← Chapters

ကျင့်ကြံရန် အလျင်စလို ပြန်သွားသည် (၂)

Vol. 22 Ch. 338

ကျင့်ကြံရန် အလျင်စလို ပြန်သွားသည် (၂)

Vol. 22 Ch. 338

"နတ်ဘုရား၊ အရှင့်ကို မေးချင်တာတစ်ခုရှိတယ်။"

"ပြောပါ။"

“နတ်ဘုရား ငရဲရင်ရေကို အရှိန်မြှင့်ပေးနိုင်တဲ့ ရတနာမြေကို သိပါသလား”

သူသည် ရွှေမြစ်ကျွန်း၏ ကြွယ်ဝသောဝိညာဉ်ရေးရာ အနှစ်သာရ၏အကူအညီကိုရရှိထားသော်လည်း ပျမ်းမျှအားဖြင့် ဆယ်ရက်

တိုင်းတွင် ငရဲရင်ရေတစ်စက်မျှသာရှိပြီး  တစ်ချိန်တည်းမှာ သူ၏ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန်နှင့် အခြားနည်းပညာများကို ပြုစုပျိုးထောင်ရမည်ဟူသောအချက်ကို ထည့်သွင်းစဉ်းစားရသည်။

ဤအမြန်နှုန်းသည် သာမန် ကျင့်ကြံသူ သခင်များအတွက် မယုံနိုင်လောက်အောင် မြန်ဆန်နေပြီဖြစ်သော်လည်း လင်းရှန်အတွက်အနည်းငယ်နှေးနေသေးသည်။

ဤနှုန်းဖြင့် ငရဲရင်ရေ အစက်တစ်ရာကို ပေါင်းစည်းရန် အနည်းဆုံး နှစ်နှစ်မှ သုံးနှစ်အထိ အချိန်ယူရပေမည်။

အဘယ်ကြောင့်ဆိုသော် သူသည် ကြယ်ဓားဆေးကို မရရှိသေးသောကြောင့် ဖြစ်သည်။

မြောက်ပိုင်းဓားနက်ကျမ်းကို ကျင့်ကြံသောအခါ ငရဲရင်ရေအပေါ် စွမ်းအင်နည်းပါးစွာ သုံးစွဲရပေလိမ့်မည်။ ထိုအချိန်ကျ ပိုကြာမည်ပင်။

ထို့ကြောင့်  လင်းရှန်သည် ငရဲရင်ရေ၏ ပေါင်းစည်းမှုနှုန်းကို အရှိန်မြှင့်ရန် နည်းလမ်းများကို စဉ်းစားနေခဲ့သည်။

မူလက သူ့သခင်ကို မေးရန် အခွင့်အရေးရှာဖို့ စီစဉ်ခဲ့သော်လည်း ကြောင်ဗိုလ်ချုပ်ကို မြင်ပြီးကတည်းက ဒီမှာရှိနေတုန်း မေးရန် ဆုံးဖြတ်ခဲ့သည်။

နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့သော နတ်ဘုရားသည် မှော်အလင်းအဆင့် ကျင့်ကြံသူသခင်ထက် ပို၍ ဉာဏ်ပညာရှိမည်မှာ သေချာပါသည်။

မျှော်လင့်ထားသလိုပဲ ကြောင်ဗိုလ်ချုပ်က စကားမပြောခင် ခဏလောက်စဉ်းစားပြီး

"ငရဲရင်ရေကိုကျင့်ကြံဖို့ ရေအနှစ်သာရရှိတဲ့ အေးတဲ့နေရာကို ရှာခြင်းက အကောင်းဆုံးပဲ။ ရေအေးအနှစ်သာရရှိတဲ့ နေရာတစ်ခုရှိရင် ပိုကောင်းတာပေါ့”

ခေတ္တနားပြီးနောက် ကြောင်ဗိုလ်ချုပ်က လင်းရှန်ကို ထူးထူးခြားခြားကြည့်ကာ ဖြည်းညှင်းစွာပြောသည် ။

