← Chapters

အခန်း (၁၃၆၈)

Vol. 98 Ch. 1368

အခန်း (၁၃၆၈)

Vol. 98 Ch. 1368

ဟန်မူယဲ့က နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ကူးသန်းရောင်းဝယ်ရေးခန်းဆောင်သို့ ရောက်လာသောအခါတွင် ချောင်းဟန့်လိုက်သည်။

သူက မမြင်သင့်သောအရာများကို မြင်ရမှာ စိုးရိမ်နေသည်။

သူက ခန်းဆောင်ထဲသို့ ဝင်သွားသောအခါ လေးနက်သောမျက်နှာထားဖြင့် တစ်နေရာစီတွင်ထိုင်နေသော သခင်မမူယွဲ့၊ အကြွင်းအကျန်ဝိညာဉ်နှင့် ရုပ်သေးရုပ်တို့ကို မြင်လိုက်ရသည်။

စွမ်းအင်အလင်းသည် သူတို့၏ပတ်ဝန်းကျင်တွင် လည်ပတ်နေသည်။

“ပန်းပဲပညာရှင်ကြီးက အလုပ်ရှုပ်နေတာမဟုတ်လား။ ဘာဖြစ်လို့ ရောက်လာတာလဲ”

ထိပ်ဆုံးတွင်ရှိသော သခင်မမူယွဲ့၏ မျက်လုံးများက တောက်ပနေပြီး မေးလိုက်သည်။

ဟန်မူယဲ့က ယခုအချိန်တွင် သူမတို့သုံးယောက်ကို ခွဲခြားသိနိုင်သည်။

တက်ကြွပြီး ဆွဲဆောင်နိုင်သောမျက်လုံးများနှင့်လူက သခင်မမူယွဲ့ ဖြစ်သည်။

အကြွင်းအကျန်ဝိညာဉ်ကတော့ မှားယွင်းအပြစ်တင်ခံရသော အနည်းငယ်ဝမ်းနည်းနေပုံပေါ်ပြီး မကြာခဏ နှုတ်ခမ်းကိုက်နေသည်။

ရုပ်သေးရုပ်ကတော့ အေးစက်နေသည်။

“အကြီးအကဲ၊ ကျွန်တော်က ကျီယန်မြို့ကို သွားကြည့်မလို့ပါ။ အတူလိုက်ဖို့ စိတ်ဝင်စားလား”

ဟန်မူယဲ့က ကွေ့ပတ်မနေဘဲ တိုက်ရိုက်ပြောသည်။

“ကျီယန်မြို့လား”

“ရှုကျီယန်လား”

သခင်မမူယွဲ့က ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူမ၏အကြည့်က ပိုမိုလေးနက်လာသည်။

“ရွှေကျီးကန်းတစ်ကောင်က နင့်ဘေးမှာရှိတယ်မဟုတ်လား။ နင်က တစ်ခုခုသိထားတာလား”

ဟန်မူယဲ့က ခေါင်းခါသည်။

သူက မည်သည့်အရာကိုမှ မသိပေ။

သူက ခေါင်းခါလိုက်သောအခါ သခင်မမူယွဲ့က စဉ်းစားနေပြီး ပြောလိုက်သည်။

“ကျီယန်မြို့ဆိုရင် သွားကြည့်ဖို့ ထိုက်တန်တယ်”

“ကျီယန်မြို့မှာ ရုပ်ခန္ဓာနဲ့ ဝိညာဉ်ကို ပေါင်းစပ်ပေးနိုင်တဲ့ အနန္တစုပေါင်းဆေးလုံး ရှိခဲ့တယ်”

“ရှုကျီယန်က စကြဝဠာနယ်မြေရဲ့ ကျွမ်းကျင်သူတွေကို ရုပ်ခန္ဓာစွန့်လွှတ်ပြီး ဇီဝရုပ်သေးရုပ်နဲ့ ပေါင်းစပ်အောင် လှုံ့ဆော်နိုင်ခဲ့တဲ့လူတစ်ယောက်ပဲ”

သခင်မမူယွဲ့က ဘေးတွင်ရှိသော ပုံရိပ်နှစ်ခုကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ရှုကျီယန်ပျောက်သွားတာ မတော်တဆမဟုတ်ဘူးလို့ ငါထင်တယ်”

“သူက လျှို့ဝှက်ချက်တွေ အများကြီးကို သိထားတယ်”

