← Chapters

အခန်း (၁၃၆၃)

Vol. 98 Ch. 1363

အခန်း (၁၃၆၃)

Vol. 98 Ch. 1363

ကျင့်ကြံခြင်းလောကတစ်ခု၏ အမွေအနှစ်ကို ပြောင်းလဲရန်အတွက် မည်သည့်စွမ်းအားကို လိုအပ်မည်နည်း။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်ပြီး ကပ်ဘေးများကိုပင် ကြုံတွေ့ခဲ့သော မဟာနေမင်းရွှေကျီးကန်းက ရင်တုန်သွားခဲ့သည်။

“ဒါက ကြယ်စင်စုစကြဝဠာရဲ့ ကပ်ဘေးလား”

သူက ရုတ်တရက် တစ်ခုခုကို နားလည်သွားပြီး ထိတ်လန့်စွာပြောသည်။

အစိတ်အပိုင်းတစ်ခုကို ကိုင်ထား‌သော ဟန်မူယဲ့က ရပ်တန့်လိုက်ပြီး ခေါင်းညိတ်လျက် ပြောသည်။

“အဲဒီလိုမျိုး ပြောလို့ရတယ်”

ကျင့်ကြံခြင်းတွင် စွမ်းအားအမျိုးမျိုးသည် စုစည်းလာပြီး အဆုံးသတ်တွင် ပြောင်းလဲမှုများကို ဖြစ်ပေါ်စေမည်။

ထိုအရာသည် ကပ်ဘေးဖြစ်သည်။

သို့သော် ကပ်ဘေးသည် ကျင့်ကြံခြင်းလောကကို အားနည်းသွားစေနိုင်သလို အားကောင်းလာစေနိုင်သည်။

ထိုအရာသည် ကပ်ဘေးကို စတင်ခဲ့သော လူအပေါ်တွင် မူတည်နေသည်။

“အဏုကြည့်မျက်လုံးကနေစပြီး မင်းက ကြယ်စင်စုစကြဝဠာရဲ့ အမွေအနှစ်ကို ဖြည်းဖြည်းချင်းစီ ပြောင်းလဲနေခဲ့တယ်”

“ပေါင်းစပ်ရုပ်သေးရုပ်၊ ဇီဝရုပ်သေးရုပ်နဲ့ စကြဝဠာတစ်ဝက်အဆင့် ရုပ်သေးရုပ်တွေက ဆက်တိုက်ပေါ်ထွက်လာပြီး ပြောင်းလဲမှုကို ကြီးမားစေခဲ့တယ်”

“မြို့ကြီးတွေက ဖရိုဖရဲဖြစ်လာတဲ့အချိန်မှာ ခွန်အားတိုးမြှင့်ဖို့အတွက် မင်းရဲ့ ရုပ်သေးရုပ်တွေကို သေချာပေါက် လိုလာလိမ့်မယ်”

ရွှေရောင်ငှက်က ပြောလိုက်သည်။

သူက စိတ်လှုပ်ရှားနေသည်။

“အဲဒီလိုနဲ့ ပိုများတဲ့ စကြဝဠာတစ်ဝက်အဆင့် ကျွမ်းကျင်သူတွေ ပေါ်ထွက်လာရင် စကြဝဠာနယ်မြေက သူတို့ကို ဖိနှိပ်နိုင်တော့မှာမဟုတ်ဘူး”

“မင်း .... မင်းက ကြယ်စင်စုစကြဝဠာကို ပြောင်းပြန်လှန်ပစ်ချင်နေတာပဲ”

ဟန်မူယဲ့က ခေါင်းခါလိုက်သည်။

“ကျွန်တော်က ဘာမှမလုပ်ချင်ပါဘူး”

သူက ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ပေ။ သို့သော် ဖြစ်ရပ်တိုင်း၏ နောက်ကွယ်တွင် မမြင်နိုင်သော သက်ရောက်မှုများ ရှိနေသည်။

ထိုသက်ရောက်မှုများကို လက်တစ်စုံက ထိန်းချုပ်ထားခြင်း ဖြစ်နိုင်သည်။

ထိုသို့ ရိုးရှင်းသည်။

ကပ်ဘေး ....

