← Chapters

ရှေးဟောင်း နန်းတော်ရာသို့ ဝင်ရောက်ခြင်း

Vol. 010 Ch. 953

ရှေးဟောင်း နန်းတော်ရာသို့ ဝင်ရောက်ခြင်း

Vol. 010 Ch. 953

ရှားရှင်းယွန်က သိပ်မဝေးသော နေရာ၌ ရပ်နေသော လူငယ်အား ဒေါသတကြီး ကြည့်သည်။ သူကား သူမ၏ ဖိတ်ကြားမှုကို နှစ်ကြိမ်တိတိ ငြင်ပယ်ခဲ့ကာ ယခုလည်း သူမအား လက်နှစ်ဖက်ယှက်ကာ အလေးအနက် မရှိသောဟန်ဖြင့် နှုတ်ဆက်သည်။ ရှန့်ထိုများပင် သူ့လို မပြုမူရဲကြပေ။

လီဟန် ဓားနန်းတော်မှ ဖန်းရှောင်က မျက်မှောင်ကြုတ်ကာ ရီဖူရှင်းအား ကြည့်သည်။ လီဟန် ဓားနန်းတော်၌ သူမ လေ့ကျင့်စဉ်က သူမကား ရီဖူရှင်းထက် မနိမ့်သော ပါရမီရှင်များအား မြင်ဖူးသည်။ သို့သော်လည်း မည်သူကမှ သူ့လို စိတ်ကြီးဝင်ခြင်း မရှိပေ။

လီဟန် ဓားနန်းတော်မှ ဓားသမားများက ရီဖူရှင်းအား အေးစက်စွာ ကြည့်ကြသည်။ ကျူးထန် နန်းတော်မှ ဖြစ်ခဲ့သည်များအား သူတို့ မည်သို့ မေ့မည်နည်း။ ထို့အပြင် တော်ဝင်မြေမှ လူများ အားလုံးကလည်း ရီဖူရှင်းအား စိတ်ဝင်တစား လှမ်းကြည့်ကြသည်။ သည်ခွေးကောင်ကား အမှန်ပင် ခေါင်းမာကာ မာနကြီး၏။

သို့သော်လည်း ပြည်နယ်ကိုးခုတွင် ရီဖူရှင်းကဲ့သို့ နောက်တစ်ယောက် မရှိနိုင်တော့ပေ။

“ရီဖူရှင်း ... မြေရိုင်းပြည်နယ်မှာ ရှေးဟောင်း အပျက်အစီး နယ်မြေတစ်ခု ပေါ်လာတယ်။ ပြည်နယ်ကိုးခုက ရှန့်ထိုတွေတောင်မှ ရောက်လာတယ်။ အိမ်ရှင်ဖြစ်တဲ့မင်းက ဘာလို့ ငါလူလွှတ်ခေါ်မှ ရောက်လာရတာလဲ” ရီဖူရှင်းက သူ့အား ကြည့်ကာ သည်အတိုင်း ရပ်နေပြီး ရှားရှင်းယွန် ကလည်း ဘာမှ မပြောသည်ကို မြင်လျှင် ရှန့်ထိုရှားက စိတ်ထဲ ကျိန်ဆဲကာ ကသိကအောက် အခြေအနေအား ချိုးဖျက် လိုက်သည်။

“စီနီယာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့လည်း ရှေးနန်းတော်ရာ အမွေအနှစ် ပေါ်လာသလို မင်းသမီးနဲ့ ရှန့်ထိုတွေလည်း ဒီကို ရောက်လာကြတယ်။ ဒီလို အခြေအနေမှာ ကျွန်တော်က အထင်အမြင် လွဲမှားမှုတွေ မဖြစ်စေဖို့ ရှောင်ဖယ်နေတာ အကောင်းဆုံးပဲ မလား။ ကျွန်တော် ဘေးဖယ်နေပြီး မင်းသမီးကို ယူစေတာ အကောင်းဆုံးလို့ တွေးမိပါတယ်” ရီဖူရှင်းက ပြောသည်။

“…” ရှန့်ထိုရှားက ရီဖူရှင်းအား နားမလည်စွာ ကြည့်သည်။ သည်ခွေးကောင် ဘာစဉ်းစား နေသနည်း။

