မင်းလဲကျရာကနေ ပြန်ထပါ (၁)
Vol. 22 Ch. 333
"ကျွန်တော်က ရှန်ဟွာချွမ်ပါ။ မင်းဆီ အလည်လာတော့ မင်းရဲ့လွတ်လပ်ချိန်တွေယူရလို့ တောင်းပန်ပါတယ်”
စကားပြောဆိုသူမှာ အသက် (၃၀)ခန့်ရှိပြီဖြစ်သည်။ သူ့ပုံပန်းသဏ္ဍာန်က သာမာန်ဖြစ်ပြီး ထူးထူးခြားခြား ဘာမှမရှိပေ။
သို့သော် သူ၏ ထူထဲသော ရောင်ဝါကို လျစ်လျူမရှုနိုင်ပေ။ သူ၏ ကျင့်ကြံမှုသည် ရှန်ဝမ်ချီထက် သိသိသာသာ မြင့်မားသည်။ သူသည် ဝိညာဉ်ပျိုးထောင်ခြင်း ပဉ္စမ သို့မဟုတ် ဆဋ္ဌမအဆင့်တွင် အနည်းဆုံးရှိသည်။
ရှန်ဟွာချွမ်ကို လှိုဏ်ဂူအတွင်း အေးအေးဆေးဆေး ခေါ်ဆောင်သွားသောအခါ လင်းရှန်၏ အမူအရာမှာ မပြောင်းလဲပေ။
ရှန်ဟွာချွမ်သည် သူ၏ကျင့်ကြံမှုကြောင့် အေးဆေးဖြစ်နေ၏
ပထမဦးစွာ သူသည် ဤနေရာအတွက် တောင်းခံ၏။
ဒုတိယကတော့ လီမိန်ဖေးနှင့် အခြားသူများ၏ ပြောကြားချက်အရ လင်းရှန်သည် ရှန်ဝမ်ချီကို ချွေးတစ်စက်မထွက်ဘဲ အနိုင်ယူခဲ့သည်။ သူ့ရဲ့ ခွန်အားကို အပြည့်အ၀ မသုံးဘူးဆိုတာ သိသာသည်။
လင်းရှန်သည် သူ၏ခွန်အားကို အပြည့်အ၀သုံးပါက ရှန်ဟွာချွမ်နဲ့ တူညီသောအဆင့်တွင် ရှိနေသည်ဟု ခံစားရသည်။
ထို့ကြောင့် ရှန်ဟွာချွမ်သည် မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိ စီနီယာတစ်ဦးဖြစ်သော်လည်း လင်းရှန်ကို လျှော့မတွက်ဝံ့ပေ။ သူက လင်းရှန်ကို တန်းတူဆက်ဆံခဲ့သည်။
လက်ဖက်ရည်ခန်းသို့ ရောက်သောအခါ နှစ်ယောက်သား ထိုင်ကြသည်။ လင်းရှန်သည် လျစ်လျူရှုပြီး နှုတ်ဆိတ်နေခဲ့သည်ကို မြင်လိုက်ရသဖြင့် ရှန်ဟွာချွမ်က စကားပြောရန် အစပျိုးခဲ့သည်။
“အစ်ကိုလင်း၊ ငါက အကြီးအကဲရဲ့ အမိန့်အရလာတာ။ ရှန်ဝမ်ချီက ငယ်ရွယ်ပြီး အတွေးအခေါ်နည်းတယ် ။ သူ့ကိုယ်သူ မတန်တဆ တွက်ဆပြီး မင်းကို စော်ကားခဲ့တယ်။ မိသားစုက သူ့ကို အပြစ်ပေးထားပြီးသားပါ၊ မိသားစုကိုယ်စား မင်းကို တောင်းပန်ဖို့ ငါရောက်လာတာ။ မင်းက ဒီကိစ္စအတွက် စိတ်သဘောထားကြီးပြီး ကြီးမြတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
ရှန်ဟွာချွမ်၏အမူအရာမှာ ရိုးရိုးသားသားဖြစ်ပြီး သူ၏လေသံသည် သိမ်မွေ့နှိမ့်ချသည်။
ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အလတ်အဆင့်ကျင့်ကြံသူ သခင်တစ်ဦးအဖြစ် အဆင့်အတန်းသတ်မှတ်ခံရသောကြောင့် သူ၏သဘောထားသည် အလွန်ရိုးသားခဲ့သည်မှာ သေချာသည်။
သို့သော်လည်း လင်းရှန်က သူ့လက်ကို ဝှေ့ယမ်းပြီး လေးနက်စွာ ပြောသည် ။
“ဒီလောက်ထိ သွားစရာမလိုပါဘူး။ တာအိုသခင် ရှန်၊ ရှန်ဝမ်ချီနဲ့ကျွန်တော်က အလောင်းအစား ပြိုင်ဆိုင်မှု ရှိခဲ့တယ်။ဂိုဏ်းစည်းမျဉ်းတွေအတိုင်း မျှတတဲ့ဂိမ်းတစ်ခုပဲ။ သာမာန်ပဋိပက္ခမဟုတ်ပါဘူး။ မှန်တယ် မှားတယ် မရှိပါဘူး။ ကျွန်တော်ရှုံးခဲ့ရင် ကျွန်တော်ရဲ့အရည်အချင်းတွေက နိမ့်ကျတယ်လို့ ဝန်ခံရမယ်။ ကျွန်တော်မှာ လုံးဝ ပြောစရာ မရှိပါဘူး။”
လင်းရှန်သည် မတုံးအပေ။ ရှန်ဟွာချွမ် ဘာတွေလုပ်နေလဲဆိုတာကို သူဘယ်လိုနားမလည်ဘဲနေမလဲ။
တိုက်ပွဲကို သာမာန်ပဋိပက္ခဖြစ်အောင် ကြိုးစားခဲ့သည်။ ဤနည်းနဲ့သာ
ရှန်မိသားစုသည် လင်းရှန်အား မုန်တိုင်းကျွန်းကို ၎င်းတို့ထံ ပြန်ပေးရန် အကြောင်းပြချက်ရရှိမည်ဖြစ်သည်။
လင်းရှန်သဘောမတူလျှင် ရှန်မိသားစုက သူ့ကို တိတ်တဆိတ် လုပ်ကြံတာတောင် ဖြစ်နိုင်သည်။
ထို့ကြောင့် သူသည် ထောင်ချောက်ထဲသို့ မဆင်းနိုင်ပေ။ သူသည် အသာစီးရရန် လိုသည်။
ရှန်ဟွာချွမ်၏ အမူအရာမှာ အနည်းငယ် မာကျောသွားသည်။
သူသည် လင်းရှန်ကို လှည့်စားရန် အမှန်တကယ် ကြိုးစားခဲ့သည်။
သို့သော် လင်းရှန်သည် ငယ်ရွယ်သော်လည်း လုံး၀ ဖမ်းစားမခံရခဲ့ပေ။ အဲဒီ့အစား သူအရမ်းသတိထားနေပြီး ရှန်ဟွာချွမ်ကို အခွင့်အရေးမပေးချေ။
ရှန်ဟွာချွမ်က ခေါင်းညိတ်လိုက်သည်။ ရှန်ဝမ်ချီသည် လင်းရှန်ကို ရှုံးနိမ့်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
သူတို့အားလုံးသည် ဉာဏ်ပညာရှိသူများဖြစ်သောကြောင့် ပဟေဠိကို ဆက်လက်လုပ်ဆောင်ရန် အကြောင်းမရှိပေ။ ထို့ကြောင့် ရှန်ဟွမ်ချွမ်က လက်ခုပ်တီးပြီး “ဒါ ငါ့အမှားပါ။ အစ်ကိုလင်း၊ ငါ့ကို ခွင့်လွှတ်ပါ"
ခေတ္တနားပြီးနောက် သူဆက်မပြောမီ စကားလုံးများကို သေသေချာချာ ရွေးထားပုံရသည်။
