← Chapters

အခန်း (၁၃၆၀)

Vol. 98 Ch. 1360

အခန်း (၁၃၆၀)

Vol. 98 Ch. 1360

“ခြင်္သေ့ရိုင်းနှလုံးသားကို ယွမ်ချန်းခန်းဆောင်က ပြုပြင်ချင်ခဲ့တယ်”

“ဒါပေမဲ့ စကြဝဠာအဆင့်ပစ္စည်းကို ပြုပြင်ဖို့ ခက်ခဲတာကြောင့် သူတို့က သိပ်ပြီး ဂရုမစိုက်ခဲ့ဘူး”

ဟန်မူယဲ့က တောက်ပနေသော မျက်လုံးများနှင့် ခြင်္သေ့ရိုင်းနှလုံးသားကို ကြည့်လိုက်သည်။

“ဒီပစ္စည်းကို ပြုပြင်ဖို့ ကျွန်တော့်အတွက်လည်း ခက်ခဲတယ်”

စကြဝဠာအဆင့်ပစ္စည်းကို ပြုပြင်ရန်အတွက် လောက၏ အကောင်းဆုံး ပန်းပဲနည်းစနစ်ကို လိုအပ်လိမ့်မည်။

ဟန်မူယဲ့က စကြဝဠာအဆင့် ဗဟိုချက်ကို မပြုပြင်ပဲ သိမ်းဆည်းထားလိုက်သည်။

သူ့တွင် လုံလောက်သောရတနာများ မရှိပေ။ ထို့အပြင် ထိုပစ္စည်းကို ပြုပြင်ရန်အတွက် ပြီးပြည့်စုံသော နည်းစနစ်ကိုလည်း လိုအပ်သည်။

သူက ဗဟိုချက်ကို သိမ်းလိုက်ပြီး အလင်းလွှာကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို လွှမ်းခြုံသည်။

ရွှေရောင်ငှက်၊ ခေးအော့နှင့် ဓာတ်စင်ငါးပါးမီးပြင်းဖိုတို့က အလိုက်သိစွာ ထွက်သွားကြသည်။

အလင်းလွှာထဲတွင် ဟန်မူယဲ့၏သွေးချီက လှုပ်ရှားလာသည်။

ယနေ့တိုက်ပွဲတွင် သူက မလှုပ်ရှားခဲ့သော်လည်း ကျွမ်းကျင်သူများ၏ တိုက်ပွဲကို စောင့်ကြည့်ခဲ့သည်။

ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်သော သခင်အဆင့် ကျွမ်းကျင်သူများလည်း ပါဝင်လာသည်။ မူလစကြဝဠာ၏ အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲများကပင် သခင်နှစ်ယောက်၊ သုံးယောက်ခန့်ကိုသာ ဖိနှိပ်နိုင်ကြသည်။

တစ်နည်းပြောရလျှင် ကျဆင်းနေသော ကြယ်စင်စုစကြဝဠာသည် တခြားစကြဝဠာများကို လွှမ်းမိုးရန် ခွန်အားရှိသည်။

သို့သော် လုကျီရှု၏ စကားအရ ကြယ်စင်စုစကြဝဠာတွင်လည်း ရန်သူများရှိသည်။

လုမိသားစု၏ အားကောင်းသော ဘိုးဘေးများသည် တချို့နေရာများတွင် တာဝန်ကျနေကြသည်။

ဤကျင့်ကြံခြင်းလောကသည် သူ၏ စိတ်ကူးထက် ပိုမိုကြီးမားနေသည်။

“ဝီ”

ရွှေအလင်းသည် ဟန်မူယဲ့၏ ခန္ဓာကိုယ်တွင် ပေါ်ထွက်လာသည်။

သူက ကြယ်စင်စုစကြဝဠာတွင် ဆက်တိုက်လေ့ကျင့်ခဲ့ပြီး အဆင့်တက်သွားသည်။

သူက အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်တွင် ရှိခဲ့သည်။ သို့သော် သူက ကပ်ဘေးစွမ်းအားနှင့် စည်းမျဉ်းစွမ်းအားများကို ထိန်းချုပ်ထားသောကြောင့် အင်မော်တယ်ဘုရင်များနှင့်ပင် ရင်ဆိုင်တိုက်ခိုက်နိုင်သည်။

