← Chapters

အခန်း (၁၃၇၀)

Vol. 98 Ch. 1370

အခန်း (၁၃၇၀)

Vol. 98 Ch. 1370

ရွှေကျီးကန်းက ရေရွတ်သည်။

“ငါအာရုံခံမိတယ်”

“ဒါက ရွှေကျီးကလန်ရဲ့ စွမ်းအားပဲ”

“ကြယ်စင်စုစကြဝဠာကို ရောက်လာတဲ့ ရွှေကျီးကန်းဘိုးဘေးတွေပဲ ဖြစ်ရမယ်”

မဟာနေမင်းရွှေကျီးကန်းက မျက်လုံးဖွင့်လိုက်သည်။ သူက ရှေ့တွင်ရှိသော မြင်ကွင်းကို ပြင်းထန်စွာ စိုက်ကြည့်နေသည်။

ထိုမြင်ကွင်းက အလွန်ခမ်းနားသည်။

ရွှေကျီးကန်း ၉၉ကောင်သည် ပတ်ဝန်းကျင်တွင် တည်ရှိနေသည်။

ထိုရွှေကျီးကန်းများအားလုံးသည် ခြေသုံးချောင်းရှိပြီး မျက်လုံးမှိတ်ထားသည်။ သူတို့၏ ရွှေရောင်အမွေးအတောင်များက အလွန်လှပသည်။

သူတို့၏လည်ပင်းတွင် ကြီးမားသော အနက်ရောင်ချိန်းကြိုးကို မြင်နိုင်သည်။

ထိုချိန်းကြိုးသည် ခရမ်းရောင်အလင်းကို ထုတ်လွှတ်ပြီး ရွှေကျီးကန်းများအားလုံးကို ဖမ်းဆီးထားသည်။

ထိုချိန်းကြိုးသည် ပိုမိုသန်မာသော သွေးမျိုးဆက်စွမ်းအားကို ပိုင်ဆိုင်ပြီး ရွှေကျီးကန်း ၉၉ကောင်ကို ဖိနှိပ်၍ မြို့ကြီးတစ်မြို့ကို သယ်ဆောင်စေသည်။

‘တကယ့်ကို ခမ်းနားတဲ့ မြို့ကြီးပဲ’

မိုင်ထောင်ချီကြီးမားသော မြို့သည် လေထုထဲတွင် လွင့်မျောနေသည်။

အဆုံးမရှိသော ခရမ်းရောင်မီးတောက်များသည် သွယ်ယှက်နေကြသည်။

ရွှေကျီးကန်းမီးတောက် ဖြစ်သည်။

သို့သော် မြို့တော်၏ ခန်း‌‌ဆောင်များဆီမှ ထွက်ပေါ်လာသော ခရမ်းရောင်မီးတောက်သည် မဟာနေမင်းရွှေကျီးကန်း၏ မီးတောက်ထက် ပိုအဆင့်မြင့်သည်။

“ဘာဖြစ်လို့လဲ”

ရွှေကျီးကန်းက ထိုမြင်ကွင်းကို ကြည့်နေပြီး ရေရွတ်သည်။

သူက အလွန်ဝမ်းနည်းနေသည်။

ဟန်မူယဲ့က ဖြည်းဖြည်းချင်း လက်သီးဆုပ်ထားသည်။

သူကလည်း ရွှေကျီးကန်းသွေးမျိုးဆက်ကို ပိုင်ဆိုင်သည်။

“ဟမ်”

သူ့ခေါင်းထက်တွင် အနက်ရောင်ဓားတစ်ချောင်း ပေါ်ထွက်လာပြီး တုန်ခါနေသည်။

ဓားတွင်ရှိသော ရွှေရောင်အင်းကွက်များသည် တောက်ပလာကြသည်။

ထိုအရာသည် ရွှေကျီးကလန်၏ စွမ်းအားဖြင့် ဟန်မူယဲ့ဖန်တီးထားသော အစစ်အမှန်ဝိညာဉ်ဓား ဖြစ်သည်။

ထိုဓားပေါ်လာသောအချိန်တွင် ရွှေကျီးကန်း ၉၉ကောင်က တုန်ခါသွားသည်။

ခရမ်းရောင်ချိန်းကြိုးများက တောက်ပလာသည်။

ထိုအလင်းသည် ကျီယန်တစ်မြို့လုံးကို လွှမ်းခြုံထားသော ရွှေကျီးကန်းပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။

ထိုရွှေကျီးကန်းက ခရမ်းရောင်သန်းနေပြီး လောကကြီးကို အထင်သေးစွာ ကြည့်သည်။

ခရမ်းရောင်ရွှေကျီးကန်းက ဟန်မူယဲ့၏ဓားကို ကြည့်လိုက်သည်။

“ဝီ”