‘အဲဒီလိုကိစ္စမျိုး ရှိနေတာလား’

ဟန်မူယဲ့က အနည်းငယ် အံ့အားသင့်သွားသည်။

“ဘယ်တော့သွားမှာလဲ”

သခင်မမူယွဲ့က မေးသည်။

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ဖြေသည်။

“သုံးရက်နေရင် သွားမယ်”

သခင်မမူယွဲ့က လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။

“ကောင်းပြီ။ သုံးရက်နေရင် ငါ့ကိုခေါ်လိုက်ပါ”

သခင်မမူယွဲ့က အပြည့်အဝပြန်မကောင်းသေးပေ။ ထို့ကြောင့် ဟန်မူယဲ့က သူမ၏အမြင်ကို လာမေးခဲ့သည်။

သူမ၏ လက်ရှိအခြေအနေအရ တိုက်ခိုက်နိုင်စွမ်း အကန့်အသတ်ရှိသည်။

သို့သော် သူမတွင် ရုပ်သေးရုပ်နှင့် အကြွင်းအကျန်ဝိညာဉ် ရှိနေသည်။

သူတို့သုံးယောက်က ပူးပေါင်းလိုက်လျှင် စိတ်ကူးမယဉ်နိုင်သော ခွန်အားကို ဖော်ထုတ်နိုင်လိမ့်မည်။

ဟန်မူယဲ့၏ ခန့်မှန်းချက်အရ သူတို့သုံးယောက်အပြင် စကြဝဠာအဆင့်လှံရှည်နှင့် စကြဝဠာအဆင့် ဗဟိုချက်တို့ကို အသုံးပြုလိုက်လျှင် စကြဝဠာနယ်မြေ၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်လိမ့်မည်။

ဖြစ်ရပ်အားလုံးသည် သခင်မမူယွဲ့၏ အစီအစဉ်တစ်ခုပင် ဖြစ်နိုင်သည်။

သူမက ရုပ်သေးရုပ်နှင့် အကြွင်းအကျန်ဝိညာဉ်တို့ကို အပြည့်အဝ မထိန်းချုပ်နိုင်သော်လည်း အခြေအနေပိုကောင်းသည်။

ယခုအချိန်တွင် သူတို့သုံးယောက်လုံးကို ကိုယ်ပိုင်ခွန်အားကို အပြည့်အဝ အသုံးချနိုင်သည်။

အနာဂတ်တွင် သူတို့က အချင်းချင်းထောက်ပံ့ပေးပြီး အဆုံးမရှိသော အလားအလာကို ပိုင်ဆိုင်လိမ့်မည်။

သုံးရက်အကြာတွင် ဟန်မူယဲ့က ရေခဲလမြို့မှ ထွက်လာသည်။

သူ့ဘေးတွင် အနက်ရောင်ချပ်ဝတ် ရုပ်သေးရုပ်သုံးရုပ်နှင့် အလှလေးသုံးယောက် ပါလာကြသည်။

ကောင်းကင်ထက်မှဆင်းသက်လာသော လုကျီရှုက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် စိတ်ရှုပ်ထွေးသွားသည်။

သို့သော် အလှလေးသုံးယောက်ကြောင့် သူ့မျက်လုံးများက တောက်ပနေသည်။

“ညီအစ်ကိုဟန်၊ ဒါက မဆိုးဘူးပဲ”

လုကျီရှုက ပြုံးသည်။

ဟန်မူယဲ့၏ဘေးတွင်ရှိသော ရုပ်သေးရုပ်လေးရုပ်က အားကောင်းပုံပေါ်သော်လည်း ဝိညာဉ်လှိုင်းတချို့ကို ထုတ်လွှတ်နေသော ရုပ်သေးရုပ်များသာ ဖြစ်ကြသည်။ သူတို့ကို ထိန်းချုပ်ထားသောလူ မရှိပေ။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အကန့်အသတ် ရှိလိမ့်မည်။

လှပသော အမျိုးသမီးသုံးယောက်ကလည်း သန်မာပုံမပေါ်ပေ။

လုကျီရှု၏ နတ်ဘုရားအဆင့် နောက်လိုက်ရှစ်ယောက်ကတော့ အလွန်နက်ရှိုင်းသော အငွေ့အသက်ကို ပိုင်ဆိုင်ထားကြသည်။

