စုလျူရင်၏လျှို့ဝှက်ချက် (၁)
Vol. 22 Ch. 335
အထက်အိမ်တော်ဝင်းထဲက ထွက်လာပြီးနောက် ကြိုးကြာငှက်တစ်ကောင် ဖြည်းညှင်းစွာ ပျံတက်သွားပြီး သူ့လက်ဖဝါးပေါ်တွင် ဆင်းသက်လာသည်ကို လင်းရှန် တွေ့လိုက်ရသည်။ ၎င်းက ပွင့်သွားပြီး စာတစ်စောင် ဖြစ်သွားသည်။
မျှော်လင့်ထားသည့်အတိုင်း ယန်ကျုံးရီနဲ့စုနျန်တို့က ညအိမ်မက်ကလပ်တွင် တွေ့ဆုံရန် တောင်းဆိုခဲ့သည်။
စာကိုဖတ်ပြီးနောက် လင်းရှန်က အနည်းငယ် ပြုံးလိုက်သည်။ သူသည် လက်ညိုးနှင့် လက်မကို အနည်းငယ် ညှစ်လိုက်ရာ လေဖိအားနည်းရပ်ဝန်းမှ ထွက်လာသော ဝိညာဉ်မီးတောက်သည် စာလုံးကို ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် သူသည် နိုင်ယန်းကျောင်းကနေမရပ်မနား ထွက်ခွာခဲ့သည်။
ညအိမ်မက်ကလပ်သို့ သူရောက်လာတော့ ညဉ့်နက်နေပြီဖြစ်သည်။
ဤအကျွမ်းတဝင်ရှိသော အဆောက်အအုံကို မြင်လိုက်ရတော့ လင်းရှန် အနည်းငယ် တွေဝေသွားသလို ခံစားလိုက်ရသည်။ သူဒီကို နောက်ဆုံးရောက်တာ တော်တော်ကြာနေပြီလို့ ခံစားရသည်။
အထက်အိမ်တော်ကိုဝင်ရောက်ကတည်းက ယန်ကျုံးရီနဲ့ စုနျန်နကို သိပ်မတွေ့ရပေ။ အချိန်က နှစ်ဝက်ကျော်ရှိပြီဖြစ်ပြီး သူတို့နှစ်ယောက် ဘယ်လိုနေနေလဲ မသိရပေ။
လင်းရှန်သည် ခေါင်းကို ခါယမ်းကာ မလိုအပ်သော အတွေးများကို ဖယ်ရှားကာ ခန်းမထဲသို့ လျှောက်သွားခဲ့သည်။
တတိယထပ်ရှိ သီးသန့်ခန်းတွင် ထပ်ပြီးတွေ့ဆုံခဲ့ကြသည်။ လင်းရှန်သည် တံခါးကိုတွန်းဖွင့်ပြီး ဝင်လိုက်သောအခါတွင် ယန်ကျုံးရီနဲ့စုနျန်တို့သည် အထဲမှာ စောင့်နေပြီဖြစ်သည်။
အသံကြားတော့ နှစ်ယောက်သား လှည့်ကြည့်လိုက်သည်။ လင်းရှန် ဖြစ်သည်ကို မြင်သောအခါတွင် အမှတ်တမဲ့ မတ်တပ်ရပ်လိုက်ကြသည်။
လင်းရှန်၏ အခြေအနေသည် ယခင်ကနှင့်မတူတော့ပေ။ သူတို့သည် သူငယ်ချင်းကောင်းများဖြစ်သော်ငြား လင်းရှန်နှင့်ရင်ဆိုင်ရသောအခါတွင် အနည်းငယ်တော့ သီးသန့်ဆန်နေကြသည်။
လင်းရှန်က ဒါကို မြင်ပေမယ့် ဘာမှ မပြောပေ။ သူက အေးအေးဆေးဆေးထိုင်ပြီး ပြုံးနေ၏
"ယန် မင်းက ဒီနေ့ မင်းရဲ့ ကြောင်လေးတစ်ကောင်မှ မခေါ်ထားတာ ဘာလို့လဲ"
ဒါကိုပြောပြီးတာနဲ့ ယန်ကျုံးရီက စိတ်လျှော့ပြီး ရယ်သည်။
