← Chapters

အခန်း (၁၃၆၇)

Vol. 98 Ch. 1367

အခန်း (၁၃၆၇)

Vol. 98 Ch. 1367

ဟန်မူယဲ့က ရေခဲလမြို့သို့ရောက်လာပြီး သိပ်မကြာခင် လင်းလုံမြို့၏သတင်းကို ကြားလိုက်ရသည်။

အားကောင်းသော ကျွမ်းကျင်သူတစ်‌ယောက်သည် လင်းလုံမြို့ကို တိုက်ခိုက်ခဲ့သည်။ သူက လင်းလုံမြို့၏တစ်ဝက်ကို ဖျက်ဆီးခဲ့သည်။ မည်သူကမှ သူ့ကို မတားနိုင်ပေ။

နောက်ဆုံးတွင် လင်းလုံမြို့က စကြဝဠာအဆင့်လက်နက်ကို ထုတ်သုံးပြီး သူ့ကို အနိုင်ယူခဲ့သည်။ သူက ဒဏ်ရာရသွားသော်လည်း ထွက်ပြေးနိုင်ခဲ့သည်။

ယခုအချိန်တွင် လင်းလုံမြို့က ထိုကျွမ်းကျင်သူကို လိုက်ဖမ်းနေသည်။

ရက်ပေါင်းများစွာအကြာတွင် ထိုကျွမ်းကျင်သူ၏သတင်း ပေါ်ထွက်လာခဲ့သည်။

ယုကျင်းမြို့သခင် ရှရူကျယ် ဖြစ်သည်။

ယခုအချိန်တွင် ယုကျင်းမြို့ကို ကျင်းလန်မြို့က သိမ်းပိုက်ထားသည်။ မြို့သခင်ရှကတော့ လွတ်မြောက်သွားသည်။

လွတ်မြောက်သွားသော မြို့သခင်ရှက လွန်ခဲ့သောနှစ်များတွင် သေဆုံးသွားသော သားဖြစ်သူအတွက် လက်စားချေရန် လင်းလုံမြို့ကို တိုက်ခိုက်ခဲ့သည်။ သူက တစ်ယောက်တည်းခွန်အားဖြင့် လင်းလုံမြို့၏တစ်ဝက်ကို ဖျက်ဆီးခဲ့သည်။

ထိုသတင်းကို ကြားရသောအခါတွင် လူတိုင်းက မယုံကြည်နိုင်ကြပေ။

ရှရူကျယ်က မည်သို့ သန်မာလာသနည်း။

ထို့နောက် အမျိုးမျိုးသော သတင်းများ ပေါ်ထွက်လာသည်။

ရုပ်သေးရုပ် ဖြစ်သည်။

လေဟာနယ်တွင်ရှိသော မြို့ကြီးများသည် တိတ်ဆိတ်သွားကြသည်။

ယုကျင်းမြို့သခင်ဟောင်းသည် ကိုယ့်ကိုယ်ကိုယ် ရုပ်သေးရုပ်အဖြစ် သန့်စင်ခဲ့သည်။

လောကတွင် ထိုနည်းလမ်းမျိုးကို လူတစ်ယောက်တည်းကသာ ပြုလုပ်နိုင်သည်။

ရေခဲလမြို့၏ ဆရာဟန် ဖြစ်သည်။

မကြာခင်မှာပင် ဟန်မူယဲ့ကလည်း ဝန်ခံလိုက်သည်။

သို့သော် သူက လျှို့ဝှက်တာဝန်တစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။

သူက တစ်ဖက်လူကို မသိပေ။ ရည်ရွယ်ချက်ကိုလည်း မသိပေ။

ထို့အပြင် သူ၏ ရုပ်သေးရုပ်များတွင် အားနည်းချက်ရှိသည်။

ဥပမာအနေဖြင့် ကိုယ်ပိုင်ကျင့်ကြံခြင်းကို တိုးမြှင့်ရန် မဖြစ်နိုင်တော့ပေ။ လူသားအဖြစ်လည်း ပြန်မပြောင်းနိုင်ပေ။ ရုပ်သေးရုပ်အဖြစ်သာ ဆက်ရှိနေလိမ့်မည်။

