← Chapters

အခန်း (၁၃၆၁)

Vol. 98 Ch. 1361

အခန်း (၁၃၆၁)

Vol. 98 Ch. 1361

လေဟာနယ်မြို့ကြီးများ၏ တိုက်ပွဲသည် ထိုသို့ပင်ဖြစ်သည်။

အကဲစမ်းမှုအပြီးတွင် လင်းတမြို့က တိတ်ဆိတ်သွားပြီး ထပ်မံမတိုက်ခိုက်ခဲ့ပေ။ သို့သော် ရေခဲလမြို့နှင့်လည်း မဆက်သွယ်ခဲ့ပေ။

ရေခဲလမြို့ကတော့ ဖုန်းကျူထျန်း၏ ဦးဆောင်မှုအောက်တွင် တိုးတက်လာခဲ့သည်။

ထို့အပြင် ရေခဲလမြို့တွင် နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ကုန်သွယ်ရေးခန်းဆောင် ရှိနေသည်။

မူယွဲ့ရုပ်သေးရုပ်က ကုန်သွယ်ရေးခန်းဆောင်ကို ထိန်းချုပ်ထားပြီး အရောင်းအဝယ်အမျိုးမျိုးကို ပြုလုပ်နေသည်။ ထို့အပြင် ဟန်မူယဲ့အတွက် အလုပ်တာဝန်များကိုလည်း လက်ခံပေးသည်။

ဥပမာအနေဖြင့် စကြဝဠာနယ်မြေ၏ တာဝန်များ ဖြစ်သည်။

သို့သော် တည်ငြိမ်စွာတိုးတက်နေသော ရေခဲလမြို့ကို လင်းတမြို့က ပစ်မှတ်ထားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ရေခဲလမြို့၊ လင်းတမြို့နှင့် အနီးဆုံးဖြစ်သော ရီမူမြို့သည် နှစ်မြို့လုံးနှင့် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို ချိတ်ဆက်ထားသည်။ သို့သော် ယခုအချိန်တွင် လင်းတမြို့ကိုသာ သွားနိုင်တော့သည်။ ထို့အပြင် စစ်ဆေးခြင်းကိုလည်း ခံရမည်။

တည်နေရာ‌ရွှေ့ပြောင်းခြင်းဝင်္ကပါ၏ ရှေ့တွင် ရီမူမြို့၏ ကျင့်ကြံသူတချို့က ကျယ်လောင်စွာ ရှင်းပြနေသည်။

သူတို့က လင်းတမြို့သို့ မသွားရန် အကြံပေးနေကြသည်။

အကယ်၍ လင်းတမြို့တွင် တစ်ခုခုဖြစ်သွားလျှင် ကူညီပေးနိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့၏ မျက်နှာထားက တည်ငြိမ်နေသည်။

ရွှေရောင်ငှက်က တီးတိုးပြောလိုက်သည်။

“လင်းတမြို့မှာ မှီခိုစရာရှိနေတာလား”

ခေးအော့ကလည်း ပြောသည်။

“ဟုတ်တယ်။ အားကိုးမရှိရင် ရေခဲလမြို့ကို တိုက်ခိုက်ရဲမှာမဟုတ်ဘူး”

ရေခဲလမြို့သည် လေဟာနယ်တွင် အားကောင်းသည်ဟု မပြောနိုင်သော်လည်း မဟာမိတ်တချို့ ရှိနေသည်။

ဖုန်းကောမြို့နှင့် နေကြတ်မြို့တို့ ဖြစ်ကြသည်။

ထျန်ရှန်းမြို့ကတော့ ကုန်သွယ်ရေးမြို့အဖြစ် ပြောင်းလဲသွားပြီး ကြားနေအင်အားစု ဖြစ်သည်။ လူတိုင်း၏အမြင်တွင် ထိုမြို့က တခြားလူများနှင့် မပတ်သတ်ပေ။

ဟန်မူယဲ့၏ မျက်လုံးများက ‌တောက်ပသွားပြီး တီးတိုးပြောသည်။

“ကျူလင်းမြို့ကို သွားမယ်”