“တောက်ပတဲ့ အနာဂတ်ရှိတဲ့ကျင့်ကြံသူ သခင်က အနီးအနားမှာ ရှိနေတာလေ။ ငါဒီမှာ ကြောင်လေးတွေခေါ်ရင် ငါ့ကိုတောင် ဂရုစိုက်မှာ မဟုတ်ဘူး”
ခဏအကြာ ရယ်မောလိုက်ပြီးနောက် သီးသန့်ခန်းရှိ လေထုသည် ငြိမ်သက်သွားခဲ့သည်။ ယန်ကျုံးရီနဲ့ စုနျန်တို့သည် အချုပ်အနှောင်မရှိတော့ဘဲ လင်းရှန်ပတ်ဝန်းကျင်တွင် စိတ်အေးလက်အေး ပျော်ရွှင်လာပြန်သည်။
"မင်းရဲ့ ကျင့်ကြံမှု အဆင့်တွေ အများကြီး တိုးလာပြီ။"
သူ၏ဝိညာဉ်ရေးအာရုံများဖြင့် လင်းရှန်သည် ၎င်းတို့၏ ကြီးထွားမှုအဆင့်ကို မြင်နိုင်သည်။
ယန်ကျုံးရီသည် တောက်ပသောဝင်ပေါက်နဝမအဆင့်သို့ ဖြတ်သွားခဲ့ပြီး သူ့အဆင့်သည် တည်ငြိမ်နေပြီဖြစ်သည်။ တောက်ပသောဝင်ပေါက်အဆင့်ကို သူ သိပ်မကြာခင်မှာပဲ တက်နိုင်တော့မည် ။
စုနျန်က အနည်းငယ် ညံ့ဖျင်းသည်။ သူသည် တောက်ပသောဝင်ပေါက်နဝမအဆင့်သို့ တက်လှမ်းခဲ့သည်မှာ ထင်ရှားသည်။ သို့သော် အနည်းဆုံး နှစ်ဝက်အတွင်း ဖြတ်ကျော်နိုင်မည်ပင်။
နိုင်ယန်းကျောင်းလို နေရာမျိုးမှာ အလုပ်ကို ကြိုးကြိုးစားစား လုပ်သရွေ့ အရည်အချင်းရှိတဲ့ ကျင့်ကြံသူတွေဟာ ပုံမှန်အားဖြင့် အရှိန်အဟုန်နဲ့ တိုးတက်နေမည်ပင်။
“ငါတို့လုပ်တာ ကောင်းပါတယ်။ ဒါပေမဲ့ မင်းဖြစ်လာတာနဲ့ ဘာမှ မဆိုင်ပြန်ဘူး။"
ယန်ကျုံးရီက သက်ပြင်းချလိုက်သည်။
စုနျန်လည်း သက်ပြင်းချလိုက်သည်။
နိုင်ယန်းကျောင်းမှာ ရှိပေမယ့် လင်းရှန်အကြောင်း တော်တော်များများ ကြားသိနေခဲ့သည်။
ထို့အပြင် သူသည်နိုင်ယန်းကျောင်း၏ သမိုင်းတွင် ပထမဦးဆုံး တပည့်ဖြစ်ခဲ့ပြီး နှစ်နှစ်အတွင်း ကျင့်ကြံသူသခင်ဖြစ်လာခဲ့သည်။ လင်းရှန်သည် ကျောင်းတွင် ဝိညာဉ်ရေးရာဆိုင်ရာ သင်္ကေတဖြစ်လာခဲ့သည်မှာ ကြာချေပြီ။ သူ့ကိုကျောင်းမှ တပည့် အများအပြားက ကိုးကွယ်ခဲ့ကြပြီး သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို မရေမတွက်နိုင်တဲ့ လူတွေက စောင့်ကြည့်ခဲ့ကြသည်။
လင်းရှန်ကြောင့် ဂိုဏ်းမှာ ဖြစ်ပေါ်လာသော ရုန်းရင်းဆန်ခတ်မှုမှန်သမျှသည် ကျောင်းသို့ ချက်ချင်းပျံ့နှံ့သွားသည်။
ထို့အတွက်ကြောင့် ယန်ကျုံးရီနဲ့ စုနျန်သည် လင်းရှန် ရှန်ဝမ်ချီကို အနိုင်ယူခဲ့သည်ကို အတော်ကြာကတည်းက ကြားသိခဲ့ရသည်။