ဓားက တုန်ခါနေပြီး နတ်ဘုရားအင်းကွက်များက ပျက်စီးသွားတော့မည်ဟု ထင်ရသည်။

ထိုအရာသည် သွေးမျိုးဆက်စွမ်းအား၏ ဖိနှိပ်မှုဖြစ်သည်။

ခရမ်းရောင်ရွှေကျီးကန်း၏ သွေမျိုးဆက်သည် မဟာနေမင်းအဆင့်ကို ကျော်လွန်နေသည်။

‘လောကမှာ ဒီလိုရွှေကျီးကန်းစွမ်းအားမျိုး ဘယ်လိုလုပ်ပြီး တည်ရှိနေတာလဲ’

ခရမ်းရောင်ရွှေကျီးကန်းက အကြည့်လွှဲလိုက်သောအခါ ကောင်းကင်ထမ်းဟိုက တောင့်မခံနိုင်တော့ဘဲ လက်ဝါးအရွယ်အစား သားရဲလေးအဖြစ် ပြောင်းလဲသွားသည်။ သူက တစ်ကိုယ်လုံး တုန်ခါနေသည်။

ကောင်းကင်ထမ်းဟို၏ ကျောပေါ်တွင်ရှိသော လူတိုင်းကလည်း ခရမ်းရောင်ရွှေကျီးကန်း၏အကြည့်ကြောင့် မလှုပ်ရှားနိုင်ကြပေ။

ထိုသားရဲ၏စွမ်းအားက အလွန်ပြင်းထန်ပြီး သူတို့အားလုံးကို ဖိနှိပ်ထားနိုင်သည်။

‘လောကမှာ ဒီလိုမျိုးသန်မာတဲ့ နတ်ဘုရားသားရဲမျိုး ရှိနေတာလား’

‘အုပ်ချုပ်သူအဆင့် သားရဲများလား’

‘အုပ်ချုပ်သူအဆင့် သားရဲကတောင် ဒီလိုမျိုး အားကောင်းတဲ့ ဝိညာဉ်စွမ်းအားကို မပိုင်ဆိုင်လောက်ဘူး’

မူလစကြဝဠာ၏ အုပ်ချုပ်သူအဆင့် သားရဲငါးကောင်လုံးသည် ထိုသို့ သန်မာသော ဝိညာဉ်စွမ်းအားကို မပိုင်ဆိုင်ကြပေ။

ယခုအချိန်တွင် သခင်မမူယွဲ့၊ လုကျီရှုနှင့် တခြားလူများအားလုံးသည် မွန်းကျပ်နေသည်ဟု ခံစားရသည်။

ထိုသို့ ဆက်ဖြစ်နေလျှင် သူတို့အားလုံးက ပိပြားသွားလိမ့်မည်။

ဟန်မူယဲ့၏ မျက်နှာထားက လေးနက်နေပြီး စိတ်နယ်ပယ်တွင်ရှိသော ဝိညာဉ်စွမ်းအားကို စုစည်းသည်။

ဓားသုံးလက် ပေါ်ထွက်လာသည်။

သတ်ဖြတ်ခြင်းဓား ....

ထောင်ချောက်ဓား ....

အင်မော်တယ်ဖျက်ဆီးခြင်းဓား ....

ထိုဓားသုံးလက်သည် တစ်လက်တည်းအဖြစ် ပေါင်းစပ်သွားပြီး ခရမ်းရောင်ရွှေကျီးကန်း၏ ဦးခေါင်းကို ထိုးဖောက်သည်။

“ဘုန်း”

ဓားသည် ရှေ့တွင်ရှိသော လေဟာနယ်ကို အက်ကွဲသွားစေပြီး ခရမ်းရောင်ရွှေကျီးကန်းကို တိုက်ခိုက်သည်။

ဓားအလင်းက ပြန့်ကျဲသွားပြီး ဓားသုံးလက်အဖြစ် ပြန်ပြောင်းသွားသည်။

“အ အ ....”

ခရမ်းရောင်ရွှေကျီးကန်းက တောင်ပံဖြန့်လိုက်ပြီး စူးရှစွာ အော်ဟစ်သည်။

ဓားသုံးလက်က လွင့်စင်သွားပြီး ဟန်မူယဲ့၏ရှေ့သို့ ပြန်ရောက်လာသည်။

မူလဝိညာဉ်ဓားများသည် ပထမဆုံးအကြိမ်အဖြစ် သက်ရောက်မှုမရှိဘဲ တွန်းထုတ်ခံလိုက်ရသည်။

ဟန်မူယဲ့က ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲသွားတော့မည်ဟု ခံစားနေရသည်။

သို့သော် ယခုအချိန်တွင် ဂရုမစိုက်နိုင်ပေ။

သူက အသက်ရှူသွင်းလိုက်ပြီး ရှေ့တွင်ရှိသော ခရမ်းရောင်ရွှေကျီးကန်းကို ကြည့်သည်။ အနက်ရောင်ဓားအိမ်သည် သူ့နောက်တွင် ပေါ်လာသည်။

