← Chapters

သူက အရူးတစ်ယောက်လား (၂)

Vol. 22 Ch. 328

သူက အရူးတစ်ယောက်လား (၂)

Vol. 22 Ch. 328

ပတ်ဝန်းကျင်က လူတွေက ဘာလို့အဲလိုဖြစ်တာလဲဟု မေးသည်။

လီမိန်ဖေးက ပြုံးပြီး ရှင်းပြသည်  " ဝမ်ချီက သတ်ဖြတ်ခြင်းရွှေဓားကို ကျင့်ကြံထားတယ်ဆိုတာ အားလုံးသိတယ် မလား"

လူတိုင်းက ခေါင်းညိတ်သည်။ သတ်ဖြတ်ခြင်းရွှေဓားသည် ဂိုဏ်းတွင်း ကျော်ကြားသော သတ္တုကျင့်ကြံနည်းတစ်ခုဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။

၎င်းသည် ဂိုဏ်း၏ မြင့်မြတ်သော နတ်တန်ခိုးရှစ်မျိုးနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ၎င်းသည် ထိပ်တန်း ကျင့်ကြံနည်းစနစ်တစ်ခု ဖြစ်နေဆဲပင်။

"ရွှေရောင်သံလိုက်အိမ်မြှောင်က ရွှေဓားကိုဖြည့်စွက်ဖို့ စီနီယာကျွမ်းကျင်သူတစ်ဦးက အထူးသန့်စင်ထားတဲ့ တရားဓမ္မရတနာတစ်ခုပဲ ။ အဲ့တာက သတ္တုဝိညာဉ်အနှစ်သာရကို စုပ်ယူပြီး သိမ်းဆည်းပေးထားတယ်။ တိုက်ပွဲမှာ 

သတ်ဖြတ်ခြင်းရွှေဓားနဲ့ပေါင်းရင် သံလိုက်အိမ်မြှောင်က ရန်သူကို ဒဏ်ရာရစေဖို့  စွမ်းအင်ထုတ်လွှတ်နိုင်တယ်။  တစ်ချိန်တည်းမှာ ဓားတစ်ရာ တိုက်ခိုက်နေသလိုပဲ။ ပြတ်သားပြီး ပိတ်ဆို့ရခက်တယ်” 

"ရွှေသံလိုက်အိမ်မြှောင်နဲ့ဆို ဝမ်ချီရဲ့ သတ်ဖြတ်ခြင်းရွှေဓားစွမ်းအားက အနည်းဆုံး၅၀ % တိုးလာလိမ့်မယ်”

ဒီစကားကို ပြောလိုက်တာနဲ့ အနီးနားက လူတွေ လန့်သွားသည်။

လူများစွာတုန်လှုပ်သွားကြသည်။

သတ်ဖြတ်ခြင်းရွှေဓားသည်ပင် အလွန်အစွမ်းထက်နေပြီဖြစ်သည်။ သူ့ရဲ့ စွမ်းအားကို၅၀ % တိုးလာမယ်ဆိုရင် ဘယ်လောက်ထိ ကြောက်စရာကောင်းမလဲ။

အထူးလက်နက်များအောက်မှ ဓမ္မဝတ်ရုံများသည် တိုက်ခိုက်မှုကို တစ်စက္ကန့်မျှပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ခဏလောက်ကြာတော့ တပည့်တော်တော်များများက လင်းရှန်ကို သနားစိတ်နဲ့ ကြည့်နေကြသည်။

လင်းရှန်နိုင်မည်ဟု မထင်ခဲ့ကြပေ။ ရှန်ဝမ်ချီမှာ ရွှေသံလိုက်အိမ်မြောင်ကဲ့သို့ အစွမ်းထက်သော လက်နက်တစ်ခု ရှိသည်ကို သူတို့ သိလိုက်ကြပြီး  လင်းရှန်အခွင့်အလမ်းများသည် အလွန်နည်းပါးသွားသလိုချက်ချင်း ခံစားလိုက်ရသည်။

သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သမျှသည် လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

