အဆင့်မြင့် အလောင်းအစား (၂)
Vol. 22 Ch. 326
ပြီးတော့ ၎င်းတို့၏ သက်ဆိုင်ရာ ဂူဗိမာန်များသည် ဝေးကွာခြင်းမရှိသောကြောင့် မကြာခဏသွားရောက်ပြီး သတင်းဖလှယ်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် ဂိုဏ်းခွဲတစ်ခုအဖြစ် အစုလိုက်အပြုံလိုက်ဖွဲ့စည်းကာ ကျွန်းတစ်ရာဟု ခေါ်တွင်ခဲ့ကြသည်။
ကျွန်းတစ်ရာတွင် ရှန်မိသားစုသည် ခေါင်းဆောင်ဖြစ်ပြီး နောက်တွင် လီ၊ ထျန်နှင့်
သွမ်တို့လို ဩဇာရှိသောမိသားစုများဖြစ်သည်။
ထို့ကြောင့် ရှန်ဝမ်ချီသည် လူတိုင်းကြားတွင် အမြင့်ဆုံးအဆင့်အတန်းရှိသည်။
သူရောက်လာသည်နှင့် ချက်ချင်းပင် ခန်းမအတွင်း၌ အာရုံစူးစိုက်မှု ဗဟိုချက်ဖြစ်လာသည်။
ပျော်ပွဲရွှင်ပွဲများ လုပ်ပြီးနောက် ဧည့်ခံပွဲသည် လျင်မြန်စွာ စတင်ခဲ့သည်။
သုံးကျော့လောက် သောက်ပြီးတဲ့နောက်မှာ ရှန်ဝမ်ချီသည် လင်းရှန်အကြောင်းကိုပြောခဲ့ပြီး စိန်ခေါ်ရန်အတွက် စွန်းလင်းမောင်အား စေလွှတ်ပုံကို ပြောပြခဲ့သည်။
လီမိန်ဖေးက ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
"ငါတို့ ရွှေစမ်းချောင်းကျွန်းကို ပြန်ရရမယ်။ လှိုဏ်ဂူက တန်ဖိုးကြီးတာကိုထားအုံး၊ လင်းရှန် လိုချင်တာကို ရအောင် ယူတာမျိုး မဖြစ်စေနဲ့”
ထျန်မင်နဲ့ သွမ်ကျီပင်းလည်း အလားတူ ခံစားခဲ့ရသည်။
လင်းရှန်သည် အလွန်နာမည်ကြီးနေပြီဖြစ်ပြီး ယခုအခါတွင် သူသည် ဆရာကြီးယု၏ တပည့်ဖြစ်လာကာ ဆရာ-တပည့်မျိုးဆက်၏ မျိုးဆက်သစ်များအတွက် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလုနီးပါးဖြစ်သည်။ သူလုပ်လိုက်သည့် လှုပ်ရှားမှုတိုင်းသည် မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို ခံရလိမ့်မည်။
ရှန်ဝမ်ချီ၏ ရွှေစမ်းချောင်းကျွန်းကို လင်းရှန်ကြားဖြတ်ယူမှုအပေါ် ဘာမှမလုပ်ဘူးဆိုရင် ရှန်မိသားစုက လင်းရှန်ကို ကြောက်တယ်လို့ လူတွေက မထင်ကြဘူးလား။
ကျွန်းတစ်ရာ၏ ဂုဏ်သိက္ခာကိုပင် ပျက်စီးစေလိမ့်မည်။
"လင်းရှန်က ရွှေစမ်းချောင်းကျွန်းကို စွန့်လွှတ်ဖို့ သဘောတူမယ်ထင်လား"ထျန်
မင်က မေးစေ့ကို ကိုင်ပြီး မေးသည်။
