← Chapters

စစ်မှန်သော ကျင့်ကြံရေး ပါရမီ ရှင်(၂)

Vol. 22 Ch. 330

စစ်မှန်သော ကျင့်ကြံရေး ပါရမီ ရှင်(၂)

Vol. 22 Ch. 330

"ငါတို့ ဂိုဏ်းက နည်းစနစ်တစ်ခုလို့ မထင်ဘူး”

"ဘာပဲဖြစ်ဖြစ် ရှန်ဝမ်ချီက ဒီတစ်ကြိမ်မှာ ဆိုးဆိုးရွားရွား ရှုံးခဲ့ပါတယ်။ မုန်တိုင်းကျွန်းကိုတောင် သူ စွန့်လွှတ်ခဲ့ရတယ်”

“ရှန်မိသားစုက မုန်တိုင်းကျွန်းကို ဒီလောက်လွယ်လွယ်နဲ့ အရှုံးမပေးမှာ သေချာပါတယ်။ ဒီကိစ္စက မပြီးသေးဘူး။”

ကျွန်းအပြင်ဘက်ရှိလူတိုင်း ဖြစ်ပျက်ခဲ့သမျှကို ဆွေးနွေးနေကြစဉ် လင်းရှန်သည် လှိုဏ်ဂူသို့ ပြန်ရောက်နေပြီဖြစ်သည်။

ရှန်ဝမ်ချီနှင့် တိုက်ပွဲသည် သူ့အတွက် သေးငယ်သော စွက်ဖက်မှုတစ်ခုမျှသာဖြစ်သည်။ မုန်တိုင်းကျွန်းကိုရယူခြင်းသည် ရွှေလျှပ်စီးဘီးနဲ့ ငရဲရင်ရေ၏အစွမ်းသတ္တိကိုစစ်ဆေးခြင်းဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာ မဟုတ်ပေ။

 ငြိမ်သက်သွားပြီးနောက် လင်းရှန်က မျက်နှာပြင်ကို ဆင့်ခေါ်လိုက်သည်။

[အမည်-လင်းရှန်]

[စွမ်းရည် - ​​သန့်စင်သော ယန်ခန္ဓာကိုယ်၊ မွေးရာပါ ဝိညာဉ်ခန္ဓာ]

[အဆင့်- ဝိညာဉ် ပျိုးထောင်ခြင်း ဒုတိယအဆင့်၊ ၅ %]

[ကျင့်ကြံနည်းစနစ်- အထူးနည်းစနစ် (အဆင့်၁၊ ၁၈ %)၊ ရွှေလျှပ်စီးဘီး (အဆင့် ၁၊ ၂၇ %)၊ ငရဲရင်ရေ (အဆင့်၁၊ ၂၈ %)… ]

[မှော်စွမ်းအား - ဓားခုနစ်စင်း စွမ်းအင် (ပြီးပြည့်စုံခြင်း အဆင့်၇ )၊ လျှပ်စီးလက်ဖဝါး (ပြီးပြည့်စုံမှုအဆင့်၅)…]

[ကိုယ်ပွားအရေအတွက်-၇ (၅၃%)]

“ရွှေလျှပ်စီးဘီးနဲ့ ငရဲရင်ရေတို့က တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ  တိုးမြင့်စေတယ်။ ငါ အဲ့ကျင့်ကြံနည်းစနစ်နှစ်ခုကို ပြီးပြည့်စုံခြင်းအဆင့်ရောက်အောင်  အမြန်ဆုံး ကျင့်ကြံရမယ်”

“အထူးနည်းစနစ်ကိုလည်း ဆက်ပြီး လုပ်ရမှာပေါ့။ တိုက်ပွဲနည်းစနစ်တွေက အရေးကြီးပေမယ့် အရေးကြီးဆုံးက ငါ့ရဲ့ ကျင့်ကြံမှုအဆင့်လည်းလိုတယ်”

ခဏလောက်စဉ်းစားပြီးနောက်  လင်းရှန်သည် အစီအစဉ်တစ်ခုကို အမြန်တွေးခဲ့သည်။

နောက်တစ်ကြိမ်တွင်  အလွန်အမင်းဉာဏ်ကောင်းခြင်းက ထိခိုက်စေသည်၊ ပါရမီနဲ့ ကမ္ဘာကိုအံ့ဩစေခြင်းကိုယ်ပွါးများအား အထူးနည်းစနစ်ကို ကျင့်ကြံရန် အာရုံစိုက်ခိုင်းမည်။ 

