← Chapters

သူက အရူးတစ်ယောက်လား (၁)

Vol. 22 Ch. 327

သူက အရူးတစ်ယောက်လား (၁)

Vol. 22 Ch. 327

အချိန်တွေကုန်လွန်လာပြီး မကြာခင်မှာပဲ ချိန်းထားတဲ့နေ့ ရောက်လာသည်။

နံနက်စောစောတွင် ရာနှင့်ချီသော ပျံသန်းနေသော သင်္ဘောများသည် ရွှေစမ်းချောင်းကျွန်းတဝိုက်တွင် စုရုံးရောက်ရှိလာကြသည်။

ပျံသန်းနေသော သင်္ဘောတိုင်း၏  ကုန်းပတ်ပေါ်တွင် ရပ်နေသူများနှင့် ပြည့်နေသည်။ သူတို့အားလုံးသည် တိုက်ပွဲကိုကြည့်ရှုရန် လာရောက်ကြသော ဂိုဏ်း၏တပည့်များဖြစ်သည်။

ကျင့်ကြံသူသခင်အဆင့် တပည့်အချို့ပင် ရှိခဲ့သည်။ လက်ထောက် ၀တ်စုံဝတ်ထားသော ကျင့်ကြံသူဆရာ အနည်းငယ်ပင် ရှိသေးသည်။

တစ်ချက်ကြည့်လိုက်ရင် အရမ်းအသက်ဝင်

ပေ၏ ။

ဒီလောင်းကစားက အာရုံစူးစိုက်မှု ဘယ်လောက်ရခဲ့သလဲဆိုတာကိုပင်။

"ပွဲက ဘယ်တော့စမှာလဲ"

"ဘာတွေ လောနေတာလဲ  ရှန်ဝမ်ချီကမလာသေးဘူး"

"ဒီလောင်းကြေးကို ဘယ်သူအနိုင်ရမလဲလို့ တွေးမိတယ်။ လောင်းကြေးက ကျင့်ကြံမှုဗိမာန်လို့ ကျွန်တော်ကြားတယ်”

"လူတိုင်းသိပါတယ်။ ရွှေစမ်းချောင်းဒါမှမဟုတ် မုန်တိုင်းကျွန်းပဲဖြစ်ဖြစ်၊ သူတို့က ရှားပါးပြီး ကောင်းတဲ့ ဗိမာန်တွေပါပဲ။ သူတို့ လောင်းကြေးထပ်ဖို့ ဆန္ဒရှိနေတာကို မယုံနိုင်စရာပါပဲ။ အရှုံးသမားကတော့ အရမ်းစိတ်ပျက်သွားလိမ့်မယ်”

သင်္ဘောပေါ်ရှိ လူအုပ်ကြီးက တက်ကြွစွာ ဆွေးနွေးကြသည်။ အများစုမှာ စိတ်လှုပ်ရှားပြီး မနာလိုဖြစ်ခဲ့ကြသည်။

တပည့်စစ်တွေပါ အပါပင်။

သူတို့ထဲက အများစုဟာ ဂူဗိမာန်ကို မပိုင်ဆိုင်ရသေးချေ။ အနည်းစုက ရွှေစမ်းချောင်းကျွန်းကို မပြောနဲ့ ၊ ထိုထက် ဝိညာဉ်ရေးရာ အနှစ်သာရ ပိုနည်းသော မုန်တိုင်းကျွန်းကိုပင် မပိုင်ဆိုင်ရပေ။

သို့သော် သူတို့အိပ်မက်မက်ခဲ့သော ဂူဗိမာန်ကို လင်းရှန်နဲ့ ရှန်ဝမ်ချီတို့က အလောင်းအစားအဖြစ် အသုံးပြုခဲ့သည်။ ဒါက ဘယ်လောက်မနာလိုစရာကောင်းလဲ

ဤအခိုက်အတန့်တွင် အဝေးမှ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

လူတိုင်း လှည့်ကြည့်လိုက်တော့ ကီလိုမီတာအနည်းငယ်အကွာကနေ ကြီးကျယ်ခမ်းနားတဲ့ သင်္ဘောတစ်စင်း ချဉ်းကပ်လာတာကို တွေ့လိုက်ရသည်။

