မျက်လုံးများအရောင်တောက်သွားသည်။

တကယ်မြင်းပဲ။ အရမ်းလှတဲ့အဖြူဆွတ်ဆွတ်မြင်းလေး။

ဂိမ်းကာတွန်းပုံကိုကြည့်လိုက်ရာ မြင်းကမြင်းပေါက်ဖြစ်နေ၍စီးလို့မရသေး။ မြင်းကို ၅ နှစ်ကျော်မှသာစီးနိုင်သည်။

သောမတ်စကားပြောပေါ်လာ၏။

(မြို့ထဲရှိနတ်ဘုရားမတောင်ပေါ်မှတွေ့သောမြင်းပေါက်ဖြစ်သည်။ လမ်းပျောက်နေပုံရပြီး မည်သည့်ပိုင်ရှင်မှလာမရှာသောကြောင့် မြို့တော်ကပိုင်ရှင်မဲ့ဟုသတ်မှတ်ထားသည်။ ယခုသင့်ဆီပေးလိုက်မည်။ သင့်ရဲ့မွေးမြူရေးခြံကိုသဘောကျပါလိမ့်မည်။)

(အလွန်နာခံတတ်သောကြောင့် သင်လည်းသဘောကျပါလိမ့်မည်။ မြင်းမွေးမြူလျှင် တိရစ္ဆာန်ကုန်သည်ဆီသွား၍ မြင်းကုန်းနှီးနှင့်မြင်းစီးကိရိယာများဝယ်ပြီး မြင်းစီးစွမ်းရည်လေ့ကျင့်နိုင်သည်!)



All Chapters