ကျူလင်းမြို့သည် လင်းတမြို့၏ မဟာမိတ်တစ်ခု ဖြစ်သည်။

ကောလဟာလများအရ လင်းတမြို့သည် ကျူလင်းမြို့ကို ထိန်းချုပ်ထားသည်ဟု ပြောကြသည်။

လက်ရှိအခြေအနေအရ လင်းတမြို့က ရေခဲလမြို့ကို သိမ်းပိုင်ချင်လျှင် ကျူလင်းမြို့၏ခွန်အားကို အသုံးပြုရမည်။

ကျူလင်းမြို့နှင့် ဆက်သွယ်ထားသော တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို သုံးနိုင်သည်။ သို့သော် လူအများအပြားက သွားရောက်ရန် ဆန္ဒမရှိကြပေ။

ဟန်မူယဲ့က မူလဒင်္ဂါးတစ်သိန်း ပေးလိုက်ပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါထဲသို့ ဝင်သွားသည်။

စွမ်းအင်အလင်းက တောက်ပနေပြီး ပတ်ဝန်းကျင်က ပြောင်းလဲသွားသည်။ အလင်းနှင့်အမှောင်က ပျောက်ကွယ်သွားသောအခါ သူက မြို့တစ်မြို့သို့ ရောက်လာသည်။

ထိုမြို့သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့ပုံပေါ်သည်။ ရှေးကျသော နံရံတံတိုင်းများက သမိုင်းတစ်ခုကို သယ်ဆောင်ထားသည်။

ပြိုကျနေသော နံရံနှင့် အပျက်အစီးများလည်း ရှိနေသည်။ တိုက်ပွဲကြီးတစ်ခု၏ အရိပ်အယောင် ဖြစ်သည်။

ကောလဟာလများအတိုင်း အမှန်ပင် ဖြစ်နိုင်သည်။ ကျူကျင်းမြို့သည် လင်းတမြို့၏လက်အောက်တွင် ရှိနိုင်သည်။

ဟန်မူယဲ့က မြို့ထဲသို့ ဝင်သွားပြီး သတင်းစကားများကို နားထောင်နေသည်။ သိပ်မကြာခင်မှာပင် သူက သတင်းတချို့ကို စုစည်းနိုင်ခဲ့သည်။

လင်းတမြို့၏ စစ်တပ်စခန်းတစ်ခုသည် ကျူလင်းမြို့တွင် ရှိနေသည်။

သူတို့က ရေခဲလမြို့ကို တိုက်ခိုက်ရန်အတွက် စစ်သည်များကို စုဆောင်းနေကြသည်။

စာရင်းပေးချင်သောလူသည် အနည်းဆုံး အဆင့်ငါးဖြစ်ရမည်။ ရုပ်သေးသခင်များ ဖြစ်နေလျှင် ပိုကောင်းသည်။

ထို့အတွက် ဆုကြေးသည် မနည်းပေ။ တစ်ရက်လျှင် မူလဒင်္ဂါးတစ်သောင်း ဖြစ်သည်။

“ဒီလိုမျိုး ဈေးကြီးပေးနေရင် ရေခဲလမြို့ကို သိမ်းပိုက်နိုင်ခဲ့ရင်တောင် အကုန်အကျများလိမ့်မယ်”

ရွှေရောင်ငှက်က ရေရွတ်သည်။

ဟန်မူယဲ့က စကားမပြောပေ။ သူက မြို့ထဲတွင် လျှောက်သွားနေပြီး ဆိုင်တစ်ဆိုင်ထဲသို့ ဝင်လိုက်သည်။

ခဏအကြာတွင် သူက ကျောက်စိမ်းပြားတစ်ခုနှင့် ပြန်ထွက်လာသည်။

“ညစ်နေတာပဲ။ သတင်းရဖို့အတွက် မူလဒင်္ဂါးဆယ်သန်း ပေးလိုက်ရတယ်”

ခေးအော့က မပျော်ရွှင်စွာ ရေရွတ်သည်။

ထိုဆိုင်သည် သတင်းအချက်အလက်များကို အဓိကရောင်းချသော နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ဆိုင်ခွဲတစ်ခု ဖြစ်သည်။

ဟန်မူယဲ့က ဆိုင်၏ အမှတ်အသားကို မြင်ခဲ့ရသည်။

လင်းတမြို့၏ သတင်းကို ဝယ်ယူရန်အတွက် မူလဒင်္ဂါးဆယ်သန်း ကုန်ကျခဲ့သည်။

အကယ်၍ ဟန်မူယဲ့က နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ တံဆိပ်ပြားကို ထုတ်မပြခဲ့လျှင် ပိုပေးရလိမ့်မည်။