သတ်ဖြတ်ခြင်းကို အားပေးသည့်စွမ်းရည်၊ မွေးရာပါ ဝိညာဉ်ခန္ဓာနဲ့ လင်းရှန်ကိုယ်တိုင်ကတော့ ငရဲရင်ရေကို ပေါင်းစည်းရန် အာရုံစိုက်မည်ဖြစ်သည်။

သန့်စင်သောယန်စွမ်းအား ခန္ဓာကိုယ်နှင့် ဓားဝိညာဉ်တို့သည်  ရွှေလျှပ်စီးဘီးကို ကျင့်ကြံရန် အာရုံစိုကမည်ဖြစ်သည်။

“ရှစ်ခုမြောက် ကိုယ်ပွါး ပြီးဖို့ တစ်ဝက်လိုသေးတယ်။  ရှစ်လလောက်ကြာရင် အဆင်သင့်ဖြစ်မှာပါ”

လင်းရှန်က  ခေါင်းညိတ်လိုက်သည်။

အခြားကိုယ်ပွါးတစ်ခုနဲ့ဆို  သူ၏ခွန်အားနှင့် တိုးတက်မှုအရှိန်သည် တစ်ဖန်တိုးလာမည်ဖြစ်သည်။

"ဓားပျံနည်းစနစ်နဲ့ ဓားဆေးပြားတွေကို စုစည်းဖို့ အချိန်တန်ပြီ”

ဓားဝိညာဉ်ကို ထိရောက်စေရန်အတွက် ဓားနည်းစနစ်များကို ကျင့်ကြံရမည်ဖြစ်သည်။

ဒါကိုတွေးပြီး လင်းရှန်အနေနဲ့ သူ့မှာ လုပ်စရာတွေ အများကြီးရှိတယ်ဆိုတာ ရုတ်တရက် သိလိုက်ရသည်။

တပည့်ဖြစ်ကတည်းက  ကြွေလွင့်ဓားတောင်ထိပ်သို့ သူမရောက်သေးကြောင်း ရုတ်တရက် သတိရမိသည်။ အဲဒီကိုသွားဖို့ အချိန်ကျပြီ။ တစ်ချိန်တည်းမှာပင် သူသည် ဓားပျံနည်းစနစ်နှင့် ဓားဆေးပြားအကြောင်း သူ့ဆရာကို မေးနိုင်သည်။

ဒါကိုတွေးပြီး လင်းရှန်က ချက်ခြင်းထကာ ရွှေစမ်းချောင်းကျွန်းမှ ထွက်လာခဲ့သည်။ သူသည် တိမ်တိုက်သင်္ဘောကိုစီးပြီး ကြွေလွင့်ဓားတောင်ထိပ်သို့ အပြေးအလွှားသွားရန် သင်္ဘောပေါ်သို့ တက်ခဲ့သည်။

သူ၏ကိုယ်ပွါးများကိုတော့ လောလောဆယ်တွင် ဖယ်ထားလိုက်သည်။

ရွှမ်တုတောင်ပေါ်တွင်ရှိစဉ်က လင်းရှန်သည် သူကိုယ်ပွား၏ ရုပ်လုံးပေါ်လာမှုကို စမ်းသပ်ရန်အခွင့်အရေးတစ်ခုကို တွေ့ရှိခဲ့သည်။

ကျင့်ကြံသူသခင်ထံ ရောက်သွားပြီးနောက် ကိုယ်ပွား၏ ရွေ့လျားမှုအကွာအဝေးသည် သိသိသာသာ တိုးလာသည်။

ပထမဦးစွာ သုညသုံးစွဲမှုအကွာအဝေးကို ငါးကီလိုမီတာခန့် တိုးချဲ့နိုင်ခဲ့သည်။

ဒုတိယအနေနှင့် သူ၏ဝိညာဉ်ရေးရာအနှစ်သာရ ၁၀၈ခုသည် ကိုယ်ပွားတစ်ခုအား သူ့ထံမှ၂၅ ကီလိုမီတာအတွင်း တစ်နာရီအတွင်း လွတ်လပ်စွာ ရွေ့လျားစေနိုင်သည်။