သာမန်အင်မော်တယ်ဘုရင်များသည် သူ၏ပြိုင်ဘက် မဟုတ်ကြပေ။

အင်မော်တယ်ဘုရင်တစ်ပါးသည် ကြယ်စင်စုစကြဝဠာ၏ ကမ္ဘာဦးအဆင့်များကို ရင်ဆိုင်နိုင်သည်။

သို့သော် အင်မော်တယ်ဘုရင်များသည် မူလစကြဝဠာတွင် ရှားပါးသည်။

ကြယ်စင်စုစကြဝဠာတွင် ကမ္ဘာဦးအဆင့်က အလွန်ပေါများသည်။

ထို့အပြင် မူလစကြဝဠာတွင် အင်မော်တယ်ဘုရင်အဆင့်သည် အထွတ်အထိပ် ဖြစ်သည်။ ကြယ်စင်စုစကြဝဠာတွင် ကမ္ဘာဦးအဆင့်ထက် ပိုမြင့်သော စကြဝဠာအဆင့် ရှိနေသေးသည်။

“ဘုန်း”

ဟန်မူယဲ့၏ သွေးချီသည် လျှပ်စီးကြောင်းများနှင့် သွယ်ယှက်နေပြီး အစိမ်းရောင်ဓားတစ်လက်ကို စုစည်းသည်။

ထိုဓားရှည်သည် သူ၏ အနက်ရောင်သန်းနေသော အစစ်အမှန်ဝိညာဉ်အရိုးဓားနှင့် ပေါင်းစပ်သွားပြီး ပတ်ဝန်းကျင်ကို တုန်ခါစေသည်။

ထိုအရာသည် သူ၏ အင်မော်တယ်တာအိုကျင့်ကြံခြင်း၊ သွေးနှင့်ချီတို့၏ ပေါင်းစပ်မှု ဖြစ်သည်။

ယခုအချိန်တွင် သူက စည်းမျဉ်းစွမ်းအားများကို ထွင်းဖောက်မြင်နိုင်ခဲ့သည်။

အလင်းစီးကြောင်းများသည် သူ့ရှေ့တွင် သွယ်ယှက်နေပြီး ရွှေရောင်ကြိုးမျှင်အဖြစ် ပြောင်းလဲသွားသည်။

ထိုက ထိုကြိုးမျှင်များကို ဖမ်းဆုပ်နိုင်လျှင် စည်းမျဉ်းကို စုစည်းနိုင်မည်။

ဟန်မူယဲ့က စမ်းသပ်ပွဲနယ်မြေတွင် ဤမြင်ကွင်းမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။

သူက သောင်းချီသော နတ်ဘုရားမီးတောက်များကို တွေ့ခဲ့သည်။ သူက လက်ဆန့်ထုတ်လိုက်လျှင် နတ်ဘုရားမီးတောက်တစ်ခုကို ပိုင်ဆိုင်နိုင်မည်။

သို့သော် ရွေးချယ်ပြီးလျှင် ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် ဟန်မူယဲ့က လက်လျော့ခဲ့သည်။

နောက်ပိုင်းတွင် သူက ဓားအိမ်ကို သန့်စင်ပြီး ဓားနတ်ဘုရားလုယွဲ့၏ ဓားကို ရရှိခဲ့သည်။ သူက အဆုံးမရှိသော နတ်ဘုရားမီးတောက်များကို စုစည်းနိုင်ခဲ့သည်။

သူက သောင်းချီသော နတ်ဘုရားမီးတောက်များကို ပိုင်ဆိုင်ထားသည်။

“ကောင်းကင်နဲ့မြေကြီးက မရေမတွက်နိုင်တဲ့ စည်းမျဉ်းစွမ်းအားတွေနဲ့ သွယ်ယှက်နေတယ်”

