← Chapters

အခန်း (၁၃၅၉)

Vol. 97 Ch. 1359

အခန်း (၁၃၅၉)

Vol. 97 Ch. 1359

“ငါ့ရဲ့ နည်းလမ်းက စကြဝဠာအဆင့်လက်နက်ကို ပြုပြင်နိုင်တယ်”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

“ဒါပေမဲ့ စကြဝဠာအဆင့် ဖြစ်နေ‌တော့ ကုန်ကျစရိတ်များလိမ့်မယ်”

ဟန်မူယဲ့၏စကားကြောင့် လုကျီရှုက ညင်သာစွာ ခေါင်းညိတ်သည်။

အမှန်ပင်ဖြစ်သည်။

စကြဝဠာအဆင့် လက်နက်သည် အလွန်တန်ဖိုးကြီးသည်။

ထိခိုက်ထားသော စကြဝဠာအဆင့်လက်နက်သည် တစ်ခုခု မှားယွင်သွားလျှင် ပြင်းထန်သော ဖျက်ဆီးနိုင်စွမ်းကို ထုတ်လွှတ်ပေးလိမ့်မည်။

ထိုလက်နက်မျိုးကို သာမန်လူတစ်ယောက်က မပြုပြင်နိုင်ပေ။

“ဘိုးဘေးက မင်းကို စကြဝဠာနယ်မြေဆီ တိုက်ရိုက်လာစေချင်နေတယ်”

လုကျီရှုက ပြုံးလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ဒါပေမဲ့ ငါက အလျင်မလိုပါဘူး။ ညီအစ်ကိုဟန်က စီစဉ်စရာရှိတာကို စီစဉ်ထားလို့ရပါတယ်”

“ဝမ်ကျင်းမြို့က စကြဝဠာနယ်မြေနဲ့ နည်းနည်းဝေးတယ်။ သုံးနှစ်၊ ငါးနှစ်လောက် အချိန်ဆွဲထားနိုင်တယ်”

ကျင့်ကြံသူတစ်ယောက်အတွက် သုံးနှစ်၊ ငါးနှစ်သည် အလွန်တိုးတောင်းသည်။

ဟန်မူယဲ့က ထိုအချိန်အတွင်း ကိစ္စရပ်များကို ဖြေရှင်းနိုင်သည်ဟု တွက်ချက်ကြည့်လိုက်သည်။

လုကျီရှုက ဟန်မူယဲ့ကို အချိန်ပေးထားသည်။ သူက စကြဝဠာနယ်မြေသို့ ဟန်မူယဲ့နှင့်အတူ ပြန်သွားမည်ဟု သဘောတူခဲ့သည်။

ကျင်းဝူနှင့် တခြားလူများက ဟန်မူယဲ့ဆီသို့ အလည်ရောက်လာကြသည်။ ဟန်မူယဲ့က နှစ်အနည်းငယ်အတွက် စကြဝဠာနယ်မြေသို့ သွားတော့မည်ဟု သိလိုက်ရသောအခါ သူတို့က အားကျနေကြသည်။

ပန်းပဲပညာရှင်အစည်းအရုံး၏ ပင်မအကြီးအကဲ အများအပြားသည် ဝမ်ကျင်းမြို့နှင့် လေဟာနယ်မြို့များတွင် နေထိုင်လေ့မရှိကြပေ။

အများစုသည် စကြဝဠာနယ်မြေတွင် နေရာတစ်ခုကို ရထားကြသည်။

သို့သော် သူတို့၏ အဆင့်အတန်းက နိမ့်ကျပြီး အင်အားစုများ၏ လက်အောက်တွင်သာ ရှိကြသည်။

ဟန်မူယဲ့ကတော့ အဓိကမိသားစုကြီးတစ်ခု၏ ဧည့်သည်တော်တစ်ယောက် ဖြစ်သွားသည်။

ဆရာဟန်၏ ဂုဏ်သတင်းနှင့် ထိုက်တန်သည်။

ဟန်မူယဲ့က ဝမ်ကျင်းမြို့တွင် အချိန်ကြာမြင့်စွာ နေထိုင်မည်မဟုတ်သောကြောင့် ကျင်းဝူနှင့် ဇောင်ကျွင်းတို့က သင်ခန်းစာပို့ချပေးရန် တောင်းဆိုခဲ့ကြသည်။

