မင်းလဲကျရာကနေ ပြန်ထပါ (၂)
Vol. 22 Ch. 334
ရှန်ဟွာချွမ်၏ အမူအရာ ပြောင်းသွားပြီး “အစ်ကိုလင်း၊ ကျွန်တော် အတော်
သဘောကောင်းထားတာနော်” ဟု ပြောလိုက်သည်။
သူ့လေသံထဲတွင် ခြိမ်းခြောက်မှု အရိပ်အမြွက် ထွက်ပေါ်လာသည်။
အတင်းအကြပ် ဖိအားမပေးခင် ယဉ်ကျေးမူကိုသုံးတာလား။
လင်းရှန်က လှောင်ပြောင်ပြီး ပြတ်ပြတ်သားသားပြောသည် " ကျွန်တော် ကျင့်ကြံရအုံးမယ်။ တာအိုသခင်ရှန် ကျေးဇူးပြုပြီး ထွက်သွားပါ။ မဟုတ်ရင် ကန့်သတ်ချက်ကိုအသက်သွင်းလိုက်လို့ ရွှေစမ်းချောင်းကျွန်းမှာ နေနေရမယ်”
လင်းရှန် မည်မျှ မာနကြီးသည်ကို မြင်လိုက်သဖြင့် ရှန်ဟွာချွမ်သည် ဒေါသ ပျောက်လုနီးပါးပင်။
သို့သော် ဘာမှမတတ်နိုင်ပေ။ သူသည် သွားများကိုသာ အံကြိတ်ကာ ထွက်ခွါသွားပြီး တစ်ခုခုမပြုလုပ်မီ မိသားစုအကြီးအကဲထံ သတင်းပို့ရန် ပြင်ဆင်နေသည်။
ရှန်ဟွာချွမ်ထွက်သွားတာကိုကြည့်ရင်း လင်းရှန်က ရယ်မောလိုက်သည်။
သူလိုချင်တာကို ချက်ချင်းမရနိုင်တာ သူသိသည်။
ကြယ်ဓားဆေးသည် အလွန်အဖိုးတန်သည်။ ရှန်မိသားစုက မုန်တိုင်းကျွန်းကို ပြန်သိမ်းချင်ရင်တောင် ကြယ်ဓားဆေးနဲ့ လဲလှယ်ဖို့ ဆန္ဒရှိမှာ မဟုတ်ပေ။
ရှန်မိသားစုသည် လင်းရှန် စိတ်ရှုပ်ထွေးစေရန် နှိမ့်ချသောသဘောထားကို အသုံးပြုကာ မုန်တိုင်း ကျွန်းအတွက် ကျပန်းရင်းမြစ်အချို့နဲ့ လဲလှယ်ရန် ကြိုးစားနေပုံရသည်။
ဒါပေမယ့် လင်းရှန်က မတုံးအပေ။ ဤကဲ့သို့သောလှည့်ကွက်ထဲ သူမည်သို့ ကျရောက်နိုင်မည်နည်း။
အခု ညှိနှိုင်းမှု မအောင်မြင်တော့ ရှန်မိသားစုက ဒီကိစ္စကို ငြိမ်ခံမှာ မဟုတ်ပေ။ သူတို့သည် အပေါစားရိုက်ချက်များနှင့် လှည့်ကွက်အချို့ကို ပြုလုပ်နိုင်ဖွယ်ရှိသည်။
သို့သော် လင်းရှန်က လုံးဝစိတ်မပူပေ။
ဂိုဏ်းစည်းမျဥ်းစည်းကမ်းတွေနဲ့ လင်းရှန်ရဲ့ဆရာကြောင့် ရှန်မိသားစု ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ၊ စည်းမျဉ်းအတိုင်းပဲ သွားနိုင်သည်။
ကန့်သတ်ချက်ကို အသက်သွင်းပြီးနောက် လင်းရှန်သည် ဆက်လက် ကျင့်ကြံခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် ငရဲရင်ရေအစက်နှစ်စက်ကို အပြည့်အဝအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် သိုလှောင်ပြီးဖြစ်သည်။ ထို့နောက် သူသည် နောက်ထပ် ငရဲရင်ရေကို ဆက်လက်၍ ပေါင်းစည်းရသည်။
