← Chapters

စစ်မှန်သော ကျင့်ကြံရေး  ပါရမီ ရှင်(၁)

Vol. 22 Ch. 329

စစ်မှန်သော ကျင့်ကြံရေး  ပါရမီ ရှင်(၁)

Vol. 22 Ch. 329

ရှန်ဝမ်ချီ ရှုံးတော့မည်။

ရှန်ဝမ်ချီ၏ရှုံးနိမ့်မှုကို ကြိုတင်ကောက်ချက်ချရန် ပါရမီရှင်တစ်ဦးမှ မလိုအပ်ပေ။

လွန်ခဲ့သည့်လအနည်းငယ်ကပင်  ကျင့်ကြံသူသခင်အဖြစ်ရောက်သွားသော လင်းရှန်သည် ဤမျှအစွမ်းထက်မည်ကို မည်သူမျှ မမျှော်လင့်ထားပေ။

"ကိုယ်ခန္ဓာ မြှင့်တင့်ခြင်းနည်းစနစ် နဲ့ ရိုင်းစိုင်းမှုတစ်ခု ... ဒါက ဘယ်လို ဖြစ်နိုင်လဲ။" လီမိန်ဖေး၏ မျက်နှာသည် မယုံနိုင်စရာများဖြင့် ပြည့်နှက်နေသည်။

သွမ်ကျီပင်း၊ ထျန်မင်းနဲ့ အခြားသူများလည်း အသိစိတ်လွတ်သွားခဲ့သည်။

ကျင့်ကြံသူသခင်အဆင့်တွင် ကျင့်ကြံနည်းစနစ်သည် အောက်အဆင့်သုံးဆင့်၏ ကိုယ်ခံပညာနှင့် မှော်စွမ်းအားများထက် ကျင့်ကြံရန် ပို၍ခက်ခဲပါသည်။

အစပြုသူအဆင့်ဆီရောက်ဖို့ သူတို့တစ်ယောက်ချင်းစီမှာ အချိန်နဲ့ စွမ်းအင်တွေ အများကြီး လိုအပ်သည်။

နည်းစနစ်တွေကို ကျင့်ကြံတဲ့အခါ အားလုံးဟာ အစပြုသူအဆင့်ဖြစ်ဖို့ လနဲ့ချီပြီး အချိန်ကုန်ခဲ့သည်။

ဒါပေမယ့် လင်းရှန်က ဘယ်လိုလဲ။

လွန်ခဲ့သည့်တစ်လကျော် မြောက်တံခါးတွင် ခန်းကျိုးနှင့် တိုက်ခိုက်စဉ်က  ဝိညာဉ်အနှစ်သာရငါးခုပင် မပြောင်းလဲခဲ့ပေ။

တစ်လကျော်သာကြာခဲ့သော်လည်း  လင်းရှန်သည် ဝိညာဉ်ရေးအနှစ်သာရငါးခုကို ပြောင်းလဲခဲ့ပြီး ကျင့်ကြံနည်းစနစ်နှစ်ခုကို ကျင့်ကြံခဲ့ပြီးဖြစ်သည်။

ထို့အပြင် နှစ်ဦးလုံးသည် အလွန်အစွမ်းထက်ပုံပေါက်သည်။

သူတို့က ရွှေဓားထက်တောင် ပိုအစွမ်းထက်သည်။

မယုံနိုင်စရာပါပဲ။

ထိုအချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံက သူတို့ကို တုန်လှုပ်သွားစေ၏။

မျှော်ကြည့်လိုက်တော့  ရွှေစမ်းချောင်းကျွန်း၏ တောကြီးထူထပ်သည့်နေရာတွင် တွင်းကြီးကြီးကို တွေ့လိုက်ရသည်။ ရှန်ဝမ်ချီသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို မြေကြီးထဲတွင် နစ်မြုပ်နေသကဲ့သို့ ဝမ်းနည်းစရာ အနေအထားဖြင့် တွင်းအလယ်၌ အိပ်နေလေသည်။

ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ထိတ်လန့်ဖွယ်ရာမြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။