သူက ဓားအိမ်ကို ဆုပ်ကိုင်ပြီး ရှေ့သို့ညွှန်ပြသည်။

“ငါ့ရတနာကို ဆင့်ခေါ်တယ်”

“အင်မော်တယ်သတ် ဓားပျံ”

ဓားအလင်းတစ်ခု ပေါ်ထွက်လာသည်။

ဓားအလင်းသည် အလွန်ထက်မြိပြီး ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲသွားသည်။

ဓားအလင်းက ကြယ်ပျံတစ်စင်းသဖွယ် အလွန်တောက်ပနေပြီး လေဟာနယ်ကို ပိုင်းဖြတ်သည်။

ဓားအလင်းသည် ရိုးရှင်းစွာ လှုပ်ရှားလိုက်ပြီး ရှေ့တွင်ရှိသော ခရမ်းရောင်ရွှေကျီးကန်းကို ခေါင်းဖြတ်ပစ်လိုက်သည်။

ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံထားသော ခရမ်းရောင်ရွှေကျီးကန်းက တစ်ပိုင်းတစ်စစီ ပြိုကွဲသွားသည်။

ဓားအလင်းက နောက်ပြန်လှည့်လာပြီး ဟန်မူယဲ့၏ ဓားအိမ်ထဲသို့ ဝင်ရောက်သွားသည်။

ထိုဓားသည် တစ်ခါအသုံးပြုပြီးလျှင် အချိန်ကြာမြင့်စွာ အနားယူရလိမ့်မည်။

ထိုဓားကို တစ်ချိန်လုံး အသုံးပြုနေရန် မဖြစ်နိုင်ပေ။

“ဒါက .... ဓားနတ်ဘုရားလုယွဲ့ ....”

သခင်မမူယွဲ့က ဟန်မူယဲ့ဆီသို့ ပြန်ရောက်လာသော ဓားအလင်းကို ကြည့်လိုက်ပြီး ထိတ်လန့်စွာပြောသည်။

ဘေးတွင်ရှိသော လုကျီရှု၏ မျက်နှာထားက လေးနက်နေပြီး အံ့အားသင့်သွားသည်။

ယခင်က ဓားနတ်ဘုရားလုယွဲ့သည် ဓားတစ်လက်ဖြင့် စကြဝဠာနယ်မြေကို လွှမ်းမိုးခဲ့သည်။

‘အရမ်းအားကောင်းတဲ့ ခရမ်းရောင်ရွှေကျီးကန်းကို ဖျက်ဆီးနိုင်တဲ့ ဓားက ဘယ်လိုဓားမျိုးလဲ’

“ဘုန်း”

ရှေ့တွင် အရာအားလုံးက ပြိုကျသွားသည်။

ရွှေကျီးကန်း ၉၉ကောင်နှင့် ခရမ်းရောင်ချိန်းကြိုးများကလည်း ပျက်စီးလာသည်။

မြို့ကြီးကလည်း တစ်စစီ ဖြစ်သွားသည်။

ထို့နောက် မြင်ကွင်းများအားလုံးသည် ပျောက်ကွယ်လာပြီး မှိန်ဖျော့သော ရွှေကျီးကန်း၏ ခရမ်းရောင်မီးတောက်အလင်းအဖြစ် ပြောင်းလဲသွားသည်။

ခရမ်းရောင်အလင်းသည် ထူးခြားသော စွမ်းအင်ကို ထုတ်လွှတ်နေသည်။

သူတို့ မြင်တွေ့ခဲ့သော ခရမ်းရောင်ရွှေကျီးကန်းနှင့် မြို့ကြီးသည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။

ထိုနည်းလမ်းသည် မရေမတွက်နိုင်‌သော ကျွမ်းကျင်သူများကို ဖိနှိပ်နိုင်ခဲ့သည်။

‘ကျီယန်မြို့ရဲ့ အမွေအနှစ်က ဘယ်လောင်တောင် သန်မာနေတာလဲ’

“ချီတက်မယ်”

အဝေးတစ်နေရာတွင် ခပ်အုပ်အုပ်အသံကို ကြားရသည်။ သင်္ဘောပျံငါးစင်းက ခရမ်းရောင်အလင်းထဲသို့ တိုးဝင်သွားသည်။

ခရမ်းရောင်အလင်းက တုန်ခါနေပြီး ပုံရိပ်ယောင်အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။

“အဲဒါက ကျီယန်မြို့ရဲ့ ဝင်ပေါက်ပဲ”

