← Chapters

အခန်း (၁၃၆၄)

Vol. 98 Ch. 1364

အခန်း (၁၃၆၄)

Vol. 98 Ch. 1364

“တာအိုရောင်းရင်းတို့ သူ့ကို ဖမ်းဖို့ ကူညီပေးပါ။ ငါက ကတိအတိုင်း အကျိုးအမြတ်တွေကို ခွဲပေးမယ်”

ရှုံးပိုင်ဟုခေါ်သော စကြဝဠာနယ်မြေ၏ လူအိုကြီးက ပြောလိုက်သည်။ ရွှေရောင်ပုဆိန်သည် သူ့လက်ထဲတွင် ပြန်လည်စုစည်းလာသည်။

တိမ်တိုက်နှင့်မိုးကြိုးများသည် ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာပြီး လေဟာနယ်ကို တွန့်လိမ်သွားစေသည်။

ထိုစွမ်းအားသည် အလွန်ပြင်းထန်သောကြောင့် လေဟာနယ်က ပျက်စီးတော့မည်ဟု ထင်ရသည်။

စကြဝဠာနယ်မြေမှ ကျွမ်းကျင်သူက တာအိုရောင်းရင်းဟု ခေါ်လိုက်သောကြောင့် အသစ်ရောက်လာသော လူများကလည်း စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူများ ဖြစ်နေလိမ့်မည်။

လူအိုကြီးရှုံးပိုင်အပါအဝင် လူလေးယောက် ဖြစ်သည်။ ထို့အပြင် နတ်ဘုရားအဆင့် ရုပ်သေးသခင်ငါးယောက်လည်း ရှိနေသည်။ သူတို့အားလုံးက မူယွဲ့ရုပ်သေးရုပ်ကို ဖမ်းဆီးရန် ဆုံးဖြတ်ထားကြသည်။

မူယွဲ့ရုပ်သေးရုပ်၏ နောက်တွင်ရှိသော ဖုန်းကျူထျန်း၏မျက်နှာက လေးနက်နေသည်။ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများကလည်း ဘေးတွင် ရှိနေကြသည်။

သို့သော် သူတို့က ပေါင်းစပ်ရုပ်သေးရုပ်ကိုသာ ပူးပေါင်းပြီး ထိန်းချုပ်ထားနိုင်သည်။ ထိုရုပ်သေးရုပ်က သိပ်မဝေးသောနေရာတွင် ရပ်နေသည်။

ဟန်မူယဲ့က ကမ္ဘာဦးရုပ်သေးရုပ်ခြောက်ရုပ်နှင့် အကြွင်းအကျန်အစိတ်အပိုင်းများကို ပေါင်းစပ်၍ ထိုရုပ်သေးရုပ်ကို ဖန်တီးခဲ့သည်။

ထိုရုပ်သေးရုပ်ကို လူတစ်ယောက်က ဦးဆောင်၍ ထိန်းချုပ်ပေးရသည်။ တခြားလူများက စွမ်းအားထောက်ပံ့ရုံသာ ဖြစ်သည်။

ဖုန်းကျူထျန်းက ထိုရုပ်သေးရုပ်ကို ဦးဆောင်၍ ထိန်းချုပ်ထားသည်။

ထိုရုပ်သေးရုပ်သည် ကမ္ဘာဦးအဆင့်၏ အထွတ်အထိပ်စွမ်းအားကို ပိုင်ဆိုင်သည်။

သို့သော် တစ်ဖက်တွင် ရန်သူအများအပြား ရှိနေသည်။

လူတိုင်းသည် အနည်းဆုံး နတ်ဘုရားအဆင့်၏ ကမ္ဘာဦးကျွမ်းကျင်သူများ ဖြစ်ကြသည်။

စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူများသည် သူတို့ထက် ပိုမိုသန်မာသည်။

ရန်သူများက အစွမ်းကုန်ထုတ်သုံးလာလျှင် ရေခဲလမြို့က ခုခံနိုင်မည်မဟုတ်ပေ။

“မြို့သခင်ဖုန်း၊ ဆရာဟန်က ပြန်လာမှာလား”