ထို့အပြင် သူတို့က ရုပ်သေးရုပ်များကိုပင် ထုတ်မသုံးရသေးပေ။

လုကျီရှု၏ အကြည့်များက အလှလေးသုံးယောက်ဆီတွင် ရှိနေကြောင်း မြင်ရသောအခါတွင် ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။

“ညီအစ်ကိုလု၊ မင်းက သူတို့ကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူး”

ထိုရုပ်သေးရုပ်များကို သူက ကိုယ်တိုင်ဖန်တီးခဲ့သည်။ ထို့ကြောင့် ကောင်းမွန်စွာသိနေသည်။

လုကျီရှုသာမက နတ်ဘုရားသားရဲဖြစ်နေလျှင်ပင် သူတို့ကို ကိုင်တွယ်နိုင်မည်မဟုတ်ပေ။

လုကျီရှုက ရယ်လိုက်ပြီး ဟန်မူယဲ့၏နောက်သို့ ရောက်လာသည်။ သူတို့က ခြေလေးဖက်နှင့် ဦးချိုတစ်ချောင်းရှိသော ဧရာမသားရဲတစ်ကောင်ကို စီးနင်းလိုက်ကြသည်။

ကောင်းကင်ထမ်းဟို ဖြစ်သည်။

လုကျီရှု၏ လေမိုးကြိုးဆိတ်က အားကောင်းသော်လည်း လေဟာနယ်တွင် သွားလာရာ၌ ကောင်းကင်ထမ်းဟိုနှင့် မယှဉ်နိုင်ပေ။

ယခုအချိန်တွင် လေမိုးကြိုးဆိတ်က လက်ဝါးအရွယ်အစား ဖြစ်နေပြီး လုကျီရှု၏ဘေးတွင် စိုးရိမ်စွာ ရှိနေသည်။

လုကျီရှုက လေမိုးကြိုးဆိတ်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။

ထိုဆိတ်က စွမ်းအားကို ကောင်းမွန်စွာ အာရုံခံနိုင်သည်။

‘ဟန်မူယဲ့ရဲ့လူတွေက ထူးခြားနေလို့လား’

သူက ဟန်မူယဲ့သန့်စင်ထားသော ခေးအော့ရုပ်သေးရုပ်များကို တွေးမိသည်။ သို့သော် ရင်းနှီးနေသည်ဟု ထင်ရသော ရွှေရောင်မျက်နှာနှင့် ရုပ်သေးရုပ်များမှလွဲ၍ တခြားရုပ်သေးရုပ်များက သာမန်ပင်ဖြစ်သည်။

“ဒီဆိတ်လေးက ချစ်စရာပဲ”

သခင်မမူယွဲ့က တီးတိုးရေရွတ်လိုက်ပြီး လက်ဝါးအရွယ်အစားဖြစ်နေသော လေမိုးကြိုးဆိတ်ကို ပွေ့ဖက်သည်။

သူမ၏ ကျောက်စိမ်းဖြူရောင်လက်ဖြင့် ဆိတ်ကို ပွတ်သပ်ပေးလိုက်သည်။

လုကျီရှု၏ မျက်ခမ်းစပ်များက တွန့်သွားသည်။

လေမိုးကြိုးဆိတ်က တုန်ခါနေပြီး သေးပေါက်ချတော့မည်ဟု ထင်ရသည်။

ထိုဆိတ်က နတ်ဘုရားသားရဲ ဖြစ်သည်။

သူက လေမိုးကြိုးဆိတ်ကို ထိန်းချုပ်ရန် အတော်လေး အားထုတ်ခဲ့ရသည်။

ထိုဆိတ်က လေနှင့်မိုးကြိုးကို ထိန်းချုပ်နိုင်သောကြောင့် အတော်လေး မောက်မာပြီး တခြားနတ်ဘုရားသားရဲများကိုပင် စိတ်ထဲမထည့်ပေ။ သို့သော် ယနေ့တွင် အလွန်နာခံမှုရှိနေသည်။

သူက မနေနိုင်တော့ဘဲ ဟန်မူယဲ့၏စကားကို ပြန်တွေးမိသည်။

“ကိုင်တွယ်နိုင်မှာမဟုတ်ဘူး”