လုကျီရှုက အော်ဟစ်သည်။

ဟန်မူယဲ့က မတုံ့ပြန်ခဲ့ပေ။

သူက မတ်တပ်ရပ်လိုက်ပြီး ခရမ်းရောင်အလင်းထဲသို့ တစ်ခါတည်း ဝင်သွားသည်။

တခြားလူများကလည်း တုံ့ဆိုင်းမနေဘဲ ပျံသန်းလာကြသည်။

ကျီယန်မြို့၏ ဝင်ပေါက်သည် သူတို့၏ရှေ့တွင် ရှိနေသည်။

ထိုအခွင့်အရေးကို မဆုပ်ကိုင်ခဲ့လျှင် တစ်သက်လုံး ‌နောင်တရနေလိမ့်မည်။

ကောင်းကင်ထမ်းဟိုနှင့် တခြားလူများအားလုံး ဝင်ရောက်သွားသောအခါ ခရမ်းရောင်အလင်းက အတော်လေး မှိန်ဖျော့လာသည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ထိုပုံရိပ်က အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ မုတ်ဆိတ်မွေးများက ရှည်လျားနေသည်။ သူ့မျက်လုံးသည် နတ်ဘုရားအလင်းဖြင့် တောက်ပနေသည်။

ဟန်မူယဲ့က အပြင်ဘက်တွင် ရှိနေလျှင် ထိုလူအိုကြီးကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိမ့်မည်။ ရှရူကျယ်၏ဝိညာဉ်ကို ပုတီးစေ့အဖြစ် ပြောင်းလဲလိုက်သော ကျွမ်းကျင်သူ ဖြစ်သည်။

‘ကျီယန်မြို့ရဲ့ ပုံရိပ်ယောင်ကို ချိုးဖျက်နိုင်တဲ့လူ ရှိနေတာလား’

‘ဒီလိုနည်းလမ်းမျိုးက ရှေးခေတ်မှာတောင် ရှားပါးတယ်’

လူအိုကြီးက ရှေ့တွင်ရှိသော ခရမ်းရောင်အလင်းကို ကြည့်လိုက်ပြီး အတိတ်ကို သတိရနေပုံပေါ်သည်။

“ဆရာက ကျွန်တော်တို့ တပည့်တွေကို မအပ်နှံချင်တဲ့အတွက် ကျီယန်မြို့ကို လေဟာနယ်ထဲမှာ ဖုံးကွယ်ထားခဲ့တယ်။ ဒါပေမဲ့ ကျီယန်မြို့ထဲကို ဝင်ရောက်ဖို့ နည်းလမ်းရှာနိုင်မယ်လို့ ထင်ထားမှာမဟုတ်ဘူး”

သူက ခပ်ဟဟရယ်လိုက်ပြီး အလင်းရောင်ထဲသို့ တိုးဝင်သွားသည်။

ထို့နောက် ခရမ်းရောင်အလင်းက ပျောက်ကွယ်သွားခဲ့သည်။

ဟန်မူယဲ့က အလင်းရောင်ထဲသို့ ဝင်ရောက်လာပြီး ခဏအကြာတွင် ရပ်တန့်လိုက်သည်။

သူ့ရှေ့တွင် ပြင်းထန်သောမီးတောက်များနှင့် လေဟာနယ်လောကကို မြင်လိုက်ရသည်။

အဝေးတစ်နေရာတွင် ရွှေကျီးကန်း ၉၉ကောင်နှင့် ထောက်ပံ့ထားသော မြို့ကြီးတစ်မြို့က ညင်သာစွာ လွင့်မျောနေသည်။

အစစ်အမှန်ကျီယန်မြို့ ဖြစ်သည်။

သူ့နောက်တွင် ရွှေကျီးကန်း၊ ခေးအော့နှင့် တခြားလူများကလည်း ရပ်တန့်လိုက်ကြသည်။

“ဘုန်း”

ရှေ့တွင် သင်္ဘောပျံငါးစင်းက ကျီယန်မြို့၏အစပ်သို့ ရောက်နေသည်။

လွင့်မျောနေသော ရွှေကျီးကန်းတစ်ကောင်က ပါးစပ်ဖွင့်ပြီး ရွှေရောင်မီးတောက်ကို မှုတ်ထုတ်သည်။

ရွှေကျီးကန်းမီးတောက် ဖြစ်သည်။

ထိုမီးတောက်က ပေါက်ကွဲသွားပြီး မိုင်ရာချီပတ်ဝန်းကျင်ကို မီးပင်လယ်အဖြစ် ပြောင်းလဲသည်။

သင်္ဘောပျံများက ပြင်ဆင်ထားပုံပေါ်သည်။ သူတို့က အလင်းလွှာများကို အသက်သွင်းပြီး မီးတောက်ကို ခုခံသည်။

ထို့နောက် မတူညီသော နေရာများဆီသို့ ဦးတည်လိုက်ကြသည်။

All Chapters