ကောင်းကင်ကို ပြည့်လျှံနေသော ရွှေဓားစွမ်းအင်က မုန်တိုင်းတစ်ခုလို လွင့်စင်သွားပြီး လင်းရှန်ပေါ်သို့ ဆင်းသက်လာသည်။ ချက်ချင်းပင် ပြင်းထန်သော  အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ လင်းရှန် ခန္ဓာကိုယ်ပေါ်သို့ မီးပွားများ လင်းလက်သွားသော်လည်း ထိခိုက်မှု မရှိခဲ့ပေ။

ဒီမြင်ကွင်းက ရှန်ဝမ်ချီကို အံဩသွားစေသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

သတ္တုဓားနည်းစနစ်သည် တိုက်ခိုက်ရာတွင် ကောင်းမွန်ပြီး သတ်ဖြတ်ခြင်းရွှေဓားသည်အကောင်းဆုံး ကျင့်ကြံနည်းစနစ်များထဲမှ တစ်ခုဖြစ်သည်။  ရွှေသံလိုက်အိမ်မြောင်နှင့်ဆို တူညီသောအဆင့်ရှိသည့် နတ်ဆိုးကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် ရှန်ဝမ်ချီသည် သူ၏ပြိုင်ဘက်ကို အပိုင်းပိုင်း ပိုင်းဖြတ်နိုင်မည်ဟု ယုံကြည်သည်။

သို့သော်လည်း လင်းရှန်သည် ၎င်း၏ ပြင်းထန်သော တိုက်ခိုက်မှုကို တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ  မျက်နှာချင်းဆိုင်တိုက်ခိုက်ခဲ့သည်။

သူ၏ ကာယခွန်အားသည်  အထူးလက်နက်နှင့် ယှဉ်လုနီးပါးပင်။

ရှန်ဝမ်ချီသည် မယုံကြည်မှုများနှင့် ပြည့်နှက်နေသည်။

ပတ်ဝန်းကျင်က လူတွေက ပိုလို့တောင် အံ့ဩသွားသည်။ ရွှေဓားစွမ်းအင်ရှိသမျှသည် လင်ရှန်းကို ထိခိုက်ဒဏ်ရာရ မရလောက်ဟု  မမျှော်လင့်ထားခဲ့ကြပေ။

ရွှေသံလိုက်အိမ်မြောင် အကြောင်း ကြွားလုံးထုတ်နေသော လီမိန်ဖေးသည် ဖြစ်ပျက်နေသည်ကို သိလိုက်သောအခါ ချက်ချင်းပင် ရှက်သွားသည်။ သူ့မျက်နှာ ပူလောင်နေသလို ခံစားရသည်။

လူတိုင်းက ပြောမပြတတ်အောင် ထိတ်လန့်သွားသော်လည်း  လင်းရှန်က ကျေနပ်သွားသည်။

ရွှေလျှပ်စီးဘီး၏ အစွမ်းထက်သော ကာကွယ်ရေးသည် သူ့ကို စိတ်ပျက်စေမည်

မဟုတ်ပေ။ ၎င်းသည် သာမန် ကျင့်ကြံသူ သခင်များ စိတ်ကူးမယဉ်နိုင်လောက်အောင် သူ၏ ကာယအားကို မြှင့်တင်ခဲ့သည်။

ရှန်ဝမ်ချီ၏ သံလိုက်အိမ်မြှောင်သည် အလွန်အစွမ်းထက်သည်။ သာလွန်အဆင့်

မဟုတ်ပေမဲ့ အလယ်အလတ်တန်းစား အထူးလက်နက်ဖြစ်သည်။ သို့သော် ထုတ်လွှတ်သော ဓားစွမ်းအင် အရေအတွက်သည် အလွန်များသည်။ ၎င်းသည် အားကောင်းပြီး လင်းလက်ပုံရသော်လည်း ၎င်း၏ စွမ်းအားမှာ အမှန်တကယ် ပြန့်ကျဲနေသည်။  ရွှေလျှပ်စီးဘီးက ၎င်းကို လွယ်လွယ်နဲ့ တန်ပြန်ခဲ့သည်။

