← Chapters

သူက ချင်မိသားစုက

Vol. 77 Ch. 1142

သူက ချင်မိသားစုက

Vol. 77 Ch. 1142

ဘေးလူများ၏ တစ်ယောက်တစ်ပေါက် စကားပြောသံများက ချင်ရန်လင်၏ ဒေါသကို မီးစာလောင်းထည့်လိုက်သလို ဖြစ်သွားစေခဲ့ပြီး သူ့တစ်ကိုယ်လုံး အစိမ်းရောင်မီးများ လောင်ကျွမ်းလာနေသကဲ့သို့ ခံစားနေရစေသည်။

“ ညီကိုချင်… ဘာမို့လို ဒီလိုမျိုးတွေ ပြောနေဦးမှာလဲ…. ကြာပါတယ် အဲ့ကောင်ကိုပဲ ရိုက်ကြရအောင်…”

သူ၏ သူငယ်ချင်း တစ်ယောက်မှ ပြောလိုက်ခြင်းဖြစ်သည်။

လင်းရီ ခေါင်းကုတ်မိလိုက်၏။ “ မင်းတို့ကောင်တွေ စိတ်ထင်ရာ လျှောက်မလုပ်ကြနဲ့… ဘယ်သူ့အတွက်မှ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူးနော်…”

“ ငါလည်း နင့်ကို စိတ်အေးအေးထားဖို့ အကြံပေးလိုက်မယ်…” နင်ချဲ့ အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်ပြီး “ လင်းရီ ဒီလိုမျိုး ပြောပြီဆိုရင် အဲ့တာ သူ သေချာပေါက် ယုံကြည်ချက် တစ်ချို့ ရှိနေလို့ပဲ…”

လင်းရီ “ ??? “

အမိ .. မင်း မီးထဲ ဓာတ်ဆီတွေ လောင်းမထည့်ပါနဲ့လား… တောင်းဆိုပါတယ်….

“ သေစမ်း… ငါမင်းကို အလွှတ်မပေးနိုင်ဘူး..” ချင်ရန်လင်း အားမာန် အပြည့်ဖြင့် အော်ဟစ်လိုက်၏။ နင်ချဲ့၏ စကားလုံးက ပေါက်ကွဲတော့မည့် စနက်တံကို မီးသွားရှို့သကဲ့သို့ ရှိကာ ရူးသွပ်နေသည့် ခွေးရူးတစ်ကောင်ကဲ့သို့ လင်းရီထံ ဝုတ်ခနဲ… အဲလေ ဝေါင်းခနဲ ပြေးဝင်လာတော့သည်။

ချင်မိသားစုဝင် တစ်ယောက် ဖြစ်သည်နှင့်အညီ ချင်ရင်လင်၏ စကေးနှင့် ပါရမီအရည်အချင်းတို့ကို သွားလျှော့တွက်လိုက်၍ မဖြစ်။ အကယ်၍ မစ်ရှင်အတွင်း ဒဏ်ရာ ပြင်းပြင်းထန်ထန်သာ မရရှိခဲ့ဘူးဆိုပါက ယခုအချိန်လောက်ဆို ကျုံးဝေ့တပ်ဖွဲ့ထဲတွင် တောက်ပသည့် ကြယ်တစ်ပွင့်ဖြစ်နေပြီး အသင်းခေါင်းဆောင် ရာထူးအဆင့်သို့ ရှိနေလောက်ပြီးဖြစ်သည်။

ချင်ရန်လင် လှုပ်ရှားသည်နှင့် တစ်ပြိုင်နက် သူ့အနောက်ရှိ လူနှစ်ယောက်ကလည်း စတင်လှုပ်ရှားလာခဲ့ကြတော့သည်။ သူတို့ အကုန်လုံးက တစ်သင်းသားချင်းများ ဖြစ်ကြပြီး တူညီသည့် တစ်ချိန်တည်းတွင် အနားယူခဲ့ကြသည့် ရဲဘော်ရဲဘက်များ ဖြစ်ကြ၏။ သူတို့၏ မိသားစုများသည်လည်း အချင်းချင်း နီးကပ်ကြကာ နိုင်ငံရေးနှင့် စီးပွားရေးတွင် လက်တွဲပူးပေါင်းဆောင်ရွက်မှုများ ရှိကြလေသည်။ ထို့ကြောင့် သဘောဝအလျောက် သူတို့၏ ညီကို တစ်ယောက်တည်း တိုက်ခိုက်မည်ကို ခွင့်မပြုနိုင်ချေ။