သူက သေချာရှင်းပြခဲ့သည်။

ထို့အပြင် လင်းလုံမြို့သို့ သွားရောက်ပြီး ဖြေရှင်းခဲ့သည်။

သူက ထိုသို့လုပ်လေ တခြားအင်အားစုများ၏ စိတ်ဝင်စားမှုကို နှိုးဆွနိုင်လေ ဖြစ်သည်။

“ညီအစ်ကိုဟန်၊ မင်းရဲ့ ခေးအော့အဆင့် ရုပ်သေးရုပ်တွေက ကြယ်စင်စုစကြဝဠာတစ်ခုလုံးကို ရူးသွပ်သွားစေလိမ့်မယ်”

တစ်နေရာမှ ရုတ်တရက်ပြန်ရောက်လာသော လုကျီရှုက ရေခဲလမြို့တွင်ရှိသော ဟန်မူယဲ့ကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူ့စကားကို ကြားရသောအခါတွင် ဟန်မူယဲ့က ညင်သာစွာပြုံးသည်။

“အဲဒါကို မပြောပါနဲ့အုံး။ အခု ငါက အာရုံစိုက်ခံနေရတယ်”

ဟန်မူယဲ့၏စကားအရ မရေမတွက်နိုင်သော အင်အားစုများသည် ရုပ်သေးရုပ်ကို သန့်စင်ပေးရန် တောင်းဆိုနေကြသည်။

သူက ထိုဖြစ်ရပ်ကြောင့် အတော်လေး ပင်ပန်းနေသည်။

“အဲဒါဆိုရင် ငါတို့က စကြဝဠာနယ်မြေကို တန်းသွားလိုက်ကြမလား”

လုကျီရှုက ရယ်ချင်နေပြီး မေးလိုက်သည်။

စကြဝဠာနယ်မြေသို့ ရောက်သွားလျှင် လေဟာနယ်၏ ကျွမ်းကျင်သူများက ဟန်မူယဲ့ကို အပူကပ်နိုင်တော့မည်မဟုတ်ပေ။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူသည်။

“ကျီယန်မြို့၊ လိုက်မှာလား”

‘ကျီယန်မြို့လား’

လုကျီရှုက မျက်မှောင်ကြုတ်သည်။

စကြဝဠာနယ်မြေသည် လေဟာနယ်မြို့ကြီးများအားလုံးကို ထိန်းချုပ်ထားနိုင်သည်။

ထို့အပြင် မြို့ကြီးများ၏ လက္ခဏာရပ်၊ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ၊ အဆင့်မြင့်ရတနာများ စသည်ဖြင့် အရာအားလုံးကို သိထားသည်။

လေဟာနယ်မြို့ကြီးများသည် အမှန်တွင် စကြဝဠာနယ်မြေ၏ အင်အားစုများ ဖြစ်ကြသည်။

“ကျီယန်မြို့က လေဟာနယ်တင်မကဘဲ စကြဝဠာနယ်မြေမှာလည်း လွှမ်းမိုးနိုင်တဲ့ မြို့ကြီးတစ်မြို့ ဖြစ်ခဲ့တယ်”

“ကျီယန်မြို့သခင် ရှုကျီယန်က ခရမ်းနေမင်းရွှေကျီးကန်းရဲ့ စွမ်းအားကို ထိန်းချုပ်ထားပြီး လောကကို လွှမ်းမိုးနိုင်တယ်”