“တကယ်တော့ အနီးအနားမှာ ဒီလိုနေရာမျိုး ရှိတယ်။

လင်းရှန်အံ့ဩသွားပြီး မသိစိတ်က “ဘယ်မှာလဲ” ဟု မေးသည်။

"နဂါးချောက်နက်တောင်တန်းရဲ့ အနက်ရှိုင်းဆုံးမှာ နေကိုးစင်းဂိုဏ်းက ရှာဖွေတွေ့ရှိခဲ့တဲ့ မြေအောက်ဝိညာဉ်လှိုဏ်ဂူထဲမှာ။"

မြေအောက်ဝိညာဉ်ဂူ?

လင်းရှန် အံ့သြသွားသည်။

“ဝိညာဉ်ဂူက ဝိညာဉ်အနှစ်သာရက များသောအားဖြင့် ဒြပ်စင်မဟုတ်ပေမဲ့ မြေအောက်ဝိညာဉ်ဂူကတော့  ခြွင်းချက်ပဲ။ မြေအောက်မှာ နက်ရှိုင်းစွာ မြှုပ်နှံထားတဲ့  ဝိညာဉ်ဂူတွေမှာ မြေအောက်မြစ်တွေရှိတယ်။ အဲ့လိုနေရာတွေက လေအေးနဲ့ ရေခိုးရေငွေ့တွေပြည့်နှက်နေတတ်တယ်။  အဲ့တာက ငရဲရင်ရေကိုကျင့်ကြံဖို့အကောင်းဆုံးပဲ”

လင်းရှန်၏ မျက်လုံးများ တောက်ပလာသည်။

အစပိုင်းတွင် သူသည် ရွှေစမ်းချောင်းကျွန်းတွင် ကျင့်ကြံသင့်လား ဒါမှမဟုတ် သတ်ဖြတ်ခြင်းကို အားပေးသည့် စွမ်းရည်ကို အသက်သွင်းရန် သွေးပင်လယ်ဂိုဏ်းမှ ကျင့်ကြံသူသခင်များကို တိုက်ခိုက်ဖို့ မြေအောက်ဝိညာဉ်လှိုဏ်ဂူသို့ သွားသင့်လားကို  တုံ့ဆိုင်းနေသည်။ သို့သော် ကြောင်ဗိုလ်ချုပ်၏ စကားကိုကြားပြီးနောက်တွင် သူ မတွန့်ဆုတ်တော့ပေ။

သူသည် မြေအောက်ဝိညာဉ်ဂူသို့ ခရီးထွက်ရန် အခွင့်အရေးရှာနေပုံရသည်။

လင်းရှန်က သူ့စိတ်တွေ လွင့်နေ၏

"ရွှေလျှပ်စီးဘီးကရော"

ကြောင်ဗိုလ်ချုပ်က ခဏလောက်စဉ်းစားပြီး ပြောသည်။

“ဒီလို  ခန္ဓာကိုယ်မြှင့်တင်ခြင်း နည်းစနစ်အတွက် သင့်တော်တဲ့ ရတနာမြေတွေ အလွန်

နည်းပါးတယ်။ ဒါပေမဲ့ ရွှေလျှပ်စီးဘီးက ထူးခြားတယ်။  လျှပ်စီးလက်တဲ့ နေရာကို ရှာနိုင်ပြီး  ရိုးတွင်းခြင်ဆီ သန့်စင်ဖို့ လျှပ်စီးကြောင်းကို အသုံးပြုနိုင်ရင် ဒီနည်းစနစ်ကို ကျင့်ကြံဖို့ အတော်အကျိုးရှိတယ်။”

"ဒီလိုနေရာမျိုးကို ဘယ်မှာရှာရမလဲ" လင်းရှန်က ကမန်းကတန်း မေးလိုက်သည်။

ကြောင်ဗိုလ်ချုပ်က ပြုံးပြီးပြောသည်  "မင်းက အရမ်းကံကောင်းသူ တစ်ယောက်ဖြစ်ရမယ်။ အဲ့တာက လျှပ်စီးသိပ်သည်းတဲ့ နဂါးမြို့အနီးနားက နေရာတစ်ခုပဲ။  အနောက်ဘက် ရွှံ့ညွန်ကြီးထဲမှာ ရှိတယ်”

