← Chapters

အခန်း (၁၃၆၉)

Vol. 98 Ch. 1369

အခန်း (၁၃၆၉)

Vol. 98 Ch. 1369

“သူတို့က လင်းလုံမြို့ကပဲ”

လုကျီရှုက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ညီအစ်ကိုဟန်၊ သူတို့က မင်းကိုလာရှာကြတာထင်တယ်”

“ဝီ”

လုကျီရှုက အလင်းလွှာကို ဖော်ပြလိုက်သည်။

အလင်းလွှာတွင် ဒါဇင်ချီ‌သော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များက အနက်ရောင်ချပ်ဝတ်နှင့် လူတစ်ယောက်ကို ဝိုင်းရံထားသည်။

ရှရူကျယ် ဖြစ်သည်။

ခေးအော့အဆင့်ရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားသော ရှရူကျယ်က ဝိုင်းရံခံထားရသည်။

ရှရူကျယ်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အားကောင်းသည်။ သူ၏ တိုက်ခိုက်မှုတိုင်းသည် ပတ်ဝန်းကျင်ကို အက်ကွဲသွားစေသည်။

သို့သော် ရှရူကျယ်က ရန်သူများ၏ ဝိုင်းရံမှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။

“ဟားဟား၊ မင်းတို့က ငါ့ကို ဖမ်းနိုင်မယ်လို့ ထင်နေတာလား”

“ငါက မင်းတို့ လင်းလုံမြို့ကို ငြိမ်းငြိမ်းချမ်းချမ်းမနေရအောင် အပြစ်ပေးနိုင်ခဲ့တယ်မဟုတ်လား”

“မင်းတို့က နှစ်တစ်ရာကြာရင်တောင် ဆုံးရှုံးမှုတွေကို ဖြည့်ဆည်းနိုင်မှာမဟုတ်ဘူး”

ပတ်ဝန်းကျင်တွင်ရှိသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များကို ကြည့်လိုက်ပြီး ရှရူကျယ်က ကျယ်လောင်စွာရယ်သည်။

သူက အဆုံးမရှိသော ကြမ်းတမ်းသည့်အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

“မင်းတို့က ငါ့သားကို သတ်လိုက်တဲ့အချိန်မှာ ငါက လက်စားချေမယ်လို့ ကျိန်ဆိုခဲ့တယ်”

“အခု လုပ်နိုင်ခဲ့ပြီ”

“လုံလောက်ပြီ”

ရှရူကျယ်က ရယ်မောနေပြီး ခန္ဓာကိုယ်က တစ်စစီ ပေါက်ကွဲသွားသည်။

ကမ္ဘာဦးအဆင့်ကို ကျော်လွန်နေသော ရုပ်သေးရုပ်က ပြင်းထန်းစွာ ပေါက်ကွဲလာသည်။

ထိုဖြစ်ရပ်ကြောင့် ပတ်ဝန်းကျင်တွင်ရှိသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များကလည်း သက်ရောက်ခံလိုက်ရသည်။

အနည်းဆုံး ရုပ်သေးရုပ်ငါးရုပ်သည် အစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွားကြသည်။ တခြားရုပ်သေးများကလည်း အတိုင်းအတာတစ်ခုအထိ ထိခိုက်သွားကြသည်။

ဒါဇင်ချီသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက သွေးအန်လိုက်ရပြီး ဖြူဖျော့နေသော မျက်နှာဖြင့် နောက်ဆုတ်သွားကြသည်။

ရှရူကျယ်က ကျဆုံးသွားသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

အလင်းလွှာတွင် ပျံသန်းလာသော အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်ကို မြင်ရသည်။ ထိုလူက အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။

ဝိညာဉ်စုစည်းနည်းစနစ် ဖြစ်သည်။

“အဲဒီနည်းလမ်းမျိုးကို စကြဝဠာအဆင့် ကျွမ်းကျင်သူတစ်ယောက်ကပဲ အသုံးပြုနိုင်လိမ့်မယ်”

“အဲဒီနည်းလမ်းကို များသောအားဖြင့် ဇီဝခန္ဓာကိုယ်တွေအတွက် အသုံးပြုကြတယ်”