"အဲလိုဖြစ်ရင် ငါတို့ကို ဒုက္ခအများကြီး သက်သာစေမှာပါ" လီမိန်ဖေးက ရယ်မောလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ "ဒါပေမယ့် ဒီလောက်လွယ်မယ်လို့ မထင်ဘူး။ လင်းရှန်က အရှုံးကို ဝန်ခံဖို့ အရမ်းလွယ်တယ်ဆိုရင် သူ့ကို ဆရာကြီးယုရဲ့ တပည့်အဖြစ် ခေါ်ဆောင်လာမှာ မဟုတ်ဘူး။"
"ဟုတ်တယ်”
သွမ်ကျီပင်းလည်း လီမိန်ဖေးနှင့် အတူတူပင်။
"ငါ လင်းရှန်ကို စုံစမ်းပြီးပြီ။ သူ နိုင်ယန်းကျောင်းမှာရှိတုန်းက သြဇာရှိတဲ့ မိသားစုတွေနဲ့ ပဋိပက္ခဖြစ်ခဲ့တယ်။ ပထမကတော့ ယန်
မိသားစု၊ ဖင်းမိသားစု၊ အခု ခန်းမိသားစု”
"အဲဒီတုန်းက သူ့မှာ နောက်ခံမရှိဘူး၊ဒါတောင် သြဇာကြီးတဲ့ မိသားစုတွေနဲ့ ဂိုဏ်းကွဲတွေကို ဆန့်ကျင်ရဲတယ်။ အခု သူ့မှာ ဆရာယုကို ကျောထောက်နောက်ခံပြုထားတော့ သူက ပိုဆိုးလာမယ်လို့ ကျွန်တော် ထင်တယ်။"
"ငါ့အထင် သူက ရွှေစမ်းချောင်းကို လွယ်လွယ်နဲ့ လက်လွှဲမှာမဟုတ်ဘူး”
ရှန်ဝမ်ချီက သူ့ဝိုင်ခွက်ကို မြှောက်လိုက်ပြီး တစ်ငုံသောက်လိုက်သည်။ "ဒါဆို တိုက်ကြတာပေါ့”
လီမိန်ဖေးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ဝမ်ချီ မင်းက အရမ်းယုံကြည်မှုရှိတဲ့ပုံ ပေါ်နေတယ်။ လင်းရှန်ကို လျှော့မတွက်နဲ့။ နောက်ဆုံးတော့ သူ့မှာ ပထမတန်း စိတ်ဝိဉာဉ်ရှိနေတယ်”
"ဘာဖြစ်သလဲ?" ရှန်ဝမ်ချီက လှောင်ပြောင်သည်။ "သူ့ရဲ့ အရည်အချင်း ဘယ်လောက်ပဲ ပြောင်မြောက်နေပါစေ ၊ သူ့မှာ ခွန်အားအဖြစ် ပြောင်းလဲဖို့ အချိန်လိုပါသေးတယ်။ လင်းရှန် ကျင့်ကြံဖို့ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် အချိန်မရဘူးဆိုရင် သူက ငါနဲ့ ပြိုင်ဘက် ဖြစ်မှာ မဟုတ်ဘူး”
ရှန်ဝမ်ချီ မည်မျှ မာနကြီးသည်ကို မည်သူမျှ မအံ့သြပေ။
ရှန်ဝမ်ချီသည် ဝိညာဉ်ပျိုးထောင်ခြင်း စတုတ္ထအဆင့်တွင်ရှိပြီး ထူးထူးခြားခြား ကျင့်ကြံနည်းစနစ်များရှိသည်။ သာမန် ဝိညာဉ်ပျိုးထောင်ခြင်း ပဉ္စမအဆင့် ကျင့်ကြံသူများကိုပင် တွန်းလှန်နိုင်ခဲ့သည်။
မကြာသေးမီက တိုးတက်လာခဲ့သော လင်းရှန်အနေနဲ့ အနိုင်ရချင်ပါက မတရားကြိုးစားမှသာ ရပေမည်။
ငြိမ်သက်သွားပြီးနောက် လူတိုင်းသည် အရက်သောက်ကာ ပျော်ပျော်ပါးပါး နေလာကြသည်။