ရိုးသားစွာ ပြောရလျှင် ထိုအကြောင်းကို ကြားသိရသောအခါတွင် အံ့အားသင့်သွားကြသည်။
သူသည် ကျင့်ကြံသခင်ထံ ရောက်သွားသည်မှာ နှစ်လ သုံးလမျှသာ ရှိသေးသော်လည်း သူ၏ ခွန်အားနှင့် ကျင့်ကြံမှုသည် ဝိညာဉ်ပျိုးထောင်ရေး စတုတ္ထအဆင့် ကျင့်ကြံသူ သခင်ကို အနိုင်ယူနိုင်သည့်အထိ တိုးများလာနေပြီ ဖြစ်သည်။ ထိုတိုးတက်မှုနှုန်းသည် အံ့ဩစရာပင်။
လင်းရှန်၏ အံ့ဖွယ်အစွမ်းသတ္တိများ တိုးမြင့်လာသည်ကို အကြိမ်များစွာ ကိုယ်တိုင်တွေ့မြင်ခဲ့ရသော်လည်း ၎င်းတို့သည် နားမလည်နိုင်အောင် တုန်လှုပ်နေကြဆဲဖြစ်သည်။
“ရှန်မိသားစုက မကြာသေးခင်ကမှ လှုပ်ရှားမှုတွေ လုပ်နေတယ်။ မင်းသတိထားရမယ်” ယန်ကျုံးရီက ရုတ်တရက် ပြောလိုက်သည်။
လင်းရှန်က သူ့ကို ငုံ့ကြည့်ပြီး တည်ငြိမ်စွာ ခေါင်းညိတ်သည်။
"ငါသိတယ်။"
လင်းရှန်၏အမူအရာကိုမြင်သောအခါ ရှန်မိသားစု၏လုပ်ရပ်များအကြောင်းကို လင်းရှန်သိခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သူသိလိုက်သည်။ ထိုမှ စိတ်သက်သာရာ ရသွားသည်။
တကယ်တော့ ယန်ကျုံးရီ လက်ရှိအခြေအနေက နည်းနည်းတော့ အဆင်မပြေပေ။
ယန်မိသားစုသည် သြဇာကြီးသောမိသားစုများ၏ ကျောရိုးဖြစ်သော ကြီးကျယ်သည့် မိသားစုငါးစုတွင် ပါဝင်သည်။
ယန်ကျုံးရီသည် ယန်မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ သူသည် အရေးပါသောအဖွဲ့ဝင်မဟုတ်သော်လည်း သူသည် အဖွဲ့ဝင်တစ်ဦးဖြစ်နေဆဲဖြစ်သည်။
အရင်တုန်း လင်းရှင် ကျောင်းမှာရှိတုန်းယန်ကျုံးရီဆက်ဆံရတာ အဆင်ပြေသည်။
ယန်မိသားစုသည် လင်းရှန်နှင့် ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ရန် သူ့ကို တိတ်တဆိတ်ပံ့ပိုးပေးသည်။
သို့သော်လည်း လင်းရှန်သည် ယုစစ်ယွဲ့၏ တပည့်ဖြစ်လာပြီး ဆရာတပည့်မျိုးရိုးတွင် ပါဝင်လာပြီးနောက် ယန်ကျုံးရီနဲ့လင်းရှန်တို့၏ ဆက်ဆံရေးသည် အနည်းငယ် သိသာပေါ်လွင်လာသည်။
သို့ပေမယ့် ယန်ကျုံးရီကတော့ လုံးဝ ဂရုမစိုက်ပေ။
သူသည် မိသားစု၏ အောက်ခြေအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မည်သည့်အခါမှ သတိမထားမိခဲ့ပေ။ ထုံးစံအတိုင်း သူသည် မိသားစု၏ အကျိုးစီးပွားကို ဂရုမစိုက်ပေ။