လုကျီရှုက ကျီယန်မြို့၏အကြောင်းကို နားလည်သည်။

ကျီယန်မြို့သည် အထွတ်အထိပ်အချိန်တွင် အလွန်အားကောင်းပြီး ထိပ်တန်းအဆင့်ရတနာဖြစ်သော ခရမ်းနေမင်းမီးပြင်းဖိုကို ပိုင်ဆိုင်ခဲ့သည်။ ထိုမီးပြင်းဖိုဖြင့် လက်နက်နှင့်ဆေးလုံးများကို သန့်စင်ပြီး အလွန်ကြွယ်ဝခဲ့သည်။

သို့သော် မြို့သခင်ရှုကျီယန် ပျောက်ကွယ်သွားသောအချိန်တွင် အမျိုးမျိုးသော အင်အားစုများက ကျီယန်မြို့ကို မျက်စိကျလာကြသည်။ ထို့နောက် မြို့က ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။

“စကြဝဠာနယ်မြေရဲ့ ကျွမ်းကျင်သူတွေက ပူးပေါင်းပြီး ရှုကျီယန်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အဲဒီသတင်းက သိပ်မမှန်လောက်ဘူး”

“စကြဝဠာအဆင့် ကျွမ်းကျင်သူတွေက စကြဝဠာနယ်မြေရဲ့ အပြင်ဘက်မှာ မလှုပ်ရှားကြဘူး။ တကယ်လို့ လှုပ်ရှားခဲ့ရင်လည်း စွမ်းအားအပြည့် ထုတ်မသုံးနိုင်ဘူး”

“ရှုကျီယန်ရဲ့စွမ်းရည်နဲ့ဆိုရင် စကြဝဠာအဆင့်ကိုတောင် ကြောက်ဖို့မလိုဘူး”

လုကျီရှုက တီးတိုးပြောသည်။

ကျီယန်မြို့၏ ပျောက်ဆုံးမှုသည် လူတိုင်းကို အံ့အားသင့်သွားစေသည်။

အင်အားစုများက ကြိုးစားရှာဖွေခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။

နောက်ပိုင်းတွင် ကျီယန်မြို့ကိုရှာဖွေရန်အတွက် အသက်ဆုံးရှုံးသွားသောလူများလည်း ရှိခဲ့သည်။

လေဟာနယ်တွင် အကျိုးအမြတ်ရှာဖွေပြီး ပြန်လာသောလူများကလည်း သတင်းအချက်အလက်ကို ထုတ်ပြောနေမည်မဟုတ်ပေ။

“ကျီယန်မြို့ကို သွားမရှာသင့်ဘူးလို့ ညီအစ်ကိုလုက ပြောချင်တာလား”

ဟန်မူယဲ့က လုကျီရှုကို ကြည့်သည်။

သူ့စကားကို ကြားရသောအခါတွင် လုကျီရှုက ရယ်သည်။

“ဘာဖြစ်လို့မသွားရမှာလဲ”

“ငါက အရမ်းပျင်းနေတာ။ ကျီယန်မြို့ကို သွားရမှာပေါ့”

ထိုသို့ဖြင့် သူက မတ်တပ်ရပ်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ငါစီစဉ်လိုက်မယ်။ ကျီယန်မြို့ကိုသွားဖို့ အစောင့်တချို့လိုတယ်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

သူကလည်း စီစဉ်ရမည်။

လုကျီရှုထွက်သွားသောအခါ သူက ခန်းဆောင်ထဲသို့ ဝင်လာသည်။

ရွှေကျီးကန်း၊ ခေးအော့နှင့် ဓာတ်စင်ငါးပါးမီးပြင်းဖိုတို့က သူ့ရှေ့တွင် ပေါ်လာကြသည်။

“အကြီးအကဲတို့၊ ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်”

“သခင်မမူယွဲ့အတွက် ရုပ်သေးရုပ်သန့်စင်နေတဲ့အချိန်မှာ အကြီးအကဲတို့ နတ်ဘုရားသားရဲတွေရဲ့စွမ်းအားကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတစ်ခုကိုလည်း ရှာတွေ့ခဲ့တယ်”