ခဏအကြာတွင် ရှန်ဝမ်ချီ၏အမူအရာပြောင်းသွားပြီး တံခါးအပြင်ဘက်သို့ ပြုံးကာ ကြည့်လိုက်သည်။
"ညီလေးစွန်း ပြန်လာပြီ။"
အားလုံးက အပြင်ဘက်ကို လှည့်ကြည့်လိုက်သည်။ သိပ်မကြာခင်မှာပဲ စွန်းလင်းမောင်က အလျင်အမြန်ဝင်လာခဲ့သည်။
စွန်းလင်းမောင် သိပ်ပျော်ပုံမပေါ်တာကိုမြင်တော့ ရှန်ဝမ်ချီက မျက်မှောင်ကြုတ်ပြီး မေးသည်။
"ညီလေးစွန်း ၊ ဘယ်လိုဖြစ်တာလဲ"
စွန်းလင်းမောင်က အားတင်းပြီး ရှန်ဝမ်ချီအား ဖြစ်ပျက်ခဲ့တာကို ပြောပြသည်။
ဒါကိုကြားတော့ အားလုံးရဲ့မျက်တောင်တွေ လှုပ်သွားပြီး တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြသည်။
ရှန်ဝမ်ချီ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။
လင်းရှန်သည် အလောင်းအစားကို ငြင်းဆန်မည်ဟု သူထင်ခဲ့သည်။ လင်းရှန်သည် ရွှေစမ်းချောင်းကျွန်းတွင်နေ၍ အပြင်မထွက်သရွေ့ သူ့ကို မည်သို့မျှ လုပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် စိန်ခေါ်စာတွင် ဒေါသကြီးသောလေသံကို အသုံးပြုခဲ့သည်။
သို့သော်လည်း လင်းရှန်သည် စိန်ခေါ်မှုကို လက်ခံခဲ့သော်လည်း သူသည် ရှန်ဝမ်ချီ၏ ကျင့်ကြံရေးဂူဗိမာန်ကို အလောင်းအစားအဖြစ် အသုံးပြုစေလိုသည်။
"လင်းရှန်က မာနကြီးလွန်းတယ်။ ရွှေစမ်းချောင်းကျွန်းကို လုယူသွားရုံတင်မကဘဲ
မုန်တိုင်းကျွန်းကိုလည်း လိုချင်တယ်။ ဝမ်ချီကို အထင်သေးတာပဲ ။ သူ အတော်ဆိုးသွားပြီ” ထျန်မင်က အော်လိုက်သည်။
အခြားသူများကလည်း ဒေါသအမျက်ထွက်ကြသည်။
သို့သော် လီမိန်ဖေးက ပြုံးကာ ပြောသည်။
"အားလုံး စိတ်အေးအေးထားပါ “
"လင်းရှန်က မုန်တိုင်းကျွန်းကို အလောင်းအစားလုပ်ချင်တာကို ဘာလို့ သဘောမတူတာလဲ ၊ ဘယ်လိုပဲဖြစ်ဖြစ်သူက ဝမ်ချီရဲ့ ပြိုင်ဘက်မဟုတ်ပါဘူး။ အလောင်းအစားလို့ ခေါ်တာက ဟာသတစ်ခုပါပဲ”
အားလုံးက စဉ်းစားပြီး သဘောတူကြသည်။
ရှန်ဝမ်ချီ၏ သိမ်မွေ့သောအမူအရာသည်လည်း များစွာ သက်သာရာရသွားသည်။
မုန်တိုင်းကျွန်းသည် ၎င်း၏ဂူဗိမာန်ဖြစ်သော်လည်း ၎င်း၏မိသားစုသည် ကျွန်းကိုရရှိရန် ကြိုးပမ်းအားထုတ်မှုများစွာပြုလုပ်ခဲ့ရသည်။ အတိအကျပြောရရင် ဒါဟာ သူ လက်ခံလို့ရတဲ့အရာ မဟုတ်ပေ။