ဟန်မူယဲ့က လူရှင်းသောနေရာကို ရှာလိုက်ပြီး လက်ထဲတွင်ရှိသော ကျောက်စိမ်းပြားကို အသက်သွင်းသည်။

သူက စာပိုဒ်များကို မြင်ရသည်။

“ရုပ်သေးရုပ်ဗဟိုချက်ရဲ့ ပိုင်ရှင်က စကြဝဠာနယ်မြေကနေ ရောက်လာခဲ့တယ်။ လင်းတမြို့က ဗဟိုချက်ကို ပျိုးထောင်ပေးရတဲ့အတွက် ရေခဲလမြို့ကို သိမ်းပိုက်ဖို့ တောင်းဆိုခဲ့တယ်”

“စကြဝဠာနယ်မြေရဲ့ ကျွမ်းကျင်သူက ရေခဲလမြို့ရဲ့ ထိပ်တန်းအဆင့်ရုပ်သေးရုပ်ကို ရှာတွေ့သွားတယ်။ စကြဝဠာအဆင့် လက်နက်တစ်ခုလည်း ရှိနိုင်တယ်”

“အဲဒီကျွမ်းကျင်သူရဲ့ နောက်ကွယ်မှာ ခန်းဆောင်တစ်ခုရှိတယ်လို့ ပြောကြတယ်။ သူက အရမ်းအားကောင်းတယ်”

သတင်းများကြောင့် အခြေအနေကို ရှင်းလင်းစွာ သိလိုက်ရသည်။

လင်းတမြို့က ရဲတင်းနေသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူတစ်ယောက် ရောက်လာခဲ့သည်။

လင်းတမြို့သည် ကိုယ်ပိုင်မြို့၏စွမ်းအားကို စတေးပြီး စကြဝဠာအဆင့် ရတနာကို ပျိုးထောင်ပေးရန် ကူညီခဲ့သည်။

အပြန်အလှန်အနေဖြင့် စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူက ရေခဲလမြို့ကို သိမ်းပိုက်ပေးလိမ့်မည်။

ထိုအရာသည် မူလအခြေအနေ ဖြစ်သည်။

သို့သော် ထိုကျွမ်းကျင်သူက ရေခဲလမြို့၏ မူယွဲ့ရုပ်သေးရုပ်နှင့် စကြဝဠာအဆင့်လက်နက် လှံရှည်ကို ရှာတွေ့သွားသည်။

ထို့ကြောင့် ရေခဲလမြို့ကို သိမ်းပိုက်ရန် ပိုမိုတက်ကြွလာသည်။

ယခုအခြေအနေအရ အရာအားလုံးသည် စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူအပေါ်တွင် မူတည်နေသည်။

“မူလဒင်္ဂါးဆယ်သန်းက ထိုက်တန်ပါတယ်”

ခေးအော့က ညင်သာစွာ လည်ပတ်နေပြီး ပြောလိုက်သည်။

တစ်ဖက်တွင် ရွှေရောင်ငှက်က တောင်ပံခတ်လိုက်ပြီး အကူအညီမဲ့စွာပြောသည်။

“စကြဝဠာနယ်မြေရဲ့ ကျွမ်းကျင်သူတွေကို ဘာဖြစ်လို့ နေရာတိုင်းမှာ တွေ့နေရတာလဲ”

ဟန်မူယဲ့က ရယ်လိုက်သည်။

ထိုကျွမ်းကျင်သူများက နေရာတိုင်းတွင် ပေါ်လာခြင်းမဟုတ်ပေ။ သူတို့က ထိုကျွမ်းကျင်သူများနှင့် ဆုံတွေ့နိုင်သောအဆင့်သို့ ရောက်လာခြင်း ဖြစ်သည်။

ယခင်က လုံလောက်စွာ မသန်မာသောကြောင့် ထိုကျွမ်းကျင်သူများနှင့် မတွေ့ခဲ့ပေ။

ယခုအချိန်တွင် ပုန်းအောင်းချင်လျှင်ပင် မဖြစ်နိုင်တော့ပေ။

“ကြည့်ရတာ စကြဝဠာနယ်မြေရဲ့ ကျွမ်းကျင်သူကို ရှင်းပစ်ရမယ်ထင်တယ်”