ရှားရှင်းယွန်လည်း ရီဖူရှင်းအား ကြည့်သည်။ သူမအား ယူဆောင် စေသည်လား....။

ရီဖူရှင်းအား ကြည့်ကာ အားလုံး နှာခေါင်း ရှုံ့ကြသည်။ ရောက်လာသော ရှန့်ထိုတိုင်းက အလွန် ရင်းနှီးဖော်ရွေကြကာ မင်းသမီးအား မျက်နှာသာပေးလျက် သူမအား ယူဆောင်စေလိုသော သဘောမျိုး ပြောဆိုကြ သော်လည်း အမှန်တကယ်အားဖြင့် လူတိုင်းက ကိုယ်စီ အကြံများ ရှိကြပေသည်။ သူတို့က လူအများကြား ပေါ်ပေါ်တင်တင် မပြောလိုခြင်းသာ။ သို့သော်လည်း ရီဖူရှင်းကား လူတိုင်းအား သူက ရှားရှင်းယွန်နှင့် ယှဉ်ပြိုင်ကာ မရယူရဲကြောင်း ပြောနေသည်။

သူက ရှေ့တက်ရန် နောက်ဆုတ် နေသည်လား။

မင်းသမီးက တုံးအသည်ဟု သူ ထင်နေသည်လား။

ရီဖူရှင်းက သူမ၏စိတ်ကို ဆွပေးနေကြောင်း ရှားရှင်းယွန် သိသည်။

“နန်းတော်ရာထဲက ကျွန်မ မသိအောင် တစ်ခုခု ယူနိုင်ခဲ့တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် အဲဒါ ရှင်တို့ အပိုင်ပဲ” ရှားရှင်းယွန်က အေးစက်စွာ ပြောသည်။

ရီဖူရှင်း ဘာလိုချင်သည်ကို သူမ ကောင်းကောင်း သိသည်။ သို့သော်လည်း သူမကလည်း သူ့သဘောအတိုင်း ပြောပေးသည်။ သို့သော်လည်း အားလုံး၏ မျက်လုံးထဲတွင် ရှားရှင်းယွန် သည်လည်း ရီဖူရှင်းကဲ့သို့ မာနကြီးလွန်း၏။

“ကျုပ် မလုပ်ရဲပါဘူး” ရီဖူရှင်းက ကျယ်လောင်စွာ ပြောသည်။

“ရှင် မလုပ်ရဲတာ ရှိသေးလို့လား” ရှားရှင်းယွန်က ငေါ့တော့တော့ ပြောသည်။

“ဒီလိုဆိုရင်လည်း ကျုပ်က မင်းသမီးကို ကျေးဇူးတင်ပါတယ်” ရီဖူရှင်းက ပြောသည်။ ရှီဟွာတောင် ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့က ရီဖူရှင်းအား အေးစက်စွာ ကြည့်ကြသည်။

ရီဖူရှင်းကား မင်းသမီးအပေါ်တွင် အလွန် မလေးစားသော အမူအရာများအား ပြုမူသည်။ သို့သော်လည်း အလွန် မာနကြီးဟန်ရသော မင်းသမီးကလည်း သူ၏ကစားပွဲကို ဝင်ပါခဲ့သည်။ ရီဖူရှင်း၏ရဲရင့်မှု၊ ဉာဏ်နီဉာဏ်နက်များမှု တို့က မင်းသမီးအား ကောင်းမွန်သော အမြင်များ ရှိစေခဲ့သည်မှာ ထင်ရှားသည်။

ရီဖူရှင်းက တခြားသော စီနီယာများ ဖြစ်ကြသော ရှန့်ထိုရှား၊ ရှန့်ထိုလီနှင့် တခြားသော စီနီယာများအား နှုတ်ဆက်သည်။ ရှန့်ထိုရှား သူ့အား ဒေါသတကြီး ကြည့်သည်။ သည်ခွေးကောင်ကား အမှန်ပင် စည်းမရှိပေ။ သူက အမှန်ပင် မင်းသမီးအား ဆော့ကစားရဲသည်။

ဘေးနားတွင် ရပ်နေသော မှန်နန်းတော် သခင်မက ရီဖူရှင်းအား ပြုံးလျက် ကြည့်ကာ စိတ်ဖြင့် ပြောသည်... “မင်းက တကယ်ပဲ အတင့်ရဲတာပဲ။ ဒါပေမဲ့ မင်းသာ တကယ်လို့ နန်းတော်ရာထဲကို ဝင်မယ်ဆို မင်းနဲ့ သူမချည်း သက်သက်တော့ မဟုတ်ဘူး။ အတော်များများက မင်းအတွက် ရောက်လာ ကြတာပဲ။ အထဲကို ဝင်တာက မင်း ထင်သလောက် လွယ်မှာ မဟုတ်ဘူး”