အနောက်ဘက်ရွှံ့ညွှန်အိုင်ကြီး

အနောက်ဘက် ရွှံ့ညွန်ကြီးထဲတွင် ဝူလောင်ကိုယ်ခွဲ၏ တွန်းလှန်ခြင်းကို ခံခဲ့ရသည့် မြင်ကွင်းအား ရုတ်တရက် ပြန်သတိရလာသောအခါ လင်းရှန် အမူအရာ ပြောင်းလဲသွားသည်။

ကြောင်ဗိုလ်ချုပ်က သူဘာတွေတွေးနေမှန်းမသိဘဲ ဆက်ပြောသည် ။

“အဲဒီနေရာကို မိုးကြိုးတောင်လို့ ခေါ်တယ်။ တောင်ထိပ်မှာ လျှပ်စီးရေကန်တစ်ခုရှိတယ်။ မိုးရွာတိုင်း လျှပ်စီးရေကန်ကို လှုပ်ခါပြီး မိုးကြိုးပစ်တယ် ။ ပြီးတော့ အဲ့လျှပ်စီးက ကြီးထွားမှုကို မြှင့်တင်ပေးပြီး အရာခပ်သိမ်းကို အာဟာရဖြစ်စေတဲ့ လျှပ်စီးကြောင်းပဲ။ အဲ့မှာ  မထင်မရှားနတ်ဆိုးတွေရဲ့ ရိုးတွင်းခြင်ဆီကို သန့်စင်ပေးပြီး အတွင်းပိုင်းချီကို အားကောင်းစေတဲ့ အကျိုးသက်ရောက်မှုရှိတယ်။ လျှပ်စီးနည်းစနစ်ကို ကျင့်ကြံတဲ့ နတ်ဆိုးကျင့်ကြံသူတွေအတွက်လည်း များစွာအကျိုးရှိတယ်”

“ဒါပေမယ့် ဒီအတွက်ကြောင့် နတ်ဆိုးအမြောက်အများက  မိုးကြိုးတောင်ထိပ်မှာ အချိန်တိုင်း စုဝေးနေလိမ့်မယ်။ သွားချင်ရင် သတိထားရမယ်။"

လင်းရှန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

အနောက်ဘက်ရွှံ့ညွန်ကြီးတွင် မရေမတွက်နိုင်သော နတ်ဆိုးများ ရှိခဲ့သည်။ ဖယ်ရှားခြင်းမခံရဘဲ နဂါးချောက်နက်တောင်တန်းအနီးတွင် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်နိုင်တာက မည်မျှအန္တရာယ်ရှိသည်ကို ဖော်ပြရန်မလိုအပ်ပေ။

မှော်အလင်းအဆင့် ကျင့်ကြံသူသခင်များပင်လျှင် အနောက်ဘက်ရွှံ့ညွန်ကြီးထဲသို့ ပွင့်ပွင့်လင်းလင်းပင် မဝံ့ရဲကြပေ။

သို့သော် ရွှေဘီးလျှပ်စီးကို ကျင့်ကြံရန်အတွက် သူသည် မိုးကြိုးတောင်ထိပ်သို့ သေချာပေါက် ခရီးထွက်ရမည်ဖြစ်သည်။

ကြောင်ဗိုလ်ချုပ်ကြီးနှင့် တွေ့ဆုံခြင်းသည် ကြီးကျယ်သော ဆုံးဖြတ်ချက်ဖြစ်သည်။

ရွှေလျှပ်စီးဘီးနဲ့ငရဲရင်ရေ၏ ကျင့်ကြံမှုအမြန်နှုန်းကို လျင်မြန်စွာ မြှင့်တင်နိုင်ပုံအား သူသိနေသမျှ ကာလပတ်လုံး သူလုပ်ဆောင်ရန် သင့်တော်မည့်အချိန်ကို စောင့်ဆိုင်းရန် လိုအပ်ည်။