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေပြီး တီးတိုးပြောသည်။

ရွှေရောင်ငှက်က တောင်ပံဖြန့်လိုက်ပြီး သူ့စကားကို သဘောတူနေပုံရသည်။

“ဒါပေမဲ့ မူယွဲ့ရုပ်သေးရုပ်က ပေါ်ထွက်လာပြီ။ အနာဂတ်မှာ ပြဿနာတွေနဲ့ ဆက်ကြုံရလိမ့်မယ်”

သတိကြီးသော ခေးအော့က ပြောသည်။

မူယွဲ့ရုပ်သေးရုပ်က သန်မာပြီး ရေခဲလမြို့ကို စောင့်ရှောက်ပေးနိုင်သည်။ သို့သော် စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူများကိုလည်း ဆွဲဆောင်မိလိမ့်မည်။

ယခင်က မူယွဲ့ရုပ်သေးရုပ်သည် ထွက်ပေါ်လာမည့်အစား ရေခဲလမြို့ကိုသာ ကျဆင်းသွားစေခဲ့သည်။

“မူယွဲ့ ....”

ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“သူ့ကို လူတစ်ယောက်ဖြစ်လာအောင် လုပ်ပေးမယ်လို့ ကတိပေးထားတယ်”

“အခု အချိန်ကျလာပြီပဲ”

ထိုစကားကြောင့် ရွှေရောင်ငှက်၊ ခေးအော့နှင့် ဓာတ်စင်ငါးပါးမီးပြင်းဖိုတို့က အံ့အားသင့်သွားသည်။

“မင်းက အဲဒီလို လုပ်နိုင်တာလား”

ရွှေရောင်ငှက်က အံ့အားသင့်စွာ မေးသည်။

ဟန်မူယဲ့က ခေါင်းခါသည်။

ရွှေရောင်ငှက်က တောင်ပံခတ်လိုက်ပြီး ဆက်ပြောတော့မည့်အချိန်တွင် ဟန်မူယဲ့က ပြောလိုက်သည်။

“အရင်ကတော့ မဟုတ်ဘူး။ အခုတော့ အချိန်ကျလာပါပြီ”

ရွှေ‌ရောင်ငှက်၏တောင်ပံက ရပ်တန့်သွားသောကြောင့် ပြုတ်ကျလုနီးပါး ဖြစ်နေသည်။

ခေးအော့၏ ပုတီးစေ့က မလည်ပတ်နိုင်တော့ဘဲ ရပ်တန့်သွားသည်။

ဓာတ်စင်ငါးပါးမီးပြင်းဖိုက ရှုပ်ထွေးသောမျက်နှာထားဖြင့် ခေါင်းငုံ့ထားပြီး တီးတိုးရေရွတ်သည်။

ပန်းပဲပညာရှင်တစ်ယောက် သို့မဟုတ် ပန်းပဲပညာလမ်းစဉ်တွင် အခက်ခဲဆုံးအရာသည် သက်ရှိအဆင့်သို့ရောက်အောင် ဖန်တီးနိုင်ခြင်း ဖြစ်သည်။

အတုအပ မဟုတ်တော့ပေ။

သက်ရှိများကို ဖန်တီးမည်။

ထိုအဆင့်တွင် ဖန်တီးခြင်း ဖြစ်လာသည်။

ပန်းပဲပညာလမ်းစဉ်၏ နောက်ဆုံးပန်းတိုင် ဖြစ်သည်။

‘ဟန်မူယဲ့က အဲဒီအဆင့်ကို ရောက်တော့မှာလား’

“အဟမ်း၊ ကျွန်တော်က သက်ရှိတွေကို ဖန်တီးနိုင်တယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမလား”

ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။

“ကျွန်တော်က အဲဒီအဆင့်ကို ရောက်နေရင် ကြယ်စင်စုစကြဝဠာမှာ ဘာဖြစ်လို့ ဆက်နေမှာလဲ”

“မူလစကြဝဠာကို ပြန်သွားပြီး အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲတွေကို ဖန်တီးလိုက်မှာပေါ့။ အဲဒါက ပိုမကောင်းဘူးလား”