“အဲဒီနည်းလမ်းကို အကျွမ်းကျင်ဆုံးလူက ရှုကျီယန် ဖြစ်ခဲ့တယ်”

ဟန်မူယဲ့၏ဘေးတွင်ရှိသော သခင်မမူယွဲ့က လေးနက်စွာ ပြောသည်။

အလင်းလွှာတွင် တစ်ပိုင်းတစ်စစီဖြစ်သွားသော ရှရူကျယ်၏ ဝိညာဉ်အပိုင်းအစများက ပြန်လည်စုစည်းလာကြသည်။

မည်သို့ပင်ဖြစ်စေ သူ၏ ဝိညာဉ်အစိတ်အပိုင်းများက ပြန့်ကျဲမသွားနိုင်ခဲ့ပေ။

သေဆုံးခြင်းထက် ပိုဆိုးသည်။

သူက သေဆုံးသွားသော်လည်း ဝိညာဉ်က မလွတ်မြောက်နိုင်ခဲ့ပေ။

ထိုနည်းလမ်းကြောင့် ကောင်းကင်ထမ်းဟို၏ ကျောပေါ်တွင်ရှိသော လူတိုင်း၏ မျက်နှာထားက လေးနက်သွားသည်။

“ရှေးခေတ်အချိန်ကို ပြန်ကြည့်လိုက်ရင် ဝိညာဉ်ချုပ်နှောင်တဲ့ နည်းလမ်းမျိုးက ထူးဆန်းနေတာမဟုတ်ဘူး”

သခင်မမူယွဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြောသည်။

“အသက်ဝိညာဉ်ဝင်္ကပါလား”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

ယခင်က နတ်ဘုရားသားရဲများကို အသက်ဝိညာဉ်ဝင်္ကပါဖြင့် ထိန်းချုပ်ပြီး လေဟာနယ်မြို့များအဖြစ် ဖန်တီးခဲ့သည်။ သူတို့၏ဝိညာဉ်က ဆွဲထုတ်ခံလိုက်ရပြီး အသုံးပြုနိုင်သော ပစ္စည်းတစ်ခု ဖြစ်လာသည်။

ထိုဖြစ်ရပ်သည် နတ်ဘုရားသားရဲများကို သတ်ဖြတ်လိုက်ခြင်းထက် ပိုဆိုးသည်။

အသက်ဝိညာဉ်ဝင်္ကပါကို ဖန်တီးသောနည်းလမ်းသည် အတိတ်တွင် ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ယခုအချိန်တွင် လူတိုင်းက အလင်းလွှာမှတစ်ဆင့် ပြန်မြင်နေရသည်။

လူအိုကြီးက ရှရူကျယ်၏ဝိညာဉ်ကို ခိုဥအရွယ်အစား ပုတီးစေ့တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး အလင်းလွှာကို လှည့်ကြည့်သည်။ သူက ထူးဆန်းစွာ ပြုံးသည်။

ထို့နောက် စကားအနည်းငယ် ရေရွတ်ပြီး ပုတီးစေ့ကို ပစ်လွှတ်သည်။

အလင်းလွှာက ပျောက်ကွယ်သွားသည်။

ရှေ့တွင်ရှိသော သင်္ဘောပျံများက ဟန်မူယဲ့တို့ဆီသို့ ချဉ်းကပ်လာသည်။

အစိမ်းရောင်ချပ်ဝတ်နှင့် အရပ်ရှည်သော ကျင့်ကြံသူတစ်ယောက်က သင်္ဘောပျံပေါ်မှ ဆင်းသက်လာပြီး ကောင်းကင်ထမ်းဟိုဆီသို့ ရောက်လာသည်။

ကောင်းကင်ထမ်းဟိုက ကြမ်းတမ်းစွာဟိန်းဟောက်လိုက်သည်။ သူ၏ ဦးချိုတွင် ရွှေအလင်းကို မြင်ရသည်။

အစိမ်း‌ရောင်ချပ်ဝတ်နှင့်လူက အေးစက်စွာ နှာမှုတ်လိုက်ပြီး ရပ်တန့်သည်။

သူက ကျောက်စိမ်းသေတ္တာတစ်ခုကို ပစ်ပေးလိုက်သည်။

“တကယ်လို့ ဆရာဟန်က ဒီပစ္စည်းရဲ့ ထူးခြားမှုကို ဖြေရှင်းနိုင်ရင် သူနဲ့ တွေ့နိုင်လိမ့်မယ်လို့ သခင်ကြီးက ပြောလိုက်တယ်”