ဖုန်းကျူထျန်း၏ဘေးတွင် ရပ်နေသော အကြီးအကဲကျင်းဟွေက တီးတိုးမေးသည်။

တခြားလူများကလည်း ဖုန်းကျူထျန်းကို လှည့်ကြည့်လိုက်ကြသည်။

သူတို့၏ အမှီအခိုသည် ဖုန်းကျူထျန်းနှင့် မူယွဲ့ရုပ်သေးရုပ် မဟုတ်ပေ။

ရေခဲလမြို့၏ ထိပ်ပိုင်းလူများက ဟန်မူယဲ့ကိုသာ မှီခိုကြသည်။

သူတို့၏အမြင်တွင် ဟန်မူယဲ့ရောက်လာသ၍ အဆင်ပြေသွားလိမ့်မည်။

“မစိုးရိမ်ပါနဲ့”

ဖုန်းကျူထျန်း၏မျက်နှာထားက လေးနက်နေသော်လည်း မျက်လုံးများက တည်ငြိမ်နေသည်။

“ဆရာဟန်က ဒီမှာရောက်နေပါပြီ”

‘ဆရာဟန် ရောက်နေပြီလား’

ဖုန်းကျူထျန်း၏စကားကြောင့် လူအိုင်းက အံ့အားသင့်သွားပြီး ပျော်ရွှင်နေသည်။

“ဘုန်း”

ရှေ့တွင် ရွှေရောင်ချပ်ဝတ်ပုံရိပ်ကို ထိန်းချုပ်ထားသော လင်းတမြို့၏ ကျွမ်းကျင်သူများက လှုပ်ရှားလိုက်ကြသည်။ ထိုပုံရိပ်က ပုဆိန်ဖြင့် ခုတ်ချသည်။

မူယွဲ့ရုပ်သေးရုပ်သည် ထိုတိုက်ခိုက်မှုကို မခုခံနိုင်ပေ။ သူမက လက်ထဲတွင်ရှိသော လှံရှည်ကို မြှောက်လိုက်ပြီး အစွမ်းကုန်ထုတ်သုံးသည်။

ဖုန်းကျူထျန်းက အခြေအနေကို နားလည်လိုက်ပြီး ပေါင်းစပ်ရုပ်သေးရုပ်ကို လှုပ်ရှားစေသည်။

“ဘန်း”

ပေါင်းစပ်ရုပ်သေးရုပ်က တိုက်ခိုက်လိုက်ပြီး ပုဆိန်နှင့် ထိတွေ့သွားသည်။ ထို့နောက် မူယွဲ့ရုပ်သေးရုပ်၏ လှံရှည်က ပုဆိန်ကို ခုခံသည်။

သူတို့က ပူးပေါင်းထားသော်လည်း ပုဆိန်ချက်ကို ခုခံနိုင်ရုံသာ ဖြစ်သည်။

အဝေးတစ်နေရာတွင် ကျင့်ကြံသူများက စောင့်ကြည့်နေကြသည်။

စစ်မြေပြင်တွင်ရှိသော ပုံရိပ်များကို အလင်းလွှာဖြင့် ဖမ်းယူထားသည်။

“ရေခဲလမြို့က ကျရှုံးသွားတော့မှာထင်တယ်”

အနက်ရောင်မုတ်ဆိတ်နှင့် လူအိုကြီးက မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။

ဘေးတွင်ရှိသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားသည်။

မြို့ကြီးတစ်မြို့သည် ရှုံးနိမ့်သွားလျှင် ခွဲဝေရမည့် ဆုလာဘ်တစ်ခု ဖြစ်လာသည်။

အင်အားစုများက ဝင်ပါလာကြလိမ့်မည်။

“စောင့်ကြည့်ကြရအောင်။ ရေခဲလမြို့ရဲ့နောက်ကွယ်မှာ ဆရာဟန်ရှိနေတယ်လို့ ပြောကြတယ်မဟုတ်လား။ ငါက ဆရာဟန်ကို မမြင်ရသေးဘူး”

လူတစ်ယောက်က ညင်သာစွာပြောသည်။

“ဟုတ်တယ်။ ဆရာဟန်က ဝမ်ကျင်းမြို့မှာ အကြွင်းအကျန်ဝိညာဉ်နဲ့ ပေါင်းစပ်ပြီး ရုပ်သေးရုပ်ကို ဖန်တီးခဲ့တယ်။ ပြီးတော့ စကြဝဠာနယ်မြေရဲ့ ကျွမ်းကျင်သူတွေကို လွှမ်းမိုးခဲ့တယ်”