အကွာအဝေးကို ကီလိုမီတာ၅၀ လောက် တိုးလိုက်တဲ့အခါ ကြာချိန်ဟာ ဆယ်မိနစ်

အောက်ရောက်သွားသည်။

ဒါတောင် အကွာအဝေးနဲ့ ကြာချိန်က သူ့အရင်တုန်းကထက် အများကြီး ကျော်လွန်နေချေပြီ။

တိုက်ပွဲတစ်ခုအတွက် ဆယ်မိနစ်က လုံလောက်သည်။

အဓိပ္ပါယ်မှာ လင်းရှန်သည် ရွှေစမ်းချောင်းကျွန်းတွင်ရှိနေလျှင်ပင် ကီလိုမီတာ(၅၀) အကွာမှ ရန်သူများကို သတ်ရန် သူ၏ကိုယ်ပွားများကို ထိန်းချုပ်နိုင်ဆဲဖြစ်သည်။

ပို၍အရေးကြီးသည်မှာ ဤနှုန်းနဲ့ဆို သူသည် မှော်အလင်းအဆင့်သို့ဖြတ်ကျော် သွားသောအခါ အကွာအဝေး၅၀၀ ကီလိုမီတာအထိ တိုးနိုင်မည်ဖြစ်သည်။

သူသည် ပြဒါးရှင်ပြောင်းပြန်အဆင့်သို့ရောက်သောအခါ ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာမှ ရန်သူများကိုသတ်ရန် သူ၏ကိုယ်ပွားကို ထိန်းချုပ်ခြင်းသည်   အိပ်မက်မဟုတ်တော့ပေ။

ထိုအကြံသည် လင်းရှန်ကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။

" ကြွေလွင့်ဓားတောင်ထိပ်က ရွှေစမ်းချောင်းကျွန်းကနေ ၁၅၀ကီလိုမီတာကျော်ဝေးတာက ဆိုးတာပဲ ။ ဒီလိုမှမဟုတ်ရင်  ငါသွားနေချိန်မှာ ငါ့ရဲ့ကိုယ်ပွားတွေကို ကျွန်းပေါ်မှာ ကျင့်ကြံခိုင်းလို့ရမှာ”

ကိုယ်ပွါးတွေကို သူ့အတွင်း၌ ကျင့်ကြံခိုင်းနိုင်သော်လည်း ကျွန်းပေါ်တွင် ကျင့်ကြံခြင်းလောက် မထိရောက်ပေ။ နောက်ဆုံးတွင် ကျွန်းပေါ်မှာက ဝိညာဉ်ရေးရာအနှစ်သာရ ပေါများသောကြောင့် ကျင့်ကြံခြင်းသည် နှစ်ဆမြန်သည်။

ပြောရလျှင် မင်္ဂလာမြေသည် အလွန် ကျယ်ပြောလှသောကြောင့်ပင်။

ရှားမုန့်ရန်၏ အဆိုအရ မင်္ဂလာမြေတစ်ခုလုံးသည် ကီလိုမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းပြီး နဂါးမြို့ထက် များစွာကျယ်ဝန်းသည်။

တောင်များနှင့် ကျွန်းများသည် ကီလိုမီတာ ရာနှင့်ချီ ကွာဝေးသည်။ တပည့်တွေက ခရီးသွားဖို့ ပျံနေသည့် ဝိညာဉ်သားရဲ ဒါမှမဟုတ် သင်္ဘောပျံကို စီးရသည်။

ဝိညာဉ်ပျိုးထောင်ခြင်း အဆင့် ကျင့်ကြံသူသခင်များလည်း ခြွင်းချက်မရှိပေ။

မှော်အလင်းအဆင့် ကျင့်ကြံသူသခင်သာလျှင် ကီလိုမီတာ (၅၀)အကွာအဝေးကို ချက်ချင်း ပျံသန်းနိုင်ပြီး ကျွန်းများနှင့် တောင်ထိပ်များကြားတွင် ၎င်းတို့၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် လွတ်လပ်စွာ သွားလာနိုင်သည်။

တိမ်တိုက်သင်္ဘောသည် အလွန်လျင်မြန်ပြီး ကြွေလွင့်ဓားတောင်ထိပ်သို့ အချိန်တိုအတွင်း ရောက်ရှိခဲ့သည်။