ကုန်းပတ်ပေါ်တွင် လူဆယ်ဦးကျော် မတ်တပ်ရပ်နေပြီး ဦးဆောင်သူမှာ ရှန်ဝမ်ချီဖြစ်သည်။

သူသည် သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားပြီး ကောင်းမွန်သော အသုံးအဆောင်ပစ္စည်းများကို ၀တ်ဆင်ထားကာ သူ့အင်္ကျီလက်များက လေထဲတွင် တဖျပ်ဖျပ်ခတ်နေသည်။ သူသည် မြင့်မြတ်သောဝိညာဉ်ရှိပြီး အဝေးမှပင်  မသေမျိုး အရောင်အဝါကို ခံစားရ၏။

ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ လူအုပ်ကြီးက ချက်ချင်းစိတ်မငြိမ်မသက် ဖြစ်သွားသည်။

"ကျွန်းတစ်ရာကလူတွေ ဒီကိုရောက်နေပြီ”

"ရှန်ဝမ်ချီ သင်္ဘောပေါ် မှာလား။ ဘယ်လောက် ထူထဲတဲ့ အရောင်အဝါလဲ”

"သေချာပါတယ်။ အကိုရှန်က  ဝိညာဉ်ပျိုးထောင်ရေး စတုတ္ထအဆင့်က ကျင့်ကြံသူလေ။  သတ်ဖြတ်ခြင်းရွှေဓားကို အချိန်အတော်ကြာ ကျွမ်းကျင်ခဲ့သူလေ။ ဓားပျံနည်းစနစ် နဲ့ ယှဉ်လုနီးပါးလို့ ပြောလို့ရပါတယ်” 

"ဒါဆို လင်းရှန် ဒုက္ခရောက်မှာ မဟုတ်ဘူးလား"

" လင်းရှန်က ကျင့်ကြံနည်းစနစ် ဒါမှမဟုတ် နတ်တန်ခိုးကို မလေ့ကျင့်ထားဘူးဆိုရင် အကိုရှန်ကို အနိုင်ရဖို့ အခွင့်အလမ်းက အရမ်းနည်းတယ်”

သူ့ပတ်ဝန်းကျင်က ဆွေးနွေးမှုတွေကို ကြားတော့ ရှန်ဝမ်ချီက အနည်းငယ် ပြုံးလိုက်

သည်။

ဤတစ်ကြိမ်တွင် သူသည် လင်းရှန်ကိုအနိုင်ယူပြီး ရွှေစမ်းချောင်းကို ပြန်လည်သိမ်းပိုက်ရန် ဆုံးဖြတ်ခဲ့သည်။

သူသည် သာလွန်အဆင့် အထူးလက်နက်တပ်ဆင်ရန် မိသားစုရှိ အကြီးအကဲများကို အထူးတောင်းဆိုခဲ့သည်။

အလယ်အလတ်တန်းစား အထူးလက်နက် ၀တ်စုံနှင့်အတူ လင်းရှန်ကို အနိုင်ယူရန် ပို၍ပင် ယုံကြည်မှု ရှိခဲ့သည်။

"ငါ ရွှေစမ်းချောင်းကျွန်းကို ရတဲ့အခါ၊ ကျွန်းပေါ်က ပေါများတဲ့ သတ္တုဝိညာဉ်ရေးရာ အနှစ်သာရအကူအညီနဲ့ ငါးနှစ်ကနေ ခြောက်

နှစ်အတွင်း ဝိညာဉ်ပျိုးထောင်ရေး နဝမအဆင့်ကို ဖြတ်ကျော်နိုင်မှာပါ။ အသက်၄၀  မတိုင်ခင် မှော်အလင်းရဲ့ မျိုးစေ့ကိုဖြည့်ဆည်းပေးနိုင်ရင် ငါက အနာဂတ် မိသားစုရဲ့ အကြီးအကဲ ဖြစ်လာမှာ သေချာပါတယ်”