“အပေါ်ယံမှာ တည်ရှိနေတဲ့ စည်းမျဉ်းတွေက အားကောင်းတယ်လို့ ထင်ရပေမဲ့ လုံလောက်အောင် မသန့်စင်ဘူး”

“တစ်ခုခုကို ရွေးချယ်လိုက်မယ်ဆိုရင် အဆုံးအထိ ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူး”

သူက လက်လျော့ရန် ရွေးချယ်ခဲ့သည်။

“ဘုန်း”

အဆုံးမရှိသော အလင်းစီးကြောင်းများက ပျောက်ကွယ်သွားသည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော သွေးချီနှင့် လျှပ်စီးကြောင်းများက တုန်ခါနေသည်။

သူ၏ ရုပ်ခန္ဓာသည် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်သွားသည်။ သူက သန့်စင်သော သွေးချီစွမ်းအားဖြင့် မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို တိုက်ခိုက်နိုင်သည်။

သူက စကြဝဠာအဆင့်ကိုပင် တိုက်ခိုက်နိုင်သည်။

ထို့အပြင် သူ၏ ဓားတာအိုကလည်း ပိုမိုသန်မာလာပြီး ဓားအိမ်ထဲတွင်ရှိသော ဓားအလင်းကို မြင်ရစေသည်။

ဓားအလင်းသည် တစ်ဖက်တွင် မှောင်ရိပ်သန်းနေပြီး တစ်ဖက်တွင် တောက်ပနေသည်။

ဟန်မူယဲ့က ဓားအလင်းကို ကြည့်လိုက်ပြီး ဉာဏ်အလင်းတချို့ ရလာသည်။

လောကတွင်ရှိသော လူတိုင်းသည် ထိုဓားအလင်းသဖွယ် ဖြစ်သည်။

တစ်ဖက်သည် ခမ်းနားပြီး တစ်ဖက်သည် မှောင်ရိပ်သန်းနေသည်။

အမှန်အတိုင်းပြောရလျှင် လူတိုင်း၏ နှလုံးသားထဲတွင် အလင်းရောင်ရှိသည်။

ထို့အတူ အမှောင်ထုလည်း ရှိနေသည်။

ထိုအရာသည် ဘဝ၊ အသက်စွမ်းအားပင် ဖြစ်သည်။

သေခြင်းရှင်ခြင်းကို ထိန်းချုပ်ထားသော ထိုဓားအလင်းသည် အမှန်တွင် အသက်စွမ်းအား၏ ပြောင်းလဲမှု ဖြစ်သည်။

သေဆုံးခြင်းနှင့် ရင်ဆိုင်ရာတွင် ရှင်သန်ရမည်။

ထိုအရာသည် ဓားဖြစ်သည်။

ဟန်မူယဲ့က အင်မော်တယ်သတ်ဓားပျံကို ထွင်းဖောက်မြင်ခဲ့ပြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။

“ဟူး၊ မင်းရဲ့ ကျင့်ကြံခြင်းက အရမ်းနှေးကွေးနေတာ မဟုတ်ဘူးလား”

“မင်းရဲ့ အမြန်နှုန်းနဲ့ဆိုရင် ငါ့ရဲ့ ဝိညာဉ်ကိုယ်ပွားက မူလခန္ဓာကို ဘယ်လိုလုပ်ပြီး အညံ့ခံနိုင်မှာလဲ”

ဓားပျံမှတစ်ဆင့် လှောင်ပြောင်လိုသောအသံကို ကြားလိုက်ရသည်။

ဝိညာဉ်ကိုယ်ပွား ....