ရီဖူရှင်းက မှန်နန်းတော် သခင်မအား ကြည့်ကာ ပြုံးလျက် ခေါင်းညိတ်သည်။ သူကလည်း စိတ်ဖြင့် ပြန်ပြောသည်... “ကျေးဇူးတင်ပါတယ်... အစ်မတော်သခင်မ... ကျုပ် သတိထားပါ့မယ်။ မင်းသမီးလည်း ရှိနေမှတော့ သူတို့က စည်းမျဉ်းကိုတော့ မချိုးဖောက်ရဲလောက်ဘူး”

“မင်း ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ...” မှန်နန်းတော် သခင်မက အငိုက်မိသွားကာ ရီဖူရှင်း၏ စကားကြောင့် အံ့အားသင့်ရသည်။ သူမက ရီဖူရှင်းအား မေးခွန်းထုတ်သော အကြည့်ဖြင့် ကြည့်သည်။ သည်ကောင်လေးကား သူမနှင့် အနည်းငယ် ရင်းနှီးလာသည်နှင့် ပိုမို၍ အတင့်ရဲလာသည်။

“ခင်ဗျားက နတ်သမီးလိုပဲ သခင်မ ... အမြဲတမ်း ကောင်းမွန်တဲ့ စကားတွေနဲ့ လူတွေကို စိတ်သက်သာရာ ရစေတယ်။ အကြီးအကဲတို့ စီနီယာတို့လို ပြောဆို ဆက်ဆံနေရတာ ကျွန်တော့်အတွက် ထူးဆန်းနေသလို ခံစားရပြီးတော့ အစ်မတော်လို့ ခေါ်တာ ပိုကောင်းမလားလို့။ ဒါက အဆင်မပြေဘူး ဆိုရင် နောက်ပိုင်း ကျုပ်က အကြီးအကဲ ဒါမှမဟုတ် စီနီယာလို့ပဲ ခေါ်ပါ့မယ်” ရီဖူရှင်းက စိတ်ဖြင့် ပြောသည်။

မှန်နန်းတော် သခင်မက ရီဖူရှင်းအား ပြုံးလျက် ပြောသည်။ သည်အကောင်ကား ကျင့်ကြံခြင်း၌ပင် ပါရမီမြင့်သည် မဟုတ်ဘဲ စကားပြောဆိုခြင်း တွင်လည်း အလွန် ကောင်းပေသည်။

ရီဖူရှင်း၏ ရှင်းလင်းချက်က သူမအား စိတ်တိုစေခြင်း စိုးစဉ်းမျှ မရှိစေတော့ဘဲ အစ်မတော်ဟု ခေါ်ဆိုခြင်းက အမှန်ပင် နားထောင်၍ ကောင်းသယောင်ယောင်။

မှန်နန်းတော် သခင်မက ရီဖူရှင်းအား ဒေါသတကြီး ကြည့်သော်လည်း သူ့အား ဘာမှ မပြောတော့။ ရီဖူရှင်းကလည်း ထိုအရာက ဘာကို ဆိုလိုသည်ကို နားလည်သည်။ ဤနည်းဖြင့် သူတို့၏ ဆက်ဆံရေးမှာ ပိုမိုအားကောင်း လာပေသည်။ စီနီယာသခင်မဟု ခေါ်ခြင်းကား သူစိမ်းများကဲ့သို့ ခံစားရစေသည်။

မှန်နန်းတော် သခင်မ ပြုံးသွားသည်ကို မြင်လျှင် ကျောက်ပြည်ထောင် ဘုရင်က သူမ၏အကြည့်ကို ခြေရာခံ၍ ရီဖူရှင်းကို တွေ့သည်။ သူတို့နှစ်ယောက် အချင်းချင်း စိတ်ဖြင့် ပြောနေကြသည်မှာ ထင်ရှား၏။

ကျောက်ပြည်ထောင် ဘုရင်၏ မျက်လုံးများ အလွန် အေးစက် သွား၏။ ထိန်းသိမ်းခြင်း မရှိသော သတ်ဖြတ်ခြင်း အငွေ့အသက်များ ရီဖူရှင်းထံသို့ တိုးဝင် သွားသည်။ သူနှင့် ရီဖူရှင်း အကြားမှ ရန်ငြိုးကား အမှန် ကြီးမား လာပေသည်။