သူ၏တောက်ပသောအနာဂတ်ကိုတွေးတောရင်း ရှန်ဝမ်ချီ စိတ်လှုပ်ရှားလာသည်။ သူသည် တောက်လောင်သောအကြည့်ဖြင့် အနီးနားရှိ ရွှေစမ်းချောင်းကျွန်းကို ကြည့်လိုက်သည်။

သူ့နောက်မှာတော့  လီမိန်ဖေး၊ ထျန်မင်နှင့် အခြားသူများသည် ၎င်းတို့အနီးတစ်ဝိုက်ရှိ ပျံသန်းနေသော သင်္ဘောများစွာကို ကြည့်ကာ ပါးစပ်အဟောင်းသား  ဖြစ်နေသည်။

လင်းရှန်၏ ဂုဏ်သိက္ခာကို တတ်နိုင်သမျှ ထိခိုက်စေရန်အတွက် လောင်းကစားပြိုင်ဆိုင်မှုသတင်းကို တိတ်တဆိတ် ဖြန့်ဝေရန် တစ်စုံတစ်ဦးအား ညွှန်ကြားထားသော်လည်း လူအများအပြား လာရောက်မည်ဟု မမျှော်လင့်ထားပေ။

"ပထမတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောက  တကယ့်ကို ဆန်းကြယ်ပါတယ်။"  သွမ်ကျီပင်းက သက်ပြင်းချခဲ့သည်။

သူတို့တွေမှာ မပြောကြပေမယ့် တူညီတဲ့ အတွေးတွေ ရှိကြသည်။

တိုက်ပွဲကိုလာရောက်ကြည့်ရှုသူ အများစုမှာ လင်းရှန်ကြောင့် ဖြစ်သည်။

"ဒါက ပိုကောင်းပါတယ်။  လင်းရှန်က ရှန်ဝမ်ချီကို ရှုံးရင် သူ့ဂုဏ်သိက္ခာက ပိုလို့တောင်ကျမှာ” လီမိန်ဖေးက ပြုံးပြုံးလေး ပြောသည်။

တခြားသူတွေက တွေးပြီး ပြုံးပြုံးလေး ခေါင်းညိတ်ပြသည်။

သူတို့ပြောနေကြစဉ်  ပျံသန်းနေသော သင်္ဘောသည် ရွှေစမ်းချောင်းကျွန်း အထက်သို့ ရောက်ရှိနေပြီဖြစ်သည်။  ရှန်ဝမ်ချီက အသက်ပြင်းပြင်းရှူပြီး ကျယ်လောင်စွာ ပြောလိုက်သည်၊

"လင်းရှန် ငါ့ကတိအတိုင်း ရောက်လာပြီ၊ မြန်မြန် ထွက်ခဲ့”

သူ့အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်၏။ ၎င်းက ဖြန့်ကျက်ပြီး မိုင်ပေါင်းများစွာ ပျံ့နှံ့သွားသည်။

အားလုံး၏မျက်လုံးများသည် ရွှေစမ်းချောင်းကျွန်းပေါ်သို့ ကျရောက်သွားသည်။

လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် ရွှေစမ်းချောင်းကျွန်း၏ ကန့်သတ်ချက်သည် ပွင့်သွားသည်။ သေးသွယ်သော အသွင်အပြင်သည် ကောင်းကင်သို့ ပျံတက်သွားကာ ပျံသန်းနေသော သင်္ဘောကြီးနဲ့ မီတာငါးရာမှ ခြောက်ရာအကွာတွင် ရပ်တန့်သွားသည်။

လင်းရှန်၏အကြည့်များသည်  ရှန်ဝမ်ချီဆီ မရောက်မီ ပတ်ဝန်းကျင်ကို ဖြတ်ကျော်သွားခဲ့သည်။ သူက အေးအေးဆေးဆေးပင်။

"စကြရအောင်။ အဲဒါကိုမြန်မြန်လုပ်တာပေါ့။"