သေချာတာက သူသည် အထူးနည်းစနစ်နဲ့ ရွှေလျှပ်စီးဘီးကို ဆက်လက်ကျင့်ကြံနေဦးမည်ဖြစ်သည်။
သူ၏ ခွန်အားနှင့် ကျင့်ကြံမှုများ ဆက်လက် တိုးပွားနေသရွေ့ ရှန်မိသားစု မည်သို့ပင် လှုပ်ရှားစေကာမူ ကိုင်တွယ်ဖြေရှင်းနိုင်သည့် ယုံကြည်မှု ရှိသည်။
အချိန်တွေကုန်သွားလေ၏ မျက်စိတစ်မှိတ်အတွင်းမှာ လဝက်ကျော်ကြာသွားသည်။
ဒီကာလအတွင်းမှာ အရာရာဟာ တည်ငြိမ်အေးချမ်းနေ၏ ရှန်မိသားစုသည် မုန်တိုင်းကျွန်းကိစ္စများကို လုံးလုံး မေ့သွားသလိုမျိုး တစုံတရာ လှုပ်ရှားဆောင်ရွက်မှု မရှိခဲ့ပေ။
လင်းရှန်အပေါ် ရှန်ဝမ်ချီရှုံးနိမ့်မှုကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းသည် တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။
လင်းရှန်သည် အပြင်လောကကို ဂရုမစိုက်ပေ။ သူ့စိတ်က ကျင့်ကြံဖို့ လုံးလုံးလျားလျား အာရုံစိုက်နေသည်။
တစ်လအကြာတွင် သူ၏ရင်ဘတ် အလင်းဝင်ပေါက်ရှိ ငရဲရင်ရေသည် ငါးစက်အထိ တိုးလာပြီး သူ၏ ကျင့်ကြံမှုသည် ပထမအဆင့်၏ ထက်ဝက်ကျော်သို့ ရောက်ရှိသွားခဲ့သည်။ နှစ်လအကြာတွင် သူသည် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
"ကျင့်ကြံနည်းစနစ်နဲ့ နတ်တန်ခိုးတွေက မှော်စွမ်းအားနဲ့ ကိုယ်ခံပညာတွေထက် ခက်ခဲတာပဲ”
လင်းရှန်က သက်ပြင်းချလိုက်သည်။
သူနှင့် သတ်ဖြတ်ခြင်းကို အားပေးသည့် ကိုယ်ပွါး၊ မွေးရာပါ ဝိညာဉ်ခန္ဓာကိုယ် ကိုယ်ပွါးတို့သည်ငရဲရင်ရေကို ခွန်အားအကြွင်းမဲ့ ကျင့်ကြံခဲ့သော်လည်း တစ်လကြာပြီးနောက် ၃၀% ခန့်သာ တိုးလာသည် ။
ပြီးတော့ ဒါက ပထမအဆင့်ပဲရှိသေးသည်။
သူ တိုးတက်လာတာနဲ့အမျှ သူ့ကျင့်ကြံမှု အရှိန်က ပိုနှေးကွေးလာသည်။
အကယ်၍ ၎င်းသည် ကိုယ်ခံပညာရပ်တစ်ခုဖြစ်ခဲ့ပါက သူသည် တူညီသောအချိန်နှင့် စွမ်းအင်ဖြင့် အဆင့်သုံးဆင့် သို့မဟုတ် လေးဆင့်ကို ရရှိမည်ဖြစ်သည်။
“ကျင့်ကြံသူသခင်တော်တော်များများက ကျင့်ကြံနည်းစနစ်နှစ်ခု ဒါမှမဟုတ် သုံးခုလောက်ပဲ ကျွမ်းကျင်ကြတာ အံ့ဩစရာမဟုတ်ပါဘူး”