အံ့ဖွယ်ကိုးပါးတောင်တွင် ကျန်နေခဲ့သော ဝိညာဉ် ဖြစ်သည်။

ထိုဓားပျံကို အံ့ဖွယ်ကိုးပါးတောင်၏ ဝိညာဉ်က သန့်စင်ခဲ့သည်။

ဟန်မူယဲ့၏ မျက်နှာထားက ပြောင်းလဲသွားသည်။ အင်မော်တယ်သတ်ဓားပျံအား သူ့ဆီသို့ ပေးခဲ့သော ဓားနတ်ဘုရားလုယွဲ့၏ အပြုအမူကို နားလည်သွားသည်။

ထိုအရာသည် အပြောင်းအလဲတစ်ခုသာ ဖြစ်သည်။

အံ့ဖွယ်ကိုးပါးတောင်သခင်က ဓားပျံကို သန့်စင်ပြီး အလဲအလှယ်အနေဖြင့် ဓားနတ်ဘုရားလုယွဲ့ဆီသို့ ပေးခဲ့သည်။

ထို့နောက် အင်မော်တယ်သတ်ဓားပျံက ဟန်မူယဲ့ဆီသို့ ရောက်လာသည်။

ထိုနည်းလမ်းမျိုးသည် စိတ်ကူးမယဉ်နိုင်လောက်ပေ။

ဓားပျံသည် လည်ပတ်နေပြီး အလင်းရောင်က ပျောက်ကွယ်သွားသည်။ ထို့နောက် ဓားပျံက ဓားအိမ်တွင် ကပ်တွယ်လိုက်သည်။

ထိုအရာသည် ဓားတစ်လက်ဖြစ်သော်လည်း ဓားတစ်လက် မဟုတ်ပေ။

ဝိညာဉ်ပုံရိပ်တစ်ခုဟု ပြောနိုင်သည်။

အကယ်၍ ထိုဓားကို အကောင်အထည်ပေါ်လာစေချင်လျှင် ထိုဓားအလင်းအား လက်ခံနိုင်မည့် ဓားကိုယ်ထည်ကို ရှာဖွေရမည်။

ဟန်မူယဲ့က လိုအပ်သော ဓားကိုယ်ထည်ကို သိသည်။

သူ၏ အစစ်အမှန်ဝိညာဉ်ဓား ဖြစ်သည်။

သို့သော် သူ၏ လက်ရှိကျင့်ကြံခြင်းဖြင့် အစစ်အမှန်ဝိညာဉ်ဓားကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ အင်မော်တယ်သတ်ဓားပျံနှင့် ပေါင်းစပ်ရန် မဖြစ်နိုင်ပေ။

သူက အာရုံစိုက်ထားပြီး ခံစားကြည့်သည်။

နောက်ဆုံးတွင် ပုံရိပ်များသည် သူ့စိတ်ထဲတွင် ပေါ်လာကြသည်။

အံ့ဖွယ်ကိုးပါးတောင် ....

ရွှေအလင်းသည် ဓားအလင်းနှင့် ရင်ဆိုင်လိုက်သည်။

သူက မရေမတွက်နိုင်သော ဧရာမပုံရိပ်များကို မြင်ရသည်။

ထိုပုံရိပ်များသည် အနက်ရောင်သန်းနေပြီး ဦးခေါင်းထက်တွင် ချိုနှစ်ချောင်းရှိသည်။ သူတို့က ပေတစ်သောင်းကြီးမားပြီး လက်သီးတစ်ချက်ဖြင့် လောကကို ဖျက်ဆီးနိုင်သည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏ရှေ့တွင် ကျဆုံးသွားကြသည်။

သို့သော် အံ့ဖွယ်ကိုးပါးတောင်၏ ဓားအလင်းက ခမ်းနားပြီး ဧရာမပုံရိပ်များကို ဖျက်ဆီးပစ်နေသည်။

ထိုသို့ ဖြစ်နေသော်လည်း ဧရာမပုံရိပ်များက မသေဆုံးနိုင်ကြပေ။

သူတို့က ပြန်လည်နိုးထလာကြသည်။

အဆုံးတွင် ကမ္ဘာတစ်ခုလုံး၌ အံ့ဖွယ်ကိုးပါးတောင်သာ ကျန်ရစ်ခဲ့သည်။

စမ်းသပ်ပွဲနယ်မြေသည် ပျက်စီးသွားပုံပေါ်သည်။

“မူလခန္ဓာ၊ ဒီကမ္ဘာက မင်းကို စောင့်နေတယ်”