များသောအားဖြင့် ပင်မအကြီးအကဲများသည် သင်ခန်းစာပို့ချပေးရန် မလိုအပ်ပေ။

သို့သော် ဟန်မူယဲ့က ထွက်သွားတော့မည်ဖြစ်သောကြောင့် ကျင်းဝူတို့က အမွေအနှစ်တချို့ကို ချန်ထားခဲ့ရန် မျှော်လင့်နေသည်။

ဟန်မူယဲ့က မငြင်းခဲ့ပေ။

ကျင်းဝူနှင့် တခြားလူများ ထွက်သွားသောအခါ ဝူကျောက်က တိတ်ဆိတ်စွာ ရောက်လာသည်။

“ဘယ်လိုခံစားရလဲ”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ဝူကျောက်ကို ကြည့်သည်။

ဝူကျောက်က စိတ်လှုပ်ရှားနေပြီး ခေါင်းညိတ်လျက် ပြောသည်။

“စွမ်းအားကိုတော့ ကောင်းကောင်းမထိန်းချုပ်နိုင်သေးဘူး။ ကျန်တာတွေကတော့ အဆင်ပြေပါတယ်”

ယနေ့တိုက်ပွဲတွင် ဝူကျောက်က နာမည်ချန်ထားနိုင်ခဲ့သည်။

ဝမ်ကျင်းမြို့တွင်ရှိသော လူတိုင်းက ဝူကျောက်၏နာမည်ကို သိသွားကြသည်။

လူတစ်ယောက်နှင့် လှံတစ်စင်းသည် ကောင်းကင်ကို လွှမ်းမိုးခဲ့သည်။

စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူများကပင် သူနှင့် မယှဉ်နိုင်ကြပေ။

ဝူကျောက်က ထိုသို့ ဖြစ်လာမည်ဟု ထင်မထားခဲ့ပေ။

သူ၏ ရုပ်သေးခန္ဓာမှလွဲ၍ အရာအားလုံးက ကောင်းမွန်နေသည်။

ဟန်မူယဲ့က ဝူကျောက်နှင့် အချိန်အတော်ကြာအောင် ဆွေးနွေးခဲ့ပြီး အသေးစိတ်အချက်အလက်များကို မှတ်သားနေသည်။

ထို့နောက် ဝူကျောက်က ခြင်္သေ့ရိုင်းနှလုံးသားကို ဟန်မူယဲ့ဆီသို့ ပေးလိုက်ပြီး ထွက်သွားသည်။

“ဒါက ရွှေခြင်္သေ့နှလုံးသားနဲ့ တခြားရတနာတွေကို အသုံးပြုပြီး သန့်စင်ထားတဲ့ စကြဝဠာအဆင့် ရုပ်သေးရုပ်ရဲ့ ဗဟိုချက်ပဲ”

ရွှေရောင်ငှက်က ဟန်မူယဲ့၏ ပခုံးပေါ်သို့ ရောက်လာပြီး တောင်ပံခတ်လျက် ပြောသည်။

ရွှေခြင်္သေ့သည် မူလစကြဝဠာ၏ နတ်ဘုရားသားရဲတစ်ကောင် မဟုတ်ပေ။ တခြားစကြဝဠာမှ ဖြစ်သည်။

ထိုရွှေခြင်္သေ့သည် မူလစကြဝဠာ၏ အုပ်ချုပ်သူအဆင့် သားရဲများထက် အနည်းငယ်သာ အားနည်းသည်။

ကြယ်စင်စုစကြဝဠာသည် ထိုသားရဲမျိုး၏ နှလုံးသားကိုပင် ရယူနိုင်အောင် သန်မာခဲ့သည်။

“ဒီပန်းပဲနည်းစနစ် .... ကောင်လေးဟန်၊ ဒါကို သိထားပြီးသားလား”

ခေးအော့၏အသံကို ကြားရသည်။

ထိုနည်းလမ်းသည် ကြယ်စင်စုစကြဝဠာ၏ အမွေအနှစ်နှင့် အနည်းငယ် ကွာခြားနေသည်။

သို့သော် ဝူကျောက်၏ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် ဟန်မူယဲ့အသုံးပြုခဲ့သော နည်းလမ်းနှင့် ဆင်တူနေသည်။

ထို့ကြောင့် ခေးအော့က သိချင်နေသည်။

“ပုံရိပ်ယောင်နယ်မြေမှာ လျန်ထျန်းဂိုဏ်းရဲ့ နည်းစနစ်တွေက ဒါနဲ့ ဆင်တူတယ်”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

ပုံရိပ်ယောင်နယ်မြေ ....