သူ၏ကိုယ်ပွါးများအကူအညီဖြင့်ပင် လင်းရှန်သည် တိုးတက်မှု နှေးကွေးနေဆဲဖြစ်သည်။ အခြား ကျင့်ကြံသူများဆို ပိုခက်ခဲမည်ပင်။
အနည်းငယ် အားနည်းသောသူများသည် ငရဲရင်ရေကဲ့သို့သော နည်းစနစ်ကို ကျင့်ကြံရာတွင် နှစ်နှစ်မှ သုံးနှစ်အတွင်း တစ်ကြိမ်ပင် ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။
"ငါ ရွှေလျှပ်စီးဘီးရဲ့ ပထမအဆင့်ကို တစ်ဝက်ပဲရောက်နေပြီ။"
အတွေးတစ်ခုဖြင့် လင်းရှန်သည် မျက်နှာပြင်ကို ခေါ်လိုက်သည်။
[အမည်-လင်းရှန်]
[စွမ်းရည် - ပါရမီ၊ မွေးရာပါ ဝိညာဉ်ခန္ဓာ]
[အဆင့်- ဝိညာဉ်ပျိုးထောင်ခြင်း ဒုတိယအဆင့်၊၂၈%]
[ကျင့်ကြံနည်းစနစ်- အထူးလျှို့ဝှက်နည်းစနစ် (အဆင့် ၁ ၊၄၅%)၊ ရွှေလျှပ်စီးဘီး (အဆင့် ၁၊၅၈%)၊ ငရဲရင်ရေ (အဆင့်၁၊ ၆၀%)… ]
[မှော်စွမ်းအား - ဓားခုနစ်ခုစွမ်းအင် (ပြီးပြည့်စုံမှု၊ အဆင့်၇ )၊ လျှပ်စီးလက်ဖဝါး(ပြီးပြည့်စုံမှု၊ အဆင့် ၅)…]
[ကိုယ်ပွားအရေအတွက်-၇ (၅၉%)]
“ငါ့ကျင့်ကြံရာမှာ အထောက်အကူပေးဖို့ အိုးကိုးလုံးဆေးပြားတွေ မရှိတော့ ကျင့်ကြံမှုအရှိန်က နည်းနည်းတော့ နှေးတယ်။”
သူ့ခေါင်းကို ခါယမ်းရင်း လင်းရှန်သည် သူ့ကိုယ်ပွားများကို ဖယ်ထုတ်ကာ လှိုဏ်ဂူထဲမှ ထွက်လာခဲ့သည်။
“အဲဒါနဲ့ ပြောရရင် အိုက်ကို ခေါ်ဖို့ အချိန်တန်ပြီ”
လင်းရှန်သည် ဂူဗိမာန်ကို ရရှိပြီးနောက် အိုက်ကို ဂိုဏ်းထဲသို့ ခေါ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် အလောင်းအစားပြိုင်ဆိုင်မှု ဖြစ်ပွားခဲ့သည်။ ထို့နောက်တွင် သူသည် ကျင့်ကြံရန် အလုပ်များခဲ့သည်။ ဤကိစ္စကို သူရုတ်တရက် သတိရမိတာက ယနေ့မှပင်။
"ပြီးရင် သူငယ်ချင်းဟောင်းတွေနဲ့တွေ့ဖို့ နိုင်ယန်းကျောင်းကို ပြန်သွားမယ်။"
လင်းရှန် မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေ၏ သူသည် ကျွန်းပေါ်ရှိ ကန့်သတ်ချက်ကို ဖွင့်ပြီး ၎င်း၏ တိုကင်ကို ထုတ်ကာ တိမ်တိုက်သင်္ဘောကို ချက်ချင်း ထုတ်ခဲ့သည်။
ခဏအကြာတွင် သင်္ဘောပျံသည် ရွှေစမ်းချောင်းကျွန်းမှ ထွက်ခွာသွားသည်။
မင်္ဂလာမြေမှ ထွက်ခွာပြီးနောက် လင်းရှန်သည် သင်္ဘောပျံကို ဖယ်လိုက်ပြီး သူ၏ဝိညာဉ်ရေးရာအနှစ်သာရဖြင့် တိမ်တိုက်တစ်ခုကို ဖန်တီးခဲ့သည်။ ထို့နောက် အရှေ့အရပ်သို့ ပျံသန်းသွားခဲ့သည်။