ထိုသို့သော စွမ်းအင်များ ရာဂဏန်းမပြောနဲ့ ၊ ထောင်နှင့်ချီတောင် သူ့ကို လုံးဝမထိခိုက်စေနိုင်ပေ။

သူ၏ ထိတ်လန့်မှုမှ အသိဝင်လာပြီးနောက် 

ရှန်ဝမ်ချီသည် သူ၏အံသွားများကို အံကြိတ်ကာ ဒေါသထွက်ခဲ့သည်။

လင်းရှန်သည်  ကျင့်ကြံသူသခင်အဖြစ်ရောက်ရှိလာပြီး လအနည်းငယ်အကြာတွင် ခန္ဓာကိုယ်သန်မာစေသည့် ကျင့်ကြံနည်းစနစ်ကို အမှန်တကယ် ကျင့်ကြံနိုင်လိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

“ဒါကအာဏာရှင် ဝေလငါးစနစ်ပဲလား။ ဒါမှမဟုတ် ရွှေကြာပန်းကိုးပွင့် ခန္ဓာကိုယ်လား”

ရှန်ဝမ်ချီသည် သူ့စိတ်ထဲတွင် ဂိုဏ်း၏ ခန္ဓာကိုယ်မြှင့်တင်ခြင်း  ကျင့်ကြံနည်းများကို တွေးခဲ့သော်လည်း ၎င်းတို့သည် လင်းရှန်သုံးစွဲခဲ့သည့် ပုံစံနှင့် ဆင်တူခြင်းမရှိပေ။

“ပြင်ပက ကျင့်ကြံနည်းစနစ် ဖြစ်နိုင်လား”

ရှန်ဝမ်ချီ၏အမူအရာကိုမြင်တော့ လင်းရှန်က ပြုံးလိုက်သည်။

"မင်းဒီလိုပဲ နောက်ဆုတ်နေမှာလား။ မင်းမတိုက်ခိုက်တော့ဘူးဆိုတော့ ငါလုပ်ပါရစေ။"

သူပြောပြီးသည်နှင့် တပြိုင်နက် မှင်ကဲ့သို့ အနက်ရောင် ရေတစ်စက်သည် သူ့ခေါင်းထိပ်မှ ပျံထွက်သွားပြီး ရှန်ဝမ်ချီဆီသို့ ပြေးသွားလေသည်။

ရှန်ဝမ်ချီက လှောင်ပြောင်သည်။

"ငါ့ရဲ့တိုက်ခိုက်မှုကို မင်းပိတ်ဆို့ထားလို့ မင်းအနိုင်ရမယ်လို့ မင်းထင်လား။ မင်း ကိုယ့်မှန်း အထင်ကြီးလွန်းတယ်”

သူသည် တိုက်ပွဲအသစ်နှင့် ပုံမှန်မဟုတ်သော တိုက်ပွဲအတွေ့အကြုံကို မမြင်ဖူးသည့် လူသစ်များနှင့် မတူပေ။  ခဏလောက်စဉ်းစားပြီးမှ ဓားစွမ်းအင်ကို ဖြန့်ကျက်ထားတာကြောင့်လို့ နားလည်သွားသည်။

မဟုတ်ပါက လင်းရှန်မည်မျှပင် အစွမ်းထက်စေကာမူ သာလွန်အဆင့် အထူးလက်နက်နှင့် သတ်ဖြတ်ခြင်းရွှေဓားသည် သူ၏ ပြင်းထန်သော စွမ်းအားဖြင့် တိုက်ခိုက်ခြင်းကို ခံနိုင်ရည် မရှိနိုင်ပေ။

ပမာဏသည် ထိခိုက်မှုကို မလုပ်နိုင်သောကြောင့် အရည်အသွေးကို အာရုံစိုက်သင့်သည်။

ရှန်ဝမ်ချီက လက်ညိုးထိုးလိုက်သည်။ ရွှေသံလိုက်အိမ်မြှောင်သည် ရွှေဓားစွမ်းအင်ကို ထပ်မံထုတ်လွှတ်သည်။