အကယ်၍ သူသည် အလောင်းအစားကို ဆုံးရှုံးခဲ့လျှင် မိသားစုဆီမှ ပြင်းထန်စွာ အပြစ်ပေးခံရမည်မှာ သေချာသည်။
ထို့ကြောင့် လင်းရှန်သည် မုန်တိုင်းကျွန်းကို အလောင်းအစားအဖြစ် လိုချင်ကြောင်း ကြားသောအခါ သူ၏ ပထမဆုံးတုံ့ပြန်မှုသည် ထိတ်လန့်ပြီး ဒေါသဖြစ်ခဲ့သည်။
သို့သော် လီမိန်ဖေး၏ စကားကိုကြားပြီးနောက် သူ ချက်ချင်းပင် စိတ်သက်သာရာ ရသွားသည်။
တကယ်တော့ လင်းရှန်ဟာ သူ့အတွက် ဘာလိုနေနေ ယှဉ်နိုင်သူပင်။ ထိုသို့ဖြစ်ခြင်းကြောင့် သူသည် အလောင်းအစားအတွက် ဘာကိုကို အသုံးပြုရပါစေ အရေးမကြီးပေ။
ဒါကို စဉ်းစားရင်း ရှန်ဝမ်ချီက ငြိမ်သက်သွားကာ သူ့အမူအရာက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားသည်။ ထို့နောက် အေးစက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။
"ကောင်းပြီ ငါသဘောတူတယ်”
သူက စွန်းလင်းမောင်ဘက်လှည့်ပြီး "ဆယ်ရက်အတွင်း ရွှေစမ်းချောင်းကျွန်းမှာ သူ့ကို သွားတိုက်မယ် ။ လင်းရှန်ကို သွားပြောလိုက်”
စွန်းလင်းမောင်၏အမိန့်ကို လက်ခံရရှိပြီးနောက် ရှန်ဝမ်ချီက ထပ်မံ၍ လှောင်ပြောင်ခဲ့သည်။
"လင်းရှန်က အလောင်းအစားကို သဘောမတူရင် ငါသူ့ကိုဘာမှ လုပ်မရဘူး။ လောဘကြောင့် မျက်စိကွယ်ပြီး ငါ့မုန်တိုင်းကျွန်းကို မက်မောမယ်လို့ မျှော်လင့်ထားဘူး။ ကောင်းပြီ၊ ငါ သူ့ကို နှစ်ဆလောက် ဒုက္ခပေးလိုက်မယ်။ ဆယ်ရက်ကြာရင် သူရှုံးတော့မှာပေါ့”
လီမိန်ဖေးနှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောကြပြီး ခွက်ကို မြှောက်ကြသည်။
"ဒါဆို အောင်ပွဲခံဖို့အတွက် ဝမ်ချီကို ဂုဏ်ပြုလိုက်ရအောင်။"
"ချီးယား”
ရှန်ဝမ်ချီနဲ့ လင်းရှန်၏ အလောင်းအစားသတင်းသည် နေကိုးစင်းဂိုဏ်းတစ်ခုလုံးတွင် လျှင်မြန်စွာပျံ့နှံ့သွားသည်။
လင်းရှန်သည် ဂိုဏ်းတွင် သြဇာကြီးသူတစ်ဦးဖြစ်သောကြောင့် သူ၏လှုပ်ရှားမှုတိုင်းကို မရေမတွက်နိုင်သောလူများက စိတ်ဝင်စားကြသည်။
တစ်ဖက်တွင်မူ ကျွန်းတစ်ရာမှလူများသည် လင်းရှန်၏ဂုဏ်သိက္ခာကို တိုက်ခိုက်ရန်
အတွက် ဤအခွင့်အရေးကို အသုံးချကာာ လူတိုင်းရှေ့မှာ လင်းရှန်အား ရှုံးစေလိုသော ရည်ရွယ်ချက်ဖြင့် သတင်းဖြန့်ခဲ့ခြင်းကြောင့်လည်းဖြစ်သည်။