လင်းရှန်သည် သင်္ဘောပေါ်မှ ဆင်းသွားသည်။ ပျံသန်းနေသော သင်္ဘောကို ဖယ်လိုက်စဉ်တွင် ကြွေလွင့်ဓားတောင်ထိပ်မှ အလင်းတန်းများ အပြေးအလွှား ထွက်လာသည်ကို သူမြင်လိုက်ရသည်။

အလင်းသည် ပျောက်ကွယ်သွားပြီး ရှားမုန့်ရန် ပေါ်လာသည်

“စီနီယာအမ”

လင်းရှန်က သူမကို နှုတ်ဆက်ဖို့ ရှေ့တိုးသွားသည် ။ရှားမုန့်ရန်၏ အသွင်အပြင်ကြောင့် သူ မအံ့သြပေ။ သူမသည် ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှနုတ်ထွက်ပြီးနောက် ကြေလွင့်ဓားတောင်ထိပ်တွင် ကျင့်ကြံမည်ဟု တစ်ခါက ပြောခဲ့ဖူးသည်။

ရှားမုန့်ရန်က ခေါင်းညိတ်ပြပြီးနောက် လင်းရှန်းကို ရှားပါးသော ဖြစ်တည်မှုအချို့ကို ကြည့်ရှုနေသကဲ့သို့ ကြည့်လိုက်သည်။

"ဂျူနီယာ မောင်လေး ၊ မင်းက ငါ့ကို အံ့သြစရာကြီး ပေးခဲ့တယ်"

လင်းရှန်က သူမရည်ညွှန်းတာကို ချက်ချင်းနားလည်သွားပြီး အနည်းငယ် အံ့ဩသွားသည်။  ဒီသတင်းဟာ မြန်မြန်ဆန်ဆန် ပြန့်နှံ့လာဖို့ မမျှော်လင့်ထားပေ။ ဒါက  နေ့တစ်ဝက်လောက်သာ ရှိသေးသည်။

ဒုတိယအတွေးအရ ရှားမုန့်ရန်သည် ယနေ့ အလောင်းအစားပြိုင်ဆိုင်မှုကို အာရုံစိုက်နေပေလိမ့်မည်။ ဒီသတင်းကို ချက်ချင်းရခဲ့တာ အံ့သြစရာတော့ မဟုတ်ပေ။

"ကျွန်တော် ကံကောင်းခဲ့တာပါ” လင်းရှန်က အပြုံးလေးနဲ့ ပြောခဲ့သည်။ 

ရှားမုန့်ရန်က ခေါင်းယမ်းပြီး ဘာမှ မပြောတော့ပေ။ သူမသည် ပို၍ အံ့သြသွားသလို ခံစားလိုက်ရသည်။

သူမ၏ ဂျူနီယာမောင်လေးဟာ အလွန်အရည်အချင်းရှိသူဖြစ်ကြောင်း သူမ သိခဲ့တာကြာချေပြီ၊  ဒါပေမယ့် သူမမျှော်လင့်ထားတာက တစ်လအတွင်းမှာပဲ အထူးနည်းစနစ်ကို ကျင့်ကြံခဲ့ရုံသာမက ကျင့်ကြံနည်းစနစ်နှစ်ခုကိုလည်း ကျွမ်းကျင်အဆင့်ရောက်ခဲ့သည်။

တခြားသူတွေက မပြောနိုင်ပေမယ့် ရှားမုန့်ရန်ကတော့ အတွေ့အကြုံရှိပြီး ဗဟုသုတလည်း ရှိသည်။ လင်းရှန်သည် ရွှေလျှပ်စီးဘီးနှင့် ငရဲရင်ရေကို အသုံးပြုနေသည်ကို သူမ ချက်ချင်းမြင်လိုက်ရသည်။

နှစ်ခုစလုံးသည် ဂိုဏ်း၏ နတ်တန်ခိုးရှစ်မျိုးလောက်နီးပါး အစွမ်းထက်သည်။

သူမသည် ၎င်းတို့ကို  ကျင့်ကြံမည်ဆိုပါက ကျွမ်းကျင်အဆင့်နေနေသာသာ၊ အစပြုသူအဆင့် ရောက်ဖို့ လနှင့်ချီ၍ အချိန်ယူရပေမည်။