လျန်ထျန်းဂိုဏ်း ....

ရွှေရောင်ငှက်နှင့် ခေးအော့က အကြည့်ချင်းဖလှယ်လိုက်သည်။ ဓာတ်စင်ငါးပါးမီးပြင်းဖို၏ မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပလာသည်။

သူတို့က ပုံရိပ်ယောင်နယ်မြေ၏အကြောင်းကို မသိခဲ့ရပေ။

သို့သော် ဟန်မူယဲ့က ထိုနေရာမှ ထွက်လာပြီး ပန်းပဲပညာရပ်တွင် အလွန်တိုးတက်သွားကြောင်း သူတို့က ခံစားမိသည်။

ဟန်မူယဲ့က ရှေ့တွင်ရှိသော ခြင်္သေ့ရိုင်းနှလုံးသားကို စိုက်ကြည့်နေသည်။

ထိုနည်းစနစ်သည် လျန်ထျန်းဂိုဏ်း၏ လျှို့ဝှက်နည်းစနစ် ဖြစ်သည်။

သို့သော် လျန်ထျန်းဂိုဏ်းကပင် ထိုနည်းစနစ်နှင့် မည်သည့်ပစ္စည်းမျိုးကို ဖန်တီးနိုင်ကြောင်း မသေချာခဲ့ပေ။

လျန်ထျန်းဂိုဏ်းဖြစ်စေ၊ သွမ်ထျန်းဂိုဏ်းဖြစ်စေ ထိုနည်းစနစ်သည် သုံးသပ်ချက်သာဖြစ်ပြီး အမှန်တကယ် အသုံးပြုသောလူ မရှိခဲ့ပေ။

ဟန်မူယဲ့က လက်ကိုဆန့်ထုတ်ပြီး ခြင်္သေ့ရိုင်းနှလုံးသားကို ထိကြည့်သည်။

“ဘုန်း”

အဆုံးမရှိသော အလင်းစီးကြောင်းသည် ပေါက်ကွဲထွက်လာပြီး စိတ်ထဲတွင် ပုံရိပ်များကို မြင်ရသည်။

ပုံရိပ်များက ရှုပ်ထွေးနေသည်။

ဟန်မူယဲ့၏ ကျင့်ကြံခြင်းနှင့် ဝိညာဉ်စွမ်းအားက မသန်မာလျှင် အသိစိတ်ကို ဆုံးရှုံးသွားလိမ့်မည်။

သူ၏ မျက်လုံးများက တောက်ပလာပြီး စိတ်ထဲတွင်ရှိသော ပုံရိပ်များကို သုံးသပ်ကြည့်နေသည်။

အဆုံးတွင် မြင်ကွင်းများအားလုံးက အစီအစဉ်တကျ ဖြစ်သွားသည်။

စံအိမ်များရှိသော မြင့်မားသည့် တောင်တန်းတစ်ခုကို မြင်ရသည်။

“အံ့ဖွယ်ကိုးပါးတောင် ....”

လျန်ထျန်းဂိုဏ်း၏ အံ့ဖွယ်ကိုးပါးတောင် ဖြစ်သည်။

ခြင်္သေ့ရိုင်းနှလုံးသားကို လျန်ထျန်းဂိုဏ်း၏ အမွေအနှစ်ဖြင့် အံ့ဖွယ်ကိုးပါးတောင်က သန့်စင်ခဲ့သည်။

‘ဒါကို ဘယ်သူက ဖန်တီးခဲ့တာလဲ’

အလင်းနှင့်အမှောင်သည် ပြောင်းလဲသွားသည်။ အသက်သုံးဆယ်အရွယ် လူငယ်တစ်ယောက်က ရှေ့တွင်ရှိသော ခြင်္သေ့ရိုင်းနှလုံးသားကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

“ငါ ကျန်းကျဲက နှစ်ပေါင်းသုံးဆယ်ကြာအောင် အချိန်ယူပြီး ရုပ်သေးရုပ်ရဲ့ ဗဟိုချက်ကို သန့်စင်နိုင်ခဲ့ပြီ”

“ငါက ဆရာဟန်ရဲ့ တပည့်တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးရလာလိမ့်မယ်”

“အံ့ဖွယ်ကိုးပါးတောင်မှာ ကျင့်ကြံနေတဲ့ လူတိုင်းက ဆရာဟန်ရဲ့ တပည့်တစ်ယောက် ဖြစ်လာချင်ကြတယ်”

အံ့ဖွယ်ကိုးပါးတောင် ....