ကြောင်ဗိုလ်ချုပ်ကို ကျေးဇူးတင်ပြီး  နတ်ဘုရားရှာဖွေခြင်းအဆောင်ကို ပြန်ပေးပြီးနောက် လင်းရှန်က အိုက်အား နေကိုးစင်းဂိုဏ်းသို့ ပြန်ခေါ်လာခဲ့သည်။

ရွှေစမ်းချောင်းကျွန်းသို့ပြန်ရောက်ပြီး ကျယ်ပြန့်သောကျွန်းကိုကြည့်ကာ အိုက်သည် အလွန်စိတ်လှုပ်ရှားနေသည်။ သူမ စိတ်လှုပ်ရှားစွာ လျှောက်သွားလိုက်သည်။

လင်းရှန်သည် ဆက်လက်ကျင့်ကြံရန်လှိုဏ်ဂူနန်းတော်သို့ ပြန်လာချိန်အထိ  သူမကို ပျော်ရွှင်စေခဲ့သည်။

သူသည် နောက်ထပ်  ငရဲရင်ရေငါးစက်ကို ပေါင်းစုပြီး အရေအတွက်ကို ဆယ်အထိ တိုးပြီးမှ  မြေအောက်ဝိဥာဉ်ဂူသို့ သွားရန် စီစဉ်ခဲ့သည်။

ငရဲရင်ရေဆယ်စက်နှင့် သူ၏ကိုယ်ပွါးများနဲ့အတူဆို  မှော်အလင်းအဆင့် ကျင့်ကြံသူ သခင်နှင့် ရင်ဆိုင်ရလျှင်ပင် ပြန်လည်တိုက်ခိုက်နိုင်မည်ဖြစ်သည်။

သို့သော်လည်း လင်းရှန် ငြိမ်သက်သွားပြီး သိပ်မကြာခင်မှာပဲ ကျွန်းအပြင်ဘက်က ကျယ်လောင်တဲ့ အော်သံကို သူ ရုတ်တရက် ကြားလိုက်ရသည်။

"ရှန်ကျင်းချန်က ဂါရဝပြုဖို့ ဒီမှာလာရောက်နေပါတယ်”

ရှန်မိသားစုအဖွဲ့ဝင်လား။

လင်းရှန်သည် မျက်ခုံးပင့်ကာ အနည်းငယ် ပြုံးလိုက်သည်။

“နောက်ဆုံးတော့ မစောင့်နိုင်တော့ဘူးပဲ။ ရက်အနည်းငယ်လောက် စောင့်ရဦးမယ်လို့ ထင်တာ”

လင်းရှန်၏မျက်လုံးများတွင် သရော်လှောင်ပြောင်မှုအရိပ်အမြွက်ပေါ်လာသည်။ သူသည် မတ်တပ်ထရပ်ပြီး ထွက်သွားစဉ် ဂူထဲတွင် သူ၏ကိုယ်ပွားများကို ဆက်လက်

ကျင့်ကြံခွင့်ပေးခဲ့သည်။

လှိုဏ်ဂူထဲမှ ထွက်လာသည်နှင့် အိုက်သည် နေရာမှ ခုန်ဆင်းသွားသည်။

"လင်းရှန် ဘာဖြစ်တာလဲ"

"ဘာမှမဟုတ်ပါဘူး။ လူရွှင်တော် အနည်းငယ်ရှိနေတာပါ။  အဆင်ပြေပါတယ်။ မင်းလုပ်နေတဲ့အရာကို အေးဆေးလုပ်”

လင်းရှန်သည် ပျံတက်မလာမီ ပေါ့ပေါ့တန်တန် နှစ်သိမ့်ပေးခဲ့သည်။

အိုက်က လေးလေးနက်နက် တွေးနေခဲ့သည်။ ခဏကြာတော့ ဒီကိစ္စကို မေ့သွားလေ၏

သူမ၏ မျက်လုံးများတွင် လင်းရှန်သည် အလုံးစုံ အစွမ်းထက်သည်။ သူ့ကို ဘယ်အရာကမှ နှောင့်ယှက်လို့ မရတာကြောင့် သူမ စိတ်ပူနေဖို့ မလိုပေ။