သို့သော် မူးမေ့နေပြီဖြစ်သောကြောင့် ဘာမှမခံစားရပေ။

ဤမြင်ကွင်းကို မြင်လိုက်ရသော တပည့်များစွာသည် မခံမရပ်နိုင်ဖြစ်နေကြသည်။

လူအများစုသည် ဝိညာဉ်ရေးရာအနှစ်သာရကို အသုံးပြုခြင်းအပေါ် အာရုံစိုက်ကြသည်။ ထို့ကြောင့် စစ်တိုက်ရာတွင် ဓမ္မ ရတနာများနှင့် ကျင့်ကြံနည်းစနစ်များနဲ့သာ မကြာခဏ တိုက်ပွဲဝင်ကြပြီး အနီးကပ်တိုက်ပွဲက ရှားလှသည်။

ဓားနည်းစနစ်နဲ့ ကျော်ကြားသော  ဓားပညာရှင်ပင် တိုက်ပွဲများတွင် လက်ရာမြောက်သော ဓားနည်းပညာကို အသုံးပြုကာ လူတို့အား ရင်သပ်ရှုမောဖွယ်ခံစားမှုကို ရရှိစေမည်ဖြစ်သည်။

နတ်ဆိုး ကျင့်ကြံသူများသာလျှင် ၎င်းတို့၏ ကြံ့ခိုင်သော ကိုယ်ခန္ဓာကို အားကိုးပြီး အနီးကပ် တိုက်ခိုက်ရန် မကြာခဏ နှစ်သက်ကြသည်။ သူတို့၏ပုံစံသည် အလွန်

ရိုင်းစိုင်းပြီး သွေးထွက်သံယိုဖြစ်ကာ ပုံမှန်မဟုတ်ဘဲ ကြမ်းတမ်းသည်။

ထို့ကြောင့် ဤကဲ့သို့ ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲကို တပည့်များစွာက ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ရှန်ဝမ်ချီသည် လင်းရှန်၏ တူဖြင့် ထုခံရသဖြင့် လုံးဝ သတိလစ်သွားခဲ့သည်။ ထိုသို့သော ဆုံးရှုံးမှုသည် အလွန်အမင်း ရှက်စရာကောင်းသည်။

ရှန်ဝမ်ချီအနေနဲ့ အိပ်ရာက နိုးလာတဲ့အခါ ဒေါသထွက်ပြီး မေ့မြောသွားမလားလို့ သူတို့ တွေးတောနေကြသည်။

တွင်းနက်အစွန်းတွင် လင်းရှန်သည် မလှုပ်မယှက်ဖြစ်နေသော ရှန်ဝမ်ချီကို ကြည့်ကာ သူ့မျက်လုံးများတွင် အထင်အမြင်သေးမှု အရိပ်အမြွက် ထွက်ပေါ်လာသည်။

ကြေးတူကိုဖယ်၍ ကောင်းကင်သို့ပျံသွားပြီးနောက် လူတိုင်းကို လက်ခုပ်တီးလိုက်သည်။

“စောင့်ပေးလို့ ကျေးဇူးပါ။ တိုက်ပွဲကပြီးသွားပြီ။"

လူတိုင်းသည် ကြောင်အမ်းအမ်းနှင့်နှုတ်ခွန်းဆက်စကား ပြန်ပြောကြသည်။

လင်းရှန်သည် ချွေးတစ်စက်မှ မထွက်ဘဲ ရှန်ဝမ်ချီကို အနိုင်ယူခဲ့သည်။ အမာခံတပည့်များ သို့မဟုတ် လက်ထောက်များဖြစ်ပါစေ၊ သူတို့သည် သူ့ကို လျှော့မတွက်ဝံ့ကြပေ။

လင်းရှန်သည် ခပ်ဖျော့ဖျော့ပြုံးကာ လီမိန်ဖေး နှင့် အခြားသူများရှိနေသည့် ပျံသန်းနေသော သင်္ဘောဆီသို့ လှည့်ကြည့်လိုက်သည်။ သူ၏ စူးရှသော အကြည့်များသည် ထက်မြက်သော ဓားတစ်လက်ကဲ့သို့ လူတိုင်းကို ဖြတ်ကျော်သွားသည်။