လူတစ်ယောက်၏ မျက်လုံးများက တောက်ပနေပြီး ညင်သာစွာ ပြောသည်။

ကြယ်စင်စုစကြဝဠာတွင် ဆရာဟန်သည် ဒဏ္ဍာရီတစ်ပုဒ် ဖြစ်သည်။

ဆရာဟန်က ရေခဲလမြို့ကို ကာကွယ်ချင်လျှင် ပေါ်လာလိမ့်မည်။

“ဘုန်း”

ရှေ့တွင်ရှိသော တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်နေသည်။

မူယွဲ့ရုပ်သေးရုပ်က ပိုမိုနှေးကွေးလာသည်။

“ဖုန်းကျူထျန်း၊ ငါက အကြာကြီး မခုခံနိုင်တော့ဘူး”

ပေတစ်သိန်းအကွာသို့ တွန်းထုတ်ခံလိုက်ရသော မူယွဲ့ရုပ်သေးရုပ်က ပြောသည်။

ဖုန်းကျူထျန်းက လေးနက်စွာ ခေါင်းညိတ်ပြီး ပေါင်းစပ်ရုပ်သေးရုပ်ကို ရှေ့တက်သွားစေသည်။

“အကြီးအကဲ ထွက်သွားပါတော့”

ဖုန်းကျူထျန်းက ကျယ်လောင်စွာပြောသည်။

‘ထွက်သွားရမှာလား’

မူယွဲ့ရုပ်သေးရုပ်က နောက်တွင်ရှိသော ရေခဲလမြို့ကို လှည့်ကြည့်သည်။

သူမက ထိုမြို့ကို နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်ရှောက်ခဲ့သည်။

ထိုမြို့သည် သခင်မမူယွဲ့၏ အရာအားလုံးကို ယူသွားခဲ့သည်။ သို့သော် သူမအတွက် အရာအားလုံးကို ကာကွယ်ပေးထားသည်။

သခင်မမူယွဲ့ ပြန်လာမည်လား သူမသိပေ။

သူက မူယွဲ့ကို အားကျခဲ့သည်။

သို့သော် နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ကူးသန်းရောင်းဝယ်ရေးခန်းဆောင်တွင် နှစ်ပေါင်းများစွာကြာအောင် ပိတ်မိပြီး‌သောအခါ ဤခန္ဓာကိုယ်ကို မူယွဲ့ဆီသို့ ပြန်ပေးချင်မိသည်။

“ဟန်မူယဲ့၊ ငါက သက်ရှိတစ်ယောက်ဖြစ်လာမယ်လို့ ပြောခဲ့တယ်မဟုတ်လား ....”

ရုပ်သေးရုပ်က ရေရွတ်လိုက်ပြီး အဝေးတစ်နေရာတွင်ရှိသော ကောင်းကင်ကို ကြည့်သည်။

သူမက အစစ်အမှန်လူသားတစ်ယောက် ဖြစ်ချင်သည်။

သို့သော် ထိုအိပ်မက်သည် အစစ်အမှန်ဖြစ်လာမည်မဟုတ်ပေ။

“ဒါလည်း ကောင်းတာပဲ။ ငါ့မှာ အစကတည်းက အစစ်အမှန်ဘဝတစ်ခု မရှိခဲ့ဘူးလေ”

မူယွဲ့ရုပ်သေးရုပ်က ခန္ဓာကိုယ်တွင်ရှိသော စွမ်းအားများအားလုံးကို ဖော်ထုတ်ပြီး ကောင်းကင်ထက်သို့ ပျံတက်သွားသည်။

လှံတွင်ရှိသော ရွှေအလင်းသည် လှောင်အိမ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ကို ချုပ်နှောင်လိုက်သည်။

စကြဝဠာအဆင့် လှံရှည်၏ စွမ်းအားသည် ပတ်ဝန်းကျင်ကို ဖိနှိပ်နိုင်သည်။

ယခုအချိန်တွင် အရာအားလုံးက တိတ်ဆိတ်သွားသည်။

ရန်သူများ၏ ရုပ်သေးရုပ်ကပင် ရပ်တန့်နေသည်။

လှံကိုင်ထားသော မူယွဲ့ရုပ်သေးရုပ်က ရှေ့သို့ တစ်လှမ်းချင်းစီ လျှောက်လာသည်။

“မင်း .... မင်းက ဝိညာဉ်ကို လောင်ကျွမ်းပစ်နေတာလား”