သူ့စကားကြောင့် ရွှေရောင်ငှက်က ပြင်းထန်စွာ တောင်ပံခတ်လိုက်သည်။ ခေးအော့၏ ပုတီးစေ့က ဦးတည်ချက်မရှိဘဲ လှုပ်ရှားနေသည်။

ဟန်မူယဲ့ ကျူလင်းမြို့မှ ထွက်လာပြီး လင်းတမြို့ သို့မဟုတ် ရေခဲလမြို့သို့ မသွားခဲ့ပေ။

သူက တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသုံးပြုပြီး လေဟာနယ်မြို့ကြီးများ၏ တစ်ဝက်ကျော်နှင့် ဆက်သွယ်ထားသော ထျန်ရှန်းမြို့သို့သွားခဲ့သည်။

ထျန်ရှန်းမြို့သည် နာမည်ကြီး‌သော ကုန်သွယ်ရေးမြို့ ဖြစ်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက ကူးသန်းရောင်းဝယ်ပြီး လိုအပ်သောအရာကို ရှာဖွေကြသည်။

ထိုထဲတွင် မြို့ကြီးများ ငှားရမ်းထားသော စံအိမ်ငယ်များသည် အထူးခြားဆုံး ဖြစ်သည်။

ထိုစံအိမ်ငယ်များသည် သာမန်ကျင့်ကြံသူများနှင့် အရောင်းအဝယ်မလုပ်ကြပေ။ သူတို့က မူလဒင်္ဂါး သန်းဆယ်ချီသော အရင်းအမြစ်များကို မြို့ကြီးများကြားတွင် လဲလှယ်ကြသည်။

ဟန်မူယဲ့က ထျန်ရှန်းမြို့သို့ ရောက်လာပြီး မရေမတွက်နိုင်သော ပုံရိပ်များကို မြင်ရသည်။ ပတ်ဝန်းကျင်သည် သက်ဝင်လှုပ်ရှားနေသည်။

ဤနေရာသည် အမှန်တကယ်ပင် ကုန်သွယ်ရေးမြို့ ဖြစ်သည်။

ကြွယ်ဝမှုကို ရှာဖွေချင်သော လူများသည် ဤနေရာသို့ ရောက်လာကြသည်။

လုံလောက်သောခွန်အားနှင့် အရင်းအမြစ်မရှိလျှင် ဤနေရာတွင် အောင်မြင်နိုင်မည်မဟုတ်ပေ။

သို့သော် အမျှော်အမြင်ရှိပြီး နည်းလမ်းများကို ကောင်းမွန်စွာ အသုံးချနိုင်သည့်အတွက် ညတွင်းချင်း ကြွယ်ဝသွားသော မရေမတွက်နိုင်သည့် လူများလည်း ရှိကြသည်။

ဟန်မူယဲ့က လမ်းလျှောက်လာပြီး ပုံပြင်အမျိုးမျိုးကို ကြားခဲ့ရသည်။

လူတစ်ယောက်က ပျက်စီးနေသော လက်နက်တစ်ခုကို ဝယ်ယူခဲ့သည်။ ထို့နောက် ပြုပြင်လိုက်သောအခါ ကမ္ဘာဦးအဆင့်ရတနာ ဖြစ်နေသည်။

လူတစ်ယောက်က အသစ်ဖွင့်ထားသော စံအိမ်တစ်ခုမှ များပြားသော ဝိညာဉ်သတ္တုများကို ဝယ်ယူခဲ့သည်။ ထို့နောက် မြို့ကြီးတစ်မြို့က ထိုဝိညာဉ်သတ္တုများကို အရေးပေါ်လိုအပ်နေသောကြောင့် အဆတစ်ရာခန့် အမြတ်ရသွားသည်။

လူအများအပြားသည် အရင်းအမြစ်နှင့် ဝိညာဉ်သတ္တုများကို ရောင်းဝယ်ပြီး သန်းထောင်ချီ၍ အမြတ်ရခဲ့ကြသည်။

ဤနေရာတွင် အလုပ်အကိုင် ပေါများသောကြောင့် သာမန်ကျင့်ကြံသူများကပင် တခြားနေရာတွင်ရှိသော ကျင့်ကြံသူများထက် ပိုမိုသာလွန်ကြသည်။

ထိုသို့ဖြင့် ထျန်ရှန်းမြို့သည် ကြွယ်ဝခြင်းမြို့ ဖြစ်လာသည်။

အိပ်မက်မြို့တစ်ခုလည်း ဖြစ်သည်။

မရေမတွက်နိုင်သော လူများသည် သူတို့ဘဝ၏ တန်ဖိုးကို နားလည်ချင်ကြသည်။

“ဟယ်ရန်စွန်းက မဆိုးဘူးပဲ ....”