ထိုလူတွေက တော်တော်စိုးရိမ်သွားသည်။  လင်းရှန်၏ မျက်လုံးများကို ရင်မဆိုင်ဝံ့ဘဲ အဝေးကို ငေးကြည့်နေကြသည်။

“ရှန်ဝမ်ချီ ရှုံးသွားပြီ။ အခုကစပြီး မုန်တိုင်းကျွန်းကို ငါပိုင်ပြီ။ ပြန်သွားပြီးတော့ ရှန်မိသားစုတွေ ပြင်ဆင်ထားဖို့ ပြောပါ။ ရက်အနည်းငယ်ကြာရင် ငါအဲဒီမှာနေပြီး ကျွန်းကို သိမ်းပိုက်တော့မှာ၊  သူတို့ တားရဲတာ ဒါမှမဟုတ် မနာခံတာဆိုရင် ဂိုဏ်းကို ငါသတင်းပို့ပြီး ဂိုဏ်းစည်းကမ်းအရ အပြစ်ပေးမယ်။”

အလောင်းအစားပွဲများ၏ စည်းမျဉ်းများသည်အကြွင်းမဲ့ ပြင်းထန်သည် ။ လင်းရှန်အနိုင်ရပြီးကတည်းက မုန်တိုင်းကျွန်းသည် သူ့ဟာဖြစ်ခဲ့သည်။

ကျွန်းပေါ်တွင် နေထိုင်သော ရှန်မိသားစုဝင်များ ချက်ချင်း ပြောင်းရွှေ့ခဲ့ရမည်။အဆောက်အဦများ၊ ပျိုးဥယျာဉ်များ၊ အိမ်ဖော်များနှင့် ကျွန်များအပါအဝင် အခြားအရာအားလုံးသည် လင်းရှန်နှင့် သက်ဆိုင်သည်။

လီမိန်ဖေးနှင့် အခြားသူများ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည် ။

ယခင်က ရှန်ဝမ်ချီသည် မရှုံးလောက်ဖူးဟု ယုံကြည်ခဲ့ကြသောကြောင့်  မုန်တိုင်းကျွန်းကို လောင်းကြေးအဖြစ် အသုံးပြုခြင်းတွင် တစ်စုံတစ်ရာ အမှားအယွင်းမရှိဟု မထင်ခဲ့ကြပေ။

သို့သော် လင်းရှန်အနိုင်ရပြီး မုန်တိုင်းကျွန်းသည် သူ့လက်ထဲသို့ ကျရောက်သွားသောအခါ ၎င်းတို့သည် မည်မျှဆိုးရွားသည်ကို ရုတ်တရက် သိရှိလိုက်ကြသည်။

မုန်တိုင်းကျွန်းသည် ရှန်ဝမ်ချီ၏အမည်ဖြစ်သော်လည်း အမှန်မှာ ရှန်မိသားစု၏ ပိုင်ဆိုင်မှုဖြစ်သည်။

ရှန်မိသားစုသည် မုန်တိုင်းကျွန်းကို ရရှိရန် အများကြီးကြိုးပမ်းခဲ့ရသည်။ ကျွန်းပေါ်ရှိ ဝိညာဉ်ပျိုးဥယျာဉ်ကို လူအင်အားနှင့် အရင်းအမြစ်များစွာ အကုန်အကျခံပြီး ရှန်

မိသားစုမှ တည်ဆောက်ခဲ့ကြသည်။ ဒါက အလွန်အဖိုးတန်ခဲ့သည်။

ယခုမူ ဤအရာအားလုံးသည်  လင်းရှန်အတွက် အကျိုးရှိပေလိမ့်မည်။

ရှန်မိသားစုက ဒီကိစ္စကို သိခဲ့ရင်  ရှန်ဝမ်ချီ ကောင်းကောင်း အဆုံးသတ်သွားမှာ သေချာသည်။

သူတို့တောင် ငြိစွန်းနိုင်သည်။

ဒါကိုတွေးပြီး  လီမိန်ဖေး၊ ထျန်မင်နဲ့

တခြားသူတွေ ချက်ချင်း ထိတ်လန့်သွားသည်။

လီမိန်ဖေးက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ "ညီလေးလင်း၊ မုန်တိုင်းကျွန်းက ရှန်မိသားစုရဲ့..."