လျန်ထျန်းဂိုဏ်း ....

‘ဒီခြင်္သေ့ရိုင်းနှလုံးသားက တစ်နေရာရာမှာ ပုန်းကွယ်နေတဲ့ စမ်းသပ်ပွဲနယ်မြေကနေ ရောက်လာတာလား’

‘မဟုတ်ဘူး။ အဲဒီနေရာက စမ်းသပ်ပွဲနယ်မြေ မဟုတ်တာလည်း ဖြစ်နိုင်တယ်’

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပသွားသည်။

သူ၏ ဝိညာဉ်အမှတ်အသားသည် စမ်းသပ်ပွဲနယ်မြေတွင် ကျန်နေခဲ့သည်။

ကျူးယုဟယ်၏စကားအရ သူက အံ့ဖွယ်ကိုးပါးတောင်သို့ ပြန်ရောက်လာပြီး တံခါးပိတ်ကျင့်ကြံနေသည်။

လျန်ထျန်းဂိုဏ်းတွင် ကျန်ရစ်ခဲ့သော သူ၏ ဝိညာဉ်က မည်သည့် အကျိုးသက်ရောက်မှုမျိုးကို ပြုလုပ်မည်ဖြစ်ကြောင်း မသိနိုင်ပေ။

သို့သော် သူ၏ ကျွမ်းကျင်မှုအရ သာမန်လူတစ်ယောက်သာ ဖြစ်နေမည်မဟုတ်ပေ။

သူက နေရာတိုင်းတွင် တောက်ပနေမည့် ကြယ်တစ်စင်းဖြစ်သည်။

ဟန်မူယဲ့က ရှေ့တွင်ရှိသော ခြင်္သေ့ရိုင်းနှလုံးသားကို ကြည့်လိုက်ပြီး အနည်းငယ် တုန်ခါသွားသည်။

သူက ရုတ်တရက် တစ်ခုခုကို တွေးမိသည်။

သူရှိနေသောအကြောင်းကို စမ်းသပ်ပွဲနယ်မြေ၏ ဝိညာဉ်ကလည်း သိလိမ့်မည်။

ထို့ကြောင့် သူနှင့် ဆက်သွယ်ရန် နည်းလမ်းတစ်ခုကို သေချာပေါက် စဉ်းစားလိမ့်မည်။

‘သူက ဘယ်လိုနည်းလမ်းမျိုးကို သုံးနိုင်မလဲ’

ဟန်မူယဲ့က စိတ်ထဲတွင်ရှိသော မြင်ကွင်းများကို အာရုံစိုက်ထားပြီး နောက်ဆုံးတွင် စကားသံကို ကြားလိုက်ရသည်။

“မင်းကြားပြီးပြီလား။ အံ့ဖွယ်ကိုးပါးတောင်ရဲ့ သခင်က ကောင်းကင်ရတနာခုနစ်ပါးကို သန့်စင်ခဲ့တယ်တဲ့။ အဲဒီရတနာတွေက စကြဝဠာတစ်ခုကို ဖိနှိပ်နိုင်တယ်”

“ပြီးတော့ ရတနာခုနစ်ပါးထဲမှာ တောင်သခင်ရဲ့ ဉာဏ်အလင်းတွေကိုလည်း ထည့်သွင်းထားတယ်။ မင်းက ရတနာတစ်ခုကို ရနိုင်ရင် ထာဝရအသက်ရှင်ပြီး ပြိုင်ဘက်ကင်းနေလိမ့်မယ်”

“အံ့ဖွယ်ကိုးပါးတောင်သခင်က အရာအားလုံးကို ဖန်တီးနိုင်တယ်။ သူကိုယ်တိုင် သန့်စင်ထားတဲ့ ရတနာတွေက အရမ်းသန်မာနေလိမ့်မယ်”

စကားဝိုင်းသည် တိုတောင်းသော်လည်း ထိတ်လန့်စရာကောင်းသော သတင်းကို သိလိုက်ရသည်။

အံ့ဖွယ်ကိုးပါးတောင်သခင်၏ ကျင့်ကြံခြင်းသည် စိတ်ကူးမယဉ်နိုင်သောအဆင့်သို့ ရောက်နေသည်။