နဂါးမြို့တွင် ကျင့်ကြံသူသခင်များမှလွဲ၍ ပျံသန်းခြင်းကို တားမြစ်ထားသည်။
ပျံသန်းနေသော သင်္ဘောများနှင့် နန်းတော်များကဲ့သို့ ကြီးမားသော ဓမ္မရတနာများအပြင် ကျင့်ကြံသူသခင်များသည် နဂါးမြို့အထက် ကောင်းကင်တွင် လွတ်လပ်စွာ ပျံသန်းနိုင်သည်။
အလယ်ဗဟိုဒေသသို့ ဦးစွာဝင်ရောက်စဉ်က ဖြတ်သွားသော ဓားပညာရှင်ကို ပြန်သတိရသောအခါ လင်းရှန်သည် ခံစားချက် ပြင်းထန်လာသည်။
အဲဒီတုန်းက ဓားပညာရှင် ဖြစ်လာဖို့ စိတ်ကူးတောင်ယဉ်ခဲ့သည်။
ယခုလည်း သူသည် ထိုပန်းတိုင်ကို ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
သူသည် ဓားဆေးပြားကို ရရှိပြီးသည်နှင့် မြောက်ဘက်ဓားနက်ကျမ်းကို စတင်ကျင့်ကြံပြီး စစ်မှန်သော ဓားပညာရှင်တစ်ဦး ဖြစ်လာနိုင်မည်ဖြစ်သည်။
ဓားဖြင့် ပျံသန်းနိုင်ဖို့က ရောက်ခါနီးနေချပြီ
စဉ်းစားနေစဉ်တွင် လင်းရှန်သည် နိုင်ယန်းကျောင်း၏အဝင်ပေါက်သို့ ရောက်ရှိနေပြီဖြစ်သည်။
နိုင်ယန်းကျောင်းဝင်ခွင့်အမှတ်အသားက သူနဲ့အတူရှိနေတုန်းမို့ ဝင်ပေါက်ကို လွယ်လွယ်ကူကူ ဖြတ်ကျော်သွားခဲ့သည်။
လင်းရှန်သည် ယန်ကျုံးရီနဲ့ စုနျန်ထံသို့ တိုက်ရိုက်မသွားပေ။ ယင်းအစား သူသည် စာတစ်စောင်ပေးပို့ပြီး စစ်ယွမ်ဖေဆီသွားရောက်လည်ပတ်ရန် အထက်အိမ်တော်သို့ သွားခဲ့သည်။
နောက်ဆုံးတော့ စစ်ယွမ်ဖေက သူ့ကို ယုစစ်ယွဲ့အားတွေ့ဖို့ ခေါ်သွားခဲ့သည်။ ယုတ္တိဗေဒအရပြောရရင် သူ့ကို ကျေးဇူးတင်ရမည်။
မမျှော်လင့်ဘဲ လင်းရှန်သည် စစ်ယွမ်ဖေ၏ နေအိမ်သို့ရောက်ရှိချိန်တွင်
ရှီကျင့်ရှန်သည် အပြင်တွင်စောင့်နေသည်ကိုတွေ့လိုက်ရသည်။
"အစ်ကိုလင်း”
လင်းရှန်ကိုတွေ့သောအခါ ရှီကျင့်ရှန်က သူ့ကို လေးလေးစားစား ကြိုဆိုခဲ့သည်။
သူတို့နှစ်ယောက် အရင်ကလို တစ်ယောက်ကို တစ်ယောက် စကားတွေပြောနေကြပေမယ့် ရှီကျင့်ရှန်က လင်းရှန်အား ဂျူနီယာ ညီလေးလင်းဟု မခေါ်ဝံ့ပေ။ သူ့အား အစ်ကိုလင်းဟုသာ ခေါ်နိုင်သည်။
ရှီကျင့်ရှန်သည် မကြာသေးမီက ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ကြားခဲ့ရသည်။
လင်းရှန်သည် ကြွေလွင့်ဓားတောင်ထိပ်မှ ဆရာကြီးယု၏ တပည့်ဖြစ်လာပြီး သူ၏အဆင့်အတန်းသည် ချက်ချင်းပင် အမာခံတပည့်များစွာကို ကျော်လွန်သွားခဲ့သည်။