“မင်းက ငါ့သန့်စင်ထားတဲ့ ရတနာခုနစ်ပါးကို ရှာနိုင်ရင် ဒီကမ္ဘာကို လာနိုင်လိမ့်မယ်”

“မဟုတ်ရင်တော့ မလာခဲ့နဲ့”

ဓားတစ်လက်ကိုင်ထားသော ဟန်မူယဲ့သည် အံ့ဖွယ်ကိုးပါးတောင်မှ ထွက်လာသည်။ ထို့နောက် ရွှေအလင်းသည် သူ့လက်ထဲတွင် ပေါက်ကွဲထွက်လာသည်။

ဓား၊ လှံ၊ ချပ်ဝတ်၊ သုံးချောက်ထောက်မီးပြင်းဖို၊ တူ၊ ဓားမော့၊ လေး ....

ရွှေအလင်းတန်းခုနစ်ခုသည် ပတ်ဝန်းကျင်တွင် ပြန့်ကျဲပြီး ပျောက်ကွယ်သွားသည်။

ထို့နောက် ဓားကိုင်ထားသော ဟန်မူယဲ့က လက်ထဲတွင်ရှိသော ဓားရှည်ကို မြှောက်သည်။

ဓားအလင်း ပေါ်ထွက်လာသည်။

ထိုဓားအလင်းကြောင့် စောင့်ကြည့်နေသော ဟန်မူယဲ့က ရွေးချယ်စရာမရှိဘဲ မျက်လုံးမှိတ်လိုက်ရသည်။

သူ့ရှေ့တွင်ရှိသော မြင်ကွင်းက ပျောက်ကွယ်သွားသည်။

သုံးထပ်စံအိမ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

ယိုယွင်းနေသော အထီးကျန်ဓားစံအိမ် ဖြစ်သည်။

အံ့ဖွယ်ကိုးပါးတောင်၏ ဓားစံအိမ်သည် ထိုသို့ ဖြစ်ခဲ့သည်။

ဓားစံအိမ်သည် အမှောင်ထု၏စွမ်းအားကို ဖိနှိပ်ထားသည်။ ထိုစွမ်းအားက မည်မျှပင် သောင်းကျန်းနေပါစေ ဓားစံအိမ်၏ ဖိနှိပ်မှုကို မကျော်ဖြတ်နိုင်ခဲ့ပေ။

ပုံရိပ်များအားလုံးက ပျောက်ကွယ်သွားသည်။

ဓားအလင်းသည် ဟန်မူယဲ့၏ခန္ဓာကိုယ်တွင် ပေါ်လာသည်။

ထိုဓားအလင်းသည် အင်မော်တယ်သတ်ဓားပျံ၏ ဓားအလင်း ဖြစ်သည်။

သူက ထိုဓားအလင်းကို အသက်မသွင်းနိုင်သေးပေ။ သို့သော် စွမ်းအားတချို့ကို ချေးယူနိုင်သည်။

ဓားအလင်းသည် နှစ်ပိုင်းကွဲနေသည်။ တစ်ပိုင်းက တောက်ပပြီး တစ်ပိုင်းက မည်းမှောင်နေသည်။

အကယ်၍ သူက ထိုဓားအလင်းကို အပြည့်အဝ ထိန်းချုပ်ထားလျှင် စကြဝဠာတစ်ခုကို လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ဖျက်ဆီးနိုင်မည်။

ဟန်မူယဲ့က ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်လိုက်သည်။ ဓားအလင်းက ပျောက်ကွယ်သွားပြီး သူက သီးသန့်ကျင့်ကြံရာမှ ပြန်ထွက်လာသည်။

သူက ကတိအတိုင်း ပန်းပဲပညာရှင်အစည်းအရုံး၏ သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များအတွက် သင်ခန်းစာပို့ချခဲ့သည်။