လေးရက်မှ ငါးရက်အတွင်း ဤအလောင်းအစားသည် မရေမတွက်နိုင်သော အာရုံစိုက်မှုကို ရရှိခဲ့လေသည်။
ဤတိုးတက်မှုသည် အံ့သြစရာမဟုတ်ပေ။
နောက်တစ်ခုက နှစ်ဖက်စလုံးမှာ အားကောင်းတဲ့ နောက်ခံတွေ ရှိခဲ့သည်။
တစ်ဖက်သည် မကြာသေးမီက ထင်ရှားကျော်ကြားခဲ့သော ကျင့်ကြံရေး ပါရမီရှင်တစ်ဦးဖြစ်သည်။
အခြားတစ်ဖက်သည် ထူးထူးခြားခြား ခွန်အားရှိသော မျိုးဆက်သစ်လူငယ်များထဲမှ ထိပ်တန်း တပည့်တစ်ဦးလည်း ဖြစ်သည်။
ပိုအရေးကြီးတာက သူတို့နှစ်ယောက်သည် ဆရာ တပည့်မျိုးရိုးနဲ့ နောက်ကွယ်မှာ သြဇာညောင်းတဲ့ မိသားစုတွေရှိနေတာပင်။
ပိုင်းခြားသိမြင်သောမျက်လုံးရှိသူများ၏အမြင်တွင် ဤအရာသည် အမှန်
တကယ်ပင် အင်အားစုနှစ်ခုကြားမှ တိုက်ခိုက်မှုသဘောဖြစ်သည်။
တပည့်များကို ယှဉ်ပြိုင်ရန် တွန်းအားပေးသည့် နေကိုးစင်းဂိုဏ်းတွင်ပင် ထိုသို့သော အလောင်းအစားသည် ရှားသည်။ ထုံးစံအတိုင်း အာရုံစူးစိုက်မှုများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
ပြိုင်ပွဲမစတင်မီတွင် တပည့်များစွာက ၎င်းကို စောင့်မျှော်နေပြီး ထိုနေ့တွင် လာရောက်ကြည့်ရှုရန် ဆုံးဖြတ်ခဲ့ကြသည်။
ရွှေစမ်းချောင်းအပြင်ဘက်တွင် အလင်းတန်းများ ပျံဝဲလာပြီး ကျွန်းပေါ်မှ ရပ်တန့်သွားသည်။
ကျင့်ကြံနေသော လင်းရှန်သည် ဤရင်းနှီးကျွမ်းဝင်သော အရိပ်အယောင်ကို ချက်ချင်းခံစားသိရှိပြီး ကန့်သတ်ချက်ကို ပိတ်ပစ်လိုက်သည်။
အလင်းတန်းများသည် ကောင်းကင်မှ ဆင်းသက်လာပြီး လင်းရှန်၏ ရှေ့သို့ ဆင်းသက်လာကာ ရှားမုန့်ရန်အဖြစ် ပေါ်လာသည်။
"မင်းက ရှန်ဝမ်ချီနဲ့ ပြိုင်မယ်လို့ ငါကြားတယ်"
ရှားမုန့်ရန်သည် ထိုနေရာသို့ တည့်တည့်သွားခဲ့သည်။
"ဟုတ်ကဲ့” လင်းရှန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
ဒါကိုကြားတော့ ရှားမုန့်ရန်က အနည်းငယ် မျက်မှောင်ကြုတ်သွားပေမယ့် လင်းရှန်က ဘာကြောင့် သူသဘောတူတာလဲလို့ သူမမေးခဲ့ပေ။ အဲဒီအစား
"မင်းအနိုင်ရမယ်ထင်လား"
"ထင်ပါတယ်”
၎င်းသည် ရိုးရှင်းသောအဖြေတစ်ခုဖြစ်သော်လည်း ငြိမ်သက်ပြီး အားကောင်းသည့် ခံစားချက်ကို ပေးစွမ်းနိုင်ပြီး ၎င်းတွင်ပါရှိသောယုံကြည်မှုကို ရှင်းရှင်းလင်းလင်း ခံစားရစေရသည်။