သို့သော် ယခုတစ်ကြိမ်တွင် ငါးတန်းသာရှိသည်။

စောစောက ကောင်းကင်မှာ ပြည့်နှက်နေတဲ့ အရာတွေလောက် အထင်ကြီးစရာမဟုတ်ပေမယ့် လွင့်ထွက်သွားတဲ့ ကြိုးငါးချောင်းက ရွှေရောင်တောက်ပနေသည်။  တစ်ချက်ကြည့်လိုက်တော့ သူတို့အတွင်းပါရှိတဲ့ ခွန်အားတွေက အရင်ကထက် အဆပေါင်းများစွာ သာလွန်နေတယ်ဆိုတာ ထင်ရှားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင်ရေစက်နှင့် ရွှေဓားစွမ်းအင်တို့သည် လေထဲတွင် ပြင်းထန်စွာ တိုက်မိသွားကြသည်။

ရှန်ဝမ်ချီ၏ ထိတ်လန့်မှုနဲ့အတူ သူမျှော်လင့်ထားခဲ့သော ရွှေဓားစွမ်းအင်သည် 

ထိုမထင်မရှား အနက်ရောင်ရေစက်နဲ့ထိတွေ့ပြီး ချက်ချင်းပင် ကြေမွသွားခဲ့သည်။

အနက်ရောင် ရေစက်လေးတွေက သူ့ဆီ ဆက်မပြေးခင် ခဏလောက်သာ ရပ်နေသည်။

ရှန်ဝမ်ချီသည် ပိတ်ဆို့ရန် သူ့လက်မောင်းကို မသိစိတ်ဖြင့် မြှောက်လိုက်သည်။

နောက်အခိုက်အတန့်တွင် ပြင်းထန်သောပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မြေကြီးကွဲအက်သွားသည့် စွမ်းအားတစ်ခုက သူ့လက်မောင်းကို ထိမှန်သွားခဲ့သည်။

ရှန်ဝမ်ချီ၏ ရင်ဘတ်သည် တင်းကျပ်ပြီး ဥက္ကာပျံကဲ့သို့ မြေပြင်ပေါ်သို့ လဲကျသွားသည် ။

ငရဲရင်ရေက  သေးငယ်ပေမယ့် တန်ချိန်တစ်ထောင်လို ခံစားရသည်။ သတိမထားမိရင် ရှန်ဝမ်ချီအဖို့ ကြီးမားသောဆုံးရှုံးမှုကို ရင်ဆိုင်ရမည်မှာ မလွဲမသွေဖြစ်သည်။

သူဝတ်ထားတဲ့ အထူးလက်နက်အဆင့် ၀တ်ရုံကြောင့် မဟုတ်ရင် ဒီတိုက်ခိုက်မှုက သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေလိမ့်မည်ပင်။

လင်းရှန်သည် အောင်ပွဲကို အခွင့်ကောင်းယူကာ ဆက်လက်တိုက်ခိုက်ခဲ့သည်။ အတွေးတစ်ခုဖြင့် ငရဲရင်ရေတစ်စက်သည် သူ့ခေါင်းထိပ်မှ ပျံထွက်လာသည်။

ဤသည်မှာ လွန်ခဲ့သည့် ဆယ်ရက်က သူ ပေါင်းစည်းခဲ့သော ငရဲရင်ရေ၏ ဒုတိယမြောက် ရေစက်ဖြစ်သည်။

မြေပြင်ပေါ်မှာတော့ ရှန်ဝမ်ချီသည် အသက်ရှုကြပ်လာသည်။ ဒါကိုမြင်တော့  ဝိညာဉ်လွင့်မတတ် ထိတ်လန့်သွားသည်။

ငရဲရင်ရေတစ်စက်က သူ့ကို ပြန်မတိုက်နိုင်တော့သည့်အထိ ရိုက်နှက်နေပြီဖြစ်သည်။ နောက်ထပ်တစ်စက်ဆိုရင် ဘာဖြစ်မလဲ။