“ဒါပေမဲ့ အကြီးအကဲတို့အတွက် လုပ်ပေးမယ့် ရုပ်သေးရုပ်တွေက ခွန်အားသိပ်မကောင်းဘူး။ ကမ္ဘာဦးအဆင့်ရဲ့ အထွတ်အထိပ်မှာပဲ ရှိလိမ့်မယ်”

“စကြဝဠာတစ်ဝက်အဆင့်ထက် နည်းနည်း‌လောက်ပဲ နိမ့်ကျတာပါ”

သူတို့၏စွမ်းအားကို ထိန်းသိမ်းရန်အတွက် ရုပ်သေးရုပ်များကို သန့်စင်ပေးနိုင်သည်ဟု ကြားလိုက်ရသောအခါ ရွှေရောင်ငှက်၊ ခေးအော့နှင့် မီးပြင်းဖိုတို့က စိတ်လှုပ်ရှားသွားကြသည်။

သို့သော် ကမ္ဘာဦးအထွတ်အထိပ်အဆင့်သာ ရှိသည်ဟု ပြောလိုက်သောအခါ အနည်းငယ် စိတ်ပျက်သွားသည်။

အမှန်အတိုင်းဆိုလျှင် သူတို့က ကမ္ဘာဦးအဆင့်ထက် ပိုမိုသန်မာသော နတ်ဘုရားသားရဲများ ဖြစ်ကြသည်။ ရုပ်သေးရုပ်နှင့် ကမ္ဘာဦးအထွတ်အထိပ်အဆင့် စွမ်းအားကို ထုတ်လွှတ်နိုင်ခြင်းသည် သူတို့၏ အကန့်အသတ် ဖြစ်သည်။

သို့သော် ဟန်မူယဲ့၏ဘေးတွင်ရှိသော ကျွမ်းကျင်သူများက စကြဝဠာတစ်ဝက်အဆင့်နှင့် စကြဝဠာအဆင့်များ ဖြစ်နေကြသည်။ ထို့ကြောင့် သူတို့က အနည်းငယ် စိတ်ဓာတ်ကျနေကြသည်။

ဟန်မူယဲ့က သူတို့ကိုကြည့်လိုက်ပြီး ပြုံးသည်။

“စိတ်မပူပါနဲ့။ ကျွန်တော်က အဲဒီရုပ်သေးရုပ်သုံးရုပ်ကို ပေါင်းစပ်ရုပ်သေးရုပ်တွေအဖြစ် သန့်စင်ပေးမယ်”

“အဲဒါဆိုရင် ပူးပေါင်းလိုက်တဲ့အချိန်မှာ စကြဝဠာတစ်ဝက်အဆင့် စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မယ်”

“နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်နဲ့ အတူတူတိုက်ခိုက်ရင် စိတ်ကူးမယဉ်နိုင်အောင် သန်မာလာလိမ့်မယ်”

ထိုစကားများကြောင့် မူလစကြဝဠာ၏ နတ်ဘုရားသားရဲသုံးကောင်က ပျော်ရွှင်သွားကြသည်။

“အဲဒါဆိုရင် ဘာစောင့်နေသေးတာလဲ”

ရွှေရောင်ငှက်က တောင်ပံခတ်လိုက်ပြီး ဟန်မူယဲ့၏ပခုံးပေါ်သို့ ရောက်လာသည်။

ခေးအော့၏ ပုတီးစေ့ကလည်း စိတ်လှုပ်ရှားစွာ လည်ပတ်နေသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ဝိညာဉ်သတ္တုများကို ထုတ်ယူသည်။

ယခုအချိန်တွင် ရေခဲလမြို့၏ ကူးသန်းရောင်းဝယ်ရေးခန်းဆောင်က အလုပ်ဖြစ်နေသောကြောင့် ထိပ်တန်းအဆင့် ဝိညာဉ်သတ္တုများကို လွယ်ကူစွာ ရနိုင်သည်။

ထို့အပြင် သူက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ် သုံးရာကိုလည်း စုဆောင်းနိုင်ခဲ့သည်။