ထို့နောက် သူက နည်းစနစ်တချို့ကို ချန်ထားခဲ့သည်။

သူ၏ ပင်မအကြီးအကဲအဆင့်အတန်းသည် တည်ငြိမ်သွားသည်။ မည်သူမှ မေးခွန်းမထုတ်ရဲကြပေ။

ဝမ်ကျင်းမြို့၏ ပိုင်မိသားစုနှင့် ကျူကျင်းကုန်သွယ်ရေးအဖွဲ့သည် သူ့လက်အောက်တွင် ရှိနေသည်။ ထို့အပြင် ဝူကျောက်လည်း ရှိသေးသည်။ သူ့ကို မည်သူက မေးခွန်းထုတ်ရဲမည်နည်း။

ယခုအချိန်တွင် ဝူကျောက်သည် ဝမ်ကျင်းမြို့၏ နံပတ်တစ်ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံထားရသည်။

သူက စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူများကိုပင် ဖိနှိပ်ခဲ့သည်။

ယခုအချိန်မှစ၍ သူက ကျူကျင်းကုန်သွယ်ရေးအဖွဲ့နှင့် ဝမ်ကျင်းမြို့ကို စောင့်ရှောက်ပေးလိမ့်မည်။

ဟန်မူယဲ့က ဝမ်ကျင်းမြို့မှ ထွက်လာသောအခါ ရွှေရောင်ငှက်က သိချင်နေပြီး ဝူကျောက်အား ချန်ထားခဲ့သောအကြောင်းကို မေးလိုက်သည်။

အကယ်၍ ဝူကျောက်ကို ခေါ်လာလျှင် လေဟာနယ်မြို့များ၏ ဟန်ချက်ညီမှုကို ပျက်စီးစေမည်ဟု ဟန်မူယဲ့က ပြောခဲ့သည်။

နောက်ဆုံးတွင် စကြဝဠာနယ်မြေ၏ အင်အားစုများက ဝင်ပါလာလိမ့်မည်။

ထို့ကြောင့် ဝူကျောက်ကို ဝမ်ကျင်းမြို့တွင် ချန်ထားခဲ့လျှင် ပိုကောင်းသည်။

လက်ရှိအချိန်တွင် ရာချီသော မိသားစုနှင့် အင်အားစုများက ဟန်မူယဲ့ကို ဆက်သွယ်ပြီး ဝူကျောက်နှင့် ဆင်တူသော ရုပ်သေးရုပ်ကို စိတ်ဝင်စားကြောင်း ပြောခဲ့ကြသည်။

သို့သော် သူတို့က စိတ်ဝင်စားရုံသာ ဖြစ်သည်။ အမှန်တကယ် ရယူရန် မကြိုးစားရဲပေ။

ဟန်မူယဲ့ကလည်း အလျင်မလိုပေ။

သူက ကြယ်စင်စုစကြဝဠာ၏ အမွေအနှစ်ကို ပြောင်းလဲချင်သော်လည်း ချက်ချင်းဖြစ်လာမည် မဟုတ်ပေ။

အလျင်လိုလျှင် အနှေးတွေ့တတ်သည်။

သူက ဝမ်ကျင်းမြို့မှ ထွက်လာပြီး ရေခဲလမြို့သို့ သွားခဲ့သည်။

သို့သော် သူက နောက်ဆုံးအသုံးပြုရမည့် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါတွင် ရပ်တန့်လိုက်သည်။

“ရေခဲလမြို့က ဝိုင်းရံခံနေရတာလား”

“လင်းတမြို့လား”

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပသွားသည်။

သူက လင်းတမြို့တွင် ပျိုးထောင်ထားသော ဗဟိုချက်တစ်ခု၏အကြောင်းကို ကြားဖူးသည်။

လင်းတမြို့သည် ရေခဲလမြို့နှင့် နီးကပ်သည်။

ရေခဲလမြို့က လေဟာနယ်သို့ ပြန်ရောက်လာသောအခါတွင် လင်းတမြို့က တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။

ထိုအချိန်တွင် လင်းတမြို့၏ ရှေ့ပြေးကျွမ်းကျင်သူတချို့က ဟန်မူယဲ့အတွက် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များကို ချန်ထားခဲ့ကြသည်။

All Chapters