ထို့နောက်တွင် သူသည် ရှန်ဝမ်ချီကို အနိုင်ယူပြီး ဂုဏ်သတင်း တက်လာခဲ့သည်။
လက်ရှိ လင်းရှန်၏ အဆင့်အတန်းနှင့် ကျင့်ကြံမှုအရ ရှီကျင့်ရှန်ထက် သာလွန်ခဲ့သည်။ သူသည် ရှီကျင့်ရှန်နှင့် မနှိုင်းယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိခဲ့သည်။
ရှီကျင့်ရှန်၏မျက်လုံးများတွင် လင်းရှန်သည် သူ့သခင်နှင့်တန်းတူမဟုတ်သော်လည်း သူနှင့်မဝေးလှပေ။
ရှီကျင့်ရှန်သည် ယခင်က လင်းရှန်နှင့် ခင်မင်ရင်းနှီးခဲ့ဖူးသော်လည်း ပေါ့ဆမနေရဲပေ။
လင်းရှန်သည် ရှီကျင့်ရှန်၏ပြောင်းလဲမှုကို ကောင်းစွာခံစားမိသော်လည်း သူဘာမှမပြောပေ။ ပြုံးရုံသာပြုံးပြီး မေးသည် ။
"ဆရာစစ် ဒီမှာလား"
“ဆရာကြီးက အကိုလင်းလာမယ်ဆိုတာ သိလို့ ကြိုဆိုဖို့ ညွှန်ကြားထားပါတယ်။”
လင်းရှန်က ခေါင်းညိတ်ပြပြီး ခြံဝင်းထဲသို့ လျှောက်သွားလိုက်သည်။
မကြာမီ သူသည် ထိုလက်ဖက်ရည်ခန်းတွင် စစ်ယွမ်ဖေကို တွေ့သည်။
"ဆရာကြီး၊ ကျွန်တော့်ကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်"
"မင်းနဲ့ငါ နှစ်ယောက်လုံးက ဆရာ တပည့်မျိုးရိုးမို့လို့ ကျေးဇူးတရားတွေ ပြောနေစရာ မလိုဘူး"
စစ်ယွမ်ဖေက သူ့လက်ကို ဝှေ့ယမ်းပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။
“မင်း အချိန်မှန်ရောက်လာတယ်။ မင်းကိုပြောစရာ ၁ခုရှိတယ်။"
စစ်ယွမ်ဖေ၏ လေးနက်သော အမူအရာကို မြင်လိုက်ရသည်နှင့် လင်းရှန်သည် သူ့အမူအရာကို ပြုပြင်ပြောင်းလဲလိုက်ပြီး စစ်ယွမ်ဖေပြောသည်ကို ကြားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
"ရှန်မိသားစုကို မုန်တိုင်းကျွန်းနဲ့လဲလှယ်ဖို့ ကြယ်ဓားဆေးကိုလိုချင်တယ်လို့ ပြောတာ ငါကြားတယ်။"
"ဟုတ်ပါတယ်။" လင်းရှန်က စစ်ယွမ်ဖေဘယ်လိုသိလဲလို့ မမေးဘဲ အေးအေးဆေးဆေး ခေါင်းညိတ်လိုက်သည်။
“မကြာသေးမီက ရှန်မိသားစုက လေ့ကျင့်နေတဲ့ တပည့်တချို့ကို ပြန်ခေါ်လာတယ်။ အဲ့ဒီလူအနည်းငယ်က ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အလတ်အဆင့်မှာ ထူးကဲတဲ့ ခွန်အားနဲ့ ကျင့်ကြံသူသခင်တွေ”
လင်းရှန် အမူအရာ ပြောင်းသွားပြီး အံ့အားသင့်သွားသည်။