ကြယ်စင်စုစကြဝဠာ၏ ကပ်ဘေး ဖြစ်သည်။

ထိုကပ်ဘေးကို ဟန်မူယဲ့က စတင်ခဲ့သည်။

ခွန်းဝူ၏ ကပ်ဘေးသည်လည်း သူနှင့် သက်ဆိုင်နေသည်။

အင်မော်တယ်လောကနှင့် နတ်ဘုရားလောက၏ ကပ်ဘေးကိုလည်း သူက စတင်ခဲ့သည်။

ကြယ်စင်စုစကြဝဠာ၏ ကပ်ဘေးကိုလည်း နှိုးဆွမိလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူက ကြယ်စင်စုစကြဝဠာသို့ ရောက်လာပြီး အဏုကြည့်မျက်လုံးကို ဖန်တီးခဲ့သောအချိန်တွင် တချို့အရာများသည် ဖြစ်ပေါ်ရန် ကံပါလာကြသည်။

“အခု ပြန်တွေးကြည့်တော့ ကြယ်စင်စုစကြဝဠာကိုလာဖို့ အရမ်းလွယ်နေသလိုပဲ”

ဟန်မူယဲ့က ရွှေရောင်ငှက်ကို ကြည့်လိုက်သည်။

ရွှေရောင်ငှက်က အံ့အားသင့်သွားသည်။

“ကြယ်စင်စုစကြဝဠာနဲ့ ရောထွေးနေဖို့လည်း သိပ်မခက်ဘူး”

“အဲဒီအချိန်မှာ ကျန်းယွီလင်းက ကြယ်စင်စုစကြဝဠာကနေ မူလစကြဝဠာကို ဘယ်လိုလုပ် ရောက်လာတာလဲ။ သူက လမ်းကြောင်းကို ဘာဖြစ်လို့ ချန်ထားခဲ့တာလဲ”

ရွှေရောင်ငှက်က ဟန်မူယဲ့၏ မေးခွန်းများကို မဖြေနိုင်ပေ။

သူက မသိပေ။

ဟန်မူယဲ့က ဆက်မပြောတော့ပေ။

သူက ရှေ့တွင်ရှိသော ရုပ်သေးရုပ်အစိတ်အပိုင်းနှင့် ဝိညာဉ်သတ္တုများကို အာရုံစိုက်ထားလိုက်သည်။

သူက အစိတ်အပိုင်းများကို လျင်မြန်စွာ တပ်ဆင်ပြီး ဝိညာဉ်သတ္တုများကို သန့်စင်လိုက်သည်။

ထိုအရာသည် စကြဝဠာအဆင့် ဗဟိုချက်ရတနာ ဖြစ်သည်။ ထိုပစ္စည်းကို ပြုပြင်ရန်အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုရသည်။

ကံကောင်းစွာဖြင့် ခြင်္သေ့ရိုင်းနှလုံးသားသည် တခြားပစ္စည်းများနှင့် မတူပေ။ သူက အပြည့်အဝ ပြုပြင်ပေးရန် မလိုအပ်ပေ။ ဗဟိုချက်၏ လုပ်ဆောင်ချက်ကို ချောမွေ့သွားအောင် လုပ်ပေးရန်သာ လိုအပ်သည်။

ထိုသို့မဟုတ်လျှင် သူက ခြင်္သေ့ရိုင်းနှလုံးသားကို လွယ်ကူစွာ ပြုပြင်နိုင်မည်မဟုတ်ပေ။

“ဝီ”

သုံးရက်အကြာတွင် ခြင်္သေ့ရိုင်းနှလုံးသားက တုန်ခါလာသည်။

ထိုနှလုံးသားက တဒုတ်ဒုတ်ခုန်နေသည်။

“ထျန်ရှန်းမြို့ကြောင့် ကောင်းကင်နှလုံးသားကျောက်တုံးနဲ့ ကျောက်စိမ်းတောအုပ်အရည်ကို လွယ်လွယ်လေး ရခဲ့တယ်။ မဟုတ်ရင် ဒီဗဟိုချက်ကို ပြုပြင်ဖို့ မလွယ်ဘူး”

ဟန်မူယဲ့က ရှေ့တွင် တဒုတ်ဒုတ်ခုန်နေသော ဗဟိုချက်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

ခြင်္သေ့ရိုင်းနှလုံးသားက ပြန်လည်ကောင်းမွန်လာပြီး အသက်ဝင်နေသည်။

သူက ထိုပစ္စည်းကို စွမ်းအားဖြည့်ပေးရန်သာ လိုအပ်သည်။

အကယ်၍ ဗဟိုချက်၏စွမ်းအားကို အထွတ်အထိပ်အထိ တိုးမြှင့်ချင်လျှင် လုံလောက်မည်မဟုတ်ပေ။

သို့သော် ဟန်မူယဲ့က ဗဟိုချက်၏စွမ်းအားကို ဖြည့်တင်းရန် ရည်ရွယ်ချက်မရှိပေ။ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ဆက်လုပ်လိမ့်မည်။