“ နင်တို့တွေ….” ချိုးယွီလော့ ဝင်ရောက်တားမြစ်တော့မည့် အချိန်တွင်ပဲ နင်ချဲ့မှ သူမကို ဘေးသို့ ဆတ်ကနဲ ဆွဲခေါ်၍ နားထဲ တီးတိုးပြောဆိုလိုက်၏။ “ ငါ အကြံပေးတာကို နားထောင်လိုက်… နင်တို့နှစ်ယောက်က မြဲမှာ မဟုတ်ဘူး.. လမ်းခွဲလိုက်တာ နှစ်ဦးနှစ်ဖက် ကောင်းစေမယ့် အရာပဲ..”

သူမတို့နှစ်ယောက်က အခွင့်အရေးရတိုင်း တစ်ဖက်ကို နှိပ်ကွပ်လေ့ ရှိသော်လည်း တကယ်တမ်းတွင်တော့ တစ်ယောက်၏ ရင်ဘက်ထဲတွင် တစ်ယောက်က နက်နက်ရှိုင်းရှိုင်း နေရာယူထားကြသည်။

ထို့ကြောင့်ပဲ နင်ချဲ့ သူတို့တတွေ လမ်းခွဲကြဖို့ တိတ်တခိုး မျှော်လင့်နေရှာသည်။ ချိုးယွီလော့၏ အကျင့်စရိုက်ဖြင့် ဆိုပါက ယုံကြည်မှုလွန်ကဲပြီး မောက်မာတတ်သည့် ချင်ရန်လင်ထက် ပိုပြီး သဘောမနောလည်း အလွန်ကောင်း၊ သိမ်မွေ့ညင်သာသည့် ထောက်ချိန်လို လူစားမျိုးနှင့်သာ ရှိနေသင့်သည်။ မဟုတ်ပါက နေ့တိုင်း နောင်ဂျိမ် လက်ဝှေ့ပွဲ ကြည့်နေရသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ထိုစဉ် ချင်ရန်လင်နှင့် သူ့ အဖော်နှစ်ယောက်တို့ လင်းရီထံ ရောက်သွားခဲ့ကြ၏။

ချင်ရန်လင်က ဦးဆောင်ပြီး လင်းရီထံ ဘေးကန်ချက် တစ်ချက် ကျွေးသည်။

သို့သော် လင်းရီကဲ့သို့ လူတစ်ယောက်အတွက်တော့ ထိုကန်ချက်က ရယ်ရွှင်ဖွယ်ကောင်းလောက်အောင် အားနည်းမှုပေါင်း သိန်းတစ်သောင်းတို့ဖြင့် အပျော့စား ခြေကန်ချက်လေး ဖြစ်နေခဲ့၏။

သို့ပေမယ့် ချင်ရန်လင်၏ ဒုတိယအဆင့်သို့ ရှိနေသည့် ခွန်အားကိုတော့ တိတ်တဆိတ် အံ့အားသင့်မိသည်။ သို့ဖြစ်သည့်တိုင်အောင်….

ဘန်း….

ချင်ရန်လင်၏ ခြေကန်ချက် ဝင်ရောက်လာခဲ့ပြီး လင်းရီ တံတောင်ဖြင့် သာမန်လျှံကာ ကာကွယ်လိုက်ကာ ဘေးသို့ တွန်းထုတ်လိုက်၏။

ထိုအခိုက်အတန့်တွင် ချင်ရန်လင်၏ အဖော်နှစ်ယောက်သည်လည်း ရှေ့သို့ ချီတက်လို့လာသည်။

သို့ပေမယ့် သူတို့၏ စကေးများကတော့ ချင်ရန်လင်ထက်ပင် လျော့ရဲနေခဲ့ကာ ပထမ အဆင့်သို့ ရောက်သည် ဆိုရုံလောက်လေးသာ ရှိသည်။ လင်းရီနှင့် နှိုင်းယှဉ်ပါက သူတို့၏ စွမ်းဆောင်နိုင်စွမ်းများသည် သာမန်လူတစ်ဦးထက် မပိုချေ။