လွန်ခဲ့သောလက ရှန်မိသားစုမှ လှုပ်ရှားမှုမရှိသည်မှာ အံ့သြစရာမဟုတ်ပေ။ ပြင်ဆင်မှုတွေ လုပ်နေကြတာပင်။
လင်းရှန်သည် ရှန်မိသားစု၏ အစီအစဉ်ကို ယောင်ဝါးဝါး နားလည်လိုက်သည်။
“ဒါဆို ရှန်မိသားစုက အလောင်းအစားပြိုင်ပွဲတွေလုပ်ပြီး မုန်တိုင်းကျွန်းကို ပြန်သိမ်းတော့မှာလား”
စစ်ယွမ်ဖေက လင်းရှန်ကို သဘောကျစွာ ကြည့်ရင်း ခေါင်းညိတ်သည်။ “ဆရာကြီးယုနဲ့ ဆိုတော့ ရှန်မိသားစုက စည်းကမ်းကို မနာခံဘဲ မုန်တိုင်းကျွန်းကို အင်အားသုံး သိမ်းယူမှာ မဟုတ်ဘူး။ မင်းရဲ့တောင်းဆိုချက်အရ ဂူဗိမာန်ကို မလဲလှယ်ချင်ရင် အလောင်းအစားလုပ်လို့ရတယ်။”
ထိုအချိန်တွင် စစ်ယွမ်ဖေ၏ အမူအရာသည် လေးနက်လာသည်။
“ရှန်မိသားစုက ကြီးကျယ်တဲ့ မိသားစုငါးစုထဲက တစ်ခုမလို့ သူတို့မှာ အခြေခံအုတ်မြစ်ကောင်းရှိတယ်။ မိသားစုထဲမှာ အထက်တန်းစားများစွာရှိတယ်။ ဒီတစ်ကြိမ်မှာ အရေးတကြီးပြန်လည်ခေါ်ထားတဲ့ မျိုးနွယ်စုအနည်းငယ်မှာ အညံ့ဆုံးကတောင် ဝိညာဉ်ပျိုးထောင်ခြင်း ဆဋ္ဌမအဆင့်…ရှန်ဝမ်ချီထက် အဆမတန်ပြင်းထန်တယ်။ မင်းသတိထားရမယ်။"
"ကျွန်တော်နားလည်ပါပြီ”
လင်းရှန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
ရှန်မိသားစု၏ အစီအမံကြောင့် သူ အံ့ဩခြင်းမရှိပေ။
ရှန်မိသားစုသည် ထိုနည်းဖြင့် သူ့ဆီမှ ပြန်ရနိုင်ခြေ မြင့်မားသည်ဟု ခန့်မှန်းခဲ့သည် ။
ရှန်မိသားစုကို အနိုင်ယူရင်း မျှော်လင့်ချက်ကို စွန့်လွှတ်ကာ မုန်တိုင်းကျွန်းအတွက် ကြယ်ဓားဆေးနဲ့ လဲလှယ်မဲ့အချိန်အထိ သူတိုက်ခိုက်သွားမည်ဖြစ်သည်။
သူဆုံးရှုံးလိုက်ရရင်ရော…လင်းရှန်ဟာ ဒီလိုကိစ္စတွေအတွက် ဘယ်တုန်းကမှ စိတ်မပူခဲ့ပေ။
ရှန်မိသားစုမှ မှော်ပညာအလင်းစေ့ကို ပေါင်းစည်းပေးသော ကျင့်ကြံသူသခင်တစ်ဦးကို စေလွှတ်ထားခြင်းမရှိပါက အခြားမည်သူ့ကိုမျှ မကြောက်ပေ။
ရှန်မိသားစုက ဒါကိုတကယ်လုပ်ရဲရင် လင်းရှန် ဘာမှလုပ်စရာတောင်မလိုပေ။ သူ့အစ်မရှား က ခုန်ထွက်ပြီး စိန်ခေါ်သူကို သတ်ပစ်လိမ့်မည်ပင် ။
ရုတ်တရက် လင်းရှန် စိတ်လှုပ်ရှားနေသည်။
ဒါက အခွင့်အလမ်းတစ်ခုလို့ ထင်ရသည်။
သူလိုအပ်တဲ့ အိုးကိုးလုံးဆေးပြားကို ရနိုင်လိမ့်မည်ပင်။