သူက လက်မြှောက်သည်။ ရွှေရောင်နှလုံးသားက ရုပ်သေးရုပ်ပေါ်သို့ ဆင်းသက်သွားသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က တုန်ခါလာသည်။

ထိုမြင်ကွင်းကို မြင်ရသောအခါ ရွှေရောင်ငှက်က အားကျနေသည်။

ထိုအရာသည် စကြဝဠာအဆင့် စွမ်းအား ဖြစ်သည်။

သူတို့ထက် သာလွန်နေသည်။

အမှန်အတိုင်းပြောရလျှင် ကြယ်စင်စုစကြဝဠာသို့ ဟန်မူယဲ့နှင့်အတူ လိုက်လာပြီး အကြိမ်ပေါင်းများစွာ ထိတ်လန့်ခဲ့ရသည်။

ယခင်တစ်ကြိမ်တွင်လည်း ဟန်မူယဲ့က ဇီဝရုပ်သေးရုပ်ကို ဖန်တီးပြီး ဝူကျောက်၏ အကြွင်းအကျန်ဝိညာဉ်နှင့် ပေါင်းစပ်၍ စကြဝဠာတစ်ဝက်အဆင့်သို့ ရောက်သွားစေသည်။

သို့သော် ရုပ်သေးရုပ်၏ တိုးတက်မှုက အကန့်အသတ်ရှိသောကြောင့် သူတို့က လက်ခံပေးနိုင်သည်။

ယခင်က အားနည်းခဲ့သော နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်သည် ဖြည်းဖြည်းချင်း သူတို့နှင့်ယှဉ်နိုင်သည်အထိ သန်မာလာသည်။ ယခုအချိန်တွင် စကြဝဠာအဆင့် ဗဟိုချက်ကိုပင် ပိုင်ဆိုင်သွားသည်။ သူတို့က အားမကျဘဲ မနေနိုင်ပေ။

“ဝီ”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က မျက်လုံးဖွင့်လိုက်ပြီး မတ်တပ်ရပ်သည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ကျုံ့ဝင်သွားသည်။

နောက်ဆုံးတွင် သူက ခုနစ်ပေအရပ်မြင့်သော အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သွားသည်။ သူ့မျက်နှာက အဝါဖျော့ရောင်သန်းနေပြီး မျက်လုံးများက တောက်ပသည်။

သူက ရုပ်သေးရုပ်ဖြစ်ကြောင်း တခြားလူများက ပြောနိုင်မည်မဟုတ်ပေ။

“အခု သူနဲ့ပြန်တွေ့ဖို့ အရည်အချင်းရှိသွားပြီ ....”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က လက်သီးဆုပ်ထားပြီး တီးတိုးရေရွတ်သည်။

သူ့အသံက သတ္တုသံနှင့် မတူတော့ပေ။ သာမန်လူတစ်ယောက်၏ အသံမျိုး ဖြစ်သည်။

သူက နတ်ဘုရားသားရဲ ရေမှင်စာ၏ အကြွင်းအကျန်ဝိညာဉ်တစ်ခု ဖြစ်ခဲ့ဖူးသည်။

ယခုအချိန်တွင် ရေမှင်စာနှင့် ယှဉ်နိုင်ပြီး ပိုမိုသန်မာသည်ဟု ပြောနိုင်သည်။

ဟန်မူယဲ့က နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို အပြုံးတစ်ခုနှင့်အတူ ကြည့်လိုက်သည်။

သူက အလွန်ပျော်နေသည်။

ဟန်မူယဲ့က ရှေ့တွင်ရှိသော ဝိညာဉ်သတ္တုများကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း လက်ဆန့်ထုတ်သည်။

“အခု မူယွဲ့ရုပ်‌သေးရုပ်အတွက် ခန္ဓာကိုယ်တစ်ခုကို ဖန်တီးပေးရမယ် ....”

ရေခဲလမြို့နှင့် လင်းတမြို့၏တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေသည်။

ပတ်ဝန်းကျင်တွင်ရှိသော မြို့များ၏သတင်းအရ စကြဝဠာနယ်မြေမှ ကျွမ်းကျင်သူများကြောင့် ရေခဲလမြို့သည် ဆက်တိုက် ဖိနှိပ်ခံနေရသည်။

သို့သော် ရေခဲလမြို့တွင် ကျွမ်းကျင်သူများ ရှိနေသည်။ အခြေခံအုတ်မြစ် ကောင်းမွန်သော ကျောင်းတော်တစ်ခုလည်း ရှိသည်။