"အလောင်းအစားပြိုင်ပွဲမှာ ရှန်ဝမ်ချီရှုံးသွားတဲ့အတွက် ဂိုဏ်းစည်းမျဉ်းတွေအရ မုန်တိုင်းကျွန်းကို သဘာဝအတိုင်း မင်းပိုင်တယ်။ ရှန်မိသားစုက နဂါးမြို့မှာရှိတဲ့ ကြီးကျယ်တဲ့ မိသားစုငါးစုထဲက တစ်ခုပဲ။ ငါတို့က အကြောင်းပြချက်မရှိဘဲ ပြဿနာ ဖြစ်အောင်မလုပ်ပါဘူး”
“ဒါပေမယ့် ငါတို့မိသားစုက ကျွန်းပေါ်မှာ အချိန်အတော်ကြာ အလုပ်လုပ်ခဲ့ပြီး ကြီးမားတဲ့ ပျိုးဥယျာဉ်ကြီးတစ်ခု တည်ဆောက်ဖို့အတွက် လူအင်အားနဲ့ အရင်းအမြစ်တွေ အများကြီး အသုံးပြုခဲ့ရတယ်။ ရှန်ဝမ်ချီအပြင် မုန်တိုင်းကျွန်းရဲ့ ဝိညာဉ်ရေးရာအနှစ်သာရကို အသုံးပြုဖို့ လိုအပ်တဲ့ အခြားမျိုးနွယ်စု ဆယ်ယောက်ကျော်ရှိသေးတယ်။ အဲ့တော့ အစ်ကိုလင်း၊ ကျွန်တော်တို့ မိသားစုက မုန်တိုင်းကျွန်းကို ပြန်ရဖို့ ဆေးပြားတွေ၊ ဓမ္မရတနာတွေ၊ ကျင့်ကြံနည်းစနစ်တွေနဲ့ လျှို့ဝှက်လက်စွဲစာအုပ်တွေကို ကမ်းလှမ်းလိုတယ်။ အစ်ကိုလင်း လိုအပ်တာမှန်သမျှကို လွတ်လွတ်လပ်လပ် တောင်းပါ”
မျှော်လင့်ထားသည့်အတိုင်းပင်
လင်းရှန်က သူ့ဘာသာ တွေးနေမိသည်။
အစ်မကြီးပြောတာ မှန်သည်။ ရှန်မိသားစုသည် မုန်တိုင်းကျွန်းကို စွန့်လွှတ်ဖို့ မဖြစ်နိုင်ပေ။ ဒီလှိုဏ်ဂူကို ပြန်လည်ရယူဖို့အတွက် သူတို့ဟာ နှိမ့်ချတဲ့နည်းတောင် ကျင့်သုံးခဲ့ကြသည်။
ရိုးရိုးသားသားပြောရလျှင် ရွှေစမ်းချောင်းကျွန်း လက်ထဲတွင် ရှိနေတော့ လင်းရှန်သည် မုန်တိုင်းကို သိပ်ပြီး မစဉ်းစားခဲ့ပေ။
နောက်ဆုံးတွင် သူသည် ဂူဗိမာန်နှစ်ခုတွင် တစ်ပြိုင်နက်တည်း မကျင့်ကြံနိုင်ပေ။
ဒါ့အပြင် ထိုလှိုဏ်ဂူသည် ဂိုဏ်းတွင် ရှားပါးပြီး အမာခံတပည့် အများအပြားသည် ရယူရန် စိတ်အားထက်သန်နေကြသည်။
သူသည် ဂူဗိမာန်နှစ်ခုကို သိမ်းပိုက်ထားသည့်အချက်ကို အခြားလူများက မကြိုက်ကြပေ။ သူသည် အနှေးနှင့်အမြန်ဆိုသလို ပြဿနာကို ဆွဲဆောင်နိုင်သည်။
ဒုက္ခရောက်မှာကို မကြောက်ပေမယ့် ဒုက္ခတွေများလွန်းရင် စိတ်အနှောင့်အယှက်ဖြစ်မှာပင်။
မုန်တိုင်းကျွန်းကို လက်တွေ့ကျတဲ့ ကျင့်ကြံမှုအရင်းအမြစ်တွေနဲ့ လဲလှယ်နိုင်ရင် အရမ်းကောင်းမှာပင်။