"ဘယ်လိုတောင် မာနကြီးတာလဲ”

ရှန်ဝမ်ချီကကဲ့ရဲ့ပြီး သူ့လက်မှ ခွက်ကို လူတိုင်းဘက် လှည့်လိုက်သည်  "ဟေ့လူတွေ  ငါ့ကို ဒီမှာ ခဏစောင့်။ ငါ  လင်းရှန်ကို အနိုင်ယူပြီးရင် မင်းတို့အားလုံးနဲ့ အတူ ပြန်လာသောက်

မယ်”

လီမိန်ဖေးနှင့် အခြားသူများက အေးအေးဆေးဆေး အမူအရာဖြင့် နှုတ်ခွန်းဆက်စကား ပြန်ပြောကြသည်။ ရှန်ဝမ်ချီ ကျိန်းသေအနိုင်ရမည်ဟု သူတို့ယုံကြည်ခဲ့သည်မှာ ထင်ရှားသည်။

လင်းရှန်သည် ဤမြင်ကွင်းကို အေးဆေးတည်ငြိမ်စွာဖြင့် ကြည့်နေသည်။ လာမည့်

တိုက်ပွဲအတွက် သူ လုံးဝစိတ်မ၀င်စားပေ။

သိပ်မကြာခင်မှာပဲ ရှန်ဝမ်ချီဟာ ပျံသန်းနေတဲ့ သင်္ဘောပေါ်ကနေ ခုန်ဆင်းပြီး ရွှေစမ်းချောင်းကျွန်းပေါ်  ပျံတက်သွားသည်။  သူသည် လင်းရှန်၏ ဆန့်ကျင်ဘက် လေထဲတွင် ရပ်နေသည်။

"လင်းရှန် ၊ မင်း ပထမတန်း ဝိဉာဉ်ကို ဖန်တီးနိုင်တယ်ဆိုပြီး မာနကြီးလို့ရမယ် မထင်

နဲ့၊ မင်းထက် သန်မာတဲ့ တပည့်စစ်စစ်တွေ အများကြီးရှိတယ်။ ဒီနေ့တော့ မင်းထက်​ပို​ကောင်းတဲ့လူတွေရှိတယ်ဆိုတာကို မြင်ရတော့မယ်”

လင်းရှန်သည် ရှန်ဝမ်ချီနှင့် ငြင်းခုံရန် မရည်ရွယ်ပေ။ သူက အေးအေးဆေးဆေးပဲ ပြောသည်။

"ဒါဆို ငါစောင့်နေမယ်"

လင်းရှန်၏ အထင်သေးသည့် စကားကို ခံစားလိုက်ရသဖြင့် ရှန်ဝမ်ချီက  မကျေမနပ် ဖြစ်နေသည်။ သူက အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ့အင်္ကျီလက်ထဲက ရွှေသံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်သည်။  သူက ရှေ့ကို ချလိုက်ပြီး လက်ညှိုးနဲ့ ညွှန်ပြသည်။ သံလိုက်အိမ်မြှောင်သည် ချက်ချင်း လှည့်ပတ်သွားသည်။

တခဏချင်းမှာပဲ စူးရှတဲ့ အသံတွေ လေထဲမှာ ထွက်ပေါ်လာသည်။  ရွှေဓားစွမ်းအင်များသည် သံလိုက်အိမ်မြှောင်မှ ပြေးထွက်လာပြီး လင်းရှန်းဆီသို့ ခုတ်ထစ်သွားသည်။

ရှန်ဝမ်ချီသည် ရွှေသံလိုက်အိမ်မြှောင်ကို ထုတ်ယူသည်ကို မြင်သောအခါ လီမိန်ဖေး မျက်လုံးများ တောက်ပလာသည်။

"ရွှေသံလိုက်အိမ်မြှောင်၊ ဝမ်ချီက တကယ်ကို အစွမ်းထက်တဲ့ ဓမ္မရတနာကို ယူဆောင်လာခဲ့တာပါလား ဟားဟား”

All Chapters