ကန့်သတ်ချက်ကို ပိတ်ပြီးနောက် လင်းရှန်သည် ကျွန်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။

အဲဒီလူက အသက် ၃၀ လောက်ရှိချေပြီ။ သူသည် အရပ်ရှည်ပြီး မိန်းမဆန်သော ရုပ်ရည်ရှိသည်။

သူ့အကြည့်တွေက  လင်းရှန်ပေါ်ရောက်သွားပြီး သူ့မျက်လုံးတွေက အနည်းငယ် ကျဉ်းသွားသည် ။

"မင်းက လင်းရှန်လား?"

လင်းရှန်က မတုန်မလှုပ်ဖြစ်ပြီး "ဘာလို့လဲ"

ရှန်ကျင်းရှန်က လှောင်ပြောင်ပြီး“ မင်းနဲ့ အလောင်းအစားပြိုင်ချင်တာ။ ရှုံးရင် မုန်တိုင်း ကျွန်းကို လွှဲပေးလိုက်ပါ။”

မျှော်လင့်ထားသည့်အတိုင်းပင်။

နောက်ဆုံးတွင် ရှန်မိသားစုသည် အလောင်းအစားဖြင့် မုန်တိုင်းကျွန်းကို ပြန်လည်သိမ်းယူရန် ရွေးချယ်ခဲ့သေးသည်။

လင်းရှန်က လှောင်ပြောင်ပြီး "မင်းရှုံးရင် ဘာဖြစ်မလဲ"

"ဒါဆို ငါ့ဂူကို မင်းပိုင်လိမ့်မယ်”

ရှန်ကျင်းချန်က မဆိုင်းမတွပြောသည်။ သူ့စကားတွေက ယုံကြည်မှုအပြည့်နဲ့ပင်။

လင်းရှန်သည် ရှန်ဝမ်ချီကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်ခဲ့သည်ကို သိပြီးနောက်တွင်ပင် ရှန်ကျင်းချန်သည် အလွန်ယုံကြည်မှု ရှိနေဆဲဖြစ်သည်။ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိတယ်ဆိုတာ သိသာသည်။

သို့သော် လင်းရှန်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

“ငါ့မှာ ရွှေစမ်းချောင်းကျွန်းနဲ့ မုန်တိုင်ကျွန်း ..ဂူဗိမာန်နှစ်ခုတောင်ရှိပါတယ်။ တတိယတစ်ခုရှိတာ အသုံးမဝင်ပါဘူး။ ယှဉ်ပြိုင်ချင်ရငိ ခြားလောင်းကြေးတွေကို အသုံးပြုလေ”

လင်းရှန်၏ယုံကြည်ချက်ရှိသောလေသံကိုကြားတော့ ရှန်ကျင်းရှန်သည် မျက်မှောင်ကြုတ်ကာ အနည်းငယ်လိုက်သည်။

"မင်း ဘာလိုချင်လဲ?"

“အိုးကိုးလုံးဆေး” လင်းရှန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ထပ်ပြော၏ "အိုးကိုးလုံး ဆေးပြား ငါးပုလင်း"

ရှန်ကျင်းရှန်၏ မျက်နှာ မည်းမှောင်သွားသည်။

အိုးကိုးလုံးဆေးသည် အလွန်အဖိုးတန်သည်။ ရှန်မိသားစုမှာတောင် သူတို့တွေ အများကြီးမရကြပေ။ အများစုက မျိုးနွယ်စုရဲ့ တပည့်တွေကြားမှာခွဲဝေရတာပင်။

သို့သော် ရိုးရိုးသားသား ပြောရလျှင် တန်ဖိုးအရ ရှန်ကျင်းချန်၏ လှိုဏ်ဂူသည် အိုးကိုးလုံးဆေးပြား ငါးပုလင်းထက် ပိုများနေသေးသည်။