“မဟုတ်ရင် လှည့်ကွက်လေးတွေကို ဆက်မသုံးတာ ပိုကောင်းလိမ့်မယ်”

သူက စကားပြောလိုက်ပြီး လှည့်ထွက်သွားသည်။

သင်္ဘောပျံငါးစင်းက အချိန်ဆွဲမနေဘဲ လေဟာနယ်တွင် ပျောက်ကွယ်သွားကြသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ကျောက်စိမ်းသေတ္တာကို ဖမ်းယူပြီး ဟန်မူယဲ့၏ရှေ့တွင် ချထားလိုက်သည်။

ဟန်မူယဲ့က သေတ္တာကို ဖွင့်ကြည့်သည်။ သူ့မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပလာသည်။

သူ့ခန္ဓာကိုယ်၏ သွေးချီက တုန်ခါနေသည်။

ထိုစွမ်းအား ပေါ်လာသောအချိန်တွင် ကောင်းကင်ထမ်းဟိုနှင့် ပတ်ဝန်းကျင်တွင်ရှိသော လူများက တုန်ခါသွားကြသည်။

သခင်မမူယွဲ့က ဟန်မူယဲ့ကို အံ့အားသင့်စွာ ကြည့်သည်။

လုကျီရှု၏ခန္ဓာကိုယ်သည် ရွှေအလင်းစီးကြောင်းကို ထုတ်လွှတ်ထားသည်။ သူ့ဘေးတွင်ရှိသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ဟန်မူယဲ့ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲ၏စွမ်းအား ဖြစ်သည်။

ထိုစွမ်းအားသည် ဟန်မူယဲ့၏ ခန္ဓာကိုယ်မှ ဖျတ်ခနဲပေါ်ထွက်လာပြီး ပျောက်ကွယ်သွားသည်။

ဟန်မူယဲ့က ရှေ့တွင်ရှိသော ကျောက်စိမ်းသေတ္တာကို ပြန်ပိတ်လိုက်ပြီး သိမ်းဆည်းသည်။

ပုတီးစေ့အဖြစ် ပြောင်းလဲသွားသော ရှရူကျယ်၏ဝိညာဉ်သည် သေတ္တာထဲတွင် ရှိနေသည်။

ယခုအချိန်တွင် သူက ထိုပုတီးစေ့ကို ဝိညာဉ်ပြန်ဖြစ်လာအောင် မလုပ်နိုင်သေးပေ။

သူက တစ်ဖက်လူ၏နည်းလမ်းကို ချိုးဖျက်နိုင်သည်။ သို့သော် ထိုဖြစ်စဉ်တွင် ရှရူကျယ်၏ဝိညာဉ်ကို ထိခိုက်စေလိမ့်မည်။

ထို့အပြင် သူ၏ ဝိညာဉ်စွမ်းအားနှင့်ပတ်သတ်သော နားလည်မှုက အနည်းငယ် နိမ့်ကျနေသည်။

ကောင်းကင်ထမ်းဟို၏ ကျောပေါ်တွင် လူတိုင်းက တိတ်ဆိတ်စွာ သုံးသပ်နေကြသည်။

ယနေ့တွင် သူတို့က လင်းလုံမြို့၏ နောက်ကွယ်တွင်ရှိသော ကျွမ်းကျင်သူများ၏ ခွန်အားကို မြင်ခဲ့ရသည်။

ထိုကျွမ်းကျင်သူမျိုးသည် ရှေးခေတ်၏ ရှင်သန်သူ ဖြစ်လိမ့်မည်။

“ငါထင်ထာမမှားရင် သူတို့ကလည်း ကျီယန်မြို့ကို ရှာနေကြတာပဲ”

သခင်မမူယွဲ့က ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“နင်က ဆက်သွားအုံးမှာလား”

‘ဆက်သွားမှာလား’

လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

ယနေ့တွင် လင်းလုံမြို့၏ ကျွမ်းကျင်သူများက သူတို့၏ခန့်မှန်းချက်ထက် ပိုသန်မာသော စွမ်းအားကို ဖော်ပြခဲ့သည်။