“မဟုတ်ဘူး။ မင်းက သခင်မမူယွဲ့ မဟုတ်ဘူး။ ဒါက သခင်တစ်ယောက်ရဲ့ အငွေ့အသက် မဟုတ်ဘူး”

လူအိုကြီးရှုံးပိုင်က ချဉ်းကပ်လာသော မူယွဲ့ရုပ်သေးရုပ်ကို ကြည့်လိုက်ပြီး မျက်လုံးပြူးသွားသည်။

“မင်း .... မင်းက ရုပ်သေးရုပ်ပဲ”

“မင်းက သခင်မမူယွဲ့ရဲ့ ခန္ဓာကိုယ်ကို ခိုးယူထားတာပဲ”

သူက တစ်ကိုယ်လုံးတုန်ခါနေပြီး မူယွဲ့ရုပ်သေးရုပ်ကို ညွှန်ပြသည်။

“ဒါက ကြယ်စင်စုစကြဝဠာရဲ့ တားမြစ်ချက်ကြီးတစ်ခုပဲ။ မင်းက သေချာပေါက် သေသွားလိမ့်မယ်”

အမှန်ပင်ဖြစ်သည်။

သခင်ဖြစ်သူ၏ခန္ဓာကိုယ်ကို လုယူထားသော ရုပ်သေးရုပ်သည် အပြစ်သားဖြစ်သည်။

မူယွဲ့ရုပ်သေးရုပ်က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်သောမျက်နှာထားဖြင့် လှံရှည်ကို ဝှေ့ယမ်းသည်။

“ဟုတ်တယ်။ ငါက သေသင့်တယ်”

သူက စကားအဆုံးတွင် နောက်ဆုံးလက်ကျန်စွမ်းအားကို လှံရှည်ထဲသို့ ပို့လွှတ်လိုက်သည်။ လှံရှည်က ရွှေအလင်းကို ပစ်လွှတ်သည်။

“ဘုန်း”

ရွှေရောင်ချပ်ဝတ်နှင့် စစ်သူကြီးပုံရိပ်သည် ပျက်စီးသွားခဲ့သည်။

ထိုပုံရိပ်တွင်ရှိသော အနက်ရောင်မျက်လုံးသည် ထွက်ပြေးချင်သကဲ့သို့ လည်ပတ်နေသည်။ သို့သော် လှံရှည်၏စွမ်းအားကြောင့် ဖိနှိပ်ခံထားရသည်။

မူယွဲ့ရုပ်သေးရုပ်က ဆက်လက်မတိုက်ခိုက်နိုင်တော့ဘဲ လဲကျသွားသည်။

လှံရှည်ကလည်း လွတ်ထွက်သွားသည်။

ရုပ်သေးရုပ်၏ခန္ဓာကိုယ်မှ ပုံရိပ်တစ်ခု ပျံထွက်လာသည်။

“အချင်းချင်း ဖျက်ဆီးလိုက်တာပဲ”

“စကြဝဠာအဆင့်လက်နက်”

“ဒါက အခွင့်ကောင်းပဲ”

မရေမတွက်နိုင်သော အသံများကို ကြားရသည်။

ပုံရိပ်များသည် စစ်မြေပြင်သို့ ဝင်ရောက်လာကြသည်။ စကြဝဠာအဆင့်ရတနာကို လုယူရန် အကောင်းဆုံးအချိန် ဖြစ်သည်။

လှံရှည်၊ ရုပ်သေးရုပ်၏ခန္ဓာကိုယ်နှင့် အနက်ရောင်မျက်လုံးကို ရရှိနိုင်သောလူများသည် တိုးတက်လာလိမ့်မည်။

“သတ်”

လူတစ်ယောက်က အော်ဟစ်လိုက်ပြီး တိုက်ခိုက်သည်။ သူက ဘေးတွင်ရှိသော လူများကို တွန်းထုတ်ခဲ့သည်။

“အရင်ဆုံး လုယူလိုက်ရအောင်”

တချို့က ညင်သာစွာပြောလိုက်ပြီး နောက်တွင်ရှိသောလူများကို ဦးဆောင်သည်။

ပတ်ဝန်းကျင်က ဖရိုဖရဲဖြစ်နေသည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခုက ညင်သာစွာ ပျံသန်းလာပြီး မူယွဲ့ရုပ်သေးရုပ်၏ရှေ့တွင် ရပ်တန့်သည်။