သို့သော် လင်းရှန်သည် တစ်လကျော်နဲ့ ရအောင် ပြုလုပ်ခဲ့သည်။

ထိုသို့သောစွမ်းရည်သည် ရင်သပ်ရှုမောစရာပင်။

ရှားမုန့်ရန်သည် ကျင့်ကြံမှုလမ်းကြောင်းပေါ်သို့ ခြေလှမ်းစကတည်းက သူမအား အမြဲတမ်း ပါရမီရှင်တစ်ဦးဟု ခေါ်တွင်ခံရပြီး ချီးမွမ်းခြင်းနှင့် အံ့သြခြင်းတို့ကို ရရှိခဲ့သည်။ သို့သော် ယနေ့တွင်တော့ သူမသည် စစ်မှန်သော ကျင့်ကြံရေးပါရမီရှင်က ဘာဆိုတာကို နားလည်လာခဲ့သည်။

လင်းရှန်ကို အကြာကြီးကြည့်ရင်း  ရှားမုန့်ရန်က လှည့်ကာ ကြေလွင့်ဓားတောင်ထိပ်ဆီသို့ ပျံသန်းသွားခဲ့သည်။

"သွားကြရအောင်။ ဆရာကြီးက မင်းဒီကို ရောက်နေပြီဆိုတာ သိပြီးသား။"

လင်းရှန်က ချက်ချင်းပဲ နောက်ကလိုက်သွားသည်။

များမကြာမီပင် သူတို့နှစ်ဦးသည် သစ်ခွအဆောင်၏ အနက်ရှိုင်းဆုံး ခန်းမထဲသို့ ရောက်လာကြသည်။

ကြာဖြူများသည် ကြည်လင်သောရေပေါ်တွင် ပွင့်နေပြီး ယုစစ်ယွဲ့က ပြေပြစ်သော ကိုယ်ဟန်ဖြင့် တင်ပျဉ်ခွေထိုင်နေ၏။

သူမ၏အကြည့်များသည် လင်းရှန်ဆီသို့ရောက်သွားပြီး သူမ၏လှပသော မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ သူမက ခေါင်းညိတ်ပြီး “ကောင်းပြီ။ မင်းငါ့ကိုတကယ်စိတ်ပျက်စေခဲ့တာ မဟုတ်ဘူးပဲ။ မင်းက အချိန်တိုလေးအတွင်းမှာ ထိပ်တန်းလျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံခဲ့တယ်။"

ခေတ္တနားပြီးနောက် သူမက ဆက်ပြောသည်– “ဝိညာဉ်အနှစ်သာရကို ဒြပ်စင်ငါးခုအဖြစ် ပြောင်းလဲပြီးတော့ ကျင့်ကြံဖို့ နည်းစနစ်အချို့ကို ငါပြင်ဆင်ထားတယ်၊ ဒါပေမယ့် အခုအချိန်မှာ အဲဒါကို မလိုအပ်တော့ဘူးလို့ ထင်ရတာပဲ”

“ကျင့်ကြံနည်းစနစ်တွေရဲ့ အရည်အသွေးက အရေအတွက်ထက် ပိုအရေးကြီးတယ်။ငရဲရင်ရေနဲ့ ရွှေလျှပ်စီးဘီးက  ရှားပါးပြီး အစွမ်းထက်တဲ့ ကျင့်ကြံနည်းစနစ်တွေ၊  သူတို့ကို ပြီးပြည့်စုံခြင်းအဆင့်ရောက်အောင် ကျင့်ကြံနိုင်သရွေ့ တူညီတဲ့ ကျင့်ကြံမှု အဆင့်မှာ ရှိတဲ့လူတွေက မင်းရဲ့ ပြိုင်ဘက် ဖြစ်မှာမဟုတ်ဘူး။” ထိုအချိန်တွင်  ရှားမုန့်ရန်က ရုတ်တရတ် စကားများလာသည်။

"ဆရာကြီး၊ သာမာန် ကျင့်ကြံနည်းစနစ်က ဂျူနီယာ ညီလေး လင်းအတွက် သိပ်အသုံးမဝင်ပါဘူး၊ ဒါပေမယ့် နတ်ဘုရားတန်ခိုး ရှစ်မျိုးက ခြွင်းချက်ပါ။"