ကောင်းကင်ထမ်းဟိုက ဟန်မူယဲ့၏ လမ်းညွှန်ချက်အတိုင်း လေဟာနယ်တွင် ရှေ့ဆက်သွားနေသည်။

လမ်းတစ်လျှောက်တွင် သူတို့က မြို့ကြီးများတွင် ရပ်တန့်ပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါများကို အသုံးပြုခဲ့ကြသည်။

တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသုံးပြုလျှင် အချိန်ကုန်သက်သာသည်။

ထို့အပြင် မြို့ကြီးများတွင် သတင်းအချက်အလက်ကို စုံစမ်းနိုင်သည်။

ဥပမာအနေဖြင့် ရှရူကျင်းက လေဟာနယ်တွင် လင်းလုံမြို့၏ ကျွမ်းကျင်သူများကို တိုက်ခိုက်ခဲ့သည်ဟု မြို့တစ်မြို့တွင် ကြားခဲ့ရသည်။

လေဟာနယ်၏ မြို့ကြီးများတွင် ဆရာဟန်သန့်စင်ထားသော ခေးအော့ရုပ်သေးရုပ်ကို ပိုင်ဆိုင်သည်ဟု ပြောနေသောလူများလည်း ရှိကြသည်။ သူတို့က တိုက်ပွဲတွင် ဝင်ပါရန် အသင့်ဖြစ်နေကြသည်။

ဟန်မူယဲ့က ထိုအကြောင်းကို လုံးဝမသိပေ။

တစ်ယောက်ယောက်က ပြဿနာများကြားတွင် အကျိုးအမြတ်ရှာချင်ပုံရသည်။

သို့သော် သူက ထိုအကြောင်းကို ဂရုမစိုက်ပေ။

“‌နောက်ထပ် မိုင်သန်းသုံးဆယ်အကွာမှာ ကြယ်တိမ်တိုက်တွေကို မြင်ရလိမ့်မယ်”

ကောင်းကင်ထမ်းဟို၏ ကျောပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လုကျီရှုက ရှေ့တွင်ရှိသော အလင်းလွှာကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

သူတို့က လေဟာနယ်တွင် ငါးရက်ကြာအောင် ခရီးသွားခဲ့ကြသည်။ သူတို့၏ ပတ်ဝန်းကျင်က ဆက်တိုက်ပြောင်းလဲနေသည်။

အထူးသဖြင့် လေဟာနယ်၏ ထူးခြားသော စွမ်းအားများသည် လေဟာနယ်၏ အစိတ်အပိုင်းများကြားတွင် သွယ်ယှက်နေကြသည်။

အဆင့်နိမ့်ကျင့်ကြံသူများက ထိုစွမ်းအားကို အာရုံမခံနိုင်သော်လည်း အဆင့်မြင့်ကျင့်ကြံသူများက ခွဲခြားသိနိုင်ကြသည်။

“စည်းမျဉ်းတွေက ပြောင်းလဲနေတယ် ....”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးများက သလင်းကျောက်သဖွယ် ကြည်လင်နေသည်။

သူက စည်းမျဉ်းစွမ်းအားများ၏ ပြောင်းလဲမှုကို ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရသည်။

စည်းမျဉ်းအား ပြောင်းလဲနိုင်သောလူက သူက သိချင်မိသည်။

‘စည်းမျဉ်းတွေက လောကမှာရှိတဲ့ စွမ်းအားတွေရဲ့ အရင်းအမြစ်ပဲမဟုတ်လား’

“ရှုကျီယန်က လောကမှာ ရှားပါးတဲ့ ပန်းပဲပညာရှင်တစ်ယောက်ပဲ”

“သူက ပန်းပဲပညာရင်တင်မကဘူး အာခီမီကိုလည်း ကျွမ်းကျင်တယ်”

“အဲဒီနည်းလမ်းမျိုးက ကြယ်စင်စုစကြဝဠာမှာ မရှိဘူး”

သခင်မမူယွဲ့က ညင်သာစွာ ရေရွတ်လိုက်သည်။ သူမ၏ မျက်လုံးများက တောက်ပနေသည်။

“သူက မီးပြင်းဖိုအတွက် မီးတောက်တွေကို စုစည်းချင်တဲ့အတွက် ပိုအားကောင်းတဲ့ စွမ်းအင်ကို လိုအပ်ခဲ့တယ်။ အဲဒါကြောင့် စည်းမျဉ်းစွမ်းအားတွေက ပြောင်းလဲလာတယ်”