အလင်းလွှာတွင်မြင်ရသော လူအိုကြီးသည် ကြောက်စရာကောင်းသော နည်းလမ်းများကို ပိုင်ဆိုင်ထားသည်။

လုကျီရှုကပင် မသက်မသာဖြစ်နေသည်။

လုမိသားစုသည် စကြဝဠာနယ်မြေ၏ မိသားစုကြီးခုနစ်ခုတွင် ပါဝင်သော်လည်း လုကျီရှုက လူတိုင်းကို ရန်မစနိုင်ပေ။

စကြဝဠာနယ်မြေသည် အလွန်ကျယ်ပြန့်ပြီး မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို သယ်ဆောင်ထားသည်။

တစ်ဖက်လူနှင့် မရင်းနှီးလျှင် ပိုပြီးသတိထားသင့်သည်။

“ဆက်သွားမယ်”

ဟန်မူယဲ့က တည်ငြိမ်နေပြီး ရှေ့သို့ကြည့်သည်။

“သူတို့လည်း ရောက်လာတဲ့အတွက် ကျီယန်မြို့က ထူးခြားတယ်ဆိုတာကို ပြနေတာပဲ”

ဟန်မူယဲ့၏ အကြည့်အောက်တွင် ဖိနှိပ်ထားသော စွမ်းအင်များ ရှိနေသည်။ သူက အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း ပြင်းထန်စွာ ပေါက်ကွဲထွက်လာမည့် မီးတောင်တစ်လုံးနှင့် တူနေသည်။

“ကျီယန်မြို့ရဲ့ရတနာကို ကျွန်တော်ရသွားမှာ သူတို့က စိုးရိမ်နေတာပဲ”

သူ့စကားကြောင့် လုကျီရှု၏မျက်လုံးများက တောက်ပသွားသည်။

သခင်မမူယွဲ့က စဉ်းစားကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

ဟန်မူယဲ့၏ဘေးတွင် လိုက်လာသော ရွှေကျီးကန်းတို့ကတော့ ဂရုမစိုက်ပေ။

သူတို့က ပြဿနာတက်လျှင် ပိုကြိုက်သည်။

“အဲဒါဆိုရင် ဘာကိုစောင့်နေတာလဲ”

ဓာတ်စင်ငါးပါးမီးပြင်းဖိုက ပြောလိုက်သည်။ သူက အစိမ်းရောင်လေပြင်းကို ထုတ်လွှတ်သည်။

ထိုလေပြင်းသည် ပေတစ်ထောင်ကြီးမားသော ကျောက်စိမ်းရောင်တောင်ပံအဖြစ် ပြောင်းလဲသွားသည်။

ထိုတောင်ပံသည် အောက်တွင်ရှိသော ကောင်းကင်ထမ်းဟိုနှင့် ပေါင်းစပ်သွားပြီး တစ္ဆေတစ်ကောင်သဖွယ် ပိုမိုလျင်မြန်လာစေသည်။

ဟန်မူယဲ့က ရွှေကျီးကန်းတို့အတွက် ရုပ်သေးရုပ်သုံးရုပ်ကို သန့်စင်ပေးခဲ့သောအချိန်တွင် သူတို့၏ နည်းလမ်းများနှင့် ကိုက်ညီအောင် ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ရုပ်သေးရုပ်သုံးရုပ်တွင် ခွန်အားအကောင်းဆုံးက ရွှေကျီးကန်းဖြစ်ပြီး ခေးအော့နှင့် ဓာတ်စင်ငါးပါးမီးပြင်းဖိုတို့က နည်းစနစ်ကို ဦးစားပေးသည်။

ဥပမာအနေဖြင့် ခေးအော့က ဝင်္ကပါစွမ်းအားဖြင့် ပတ်ဝန်းကျင်ကို ချုပ်နှောင်နိုင်သည်။ ထို့အပြင် ပုံရိပ်ယောင်နှင့် ကိုယ်ပွားများကိုလည်း အသုံးပြုနိုင်သည်။

ဓာတ်စင်ငါးပါးမီးပြင်းဖို၏ အဓိကစွမ်းရည်က သဘာဝစွမ်းအင်များကို အသုံးချခြင်း ဖြစ်သည်။