ထို့အပြင် စကြဝဠာအဆင့်လက်နက်နှင့် စကြဝဠာတစ်ဝက်အဆင့် ကျွမ်းကျင်သူကလည်း ရေခဲလမြို့ကို စောင့်ကြပ်ပေးနေသည်။

ရေခဲလမြို့၏ သတင်းများသည် ဆက်တိုက်ပေါ်ထွက်လာသည်။

ထိုသတင်းများကြောင့် လူတိုင်းက အံ့အားသင့်သွားကြသည်။

လေဟာနယ်သို့ ပြန်ရောက်လာသော ရေခဲလမြို့သည် ဆရာဟန်နှင့် ပတ်သတ်နေပုံရသည်။

ဆရာဟန်က မည်သူနည်း။

ကြယ်စင်စုစကြဝဠာတွင်ရှိသော လူတိုင်းက ဆရာဟန်ကို သိကြသည်။

သူက ကြယ်စင်စုစကြဝဠာ၏ ပန်းပဲပညာလမ်းစဉ်ကို တစ်ယောက်တည်းခွန်အားဖြင့် ပြောင်းလဲပြီး ငွေရောင်ခေတ်သို့ရောက်အောင် တွန်းပို့ခဲ့သည်။

ထို့အပြင် သူက ပန်းပဲပညာရှင်အစည်းအရုံး၏ အချမ်းသာဆုံးလူဖြစ်ပြီး ကုန်သွယ်ရေးမြို့ဖြစ်သော ထျန်ရှန်းမြို့၏ အစစ်အမှန်ပိုင်ရှင်လည်း ဖြစ်သည်။

ထိုအရာနှင့်ပင် မလုံလောက်သေးပေ။ သူက ပန်းပဲပညာရှင်အစည်းအရုံး၏ ပင်မအကြီးအကဲတစ်ယောက်ဖြစ်ပြီး စကြဝဠာနယ်မြေမှ ထိပ်တန်းအင်အားစုတစ်ခု၏ ထောက်ပံ့မှုကိုလည်း ရထားသည်။

ထိုသတင်းသည် သိပ်မကြာသေးပေ။

ထိုအကြောင်းကို မသိသောလူများလည်း ရှိကြသည်။ ဥပမာအနေဖြင့် ရေခဲလမြို့အား ဝိုင်းရံထားသော လင်းတမြို့နှင့် စကြဝဠာနယ်မြေမှ ရောက်လာသော ကျွမ်းကျင်သူများ ဖြစ်ကြသည်။

သူတို့က ရေခဲလမြို့နှင့် ဟန်မူယဲ့၏ အကြောင်းကို မသိကြပေ။ ဟန်မူယဲ့၏ အစစ်အမှန်အထောက်အထားကိုလည်း နားမလည်ကြပေ။

ထိုသို့မဟုတ်လျှင် သူတို့က ရေခဲလမြို့ကို တိုက်ခိုက်ရဲမည်မဟုတ်ပေ။

“ဘုန်း”

လေဟာနယ်တွင် ပေါက်ကွဲသံကို ကြားရသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများက ဝင်္ကပါဖွဲ့စည်းပြီး ရပ်နေကြသည်။

ရွှေရောင်ပုဆိန်တစ်လက် ကိုင်ထားသော ပုံရိပ်သည် ပျောက်ကွယ်သွားပြီး ပြန်လည်ဖြစ်ပေါ်လာသည်။

“သခင်မမူယွဲ့၊ မင်းကို ငါသိတယ်”

“မင်းက စကြဝဠာနယ်မြေရဲ့ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ခဲ့တယ်”

ဆံပင်ဖြူနေသော ခါးကုန်းလူအိုကြီးတစ်ယောက်က မောက်မာစွာ ပြုံးသည်။ သူက ပုဆိန်ဖြင့် မူယွဲ့ရုပ်သေးရုပ်ကို ညွှန်ပြလိုက်သည်။ မူယွဲ့ရုပ်သေးရုပ်က အနီရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး တင်းမာသောမျက်နှာထားနှင့် ရှိနေသည်။

“အခု မင်းရဲ့ ကျင့်ကြံခြင်းက ဒီအဆင့်အထိ နိမ့်ကျသွားပြီ။ ဘာလုပ်ချင်သေးတာလဲ”

“အညံ့ခံလိုက်ပါ။ ငါက မင်းကို စကြဝဠာနယ်မြေဆီ ပြန်ခေါ်သွားမယ်”

“အဲဒီမှာ မင်းရဲ့မိတ်ဆွေတွေ ရှိနေတာပဲ။ သူတို့က မင်းကို မျှော်နေကြမှာပေါ့”