ဘုန်း…

လင်းရီ အခါကို အခွင့်ကောင်းယူ၍ သူတို့ထဲက တစ်ယောက်ကို ထိမိသည့် အခိုင်အမာ ခြေကန်ချက် တစ်ခုကျွေးလိုက်ကာ နောက်သို့ လွင့်စင်ထွက်သွားစေခဲ့သည်။ အပြင်ဘက်ရှိ လက်ရန်းများနှင့် သွားရောက် တိုက်မိပြီး အပိုင်းပိုင်း အစအစ ဖြစ်သွားခဲ့တော့၏။

ကျန်တစ်ယောက်သည်လည်း ထိခိုက်အနာတရ ဖြစ်မှုမှ လွတ်မြောက်မသွားခဲ့ချေ။

သူ၏ တိုက်ခိုက်မှုကို ရှောင်ရှားပြီးနောက် လင်းရီ ၎င်း၏ ညာလက်ကို ဆွဲလိုက်ပြီး နဂါးကဲ့သို့ စစ်မှန်သည့် ခွန်အားမျိုးဖြင့် နောက်သို့ ပခုံးနောက်သို့ လိမ်ဆွဲ နေရာရွေ့ထားပေးလိုက်သည်။

ခရက်…

နာကျင်မှုကြောင့် ကျယ်လောင်သည့် အော်ဟစ်သံကြီး ပေါ်လာခဲ့သော်လည်းပဲ ထိုသို့ အော်ဟစ်မှုက နာကျင်မှုကို‌ လျော့ကျမသွားစေနိုင်ခဲ့ချေ။ အဆုံးတွင် ကြမ်းပြင်သို့ လဲကျသွားပြီး အမြုပ်တစီစီနှင့် ဖြစ်သွားခဲ့တော့၏။

ဆယ်စက္ကန့်အတွင်းမှာပဲ သုံးယောက်ထဲတွင် ချင်ရန်လင် တစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။

“ ငိုးပဲ…”

သူ၏ ညီကို နှစ်ယောက် အမှောက်သိပ်ခံလိုက်ရသည်ကို မြင်လင့်ကစား ချင်ရန်လင် ကြောက်ရွံ့လို့မသွားခဲ့။ ၎င်းနှင့် ဆန့်ကျင်ဘက် ဒေါသမီးက တစထက်တစ ပြင်းထန်လာခဲ့ပြီး နားထင်သွေးကြောကြီးများပင် ထောင်ထနေလေသည်။

သို့ပေမယ့် လင်းရီ၏ ရှေ့မှောက်တွင်တော့ ဤအရာများအားလုံးက အချည်းနှီးချည်းသာဖြစ်သည်။

သူတို့ကြား ခွန်အားချင်း ဟွာဟမှုက သိပ်ကို ကြီးမားလွန်းနေသည်။ ဒေါသမီးက မိုးလောက်ထိ ကြီးနေပါစေ၊ ဆုံးဖြတ်ချက်က မည်မျှပင် ပြတ်သားခိုင်မာနေပါစေ။ ထိုမျှသပ်သပ်နှင့် အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။

ချင်ရန်လင် တည့်လက်သီး တစ်လုံး ပစ်သွင်းလာခဲ့၏။ သူ၏ ခွန်အားများအားလုံးကို ထိုလက်သီးထဲ စုပေါင်းထည့်သွင်းထားဟန်တူသည်။

လင်းရီ ရှောင်လွှဲခြင်းလည်း မပြုသလို ကာကွယ်ချင်းလည်း မပြုဘဲ လက်သီးချင်း ရင်ဆိုင်လိုက်၏။