သူ၏ ပန်းပဲပညာစွမ်းရည်ကို တခြားလူများက မခန့်မှန်းနိုင်ကြပေ။

တစ်နည်းပြောရလျှင် ဟန်မူယဲ့၏ ဝိညာဉ်သည် ထိုနေရာတွင် ခမ်းနားသောဘဝကို နေထိုင်ခဲ့သည်။

ဟန်မူယဲ့က ညင်သာစွာ ခေါင်းခါသည်။

သူက ထိုအကြောင်းကို ကြိုသိခဲ့လျှင် ပြန်လာမည်မဟုတ်ပေ။ ဤနေရာတွင် ခံစားနေမည့်အစား လျန်ထျန်းဂိုဏ်းတွင် အဆင့်အတန်းမြင့်မားစွာ နေထိုင်လိုက်မည်။

သူက ထိုအကြောင်းကို တွေးလိုက်ပြီး မျက်လုံးများကို မှေးကျဉ်းသည်။

အကယ်၍ သူ၏ဝိညာဉ်က သတင်းစကားကို ချန်ခဲ့ချင်လျှင် ရတနာခုနစ်ပါးထဲတွင် ရှိနေလိမ့်မည်။

‘ငါက အဲဒီရတနာတွေကို ဘယ်မှာ သွားရှာရမလဲ’

လျန်ထျန်းဂိုဏ်းတည်ရှိသော ခေတ်သည် အချိန်မြစ်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ ထိပ်တန်းအဆင့်ရတနာ ခုနစ်ပါးကိုသာ ချန်ထားခဲ့သည်။ ယခုအချိန်တွင် ထိုရတနာများကို မည်သို့ ရှာဖွေနိုင်မည်နည်း။

သူက ခေါင်းကိုက်လာသည်။

သို့သော် အလျင်လိုရန် မဖြစ်နိုင်ပေ။ ခြင်္သေ့ရိုင်းနှလုံးသားကို အရင်လေ့လာလိုက်လျှင် ပိုကောင်းလိမ့်မည်။

ထိုအရာသည် စကြဝဠာအဆင့် ရုပ်သေးရုပ်၏ ဗဟိုချက် ဖြစ်သည်။

သူက လက်ဆန့်ထုတ်ပြီး နှလုံးခုန်နေသည်ဟု ထင်ရသော ဗဟိုချက်ကို ညင်သာစွာ ဆုပ်ကိုင်သည်။ ရွှေအလင်းစီးကြောင်းသည် သူ့လက်ကို ရစ်ပတ်သွားသည်။

ရုပ်သေးရုပ်သည် သူ့ရှေ့တွင် ပေါ်လာသည်။

ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။

အစစ်အမှန်ရုပ်သေးရုပ် မဟုတ်ပေ။

ဟန်မူယဲ့က မှတ်ဉာဏ်ထဲတွင် မြင်ခဲ့ရသည့်အတိုင်း ခြင်္သေ့ရိုင်းနှလုံးသားကို ထိန်းချုပ်နေသည်။

နောက်ဆုံးတွင် ရွှေရောင်ရုပ်သေးရုပ်သည် အပြည့်အဝ ပေါ်လာသည်။ ရုပ်သေးရုပ်၏ ခေါင်းဆောင်းသည် ဟိန်းဟောက်နေသော ခြင်္သေ့တစ်ကောင်၏ ဦးခေါင်းဖြစ်ပြီး တစ်ကိုယ်လုံးသည် စွမ်းအင်အလင်းကို ထုတ်လွှတ်နေသည်။ ငှက်တောင်များသည် နောက်ကျောတွင် ရှိနေကြသည်။

ထိုရုပ်သေးရုပ်သည် စိတ်ကူးမယဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်သည်။ ဟန်မူယဲ့၏ တွက်ချက်မှုအရ ထိုရုပ်သေးရုပ်ကို အဆုံးစွန်အထိ အသက်သွင်းလိုက်လျှင် မူလစကြဝဠာ၏ အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲများနှင့် ယှဉ်နိုင်လိမ့်မည်။

ထို့အပြင် သွေးရူးအသွင်ပြောင်းခြင်း စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသည်။