ထိုပမာဏကို ကြေညာလိုက်လျှင် လူအများအပြားကို ထိတ်လန့်သွားစေလိမ့်မည်။

လေဟာနယ်မြို့ကြီးများတွင် အများစုသည် ကမ္ဘာဦးအဆင့်ရုပ်သေးရုပ် အနည်းငယ်ကိုသာ ပိုင်ဆိုင်ကြသည်။ ထိပ်တန်းအဆင့် မြို့များကသာ အရေအတွက်ဆယ်ချီ၍ ထိန်းသိမ်းထားသည်။

ရေခဲလမြို့ကဲ့သို့ ကမ္ဘာဦးရုပ်သေးရုပ်များ အရေအတွက်ရာချီသော မြို့သည် အလွန်ရှားပါးသည်။

အဘယ်ကြောင့်ဆိုသော် အသုံးမပြုနိုင်သော ရုပ်သေးရုပ်များကို ထိန်းသိမ်းထားလျှင် ဖြုန်းတီးရာရောက်သည်။ ထို့အပြင် အဆင့်အတန်းတစ်ခုတွင် ရှိနေသော အင်အားစုများအတွက် ကမ္ဘာဦးရုပ်သေးရုပ်ကို ရရှိရန် မခက်ပေ။

ထိုရုပ်သေးရုပ်များကို ပြုပြင်ရန်နှင့် ထိန်းချုပ်ရန် လုံလောက်သော ကျွမ်းကျင်သူများ ရှိရမည်။ ထိုအရာသည် အခက်အခဲတစ်ခုပင် ဖြစ်သည်။

သိုလှောင်ရုံထဲတွင် သိမ်းဆည်းထားရသော ရုပ်သေးရုပ်များသည် တန်ဖိုးမရှိပေ။

ဟန်မူယဲ့၏ရှေ့တွင် အမျိုးမျိုးသော ဝိညာဉ်သတ္တုများအပြင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်သုံးရုပ်၏ အခြေခံကိုယ်ထည်လည်း ရှိနေသည်။

ဟန်မူယဲ့၏မျက်နှာထားက လေးနက်နေသည်။ သူက လက်နှစ်ဖက်ကို လှုပ်ရှားပြီး မီးတောက်များကို ထုတ်လွှတ်၍ ဝိညာဉ်သတ္တုများကို လွှမ်းခြုံသည်။

ရွှေရောင်ငှက်နှင့် ဓာတ်စင်ငါးပါးမီးပြင်းဖိုတို့ကလည်း ပျံသန်းလာပြီး ကူညီပေးလိုက်ကြသည်။

တစ်ဖက်တွင် ခေးအော့က ပုံရိပ်ယောင်များကို ဖန်တီးပြီး ပတ်ဝန်းကျင်ကို ဖိနှိပ်လိုက်သည်။

သူတို့က အလွန်လျင်မြန်ပြီး သုံးရက်အတွင်း အရပ်ခုနစ်ပေမြင့်‌သော ရုပ်သေးရုပ်သုံးရုပ်ကို ဖန်တီးနိုင်ခဲ့သည်။

ရုပ်သေးရုပ်သုံးရုပ်လုံးသည် အနက်ရောင်ချပ်ဝတ်ကို ဝတ်ထားကြသည်။ သူတို့၏ အေးစက်နေသော ခန္ဓာကိုယ်ကို သတ္တုများဖြင့် ဖွဲ့စည်းထားသည်။

နတ်ဘုရားသားရဲသုံးကောင်က တိုက်ခိုက်နိုင်စွမ်းကို အသုံးပြုချင်သည်။ သခင်မမူယွဲ့ကဲ့သို့ ကိုယ်ပိုင်ခန္ဓာကိုယ်ကို လိုအပ်ခြင်း မဟုတ်ပေ။