ဟန်မူယဲ့၏ ပခုံးပေါ်တွင်ရှိ‌သော ရွှေရောင်ငှက်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။

ထျန်ရှန်းမြို့သို့ ပြန်ရောက်လာသော ဟန်မူယဲ့က အထူးငွေကြေးတစ်ခု ရှိနေမည်ဟု ထင်မထားခဲ့ပေ။

ထျန်ရှန်းမြို့တွင် အသုံးပြုနိုင်သော ထျန်ရှန်းဒင်္ဂါး ဖြစ်သည်။

အင်အားစုများက အချင်းချင်း၏ အရင်းအမြစ်ကို သင့်တော်သောဈေးနှုန်းတစ်ခု သတ်မှတ်ပြီး ထျန်ရှန်းဒင်္ဂါးဖြင့် ဖြေရှင်းကြသည်။

လေဟာနယ်မြို့များ၏ အရင်းအမြစ်ကို ဆုံးဖြတ်ရာတွင် မူလဒင်္ဂါးနှင့် မူလကျောက်တုံးများက မလုံလောက်သောကြောင့် ထျန်ရှန်းငွေကြေး ပေါ်လာခဲ့သည်။

ထိုအရင်းအမြစ်များသည် အဖိုးတန်ပြီး အဆင့်တူရတနာဖြင့်သာ လဲလှယ်နိုင်သည်။

မူလဒင်္ဂါးနှင့် မူလကျောက်တုံးများကို မည်သူမှ မလိုချင်ကြပေ။

အမှန်အတိုင်းဆိုလျှင် အစည်းအရုံးကြီးလေးခု၏ မူလဒင်္ဂါးများသည် နေရာတိုင်းတွင် ချောမွေ့စွာ မလည်ပတ်နိုင်ပေ။

ဥပမာအနေဖြင့် ဟန်မူယဲ့၏ ကြွယ်ဝမှုအများစုသည် အရင်းအမြစ်များကို လဲလှယ်ခြင်းမှ ဖြစ်ပေါ်လာသည်။

ထျန်ရှန်းဒင်္ဂါးသည် အကောင်အထည် မရှိပေ။ ယုံကြည်နိုင်သော အမည်နာမတစ်ခုသာ ဖြစ်သောကြောင့် ထျန်ရှန်းမြို့တွင်ရှိသော အင်အားစုတိုင်းက လက်ခံကြသည်။

ထိုအရာသည် ထင်မှတ်မထားသော အံ့အားသင့်စရာတစ်ခု ဖြစ်သည်။

သို့သော် လမ်းတစ်လျှောက်တွင် ဟန်မူယဲ့က ထျန်ရှန်းဒင်္ဂါးနှင့် ပတ်သတ်၍ မတူညီသောအမြင်များ ရှိလာသည်။

“ဒီထျန်ရှန်းဒင်္ဂါးက နှစ်ဖက်သွားဓားတစ်လက်ပဲ”

ဟန်မူယဲ့က ညင်သာစွာပြောလိုက်ပြီး မြို့သခင်အိမ်တော်အား ကိုယ်စားပြုသော စံအိမ်ငယ်ကို ကြည့်လိုက်သည်။

ဤမြို့တွင် ကျယ်ဝန်းသောအိမ်တော်များ မရှိပေ။ သောင်းချီသော စံအိမ်ငယ်များသာ ရှိကြသည်။

စံအိမ်ငယ်တိုင်းတွင် အနည်းဆုံး နတ်ဘုရားအဆင့် သို့မဟုတ် သူတော်စင်အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက်က စောင့်ကြပ်နေသည်။

ထျန်ရှန်းမြို့တွင်ရှိသော ကျွမ်းကျင်သူများ၏ အရေအတွက်သည် စိတ်ကူးမယဉ်နိုင်လောက်ပေ။

ဤမြို့ကို မည်သူမှ မကြံစည်ရဲကြပေ။

All Chapters