သခင်မမူယွဲ့၏စကားကြောင့် ရွှေကျီးကန်း၊ ခေးအော့နှင့် ဓာတ်စင်ငါးပါးမီးပြင်းဖိုတို့က တုန်ခါသွားကြသည်။

ထိုဖြစ်ရပ်သည် ထိတ်လန့်စရာကောင်းလောက်အောင် ဆင်တူနေသည်။

ရွှေကျီးကလန်သည် စွမ်းအားများကို စုစည်းပြီး ရွှေကျီးကန်းယဇ်ပလ္လင်ကို ဖန်တီးခဲ့သည်။

မဟာနေမင်းရွှေကျီးကန်း၏ စွမ်းအားသည် ပျက်စီးခြင်းတောရိုင်းကမ္ဘာကို ထောက်ပံ့ပေးထားသော နောက်ဆုံးစွမ်းအား ဖြစ်ခဲ့သည်။

အလင်းဖြာနေသော နေမင်း၏အောက်တွင် သက်ရှိများအားလုံးက ဆက်လက်ရှင်သန်ခဲ့သည်။

ရွှေကျီးကလန်က ပျက်စီးခြင်းတောရိုင်းကမ္ဘာ၏ သက်ရှိများအားလုံး ရှင်သန်နိုင်ရန် စတေးခဲ့သည်။

သူတို့က ကလန်တစ်ခုလုံး၏စွမ်းအားကို အသုံးပြုပြီး ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းကို အတင်းအကျပ် ပြောင်းလဲခဲ့သည်။

ဓာတ်စင်ငါးပါးမီးပြင်းဖိုက နတ်ဘုရားသားရဲတစ်ကောင် ဖြစ်ခဲ့သည်။

သို့သော် ကျွမ်းကျင်သူတစ်ယောက်က သူ့ကို မီးပြင်းဖိုထဲတွင် ချိပ်ပိတ်ခဲ့ပြီး လောကတွင် ရှားပါးသော ရတနာတစ်ပါး ဖြစ်လာသည်။

ထိုနည်းလမ်းသည်လည်း ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းကို ပြောင်းလဲစေသည်။

ဓာတ်စင်ငါးပါးမီးပြင်းဖိုက ထိုသို့ ပြုလုပ်ခဲ့သော လူအကြောင်းကို တစ်ခါမှ ထုတ်မပြောခဲ့ပေ။

သူက ထိုလူ၏အကြောင်းကို မသိခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် ထိုလူကို အလွန်အထင်ကြီးနေခြင်း ဖြစ်လိမ့်မည်။

ယခု ကျီယန်မြို့ တည်ရှိသောနေရာတွင် ကောင်းကင်းနှင့်မြေကြီး၏ စွမ်းအားက ပြောင်းလဲနေသည်။

‘ကျီယန်မြို့သခင်က စည်းမျဉ်းကို ပြောင်းလဲနိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေတာလား’

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပသွားသည်။

အကယ်၍ ကျီယန်မြို့သခင်က ထိုသို့ သန်မာသောလူတစ်ယောက် ဖြစ်နေလျှင် မည်သူက သူ့ကို ပျောက်ကွယ်သွားအောင် လုပ်ခဲ့သနည်း။

‘ဓားနတ်ဘုရားလုယွဲ့နဲ့ အဆင့်တူတဲ့ ကျွမ်းကျင်သူတစ်ယောက်လား’

“တစ်ယောက်ယောက်ရှိနေတယ်”

ဟန်မူယဲ့၏ဘေးတွင်ရှိသော နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ခပ်အုပ်အုပ်ပြောသည်။ သူက ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး သူတို့၏ရှေ့တွင် လွင့်မျောနေသည်။

သူက အမြန်ဆုံးဖြစ်ပြီး ခေးအော့နှင့် ရွှေကျီးကန်းတို့က နောက်မှ လိုက်လာကြသည်။

ဟန်မူယဲ့က အဝေးတစ်နေရာသို့ လှမ်းကြည့်သည်။

လှုပ်ရှားနေသော အလင်းတန်းတစ်ခုကို မြင်ရသည်။

သင်္ဘောပျံ ဖြစ်သည်။

တစ်စင်းတည်းမဟုတ်ပေ။ သင်္ဘောပျံငါးစင်း ဖြစ်သည်။

All Chapters