ဘန်း…

လက်သီးချင်း လေထဲတွင် ဆုံစည်းသွားခဲ့၏။ ယခုက ရိုမန်တစ် ဆန်နေကြသည်လည်း မဟုတ်သလို ချင်ရန်လင် တစ်စက္ကန့်မျှသာ ခံနိုင်လိုက်ပြီး ချက်ချင်း ကြမ်းပြင်သို့ ပျော့ခွေ ညွှတ်ကျသွားခဲ့တော့သည်။ သူ၏ လက်သီးကိုတော့ နာကျင် ယုယစွာ ကိုင်ထားနေခဲ့တော့၏။

ဘေးမှ ရပ်ကြည့်နေသည့် ချိုးယွီလော့နှင့် နင်ချဲ့တို့ကတော့ တိတ်တဆိတ် ရှော့ခ်ရနေမိကြတော့၏။

သူမတို့ အကုန်လုံး ချင်ရန်လင်၏ အရည်အချင်းကို ကောင်းစွာနားလည်ထားကြသူများဖြစ်ပြီး တစ်ဖက်သူကလည်း ကျုံးဝေ့တပ်ဖွဲ့ထဲတွင် ရှိစဉ်အခါက ‘ စိန်လက်သီး ‘ဟူ၍ နာမည်တစ်လုံးနှင့် ကျော်စောနေခဲ့သူ တစ်ယောက် ဖြစ်လေသည်။ သို့တိုင်အောင် လင်းရီနှင့် လင်းသီးချင်း ယှဉ်ထိုးပြီး ရှုမကောင်းလောက်အောင် ညွှတ်ကျသွားခဲ့ရသည်လော။

ဤသည်က သူ၏ မာနအဖို့ သေကျေနိုင်လောက်သည့် ထိုးနှက်ချက်ကြီးပင်။ တစ်ကွက်တည်းနှင့် ချင်ရန်လင်၏ မောက်မာမှုများအားလုံးကို လင်းရီက ကြေမွသွားစေခဲ့သည်။

လင်းရိ သူ့အင်္ကျီပေါ် တင်ကျန်နေသည့် ဖုန်မှုန့်များကို ခါချလိုက်ရင်း “ မင်း အရည်အချင်းလောက်လေးနဲ့များ....ဟမ့် တက်မလာနဲ့… သွားပြန်ပြီး ဆယ်နှစ် လေ့ကျင့်လိုက်ဦး…”

ပြောပြီးနောက် လင်းရီ ချင်ရန်လင်ကို အထင်သေးသည့် အကြည့်တစ်ချက်ပေးရင်း ဟိတ်ဟန်အပြည့်ဖြင့် ကျော်သွားလိုက်တော့၏။ အကြည့်ထဲရှိ စော်ကားလှောင်ပြောင်မှုတို့ကလည်း ထင်းလင်းလို့ မြင်သာစွာ။

လင်းရီ ထွက်ခွာသွားခဲ့ပြီးနောက် ထောက်ချိန် ခေါင်းကို ခါရမ်းလိုက်ပြီး နောက်မှ လိုက်ထွက်သွားလိုက်သည်။ သူသည်က ဘာကောင်မျှ မဟုတ်သောကြောင့် ထွက်သွားသည်ကပဲ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လေသည်။

ယခု ပရမ်းပတာ ဖြစ်နေသည့် သီးသန့်ခန်းထဲတွင် ချိုးယွီလော့နှင့် နင်ချဲ့တို့သာ ကျန်ရစ်ခဲ့တော့သည်။