ထို့ကြောင့် ရှားမုန့်ရန်သည် မုန်တိုင်းကို ကြယ်ဓားဆေးနှင့် လဲလှယ်ရန် အကြံပြုသောအခါ လင်းရှန်က ချက်ချင်း သဘောတူခဲ့သည်။
စိတ်ထဲတွင် အတွေးများ ပြေးလွှားသွားသော်လည်း လင်းရှန်က မတုန်မလှုပ် ဖြစ်
နေသည်။ သူက ပြုံးပြီးပြောသည်။
"ကောင်းပြီ၊ ကျွန်တော် သဘောတူတယ်”
ရှန်ဟွာချွမ်သည် အလွန်ဝမ်းသာသွားပြီး "မင်းလိုချင်တဲ့ ဓမ္မရတနာတွေ၊ ဆေးပြားတွေ၊ ကျင့်ကြံနည်းစနစ်လက်စွဲတွေ ရှိလား”
"လိုချင်တာတစ်ခုပဲ"
"ပြောလေ”
"ကြယ်ဓားဆေးပြားလိုချင်တယ်"
ရှန်ဟွာချွမ်၏ အပြုံးသည် ချက်ချင်းပင် အေးခဲသွားပြီး သူအံသြသွားဟန်ရှိသည်။
သတိပြန်ဝင်လာတော့ သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုက ရှန်မိသားစုမှာ ကြယ်ဓားဆေးလုံးမရှိဘူးလို့ ငြင်းဆိုဖို့ပင်။ သို့သော် လင်းရှန်၏ အပြုံးတစ်ဝက်ကို မြင်သောအခါ ထိုစကားများကို မျိုချလိုက်သည်။
လင်းရှန်က ကြယ်ဓားဆေးပြားကို လိုချင်သည်ဟု သတ်မှတ်ခဲ့ခြင်းသည် ရှန်မိသားစုအနေနဲ့ ကြယ်ဂိုဏ်းမှ ကြယ်ဓားဆေးပြားအား တောင်းခဲ့သည်ကို ယုံကြည်စိတ်ချရသော နေရာများမှတစ်ဆင့် သိခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အချက်အလက်တွေက ဆရာကြီးယုဆီက လာနိုင်သည်။ ထိုအခြေအနေတွင် ငြင်းဆိုရန် အကြောင်းမရှိပေ။
မူလက ရှန်ဟွာချွမ်သည် လင်းရှန်၏ ငယ်ရွယ်မှုကို အခွင့်ကောင်းယူပြီး မုန်တိုင်းကျွန်းကို ပြန်လည်ရယူရန်အတွက် အရင်းအမြစ်အချို့ကို ပေးဆောင်လိုခဲ့သည်။ လင်းရှန်သည် ကြယ်ဓားဆေးပြားကို မျက်စိကျမည်ဟု မထင်ခဲ့ပေ။
ဒါကို စဉ်းစားရင်း ရှန်ဟွာချွမ်က ခါးခါးသီးသီး ပြုံးလိုက်၏
“ညီလေးလင်း၊ ငါတို့မိသားစုခေါင်းဆောင်က ဓားပျံနည်းစနစ်ကို ကျင့်ကြံနေတဲ့ မျိုးနွယ်စုကိုယ်စား ကြယ်ဓားဆေးကို တောင်းခဲ့တာ။ အဲ့တာက ပိုင်ရှင်ရှိပြီးသားပါ။ တခြားဟာဆို ဘယ်လိုလဲ။"
ကြယ်ဓားဆေးသည် အလွန်အဖိုးတန်သည်။ ရှန်ဟွာချွမ်အနေနဲ့ မိသားစုက မုန်တိုင်းကျွန်းကို ၎င်းနဲ့ဘယ်တော့မှ လဲလှယ်ဖို့ သဘောတူမှာ မဟုတ်ဘူးဆိုတာကို သိသည်။
လင်းရှန်က အေးဆေးတည်ငြိမ်စွာပြောသည် "ဒါဆိုရင် ကျွန်တော်မှာပြောစရာ မရှိဘူး.."