ရှားမုန့်ရန်သည် လင်းရှန်ကို အံ့သြစွာ ကြည့်လိုက်သည်။
ရှန်ဝမ်ချီ၏ ခွန်အားကို သူမကြားဖူးသည်။ အစကတော့ လင်းရှန်သည် ရှန်ဝမ်ချီကို အနိုင်ယူဖို့ မျှော်လင့်ချက် သိပ်မရှိဘူးလို့ သူမထင်ခဲ့သလို လောင်းကြေးကို သဘောတူဖို့ လင်းရှန်၏ ဆုံးဖြတ်ချက်က အန္တရာယ်များတယ်လို့ ထင်မိသည်။
သို့သော် ယခုတော့ သူမသည် ဂျူနီယာကို လျှော့တွက်ခဲ့ပုံရသည်။
သူနှင့် အကြိမ်အနည်းငယ် ဆက်ဆံပြီးနောက် လင်းရှန်သည် အဓိပ္ပါယ်မရှိသော စကားကို ပြောသူမဟုတ်ကြောင်း ရှားမုန့်ရန်ပြောနိုင်သည်။
သူဒီလိုပြောဖို့ တော်တော်လေး ယုံကြည်မှုရှိရမည်။
ဒါကိုမြင်တော့ ရှားမုန့်ရန်က ခေါင်းညိတ်ပြီး တခြားဘာမှ မပြောပေ။ သူမ လှည့်ပြီး မဆိုင်းမတွဘဲ လာတုန်းကလိုပင် ထွက်သွားသည် ။
ရှားမုန့်ရန်ထွက်သွားတာကို ကြည့်ရင်း လင်းရှန်က ခေါင်းခါပြီး ရယ်နေရုံမှတပါးမတတ်နိုင်ပေ။ စီနီယာအစ်မသည် ယခင်ကကဲ့သို့ လျင်မြန်ပြီး ပြတ်သားနေဆဲဖြစ်သည်။
လင်းရှန်သည် သူ၏ အာရုံပျံ့လွင့်သော အတွေးများကို ထိန်းကာ ဆက်လက် ကျင့်ကြံခဲ့သည်။
သူက ယုံကြည်မှုရှိတယ်လို့ ပြောပေမယ့် ရှန်ဝမ်ချီကို လျှော့မတွက်ခဲ့ပေ။
သူ့ခွန်အားကို တိုးမြင့်လာစေရန် အချိန်တစ်ခု သီးသန့်ထားလိုသောကြောင့် လောင်းကြေးကို ဆယ်ရက်အတွင်း သတ်မှတ်ခဲ့တာပင်
ပါရမီနဲ့ နှင့် မွေးရာပါဝိညာဉ်ခန္ဓာတို့၏စွမ်းရည်နဲ့ဆို ဝိညာဉ်ပျိုးထောင်ခြင်း ဒုတိယအဆင့်သို့ ဖြတ်ကျော်ရန် ဆယ်ရက်က လုံလောက်ပါသည်။
ထို့ပြင် သူသည် အစွမ်းကုန် ကျင့်ကြံပါက ငရဲရင်ရေ၏ ဒုတိယတစ်စက်ကို စုပ်ယူနိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် သူသည် ငရဲရင်ရေ ရေနှစ်စက်ဖြင့် ရှန်ဝမ်ချီကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့မှာပင်
သိပ်မကြာခင်မှာပဲ
ကျွန်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
သာမန်မျက်စိဖြင့် မမြင်နိုင်သော နေရာများတွင် ဝိညာဉ်အနှစ်သာရ အများအပြားသည် မြစ်ကဲ့သို့ လင်းရှန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ ငရဲရင်ရေ၏ အစိတ်အပိုင်းတစ်ခုအဖြစ် အဆက်မပြတ် ပြောင်းလဲသွားခဲ့သည်။