ရုပ်သေးရုပ်များကို သန့်စင်ရာတွင် ဟန်မူယဲ့က သူတို့နှင့်တိုင်ပင်ပြီး အသေးစိတ်ပြုလုပ်ခဲ့သည်။

ယခုအချိန်တွင် ဓာတ်စင်ငါးပါးမီးပြင်းဖို၏ လေဓာတ်စွမ်းအင်က ကောင်းကင်ထမ်းဟို၏ အမြန်နှုန်းကို သိသိသာသာ တိုးလာစေသည်။

“ကောင်းတယ်”

လုကျီရှု၏နောက်တွင်ရှိသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်က တီးတိုးပြောလိုက်သည်။ သူက ဓာတ်စင်ငါးပါးမီးပြင်းဖိုကို ချီးကျူးနေသည်။

သူ့ရင်ဘတ်တွင် တံဆိပ်ပြားနှစ်ခု ရှိနေသည်။

နတ်ဘုရားအဆင့် ချပ်ဝတ်သခင်နှင့် ပန်းပဲပညာရှင် ဖြစ်သည်။

ကောင်းကင်ထမ်းဟိုက မြေပုံအတိုင်း လွတ်လပ်စွာ ရွေ့လျားလိုက်သည်။

ထိုသားရဲ၏ လှုပ်ရှားမှုကြောင့် လေဟာနယ်က တွန့်လိမ်သွားသည်ဟု ထင်ရသည်။

တစ်ရက်အကြာတွင် တရားထိုင်နေသော မဟာနေမင်းရွှေကျီးကန်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

“ကောင်လေးဟန်၊ ငါက ရွှေကျီးကန်းရဲ့စွမ်းအားကို အာရုံခံမိတယ်”

သူ့စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူများက သတိဝင်လာကြသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်ကိုဆန့်ထုတ်၍ ရွှေအလင်းကို ထုတ်လွှတ်သည်။

သူကလည်း ရွှေကျီးကန်းသွေးမျိုးဆက်ကို ပိုင်ဆိုင်ပြီး ဘေးတွင်ရှိသော မဟာနေမင်း‌ရွှေကျီးကန်းနှင့် ယှဉ်နိုင်သည်။

အရုဏ်နေမင်း၊ လောင်ကျွမ်းနေမင်း၊ မီးနေမင်း၊ ထာဝရတောက်ပခြင်းနှင့် မဟာနေမင်း ....

မဟာနေမင်းရွှေကျီးကန်းသည် ကိုယ့်ကိုယ်ကိုယ် နေတစ်စင်းအဖြစ် ပြောင်းလဲပြီး ပျက်စီးခြင်းတောရိုင်းကမ္ဘာကို ကာကွယ်ခဲ့သည်။

သူ၏ သွေးမျိုးဆက်စွမ်းအားသည် ဟန်မူယဲ့နှင့် အဆင့်တူတွင် ရှိနေသည်။

နှစ်ယောက်လုံး၏ သွေးမျိုးဆက်က မဟာနေမင်းအဆင့်တွင် ဖြစ်ကြသည်။

ထိုအဆင့်သည် ရွှေကျီးကလန်၏ အကန့်အသတ်ပင် ဖြစ်သည်။

“ဟမ်”

ရွှေကျီးကန်း၏ ရွှေရောင်စွမ်းအားက မြားတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထမ်းဟိုကို လမ်းညွှန်ပေးသည်။

ကောင်းကင်ထမ်းဟိုသည် အမျိုးမျိုးသော အတားအဆီးများကို ကျော်ဖြတ်ပြီး တခြားသားရဲများကို မောင်းထုတ်ခဲ့သည်။

ပုံရိပ်တစ်ခုသည် သူတို့၏ရှေ့တွင် ပေါ်လာသည်။

ခရမ်းရောင်အလင်း ဖြစ်သည်။

“ဒီလောကမှာ အလင်းရောင်မရှိဘူး”

မဟာနေမင်းရွှေကျီးကန်းက မျက်လုံးမှိတ်လိုက်ပြီး ညင်သာစွာ ရေရွတ်သည်။

သူက ရုပ်သေးရုပ်ဖြစ်နေသော်လည်း အလွန်စိတ်လှုပ်ရှားနေသည်။

All Chapters