ဆန့်ကျင်ဘက်အနေနှင့် သူသည် လင်းရှန်နှင့် သူ၏ခင်မင်ရင်းနှီးမှုကို ပို၍တန်ဖိုးထားခဲ့သည်။
နှိုင်းယှဥ်ကြည့်လျှင် စုနျန်သည် ပို၍ စိတ်အေးလက်အေးရှိသည်။
စုမိသားစုသည် အချိန်အတော်ကြာ ငြင်းပယ်ခံခဲ့ရပြီး ဩဇာညောင်းသော မိသားစု ဆယ့်ရှစ်ခု၏ အဆင့်များမှ ဖယ်ထုတ်ခံခဲ့ရသည်။ သူတို့သည် သြဇာကြီးသော မိသားစုများကြားတွင် မထင်ရှားဆုံးဖြစ်သည်။
စုနျန်သည် စုမိသားစုမှ တိုက်ရိုက်ဆင်းသက်လာသော်လည်း သူသည် သဩဇာကြီးသောမိသားစုအတွက် ဘာမှမဟုတ်ပေ
ထို့ကြောင့် လင်းရှန်နှင့် သူ၏ဆက်ဆံရေးကို မည်သူမျှ ဂရုမစိုက်ပေ။
စကားတွေ ဖလှယ်ပြီးနောက် လင်းရှန်က စုနျန်ကို ရုတ်တရက်ကြည့်လိုက်ပြီး မေးသည် ။
"စုလျူရင်က မင်းမိသားစုက မလား။"
ဤစကားကိုကြားသောအခါ စုနျန်အံ့အားသင့်သွားသည်။ ထို့နောက် စိတ်ရှုပ်စွာကြည့်ပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်သည်။
"ဟုတ်တယ်။"
တကယ်တော့ လင်းရှန် ဆရာကြီးယု၏တပည့် ဖြစ်လာတဲ့အခါ စုလျူရင်အကြောင်းမေးဖို လာမည်ဟု ခန့်မှန်းထားပြီးသားဖြစ်တာကြောင့် စုနျန် သိပ်အံ့ဩမနေပေ။
"သူ့အကြောင်းပြောပြလို့ရမလား" လင်းရှန်က မေးသည်။
စုနျန်က သူ့ဝိုင်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။ သူသည် သူ့စကားများကို စဉ်းစားနေသကဲ့သို့ တခဏမျှ စဉ်းစားနေမိသည်။ ထို့နောက် ဖြည်းညှင်းစွာ ရှင်းပြသည်။
ကျောင်းတွင် လင်းရှန်သည် စုလျူရင်အကြောင်း မကြာခဏ ကြားခဲ့ဖူးသည်။ ခြွင်းချက်မရှိ သူမ၏ အရည်အချင်း မည်မျှ ထူးချွန်သည်၊ သူမ၏ ကျင့်ကြံမှု အဆင့် မည်မျှ တိုးလာသည်နှင့် သူမ ဖြတ်ကျော်ခဲ့သော မှတ်တမ်း အမျိုးအစားများကို အားလုံးက ပြောကြသည်။
ဒါအမှန်တရားပင်။ လင်းရှန်မတိုင်မီတွင်နိုင်ယန်းကျောင်း၏ မှတ်တမ်းများ အားလုံးသည် စုလျူရင် ချန်ထားခဲ့တာပင်။
ထိုအချိန်တွင် စုလျူရင်သည် နေကိုးစင်းဂိုဏ်းမျိုးဆက်သစ်လူငယ်များ၏ အပြောင်မြောက်ဆုံး ပါရမီရှင်အဖြစ် အသိအမှတ်ပြုခံရလုနီးပါးဖြစ်သည်။
ထိုအချိန်တွင် စုမိသားစုသည် ဆုတ်ယုတ်ခြင်းမရှိသေးပေ။ တကယ်တော့ စုလျူရင်ထွန်းကားလာတာကြောင့် သူတို့ဟာ ချမ်းသာတဲ့ လက္ခဏာတွေ ပြသနေခဲ့သည်။