ယုစစ်ယွဲ့သည် ရှားမုန့်ရန်ကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ "မင်း ညီလေးအတွက် တော်တော် စိတ်ပူတာပဲ"

ရှားမုန့်ရန်က “ဟုတ်ပါတယ်။ကျွန်မမှာ ဂျူနီယာ မောင်လေးတစ်ယောက်ပဲရှိတာလေ”

ယုစစ်ယွဲ့က ခေါင်းယမ်းကာ ရယ်မောလိုက်သည်။ ထို့နောက် သူမသည် လင်းရှန်ကိုကြည့်ကာ အဆောတလျင်ပြောလိုက်သည်။

“မင်းအမ ပြောတာမှန်တယ်။ နတ်တန်ခိုးရှစ်မျိုးက သာမန်ကျင့်ကြံနည်းစနစ်တွေနဲ့ ကွဲပြားတယ်။  အဲဒါတွေကို ကျွမ်းကျင်အောင် လုပ်နိုင်ရင် မင်းရဲ့ ခွန်အားအတွက် အများကြီး အကျိုးရှိမှာ” 

“ဒါပေမယ့် ဂိုဏ်းက စည်းကမ်းရှိတယ်။ ဂိုဏ်းဆရာကြီးနှင့်  အကြီးအကဲတွေက လွဲရင်  အခြားလူတိုင်းက စွမ်းအင်အလွန်အကျွံကို လမ်းကြောင်းလွှဲပြီး ကျင့်ကြံမှုကို ဆွဲငင်တာတွေကနေ ရှောင်ကြဉ်ဖို့  နတ်တန်ခိုးရှစ်မျိုးထဲက နှစ်ခုကိုပဲ ကျင့်ကြံနိုင်တယ်။ ဒါကို မင်းဘယ်လိုထင်လဲ။"

လင်းရှန်က တွေးတောလိုက်သည်။

သူ့တွင် အထူးလျှို့ဝှက်နည်းစနစ်ရှိပြီး မည်သည့် ကျင့်ကြံနည်းစနစ် သို့မဟုတ် နတ်တန်ခိုးကိုမဆို ကျင့်ကြံနိုင်သည်။

မွေးရာပါဝိညာဉ်ခန္ဓာသည် ကျင့်ကြံနည်းစနစ်များနှင့် ဒြပ်ငါးပါးစလုံး၏ နတ်တန်ခိုးများပေါ်တွင်လည်း သက်ရောက်မှုရှိသည်။

ထို့ကြောင့် ကျင့်ကြံနည်းစနစ်၏ အစိတ်အပိုင်းသည် အရေးမကြီးပေ။

သူသည် စစ်ပွဲများတွင် လိုက်လျောညီထွေရှိစေရန် အစိတ်အပိုင်းတိုင်း၏ ကျင့်ကြံနည်းစနစ်တစ်ခုတည်းကို ကျင့်ကြံနိုင်လျှင် အကောင်းဆုံးဖြစ်ပေမည်။

ကျင့်ကြံနည်းစနစ်ငါးခုသည် အခြားကျင့်ကြံသူများအတွက် များလွန်းသောကြောင့် မဆွဲဆောင်နိုင်တာ သေချာသည်။ 

သို့သော် သူ့ပတ်ဝန်းကျင်တွင် ကိုယ်ပွါးများနှင့်အတူ ကျင့်ကြံနည်းစနစ်ငါးခုကို တစ်ပြိုင်နက်တည်း ကျင့်ကြံလျှင်ပင် အရေးမကြီးပေ။

“ရွှေလျှပ်စီးဘီးနဲ့ ငရဲရင်ရေတို့မှာ သတ္တုနဲ့ရေဒြပ်စင်နှစ်ခုပဲ ပါတယ်။ သစ်သား၊ မီး၊ မြေကြီး သုံးမျိုးလုံး ပျောက်နေတယ်။"

ဒါကိုတွေးပြီး လင်းရှန်မှာ အကြံအစည်ရှိပြီးသားပင်။ စကားပြောခါနီးမှာ ရုတ်တရက် တစ်ခုခုကို တွေးမိပြီး သူ့မေးခွန်းက ပြောင်းလဲသွားသည်။

“ဆရာ ၊ နတ်တန်ခိုးရှစ်မျိုးမှာ ဓားပျံနည်းစနစ်ရှိလား”

All Chapters