ဗွီဒီယိုချက်
Vol. 77 Ch. 1143
“ အိုး… ဘာဖြစ်လို့လဲ… နင် အရေးကြီးတာ တစ်ခုခုကို သတိပြုမိလိုက်လို့လား..” နင်ချဲ့ သိချင်စိတ် ပြင်းပြစွာဖြင့် မေးလာခဲ့တော့သည်။
“ သူ့ရဲ့ ex က ချင်ရန်လင်ဆိုတာ နင် မသိဘူးပေါ့… ပြီးတော့ သူက ချင်မိသားစုဝင်လေ…”
“ ငါက သူ့(မ)ကို ကြိတ်ကြွေနေတာမှ မဟုတ်ပဲနဲ့ အဲ့တာတွေ ဘာလုပ်ဖို့ လိုက်စုံစမ်းနေမှာ… “
“ သူ နင်နဲ့ အလကား အိပ်ပေးနိုင်တယ်လို့ ပြောခဲ့တာတောင် နင်က စဉ်းစားမပေးတော့ဘူးပေါ့… နင့်ဟာကလည်းလေ… ဂျေးကိုများလွန်းပါတယ်…”
“ ဇီးသီးလေးတွေ မကြိုက်တတ်လို့ ငြင်းပါရစေ…”
ချိုးယွီလော့ မျက်လုံးလှန်လိုက်သည်။ သူမ ဒင်းတို့နှစ်ယောက်၏ အဓိပ္ပာယ် မရှိသည့် စကားဝိုင်းကို ဆက်လက်အာရုံစိုက်ရန် စိတ်မပါတော့ချေ။
“ သူ့ ex ကောင်လေးက ချင်ရန်လင်တဲ့… သူက ရန်ကျင်း ချင်မိသားစုက…” နင်ချဲ့ ပြောလိုက်ပြီး “ အဲ့မိသားစုက တော်တော်လေးတော့ အထင်ကြီးစရာ ကောင်းခဲ့ပါတယ်… ဒါပေမယ့် ခုတော့ အကျဘက်ကို ရောက်နေပြီလေ… ဒါတောင် သူတို့ မိသားစုဝင်တွေက မာန တထစ်လေးတောင် မလျော့ကြဘူး… ငါလည်း သူတို့ကို သိပ်သဘောမတွေ့ဘူး..”
“ ငါ နားလည်ပြီ…”
“ နင့်ကြည့်ရတာ တော်တော်လေး စိတ်ဝင်စားနေတဲ့ ပုံပဲနော်… ဘာလဲ… နင် တစ်ခုခု လုပ်မလို့ ကြံစည်နေတာလား…”
“ တော်စမ်း… ငါက အဲ့လောက်တောင် ရမ်းကားတဲ့ကောင်လား…”
“ ဟားဟား…. ငါလည်း နင့်လို ဘွင်းဘွင်း သမားတွေကို ကြိုက်တယ်… ငါ့ရဲ့ D cup ကြီးကလည်း နင့်အကြိုက်ပဲလေ…”
“ အမှန်ပဲ…”
“ သွားစို့… ငါတို့ ရေချိုးစင်တာ သွားကြမယ်…” နင်ချဲ့ ပြောလိုက်၏။
“ ငါ ဒီနေ့ သိပ်ပျော်နေတယ်… ဒီနေ့ နင့်ကို လှိုင်းတွေ ဘာကြောင့်ထပြီး တောင်တွေ ဘာကြောင့်ထပ်တယ်ဆိုတာ ပြပေးမယ်..”