ထိတ်လန့်သွားပြီး ရှန်ဝမ်ချီသည် ဝိညာဉ်ရေးရာအနှစ်သာရကို ရွှေသံလိုက်အိမ်မြှောင်ထဲသို့ ကမန်းကတန်း ထိုးသွင်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သံလိုက် အိမ်မြှောင်သည် မျက်စိစူးစေသော ရွှေရောင်အလင်းတန်းများဖြင့် တောက်ပလာသည်။ တုနှိုင်းမရသော ထက်မြက်သည့် ရွှေဓားစွမ်းအင် တစ်ခုဟာ ငရဲရင်ရေဆီကို နားအူမတတ်အသံနဲ့ ပြေးဆင်းလာသည်။

ရှန်ဝမ်ချီ ထုတ်လွှတ်နိုင်သော အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်သည့် ဝိညာဉ်အနှစ်သာရဆယ်ခုကျော်ကို ပေါင်းစပ်ထားတာပင်၊၊ 

ဘုန်း

ရွှေဓားစွမ်းအင်က  ငရဲရင်ရေကို ထိမှန်ပြီး နှစ်ခုလုံး လေထဲမှာ ခဏလောက် အေးခဲသွားသည်။

ချက်ချင်းပင် ရွှေဓားစွမ်းအင်သည် ပေါက်ကွဲသံနှင့်အတူ ပျောက်ကွယ်သွားကာ လင်းရှန်၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်လာချိန်တွင် ငရဲရင်ရေ၏အရောင်သည် လျင်မြန်စွာမှိန်သွားသည်။

လင်းရှန်၏အမူအရာမှာ မပြောင်းလဲပေ။ သူက လက်ညိုးထိုးပြပြီး စောစောက ဓားစွမ်းအင်ငါးစင်းကို ဖြိုခွဲပစ်တဲ့ ငရဲရင်ရေတစ်စက်နဲ့ ရှန်ဝမ်ချီကို ထပ်မံတိုက်ခိုက်ခဲ့သည်။

ရှန်ဝမ်ချီသည် နောက်ဆုံးတွင် ငရဲရင်ရေတစ်စက်ကို တွန်းထုတ်ပြီး အောင်ပွဲခံရန် အချိန်မရှိပေ။ ဒါကိုမြင်တော့ သူ့အမူအရာက ချက်ချင်းပြောင်းသွားသည်။

အခြားရွေးချယ်စရာမရှိပေ။  သူ့ကိုယ်သူ ထိန်းချုပ်ပြီး ကျန်ရှိနေသည့် ဝိညာဉ် အနှစ်သာရကို ရွှေသံလိုက်အိမ်မြှောင်ထဲသို့ ထိုးသွင်းခဲ့သည်။ သူသည် သူ၏ဓားစွမ်းအင်ကို တစ်ဖန်ပြန်လည်အသက်သွင်းကာ ထူးဆန်းသော ဓားပျံများစွာကို ထုတ်ပစ်ပြီးနောက်ဆုံးတွင် အမှုန်အမွှားများကို တွန်းလှန်ပစ်လိုက်သည်။

လင်းရှန်သည် သူ့ဘာသာ  ကြည့်လိုက်သည်။ ငရဲရင်ရေနှစ်စက်သည် သူရင်ဘတ်အလင်းဝင်ပေါက်တွင် ရပ်တန့်နေသည်။ ၎င်းတို့သည် မှိန်ဖျော့ဖျော့ဖြစ်နေပြီး ၎င်းတို့ကို ပြန်လည်အသုံးမပြုမီ အားဖြည့်ရန် လိုအပ်

သည်။

ဒါတောင် လင်းရှန်က ကျေနပ်နေပြီ။

၎င်းကို  မွေးရာပါဝိညာဉ်ခန္ဓာကိုယ်မှ ၅၀% မြှင့်တင်ထားသော်လည်း ငရဲရင်ရေနှစ်စက်က ဝိညာဉ်ပျိုးထောင်ခြင်း စတုတ္ထအဆင့် ကျင့်ကြံသူ သခင်အား စိတ်မကောင်းစရာ အခြေအနေ ဖြစ်စေခဲ့သည်။  ငရဲရင်ရေသည် မည်မျှ အစွမ်းထက်ကြောင်း ပြသရန် လုံလောက်ပါသည်။