သူတို့၏ ရုပ်သေးရုပ်များက ဇီဝရုပ်သေးရုပ် မဟုတ်သောကြောင့် ဖန်တီးရန် ပိုမိုလျင်မြန်ခဲ့သည်။

“အကြီးအကဲတို့၊ ဒီရုပ်သေးရုပ်တွေကို သုံးကြည့်လိုက်ပါအုံး”

“ကျီယန်မြို့ကိုသွားဖို့ အကြီးအကဲမူယွဲ့ကို သွားမေးကြည့်လိုက်အုံးမယ်”

ဟန်မူယဲ့က ပင်ပန်းနေပုံရသော ရွှေကျီးကန်းတို့ကို ကြည့်လိုက်သည်။

သူတို့က ကိုယ်ပိုင်ရုပ်သေးရုပ်ကို ဖန်တီးနေသောကြောင့် တိုက်ခိုက်နိုင်စွမ်းတိုးမြှင့်ရန် အစွမ်းကုန်ထုတ်သုံးခဲ့ကြသည်။

ဟန်မူယဲ့၏စကားကို ကြားရသောအခါ ရွှေရောင်ငှက်က တောင်ပံခတ်လိုက်ပြီး ရုပ်သေးရုပ်တစ်ရုပ်၏ ဦးခေါင်းဆီသို့ ပျံသန်းသွားသည်။

ခေးအော့ကလည်း ညင်သာစွာ လည်ပတ်နေပြီး ရုပ်သေးရုပ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ဓာတ်စင်ငါးပါးမီးပြင်းဖိုကတော့ ပိုမိုလွယ်ကူသည်။ သူက လူအဖြစ် ပြောင်းလဲလိုက်ပြီး မတ်တပ်ရပ်နေသော ရုပ်သေးရုပ်နှင့် ပေါင်းစပ်သွားသည်။

ရုပ်သေးရုပ်သုံးရုပ်လုံးက ဆက်တိုက် မျက်လုံးဖွင့်လိုက်ကြသည်။

“ဘုန်း”

ခန်းဆောင်ထဲတွင် အားကောင်းသောအငွေ့အသက်တစ်ခု ပေါ်ထွက်လာသည်။

ထိုစွမ်းအားက အလွန်သန်မာပြီး ပတ်ဝန်းကျင်တွင်ရှိသော ဖုံးကွယ်ဝင်္ကပါများကို တုန်ခါသွားစေသည်။

“အဟွတ် .... အဟွတ်၊ အကြီးအကဲတို့ နည်းနည်းလောက် ဂရုစိုက်ကြပါ”

ဟန်မူယဲ့က ထိုသို့ ပြောလိုက်ပြီး တစ်ချက်လှုပ်ရှား၍ ပျောက်ကွယ်သွားသည်။

ခန်းဆောင်ထဲတွင်ရှိသော ရုပ်သေးရုပ်များက အချင်းချင်းကြည့်လိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားသည်။ သူတို့က ပြုံးနေကြသည်။

“ခြေတွေလက်တွေ ပြန်ရှိလာတဲ့ ခံစားချက်က တကယ်ကောင်းတာပဲ”

ရွှေကျီးကန်းက ညင်သာစွာလှုပ်ရှားလိုက်ပြီး တီးတိုးပြောသည်။

သူ့ဘေးတွင်ရှိသော အနက်ရောင်ပုံရိပ်က ညင်သာစွာလည်ပတ်နေပြီး စကားမပြောပေ။ ထို့နောက် လက်မြှောက်ပြီး ပုံရိပ်ယောင်ဆန်သောအလင်းကို ထုတ်လွှတ်သည်။

ဓာတ်စင်ငါးပါးမီးပြင်းဖိုကတော့ ဆူညံသံများနှင့်အတူ ခန္ဓာကိုယ်ကို ဆက်တိုက်ထိန်းချုပ်နေသည်။

သူက ဤခန္ဓာကိုယ်နှင့် လက်နက်သန့်စင်ရန် တွေးနေပုံပေါ်သည်။

All Chapters