နင်ချဲ့တွင် ထိုသို့ ဝါသနာမျိုး ရှိလိမ့်မည်လို့ ထင်မှတ်မထားချေ။ နှစ်ယောက်မှာ ချက်ချင်းလက်ငင်းပဲ ငယ်ပေါင်းကြီးဖော်များကဲ့သို့ ဖြစ်သွားကြကာ အခြား အစီအစဉ်များ အားလုံးကို ဖျက်သိမ်းလိုက်ကြပြီး ထိုအစား ရေချိုးစင်တာသို့ ဦးတည်လိုက်ကြလေသည်။
သူတို့ သွားလည်သည့် နေရာက သဘာဝအလျောက် ရန်ကျင်းရှိ ဈေးအကြီးဆုံးနှင့် ဇိမ်အကျဆုံးဖြစ်သည့် ‘ ရွှေကော်ထန်ချွမ် ‘ ပင်ဖြစ်သည်။
သို့သော်လည်းပဲ ဤတစ်ကြိမ်တွင် လျန်ရူရွှယ် မပါလာခဲ့သောကြောင့် ဧရိယာတစ်ခုလုံး ရှင်းလင်းခိုင်းထားဖို့ရန်တော့ မဖြစ်နိုင်ချေ။
သို့ပေမယ့်လည်း လင်းရီမှ ထိပ်တန်း မန်ဘာကတ် ထုတ်လာသည်ကို မြင်လိုက်ရတော့ လင်းရီသည်လည်း ခေသူ တစ်ဦးမဟုတ်ကြောင်း အကုန်လုံးက နားလည်သဘောပေါက်လိုက်ကြသည်။
ရေချိုးနေစဉ်အတွင်း အဘယ်ကြောင့် လှိုင်းများအုံကြွပြီး တောင်များ ထပ်ရတာလဲ ဆိုတာကို လင်းရီ ဉာဏ်အလင်း ပွင့်သွားခဲ့တော့၏။
“ ယွီလော့… နင် စကားလဲ တစ်ခွန်းမှ မပြောပါလား… ဘာလဲ နင် ဟိုကောင်နဲ့ လမ်းခွဲလိုက်ရလို့ ဝမ်းနည်းနေတာလား…”
“ မဟုတ်ပါဘူး…. ငါ့ရဲ့ အထောက်အထားက ရုတ်တရက်ကြီး ပြောင်းလဲသွားပြီဆိုတော့ နေသားကျဖို့ အချိန်ခဏတော့ လိုတယ်လေ…” ချိုးယွီလော့ သာမန်လျှံကာသာ ပြောလိုက်ပြီး “ ဘာပဲပြောပြော ငါတို့နှစ်ယောက်က နှစ်တွေအကြာကြီး တွဲခဲ့ကြတဲ့ သူတွေမလား…”
“ နင်တို့ လမ်းခွဲလိုက်တာ ကောင်းတယ်… နင် ဒီအစ်မကြီး ပြောတာကိုယုံ..” နင်ချဲ့ ပြောလိုက်ပြီး “ နင် ချင်ရန်လင်ကိုတောင် မကိုင်တွယ်နိုင်တာ သူနဲ့ လက်ထပ်လိုက်မယ်ဆိုရင် အဲ့ဒီ ချင်မိသားစုက ဒိတ်အောက်နေတဲ့ စောက်အဘိုးကြီးတွေက သေချာပေါက် နင့်ကို ခံစားရအောင် လုပ်ကြမှာပဲ… “
“ ငါသိတယ်… ငါ ဒါတွေ အကုန် စဉ်းစားပြီးတော့မှ ဆုံးဖြတ်ခဲ့တာ…” ချိုးယွီလော့ ပြောလိုက်သည်။
“ တွေးကြည့်တော့မှ ငါတို့နှစ်ယောက်က အသက်ကလွဲပြီး တခြား ဘာတစ်ခုမှ မလိုက်ဖက်တဲ့ပုံပဲ….”
“ နင်အဲ့လို တွေးတာ သိရတော့ ငါသိပ်ဝမ်းသာတယ်… နင့်မှာ ကောင်လေးမရှိဘူးဆိုလည်း အဆင်ပြေတယ်… သူတို့က နင့်ရဲ့ ဓားဆွဲထုတ်တဲ့ နှုန်းကို နှေးနေစေလိမ့်မယ်... ” နင်ချဲ့ ပြောလိုက်ပြီး
“ ငါ ပြောချင်တာကကွာ… နင်ငါ့ဆီကနေ လေ့လာသင်ယူပြီး ယောက်ျားတွေကို တစ်ခါသုံး မှန်ဘီလူးတွေလိုမျိုး သဘောထားတဲ့ မိန်းမတစ်ယောက်ဖြစ်ပါစေ…”
“ ဟင်… နင့်စကားက ဘာကြီးတုန်း….”