“ ပြီးပြီ…. ဘာမှ အဖတ်ဆယ်နေစရာ အကြောင်းမရှိဘူး… သွားကြစို့…” နင်ချဲ့ ပြောလိုက်၏။

ချိုးယွီလော့ ဟင်းခနဲ မြည်အောင် သက်ပြင်းချလိုက်သည်။ သူမနှင့် ချင်ရန်လင်၏ ဆက်ဆံရေးကို ယနေ့မတိုင်ခင်ကတည်းကရင် အချိန်တော်တော်ကြာ စဉ်းစားခဲ့ပြီး ဖြစ်လေသည်။ သူမတို့ နှစ်ယောက်လုံးက အနိုင်ရလိုစိတ် ပြင်းထန်ကြပြီး မည်သူ့ဘက်ကမျှလည်း အလျော့ပေးလိုစိတ် မရှိကြချေ။ သုံးရက်တိုင်းတွင် အသေးစားရန်ဖြစ်မှု ရှိပြီး ငါးရက်တိုင်းတွင် အကြီးစား ရန်ပွဲတစ်ခု ဆိုသည်က ဘေးလူပင် ပြောနိုင်သည့်အဆင်သို့ ရောက်ရှိနေချေပြီ။ တင်းလွန်းလျှင်ကလည်း ကြိုးသည် ပြတ်တတ်၏။ အချိန်ကြာလာသည်နှင့်အမျှ သူမတို့ကြား သံယောဇဉ်သည်လည်း တစထက် တစ ပါးလျလာခဲ့တော့သည်။

အဆိုပါ သက်ပြင်းချသံက သူမအတွက် အတိတ်၏အရာများကို နှုတ်ဆက်လိုက်ခြင်းနှင့် ဆင်တူသည်။

ပြီးသွားပြီပဲ… ရှိစေတော့ပေါ့။

စက္ကန့်အနည်းငယ်ကြာအောင် အတွေးများအား စုစည်းပြီးနောက် ချိုးယွီလော့နှင့် နင်ချဲ့တို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။

သို့သော်လည်းပဲ ချိုးယွီလော့ နောက်ဆုံးစကား တစ်ခွန်းမျှပြောခြင်း မရှိဘဲ ထွက်ခွာသွားခဲ့ခြင်း မဟုတ်။

သူမ ခါးကိုင်း၍ ချင်ရန်လင်ကို ထရန် ကူညီပေးလိုက်ပြီး တည်ငြိမ်သည့် လေသံဖြင့် “ လင်းရီနဲ့ ငါနဲ့က ရဲဘော်ရဲဘက်တွေ သပ်သပ်ပဲ… စောနက ပြောလိုက်တယ်ဆိုတာ ငါနင့်ကို စိတ်တိုစေချင်ရုံ သပ်သပ်ပဲ… ငါက အဲ့လို လူစားမျိုး မဟုတ်ဘူး..။”

“ ငါသိတယ်…...”

ချင်ရန်လင် စကားဆက်ပြောတော့မည့် အချိန်မှာပဲ ချိုးယွီလော့မှ စကားစကို ဖြတ်တောက်ပစ်လိုက်၏။

“ ဒါပေမယ့် ငါ့စိတ်ထင်… ဒီနေ့ ဒီလိုမျိုး မဖြစ်ခဲ့ဘူးဆိုရင်တောင် ငါတို့ နှစ်ယောက် ဆက်ပြီး အတူရှိနေနိုင်မယ်မထင်ဘူး… ငါတို့က ဒီတိုင်း…. မလိုက်ဖက်ခဲ့ရုံပါပဲ… နင် … နင်နဲ့ ပိုပြီး သင့်လျော်မယ့် သူကို ရှာသင့်တယ်…. ငါပြောချင်တာ ဒါအကုန်ပဲ… နင် ငါ့ထက် ပိုသာတဲ့လူကို ရှာနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်..”

“ သူ့ကြောင့်မို့လား…. မင်း ဒီလိုတွေ ပြောနေတာ သူ့ကြောင့်မို့မလား…” ချင်ရန်လင်၏ မျက်လုံးထဲတွင် ဒေါသရိပ်များက တဖန် ကြီးစိုးလာပြန်သည်။

“ ငါ နင့်ကို ပြောခဲ့ပြီးပြီ… ဒါ လင်းရီနဲ့ ဘာမှ မသပ်ဆိုင်ဘူး… ငါတို့က ဒီတိုင်း မိတ်ဆွေတွေပဲ… မဆိုင်တာတွေကို ဆွဲမထည့်နဲ့…”

သူမပြောဖို့ လိုအပ်သည်များကို ပြောပြီးနောက် ချိုးယွီလော့ သီးသန့်ခန်းထဲမှ ထွက်ခွာသွားခဲ့ပြီး စားသောက်ဆိုင်ထဲမှ နင်ချဲ့နှင့်အတူ ဘေးချင်းယှဉ်လျက် ထွက်လာခဲ့လေသည်။