အစက်ဆယ်စက် သို့မဟုတ် ဆယ့်တစ်ခုကို ပေါင်းထည့်လိုက်သောအခါ ဝိညာဉပျိုးထောင်ရေးအဆင့်ရှိ မည်သူမျှ သူနဲ့ ယှဉ်နိုင်မည် မဟုတ်ပေ။

ဒါကိုတွေးပြီး  လင်းရှန်က ခေါင်းညိတ်လိုက်သည်။

သို့သော် သူ၏ တိတ်ဆိတ်ခြင်းကို ရှန်ဝမ်ချီကကြားဖြတ်ခဲ့သည်။ 

"မင်း ဒီလှုပ်ရှားမှုကို မလုပ်နိုင်တော့ဘူး”

ရှန်ဝမ်ချီသည် အေးစက်သောအပြုံးဖြင့် လင်းရှန်ကို စိုက်ကြည့်နေသည်။

ဒါကိုမြင်တော့ လင်းရှန်က သူ့မျက်လုံးတွေကိုလှည့်ပတ်လိုက်သည် ။ ဒီလူက အရူးတစ်ယောက်လား။

စကားတစ်ခွန်းမှ မပြောဘဲ ကြေးတူတစ်ချောင်းကို ထုတ်ကာ လျှပ်စီးကြောင်းလို အရှိန်နဲ့ ရှန်ဝမ်ချီဆီသို့ ပြေးသွားခဲ့သည်။

ရှန်ဝမ်ချီသည် ဓားစွမ်းအင်ကို အလျင်အမြန် ထုတ်လွှတ်သော်လည်း လင်းရှန်က ၎င်းကို မကြည့်ပေ။ သူသည် ဓားစွမ်းအင်ကို တိုက်ချပြီး မီးပွားများ လွင့်ပျံသွားသည်။ သူက သူ့လက်ထဲက ကြေးတူကို ဝှေ့ယမ်းပြီး ရှန်ဝမ်ချီရဲ့ မျက်နှာကို ရိုက်ချလိုက်သည် ။

ဤအခိုက်အတန့်တွင် ရှန်ဝမ်ချီသည် ခန္ဓာကိုယ် မြှင့်တင်ခြင်း နည်းစနစ်ကို ကျင့်ကြံထားသည့် နတ်ဆိုးတစ်ကောင်နှင့် ရင်ဆိုင်ရပြီး ရွှေဓားကို သူ၏ခန္ဓာကိုယ်ဖြင့် ပိတ်ဆို့နိုင်သည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

ဘုန်း

ရှန်ဝမ်ချီသည် သံတူဖြင့် လွင့်သွားသည်။ သူ မရောက်ခင်မှာ  လင်းရှန်က အမြန်ပြေးပြီး သံတူနဲ့ ထပ်ပြီး ရိုက်ချပြန်သည်။

ဘုန်း ဘုန်း ဘုန်း

လွင့်ထွက်နေသောအသံမျာက ရွှေစမ်းချောင်းကျွန်းအထက် ကောင်းကင်ယံ၌ တဟုန်ထိုး မြည်ဟီးနေ၏။

အနီးနားရှိလူတိုင်း အံသြသွားကြသည်။လင်းရှန်ကြေးတူနဲ့ရိုက်တာကိုခံနေရသည့် ရှန်ဝမ်ချီကို သူတို့ စိုက်ကြည့်နေသည်။  တစ်ဖက်က ပြန်တိုက်ဖို့ ခွန်အားမရှိတော့ပေ။

လီမိန်ဖေး၊ ထန်မင်းနှင့် အခြားသူများသည် အိပ်မက်ထဲတွင် ရှိနေသကဲ့သို့ ခံစားခဲ့ရသည်။ သူတို့မျက်လုံးတွေကို မယုံနိုင်ပေ။

All Chapters