“ ငါ့သဘောက တကယ်လို့ လိုအပ်တယ်ဆိုရင် နင် သူတို့ကို နေ့စဉ်သုံး တစ်ခါသုံး မှန်ဘီလူးလိုမျိုး ဆက်ဆံ… တကယ်လို့ ကောင်းတယ်ထင်ရင် လစဉ်သုံး တစ်ခါသုံး မှန်ဘီလူးလိုမျိုး ဆက်ဆံ… တကယ်လို့ ဘယ်နေရာမှ ပြောစရာမလိုတဲ့ လူနဲ့ တွေ့ရင် သူတို့ကို နှစ်စဉ်သုံး တစ်ခါသုံး မှန်ဘီလူးလိုမျိုး ဆက်ဆံ… အသစ်အသစ်တွေကို မြည်းစမ်းကြည့်ဖို့ အမြဲ အဆင်သင့်ဖြစ်နေရမယ်…”
“ ဖွီး…. ငါက နင့်လို မဟုတ်ဘူး…”
ရေချိုးပြီးနောက် လေးယောက်သား မာဆတ်ပေးသည့် သီးသန့်ခန်းထဲသို့ ဝင်လာခဲ့ကြသည်။ လင်းရီကတော့ သူမတို့နှစ်ယောက် ပြောနေသည့် စကားဝိုင်းထဲ တိုးဝင်ရန် ရည်ရွယ်ချက် မရှိဘဲ ဖုန်းကိုင်ပြီး ကျီချင်းရန်နှင့် စာပို့နေလေသည်။
အနှိပ်အနယ် ခံရင်း ကျီချင်းရန်ကို အိပ်ရန် ချော့မြူနေခဲ့၏။
ည ဆယ်နာရီဝန်းကျင်လောက်ရောက်တော့ လင်းရီတို့ လူနည်းစု အုပ်စုသည် ‘ ရွှေကော်ထန်ချွမ် ‘ ထဲမှ ထွက်လာခဲ့ကြသည်။
ချိုးယွီလော့နှင့် ထောက်ချိန်တို့က ကိုယ့်အိမ်ကိုယ် ပြန်ကြမည် ဖြစ်ပြီး နင်ချဲ့ကတော့ လင်းရီကို ကြယ်ခုနစ်ပွင့် ပန်ဂုဟိုတယ်ကြီး၌ နေရေးထိုင်ရေး စီစဉ်ပေးပြီးနောက် သူမကတော့ OT ဘားသို့ သွား၍ ရူးသွပ်ပျော်ပါးရန် စိုင်းပြင်းနေတော့သည်။
အားလုံး စီစဉ်ပြီးနောက် လင်းရီ အိပ်ယာပေါ် လဲလျောင်းရင်း ဖုန်းကို အပေါ်ပွတ် အောက်ရွေ့ ပြုလုပ်နေသည်။
အစကတော့သူ ရှန်းရှုရီထံ ဖုန်းခေါ်ချင်နေခဲ့၏။ သို့သော် အချိန်မှာ မစောတော့။ သူမ အိပ်သည်ဖြစ်စေ၊ မအိပ်သည်ဖြစ်စေ ဤအချိန်တွင် ဖုန်းခေါ်သည်က မည်သို့မျှ မသင့်လျော်ချေ။ ထမင်းစား ကြီးလာသူတိုင်း ထိုအရာကို စဉ်းစားတတ်ကြ၏။
သို့နှင့် သူ လျန်ရူရွှယ်ထံ ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်တော့သည်။
ကိုင်း အမေ ခေါ်မရတော့ သမီးပေါ့ကွာ…. မဟုတ်ဘူးလား။
သုံးလေးကြိမ်ခန့် ဖုန်းဝင်သံ မြည်ပြီးနောက် တစ်ဖက်က ချက်ချင်း ဖုန်းကောက်ကိုင်လိုက်၏။
သို့သော်လည်း သူ ဟယ်လိုပင် မလုပ်ရသေးခင် လျန်ရူရွှယ်၏ စိတ်လှုပ်ရှားတကြီး ဖြစ်နေသည့် အသံကို ကြားလိုက်ရလေသည်။
“ ငါ နင့်ဆီ ဖုန်းခေါ်တော့မယ်မှန်း နင် ဘယ်လို သိလဲ…”
‘ ဟာ …. ‘
ထိုကဲ့သို့ မေးခွန်းမျိုးနှင့် ရင်ဆိုင်လိုက်ရတော့ လင်းရီ ချက်ချင်းဆိုသလို အလကား ရမှတ်များ ရနိုင်သည့် အခွင့်အရေးဟု ဒက်ကနဲ တန်းသိလိုက်၏။
“ ငါ့ ရင်ခုန်နှုန်းတွေ ရုတ်တရက်ကြီး မြန်ဆန်လာခဲ့လို့လေ… စိတ်ထဲ တစ်ယောက်ယောက်တော့ ငါ့ အကြောင်း တွေးနေပြီဆိုတာ သိလိုက်တယ်…. အဲ့တာနဲ့ပဲ လောင်းကြေးထပ်ပြီး မင့်ဆီ ဖုန်းဆက်လိုက်တာပဲ…”
“ ကျစ်… ငါ့ကို ယုံမယ်များ ထင်နေလား… ပေါက်တတ်ကရတွေ လာပြောနေရအောင်…”
“ မင်း ယုံစရာ မလိုပါဘူး.. ငါကတော့ တကယ်ကြီး ခံစားနေရတာ….” လင်းရီ ပြောလိုက်သည်။
“ ငါ့ဆီ ဖုန်းခေါ်မယ်ဆိုတော့ မင်းမှာ သေချာပေါက် ပြောစရာ ရှိမှာပဲ..”