ရုပ်သေးရုပ်က ပတ်ဝန်းကျင်တွင်ရှိသော သတ္တဝါများ၏ သွေးအဆီအနှစ်ကို စုပ်ယူပြီး ကိုယ်ပိုင်စွမ်းအားကို အဆုံးစွန်အထိ တိုးမြှင့်နိုင်သည်။

နောက်ကျောတွင်ရှိသော တောင်ပံကို အသုံးပြု၍ လေဟာနယ်ကို ထိုးခွဲပြီး ပျံသန်းနိုင်သည်။

ငှက်မွေးများကို ရွှေရောင်ဓားမော့အဖြစ်လည်း စုစည်းနိုင်သည်။

စကြဝဠာအဆင့် ရုပ်သေးရုပ်တွင် နည်းစနစ်များ သိပ်မရှိပေ။

သို့သော် တည်ရှိနေသော နည်းစနစ်များက အလွန်သန်မာသည်။

နည်းစနစ်တစ်ခုကို အဆုံးစွန်အထိ အသုံးပြုထားလျှင် ပြိုင်ဘက်ကင်းနိုင်သည်။

အကယ်၍ ရုပ်သေးရုပ်ကို အပြည့်အဝ အသုံးပြုလိုက်လျှင် ရန်သူများအားလုံးကို လွှမ်းမိုးနိုင်သည်။

ထိုအရာသည် စကြဝဠာအဆင့် ဖြစ်သည်။

ဟန်မူယဲ့က စကြဝဠာအဆင့် လက်နက်များကို မြင်ဖူးသည်။

သူက စကြဝဠာအဆင့် လက်နက်နှစ်ခုကို ပိုင်ဆိုင်ထားသည်။

သခင်မမူယွဲ့၏ လှံရှည်နှင့် သူ၏ ကိုယ်ပိုင်ဓား ဖြစ်သည်။

ထို့အပြင် သူ့ခန္ဓာကိုယ်တွင် တည်ရှိနေသော ဓားအိမ်နှင့် အင်မော်တယ်သတ် ဓားပျံတို့သည် စကြဝဠာအဆင့်ကို ကျော်လွန်နေကြသည်။

သူက ထိုရတနာများကို မြင်တွေ့ခဲ့ပြီး သန့်စင်သောစွမ်းအား၏ အရေးကြီးပုံကို နားလည်ခဲ့သည်။

ထို့ကြောင့် သူ၏ စွမ်းအင်အသုံးချမှုက ပိုမိုလေးနက်လာသည်။

“ဒီရုပ်သေးရုပ်က ပျက်စီးနေပြီး ဗဟိုချက်ပဲ ကျန်နေခဲ့တယ်။ ပြန်ပြီး စုစည်းဖို့ လွယ်မှာမဟုတ်ဘူး”

ဓာတ်စင်ငါးပါးမီးပြင်းဖိုက ရေရွတ်လိုက်ပြီး ‌ခေါင်းခါသည်။

စကြဝဠာအဆင့် ပစ္စည်းများအား ပြုပြင်ရာတွင် အရေးအကြီးဆုံးအချက်သည် ဝိညာဉ်သတ္တုနှင့် ရတနာများ မလုံလောက်ခြင်း ဖြစ်သည်။

ထို့အပြင် ပျိုးထောင်ပေးသော နည်းလမ်းကိုလည်း မသုံးနိုင်ပေ။

“ဒီဗဟိုချက်ကို နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်မှာ သုံးလိုက်မယ်”

ဟန်မူယဲ့စကားကြောင့် ရွှေရောင်ငှက်၊ ခေးအော့နှင့် ဓာတ်စင်ငါးပါးမီးပြင်းဖိုတို့က အံ့အားသင့်သွားသည်။

“ဒါက အကြံကောင်းပဲ ....”

ရွှေရောင်ငှက်က တောင်ပံခတ်လိုက်သည်။

ခေးအော့က စကားမပြောပေ။ သို့သော် အနည်းငယ် တုန်ခါသွားသည်။

ဓာတ်စင်ငါးပါးမီးပြင်းဖိုက အားကျနေသည်။

အကယ်၍ ဗဟိုချက်ကို အစားထိုးလိုက်လျှင် ကမ္ဘာဦးအဆင့်ထက် ပိုမိုသန်မာနေသော နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က စကြဝဠာအဆင့်သို့ တစ်ခါတည်း ရောက်သွားလိမ့်မည်။

All Chapters