ဒါပေမယ့် သူစကားမဆုံးခင်မှာ လင်းရှန်က သူ့ကို မကြည့်ဘဲ လှည့်ပြီးထွက်သွားသည်။

လီမိန်ဖေးက ခဏတာ အံ့အားသင့်သွားသည်။ လင်းရှန်နောက်သို့ လိုက်ရန် သတိပြန်ဝင်လာသောအခါတွင် တစ်စုံတစ်ခုက သူ့အပေါ် ပြုတ်ကျလာပြီး ပျံသန်းနေသော သင်္ဘောကုန်းပတ်ပေါ်သို့ ပြုတ်ကျသွားသည်။

အဲ့တာ ရှန်ဝမ်ချီပင်

သူတို့သည်  ရွှေစမ်းချောင်းကျွန်းကိုတစ်ဖန် ကြည့်ရှုသောအခါ ကန့်သတ်ချက်အသက်ဝင်ခဲ့သည်ကိုတွေ့မြင်ခဲ့သည်။

ဒါကိုမြင်တော့ လီမိန်ဖေးက ရပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

တခြားသူတွေကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း စိတ်ရှုပ်သွားကြသည်။

"မိန်ဖေး ငါတို့ဘာလုပ်ရမှာလဲ" ထျန်မင်က မျက်မှောင်ကြုတ်ကာ မေးသည်။

လီမိန်ဖေးက သက်ပြင်းချလိုက်ပြီး "ဝမ်ချီကို ခေါ်ပြီး သူ့ဒဏ်ရာတွေကို အရင်ကုသပြီးမှ အဖြစ်အပျက်ကို ရှန်မိသားစုဆီ တစ်ယောက်ယောက်ကို သတင်းပို့ခိုင်းလိုက်မယ် ။ မုန်တိုင်းကျွန်းကိစ္စက  ငါတို့လုပ်နိုင်တာထက် ကျော်လွန်နေပြီ။  ရှန်မိသားစုက လင်းရှန်နဲ့ ညှိနှိုင်းဖို့ တစ်ယောက်ယောက်ကို လွှတ်မှာပါ”

ထျန်မင်က တစ်ခုခုပြောချင်လို့  ပါးစပ်ကိုဖွင့်သော်လည်း တုံ့ဆိုင်းနေသည်။ အဆုံးတွင် သူသည် စိတ်ပျက်လက်ပျက် ခေါင်းညိတ်လိုက်သည်။

သူတို့သည် စိတ်အားထက်သန်စွာ ရောက်ရှိလာသော်လည်း ဤကဲ့သို့ ပြီးဆုံးသွားခဲ့သည်။ ဘယ်သူမဆို စိတ်ဓာတ်ကျနေလိမ့်မည်။

သိပ်မကြာခင်မှာပဲ

ပျံသန်းနေသော သင်္ဘောသည် လှည့်ပတ်ကာ ရွှေစမ်းချောင်းကျွန်းမှ စိတ်ပျက်စွာ ထွက်ခွာသွားခဲ့သည်။

ပျံသန်းနေသော သင်္ဘောသည် ဝေးကွာသွားပြီး အချိန်အတော်ကြာမှ စိတ်လှုပ်ရှားနေခဲ့သော လူအုပ်ကြီးသည် နောက်ဆုံးတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

"လင်းရှန် အနိုင်ရမယ်လို့ မမျှော်လင့်ထားဘူး”

"လင်းရှန်က ကျင့်ကြံနည်းစနစ်နှစ်ခုကို ကျွမ်းကျင်နေမယ်လို့ ဘယ်သူထင်မှာလဲ ။ ပြောရလျှင် အဲ့အနက်ရောင် ရေစက်နှစ်စက်ထွက်လာတဲ့ ကျင့်ကြံနည်းစနစ်ကို ဘယ်သူသိလဲ ။ သူတို့ရဲ့ စွမ်းအားက အံ့ဩစရာပါလား”

All Chapters