ပုံမှန်အားဖြင့် ရီဖူရှင်းကလည်း ကျောက်မဟာ ပြည်ထောင် ဘုရင်၏ အကြည့်ကို ခံစားမိပြီး ပြန်ကြည့်သည်။ ကျောက်ပြည်ထောင် ဘုရင်က သူ့အား သတ်လိုခဲ့သည်မှာ ယခုမှ မဟုတ်ပေ။

ဟွာဂျီယူက ပြုံးလိုက်ကာ သူမ၏ ယောက်ျား၏ ခြေထောက်ကို အသာအယာ တက်နင်း လိုက်ကာ သူ၏ဇနီးမှာ ဘေးတွင် ရှိကြောင်း သတိပေးရ၏။

စားသောက်ဆိုင်သို့ လူတစ်ယောက် ဆင်းသက်လာပြီး ရှားရှင်းယွန်ဘေးသို့ ရောက်လာသည်... “မင်းသမီးလေး ... ရောင်ခြည်တွေက လှည့်ပတ် နေကြပြီးတော့ သံကြိုးတစ်ခုက မြစ်ကို ဖြတ်သန်းဖို့ ကြိုးစားသလိုမျိုး ... တစ်နေရာလုံးကို ပိတ်ဆို့ ထိန်းချုပ်ထားတယ်။ ဒါက အစီအရင် တစ်ခုလိုမျိုး အလုပ်လုပ်ပြီးတော့ ကျုပ်တို့က ရောင်ခြည်တွေ ပျက်ပြယ်သွားတဲ့ အချိန်အထိ စောင့်နေလို့ မရလောက်ဘူး။ ဒါပေမဲ့ ရောင်ခြည်တွေက အခေါင်းပေါက် ပုံစံမျိုးပဲ ... အတွင်းက အငွေ့အသက်တွေက ဒီလောက် မပြင်းဘူး...။ တာလီကလူတွေ တော်ဝင် နန်းတော်ရာသို့ ဝင်ဖို့ ကြိုးစားနေကြပြီ”

ရှားရှင်းယွန်က ထပ်ရပ်ကာ အဝေးမှ နန်းတော်ရာအား ကြည့်သည်။ သူမတွင် သွယ်လျသော ခန္ဓာနှင့် နှင်းကဲ့သို့ ဖြူဆွတ်သော အသားအရေ ရှိသည်။ သူမ၏မျက်နှာက ပြေပြစ်လွန်း သော်လည်း အေးစက်၏။ သူမက လျှပ်တစ်ပြက်အားဖြင့် စားသောက်ဆိုင်မှ ထွက်သွားကာ ရှေးနန်းတော်ရာသို့ ဦးတည်သွားသည်။

တာလီပြည်ထောင်မှ လီယောင်ပင် ရှေးနန်းတော်ရာသို့ ဝင်ရောက်တော့မည် ဆိုပါက သူမကလည်း နောက်တွင် ကျန်ရစ်၍ မဖြစ်ပေ။ သူတို့က အင်ပါယာရှားဘုံမှ ဖြစ်ကာ လီယောင်ကား အခွင့်အရေး အနည်းငယ်သာ ရှိသည်ကို သိရက်ဖြင့်ပင် ရောက်လာခဲ့သည်။ ဆိုလိုသည်က သူကား ထိုနေရာသို့ မည်သူမှ မရောက်ခင် ဝင်လိုသည်။ ထိုအရာက လီယောင်ပင် လုပ်ရဲသည့် ကိစ္စဆိုပါက သူမလည်း မလုပ်ရဲစရာ မရှိပေ။

ရှားရှင်းယွန် ထွက်သွားလျှင် တစ်ယောက်ပြီး တစ်ယောက် လေထဲသို့ တက်သွားပြီး ရှေးနန်းတော်ရာသို့ ဦးတည် လိုက်ကြသည်။ သူတို့အားလုံး လေးနက်သော အမူအရာများ ဖြစ်နေကြကာ မကြာမီ ဘာဖြစ်တော့မည်ကို သူတို့အားလုံး သိကြသည့်ဟန် ဖြစ်သည်။

ရှေးနန်းတော်ရာကား ရန်ဟောင် အပျက်အစီး နယ်မြေဖြစ်ကာ ဆိုလိုသည်က မရေမတွက်နိုင်သော ဖြစ်နိုင်ဖွယ်ရာများ ရှိသည်။ သူတို့ ဘာရင်ဆိုင်ရမည် ကိုလည်း မသိကြပေ။ သည်ရောင်ခြည်များက သာမန် တော်ဝင်ရတနာ တစ်ခုကိုပင် ဖုန်မှုန့်အသွင်သို့ ပြောင်းလဲ စေနိုင်ကြောင်း သိကြသည်။