လူအိုကြီးက ရယ်လိုက်ပြီး လက်ထဲတွင်ရှိသော ပုဆိန်ကို မြှောက်သည်။

ဘေးတွင်ရှိသော ရွှေရောင်ပုံရိပ်တွင် အနက်ရောင်မျက်လုံးက တောက်ပသွားသည်။

စကြဝဠာအဆင့် ဗဟိုချက် ဖြစ်သည်။

ထိုဗဟိုချက်ကို မူယွဲ့ရုပ်သေးရုပ်ကပင် မခုခံနိုင်ပေ။

ယခင်က သခင်မမူယွဲ့သည် စကြဝဠာအဆင့်စွမ်းအားကို စွန့်လွှတ်ပြီး ရုပ်သေးရုပ်မှတစ်ဆင့် ထာဝရရှင်သန်ရန် ကြိုးစားခဲ့သည်။

ထိုနည်းလမ်းသည် စကြဝဠာနယ်မြေတွင် လူသိများသည်။

သို့သော် ရုပ်သေးရုပ်အဖြစ် ပြောင်းလဲရာတွင် ထိခိုက်လွယ်သည်။

လုံလောက်သောနည်းလမ်းများ မရှိလျှင် တခြားလူများက အမြတ်ထုတ်ကြလိမ့်မည်။

စကြဝဠာအဆင့် ကျွမ်းကျင်သူတစ်ယောက်သည် စိတ်ကူးမယဉ်နိုင်သော ကြွယ်ဝမှု၊ လွှမ်းမိုးနိုင်စွမ်း၊ အမွေအနှစ်နှင့် ရတနာများကို ပိုင်ဆိုင်သည်။

စကြဝဠာနယ်မြေ၏ ရန်ပွဲများကို အပြင်လူများက မသိကြပေ။

အကယ်၍ တစ်ယောက်ယောက်က အားနည်းနေသော သခင်မမူယွဲ့ကို ဖမ်းချုပ်ပြီး စကြဝဠာနယ်မြေသို့ ပြန်ခေါ်သွားနိုင်လျှင် စိတ်ကူးမယဉ်နိုင်သော အကျိုးအမြတ်ကို ရလိမ့်မည်။

သူမ၏ ခန္ဓာကိုယ်ကပင် တန်ဖိုးမဖြတ်နိုင်သော ရတနာများဖြင့် ပြုလုပ်ထားသည်။

လူအိုကြီးက မူယွဲ့ရုပ်သေးရုပ်ကို လောဘတကြီး ကြည့်သည်။

သူက ထာဝရရှင်သန်ရန်အတွက် စွမ်းအားကို စွန့်လွှတ်မည်မဟုတ်ပေ။

သို့သော် အစစ်အမှန်ကျွမ်းကျင်သူများက ထိုနည်းလမ်းကို အသုံးပြုကြသည်။

ထိုခန္ဓာကိုယ်သည် သူ့ဘဝတစ်လျှောက်လုံး စိတ်ကူးမယဉ်နိုင်သော ကြွယ်ဝမှုကို ပိုင်ဆိုင်သည်။

“ဝီ”

ပုဆိန်က ကျဆင်းလာသည်။ မူယွဲ့ရုပ်သေးရုပ်က လှံရှည်ကို မြှောက်လိုက်သည်။

လှံရှည်သည် ရွှေအလင်းကို ထုတ်လွှတ်ပြီး ပုဆိန်သွားကို တစ်ချက်တည်း ဖျက်ဆီးလိုက်သည်။

ထိုမြင်ကွင်းကြောင့် စကြဝဠာနယ်မြေမှ လူအိုကြီး၏မျက်လုံးများက ပိုမိုတောက်ပလာသည်။

ထိုလှံသည် စကြဝဠာအဆင့် လက်နက်တစ်ခု ဖြစ်သည်။

သခင်မမူယွဲ့က စွမ်းအားကို စွန့်လွှတ်ခဲ့သော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် နည်းလမ်းများကို ပိုင်ဆိုင်ထားသည်။

“ဟီးဟီး၊ သခင်မက ဒါပဲလုပ်နိုင်တာဆိုရင် ကြိုပြီး တောင်းပန်ထားရတော့မယ်”

လူအိုကြီးက အော်ဟစ်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။

နတ်ဘုရားအဆင့် ရုပ်သေးသခင်ငါးယောက် ဆင်းသက်လာသည်။

သူတို့၏နောက်တွင် အရှိန်အဝါ ပိုမိုပြင်းထန်သော လူသုံးယောက်လည်း ရှိနေကြသည်။

All Chapters