ချင်ရန်လင်ကတော့ နေရာတွင်သာ ရပ်တန့်နေပြီး တွေဝေငေးမောနေမိတော့သည်။ သူနှင့် ချိုးယွီလော့၏ ဆက်ဆံရေးက ယခုလို အနေအထားသို့ ရောက်ရှိလာလိမ့်မည်လို့ သူ ထင်မှတ်မထားခဲ့ချေ။ တစ်ကြိမ် တစ်ခါမျှလည်း မစဉ်းစားခဲ့ဖူးချေ။

“ သေစမ်းကွာ…”

သူ့ ဒေါသကို ဆက်လက်မထိန်းချုပ်နိုင်တော့ပဲ ထိုင်ခုံများကို ရိုက်ပေါက် ဖျက်ဆီးပစ်နေတော့၏။ စိတ်ထဲတွင်လည်း လင်းရီသာ ပေါ်မလာခဲ့ဘူးဆိုပါက သူနှင့် ချိုးယွီလော့သည်လည်း လမ်းခွဲဖြစ်မှာ မဟုတ်ဟု တထစ်ချ ယုံကြည်နေခဲ့မိ၏။

……..

ထိုစဉ် ချိုးယွီလော့နှင့် နင်ချဲ့တို့ လင်းရီနှင့် ထောက်ချိန်ကို စားသောက်ဆိုင် အပြင်ဘက်တွင် သွားတွေ့ဆုံသည်။

“ လခွမ်းလိုမှပဲ… မင်းတို့နဲ့ ထမင်းစားတာ မဆီမဆိုင် စုံတွဲ ကိစ္စထဲ ဝင်ပါမိမယ်မှန်း သိရင် စကတည်းက မလာပါဘူး…” လင်းရီ ပြောလိုက်သည်။

“ ကောင်းမှုပြုတယ်လို့ပဲ သဘောထားလိုက်ပေါ့… ပြီးတော့ ငါတို့ရဲ့ ကျော်ကြားလှပါဘိဆိုတဲ့ အသင်းခေါင်းဆောင်ချိုးက အမြဲတမ်း နင်နဲ့အတူ အခန်းငှားချင်နေတာ… နင့်ကိုယ်နင် ကံကောင်းတယ်မှတ်နော်… လူတစ်ချို့ဆို ဒီအခွင့်အရေး ရဖို့ သတ်ဆို သတ်နိုင်တယ်…” နင်ချဲ့ အရွှန်းဖောက်လိုက်သည်။

“ တော်စမ်း… ငါ့ရဲ့ ဂုဏ်သိက္ခာကို လာပြီး ဖျက်ဆီးမနေနဲ့….” ချိုးယွီလော့ ဆန့်ကျင် ဆန္ဒပြလိုက်၏။

“ တကယ်တမ်းကျ… ချင်ရန်လင်လည်း မဆိုးပါဘူး… သူက ဒီတိုင်း ကမူးကရူး နိုင်တာလေး တစ်ခုတည်းပါပဲ…” ထောက်ချိန် ဝင်ရောက် ပြောဆိုလိုက်သည်။

“ ချင်မိသားစု မျိုးဆက်ပါဆိုဟယ်... ဒီလောက်တော့ ရှိမှာပေါ့… သူတို့ အကုန်လုံးက ရယ်စရာကောင်းလောက်အောင်ကို မောက်မာကြတယ်လေ… အမြဲတမ်း အတိတ်က ရွှေထီးဆောင်းနိုင်ခဲ့တဲ့ အချိန်ကာလကို စမြုံ့ပြန်ပြီး ဂုဏ်ယူနေကြတာ ရယ်ချင်စရာကြီး…. ဒီနေ့ သင်ခန်းစာ အပေးခံလိုက်ရတာလည်း သူ့အတွက် တစ်မျိုး ကောင်းပါတယ်လေ…” နင်ချဲ့ ပြောဆိုလိုက်၏။

“ နေစမ်းပါဦး… မင်းပြောတာ သူက ချင်မိသားစုနော်… ” လင်းရီ မေးမြန်းလိုက်သည်။

All Chapters