မကြာမီ နန်းတော်ရာရှေ့သို့ လူအများအပြား ရောက်လာ ကြသည်။ သူတို့အားလုံးက လေထဲတွင် ရစ်သိုင်းနေသော ရောင်ခြည် အမျှင်တန်းများအား မြင်ကြရသည်။ ရောင်ခြည်များမှာ လေထဲတွင် လှည့်ပတ် လင်းလက်နေကြကာ နန်းတော်ရာအား ဖုံးအုပ်ထား၏။

တာလီပြည်ထောင်မှ တန်ခိုးရှင်များကား နန်းတော်ရာ အတွင်းသို့ ဝင်ရောက် သွားကြပြီ ဖြစ်သည်။ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသည်ကား သူတို့က အတွင်းပိုင်းသို့ ဝင်ရောက် သွားသည်နှင့် နန်းတော်ရာ အတွင်း၌ ချပ်ဝတ် စစ်သည်များမှာ အသက်ဝင် လာခြင်းပင်။ နန်းတော်ရာ အတွင်းသို့ ဝင်ရန်မှာ ထင်သလောက် လွယ်ကူမည် မဟုတ်ပေ။

“တကယ် ထူးဆန်းတဲ့ မြင်ကွင်းပဲ။ ဒီ နန်းတော်ရာ စစ်တပ်က တကယ်ပဲ အသက်ဝင် လာတော့မှာလား...” ထိုမြင်ကွင်းကို ကြည့်ကာ ရီဖူရှင်းက ရေရွတ်သည်။ ဟောင်စီနှင့် ဟောင်ကျူဂီတို့၏ မျက်လုံးများတွင် လေးနက်သော အမူအရာများအား မြင်ကြရသည်။ သည်အရာများ အားလုံးမှာ သူတို့ ဘိုးဘေးများ ချန်ထားခဲ့ခြင်း ဖြစ်သည်။

“ရုပ်သေး အစောင့်အရှောက်...” မှန်နန်းတော် သခင်မက ရေရွတ်သည်။ ဤအရာကား အမှန်ပင် ထူးဆန်းသော ကိစ္စဖြစ်သည်။

ရီဖူရှင်းက နောက်လှည့်ကာ မှန်နန်းတော် သခင်မအား ကြည့်သည်။ သူမနောက်တွင် လူအချို့ ပါပေသည်။ သူက နတ်မိမယ်ချိန်နီအား သိသည်။ သို့သော်လည်း နတ်မိမယ်ချိန်နီကဲ့သို့ ပြစ်မျိုးမှဲ့မထင် ရုပ်ရည်မျိုးဖြင့် ထူးထူးခြားခြား လှသူ နောက်တစ်ယောက်အား သူ တွေ့သည်။ သူမ၏ မျက်တောင်များမှာ လခြမ်းကွေးသဲ့သို့ သဏ္ဌာန်ရှိပြီး အေးစက်သော အငွေ့အသက်များ ယှက်သန်း နေသည်။

“နန်းတော်သခင်က ဘာကို ကြည့်နေတာ များလဲ” မှန်နန်းတော် သခင်မက ပြုံးလျက် ပြောသည်... “အစ်မတော်သခင်မ... မှန်နန်းတော်မှာ အကုန်လုံးက နတ်သမီးတွေ များလား...”

အားလုံးမှာ ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသည်။ ရီဖူရှင်းက မှန်နန်းတော် သခင်မအား မည်သို့ ခေါ်ဆို လိုက်သနည်း။

ဟွာဂျီယူပင် ရီဖူရှင်းအား ထူးဆန်းစွာ ကြည့်ရသည်။ သူကား ရှန့်ထိုတစ်ပါးကို ထိုသို့ ခေါ်ရဲကာ ဘာကိုမှ အကြောက်အလန့် ရှိဟန်မရပေ။

“နန်းတော်သခင်ရီ ... ကျွန်မနာမည် ယွီချန်းပါ...” မှန်နန်းတော် သခင်မဘေးမှ မိန်းမက ရီဖူရှင်းအား ပြောသည်။