ရွှေစမ်းချောင်းကျွန်းသို့ မရောက်မီတွင် ရှန်ကျင်းရှန်သည် သူ့မိသားစု၏ အကြီးအကဲများထံမှ ညွှန်ကြားချက်များကို လက်ခံရရှိခဲ့သည်။ လင်းရှန်သည် မတန်တဆ ဈေးမတောင်းသရွေ့ မည်သည့် လောင်းကြေးကိုမဆို သဘောတူရမည်။ လောင်းကြေးကို  လင်းရှန်က သဘောတူအောင်လုပ်ရမည်။

ဒါကိုစဉ်းစားရင်း ရှန်ကျင်းရှန်က မျက်လုံးပြူးပြီး ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ အိုးကိုးလုံးဆေးပြား ငါးပုလင်းကို သဘောတူတယ်”

“ပြီးတော့ လောင်းကြေးတည်နေရာနဲ့ အချိန်ကို ရွေးချယ်နိုင်တယ်။ မင်းအတွက် တရားမျှတတဲ့ တိုက်ပွဲဖြစ်အောင်လို့”

လင်းရှန်က အေးဆေးတည်ငြိမ်စွာပြောသည် "ဒီလောက်ဒုက္ခတွေ ရှာနေစရာမလိုပါဘူး။ အခုပဲ လုပ်လိုက်ရအောင်။ ငါကျင့်ကြံဖို့  အလျင်လိုနေတယ်။”

"ဘယ်လောက် မာနကြီးလိုက်လဲ”

ရှန်ကျင်းချန်၏ မျက်နှာသည် နီရဲလာသည်။

လင်းရှန်၏ လျစ်လျူရှုမှုကြောင့် ရှန်ကျင်းချန်သည် အလွန်ဒေါသထွက်သွားခဲ့သည်။

"မင်းရှုံးပြီးရင် မင်းရဲ့မောက်မာတဲ့အသွင်အပြင်ကို ဆက်ထိန်းထားနိုင်မလား ကြည့်ရအောင်”

သက်သေမရှိသောကြောင့် ၎င်းတို့နှစ်ဦးသည် ကျင့်ကြံမှုကျမ်းကို ကျိန်ဆိုကြသည်။

ကျမ်းကျိန်ပြီး အလောင်းအစားကို သဘောတူကာ ရှန်ကျင်းချန်သည် လင်းရှန်ဆီသို့ ချက်ချင်း ပြေးသွားခဲ့သည်။

မာနကြီးတဲ့ ဒီလူကို သင်ခန်းစာတစ်ခု သင်ပေးဖို့ သူ မစောင့်နိုင်တော့ပေ။

ရှန်ဝမ်ချီကဲ့သို့ပင် ရှန်ကျင်းချန်သည် သတ်ဖြတ်ခြင်းရွှေဓားကို ကျင့်ကြံပြီး ရွှေသံလိုက်အိမ်မြောင်ကို သူ့လက်ထဲတွင် ကိုင်ထားသည်။

သို့သော် သူ၏နည်းစနစ်သည် ရှန်ဝမ်ချီထက် သိသိသာသာ သာလွန်သည်။

သူတိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် ထောင်ပေါင်းများစွာသော ရွှေဓားစွမ်းအင်

များသည် လင်းရှန်ဆီသို့ လွင့်ပျံလာသည်။ အရှိန်အဟုန်သည် အလွန်ကြောက်စရာကောင်းသည်။

ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသော လင်းရှန်သည် တုန်လှုပ်ချောက်ချားစရာ မရှိခဲ့ပေ။ အတွေးတစ်ခုဖြင့် ငရဲရင်ရေငါးစက်သည် သူ့ခေါင်းထိပ်မှ ခုန်ဆင်းကာ ရွှေဓား၏ ရောင်ဝါကို တွေ့ရန် ရှေ့သို့ လှည့်သွားသည် ။

All Chapters