၁၇နှစ် ၁၈နှစ်ခန့်သာရှိသော မိန်းကလေးတစ်ယောက် ဖြစ်သည်။

မိန်းကလေး၏မျက်နှာထားက တည်ငြိမ်နေပြီး လက်ညှိုးညွှန်၍ ရုပ်သေးရုပ်ကို လှမ်းခေါ်သည်။

ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ပြီး အနက်ရောင်မျက်လုံးနှင့် လှံရှည်ကိုလည်း ယူလိုက်သည်။

မျက်လုံးက မူယွဲ့ရုပ်သေးရုပ်၏ နဖူးပေါ်သို့ ရောက်သွားသည်။ လှံရှည်က မိန်းကလေး၏လက်ထဲသို့ ရောက်လာသည်။

ထိုအချိန်တွင် ပြင်းထန်‌သောစွမ်းအားတစ်ခု ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်လိုက်သည်။

“ဒါက စကြဝဠာအဆင့်စွမ်းအားပဲ”

“သူမက ဘယ်သူလဲ”

မရေမတွက်နိုင်သော အသံများကို ကြားရသည်။

ရှုံးပိုင်က ဖြူဖျော့နေသောမျက်နှာထားဖြင့် ရှေ့တွင်ရှိသော မိန်းကလေးကို ကြည့်သည်။

“မင်း .... မင်းက သခင်မမူယွဲ့ပဲ”

သခင်မမူယွဲ့ ....

မူယွဲ့ရုပ်သေးရုပ်၏ နှင်ထုတ်ခြင်းကို ခံလိုက်ရသော အစစ်အမှန်မူယွဲ့ ဖြစ်သည်။

သူမက ရှုံးပိုင်နှင့် တခြားလူများကို ကြည့်လိုက်ပြီး အေးစက်စွာ နှာမှုတ်သည်။ ထို့နောက် ရုပ်သေးရုပ်ထဲမှ လွင့်ထွက်သွားသော ပုံရိပ်ကို ကြည့်သည်။

“မူယွဲ့၊ နောက်ဆုံးတော့ ပြန်လာပြီပဲ”

ထိုပုံရိပ်က သခင်မမူယွဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“နင်က ငါ့ကို သိသေးတာပဲ”

မိန်းကလေးက ထိုပုံရိပ်ကို မုန်းတီးစွာ ကြည့်သည်။

ထိုပုံရိပ်က တုန်ခါသွားပြီး စိတ်ပျက်နေသည်။

“ဟုတ်တယ်။ နင်က မူယွဲ့ပဲ”

“ငါတော့ ဘာမှမဟုတ်ဘူး ....”

ထိုပုံရိပ်က မူယွဲ့ကို ကြည့်လိုက်ပြီး ပြုံးသည်။ ထို့နောက် ပတ်ဝန်းကျင်ကို ကြည့်သည်။ ရုပ်သေးရုပ်နှင့် လှံရှည်ကိုလည်း ကြည့်လိုက်သည်။

“နင်ပြန်လာတာ ဝမ်းသာပါတယ်”

“ဒါတွေအားလုံးကို နင့်ဆီပြန်ပေးလိုက်မယ်”

“ငါက ပျောက်ကွယ်သွားဖို့ အချိန်ကျပြီ”

ထိုပုံရိပ်က ဖြည်းဖြည်းချင်း မှိန်ဖျော့လာသည်။

ရုပ်သေးရုပ်၏ရှေ့တွင် ရပ်နေသော မိန်းကလေး၏ မျက်လုံးများက တောက်ပသွားသည်။ သူမက လက်မြှောက်ပြီး မှိန်ဖျော့နေသော ပုံရိပ်ကို ချုပ်နှောင်သည်။

“နင်က ဒီအတိုင်း ပျောက်ကွယ်သွားချင်တာလား”

“အဲဒါက လွယ်လွန်းမနေဘူးလား”

ထိုစကားကြောင့် ပုံရိပ်က ကြောင်အသွားပြီး ခါးသီးသောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။

“ဖြစ်သင့်ပါတယ်”

“ငါက နှစ်ပေါင်းများစွာကြာသည်အထိ နင်ပြန်မလာနိုင်အောင် တားဆီးထားခဲ့တယ်”

All Chapters