“ယွီချန်း...” ရီဖူရှင်းက ထိုနာမည်ကို ကြားသည်နှင့် ပြည်နယ်ကိုးခု ရှီအဆင့်မှ နာမည်တစ်ခုအား သွားသတိရသည်။ သူမကား မှန်နန်းတော်သခင်မ၏ အကြီးဆုံး တပည့်လည်း ဖြစ်သည်။

“တွေ့ရတာ ဝမ်းသာပါတယ် ... နတ်မိမယ် ယွီချန်း...” ရီဖူရှင်းက သူမအား သေသေချာချာ တစ်ချက်ကြည့်ကာ သူ၏အာရုံအား နန်းတော်ရာသို့ ပို့လိုက်သည်။

“အထဲကို သွားရအောင်...” ရှားရှင်းယွန်က အတွင်းသို့ ဝင်ရောက်သွားကာ ပြောလိုက်သည်။ လီယိုနှင့် သူ့လူများမှာ အတွင်းသို့ ရောက်သွားကြပြီ ဖြစ်သည်။ သူမတို့က အပြင်မှ စောင့်နေစရာ အကြောင်းမရှိတော့ပေ။

ရှားရှင်းယွန်က နန်းတော်ရာထဲသို့ ဦးတည် လိုက်သည်တွင် အားလုံးကလည်း နောက်မှ လိုက်ကြသည်။ သူတို့က ထိုနေရာအတွင်းသို့ ဝင်လိုက်သည်နှင့် အန္တရာယ်ရှိသော အငွေ့အသက်များအား ခံစားရသည်။ သူတို့အပေါ်မှ လေထုမှာ လုံးဝ ပိတ်ဆို့ထားဟန် ရကာ အပေါ်မှ မည်သူမှ ဆင်းသက်လာနိုင်ဟန်မတူ။

ရှေးနန်းမြို့နှင့် ဆင်ဆင်တူသော ရှေးနန်းတော်ရာကား အရှေ့တွင် မုခ်တံခါးဝတစ်ခု ရှိပေသည်။ ထိုနေရာတွင် ရုပ်သေး စစ်သည်များ စီတန်းရပ်ကာ နန်းတော်ကို စောင့်ကြပ် နေကြသည်။ ရုပ်သေးစစ်သည် တစ်ခုစီက ကွဲပြားခြားနားသော တန်ခိုးအဆင့်များ ထုတ်လွှတ် ထားကြကာ အားလုံးမှာ စွမ်းအား မြင့်ကြသည်။

“သွားရအောင်...” ရှားရှင်းယွန်က ဦးဆောင်ကာ မည်သို့မှ ကြိုတင် ထောက်လှမ်းရန် စိတ်မကူးဘဲ အကြောက်အလန့် ကင်းစွာ ဝင်သွားသည်။ ရုပ်သေးများက သူမအား ဝိုင်းဝန်း တိုက်ခိုက် ကြတော့သည်။

သူတို့၏ ကိုယ်ရောင် ကိုယ်ဝါမှ ထိုမျှ အားကောင်းဟန် မရှိဟု သူမ ခံစားရသည်။ သူမက လက်ညှိုးတစ်ချောင်းဖြင့် လှမ်းထိုး လိုက်သည်။ ကွဲထွက်လာသော စွမ်းအားများက ကောင်းကင်နှင့် မြေပြင်ကို စီးဆင်းလာသော မြစ်ရေပြင်အလား ဖြစ်တည်လာကာ ရုပ်သေးများအား တိုက်စား သွားသည်။

တဝုန်းဝုန်း အသံများအား ကြားရကာ ရုပ်သေးများ အဆက်မပြတ် ပေါက်ကွဲကြပြီး ရှားရှင်းယွန်၏ တိုက်ခိုက်မှု တစ်ခုမှာ မည်မျှ ပြင်းထန်သည်ကို သက်သေ ထူနေသည်။ ရှားရှင်းယွန် နောက်တွင်ကား သူမ ဘာမှ မဖြစ်ရန် စောင့်ကြပ်နေသော သက်တော်စောင့် များစွာ ရှိပေသည်။

မင်းသမီးက အတွင်းသို့ ဝင်လျှင် အားလုံးကလည်း နောက်မှ လိုက်ကြသည်။ ရီဖူရှင်းလည်း နန်းတော်ရာသို့ မင်းသမီးအလား တိုက်ခိုက် ဝင်ရောက်သည်။ သူ့နောက်တွင်ကား ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့မှ လူတို့က ထက်ကြပ်မကွာ လိုက်ပါလာကြသည်။

***

All Chapters