“ ဒါပေါ့…” လျန်ရူရွှယ် ရွှင်မြူးစွာ ပြောဆိုလိုက်ပြီး “ ဘာလဲ ဆိုတာ ခန့်မှန်းကြည့်ဖို့ နင့်ကို အခွင့်အရေး ပေးလိုက်မယ်…”
အာ…..
လင်းရီ စက္ကန့်အနည်းငယ် ကြာအောင် တွေးတောကြည့်လိုက်သည်။ လျန်ရူရွှယ်ဆိုသည်က များမြောင်လှသည့် အတွေ့အကြုံတို့ ရှိထားသူ တစ်ဦးဖြစ်သည်။ သာမန် ကိစ္စမျှနှင့်တော့ ယခုလို ရွှင်ရွှင်ပြပြနှင့် သူ့ဆီ ဖုန်းဆက်လာဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။
ဝမ်မိသားစု ယိုယွင်းသွားပြီး လျန်မိသားစု မြင့်တက်လာသည့် ကိစ္စကို ဆက်စပ် စဉ်းစားကြည့်လိုက်မည် ဆိုလျှင်တော့ အဖြေမှာ သိသာနေလေပြီ။
“ မင်း ရာထူးတိုးသွားလို့လား…”
“ ဟင်… နင် ဘယ်လိုလုပ်ပြီး သိနေတာလဲ… ငါ့အမေ နင့်ကို ပြောပြလိုက်တာလား…”
“ ဘောပဲပေါ့.. မင်း အခု ရန်ကျင်းကို ရာထူးပြောင်းရတော့မှာပေါ့ ဟုတ်လား…”
“ ဘာလို့ အဲ့လောက်ထိ စိတ်ဆိုးနေရတာလဲ… ဒါ ကောင်းတဲ့ ကိစ္စ မဟုတ်ဘူးလား…”
“ မင်းဘာတွေ ပြောနေတာလဲ… မင်းသာ ရန်ကျင်းသွားခဲ့မယ်ဆို ငါက ၀မ်းနည်း ကျန်ရစ်ခဲ့ရတော့မှာပေါ့…”
“ ကျစ်… နင့် အသံ နားထောင်ကြည့်တာနဲ့ မရိုးဘူးဆိုတာ ငါသိပြီးသား…”
ထိုသို့ ပြောလိုက်သည် ဆိုသော်လည်းပဲ လျန်ရူရွှယ် ရင်ထဲ နွေးခနဲတော့ ဖြစ်သွားခဲ့မိ၏။
ဤစကားလုံးများက သူမကို ဆွဲဆောင်မြှူဆွယ်ရန်အတွက် ပျားရည်စမ်း၊ သကာပေါ် အချိုသပ်ထားသည့် စကားလုံးများမဟုတ်ချေ။
လင်းရီကဲ့သို့ လူစားမျိုးက စစ်မှန်သည်များကိုသာ ပေးပြီး ဟုတ်မှန်သည်များကိုသာလျှင် ပြောသည်။
“ ဟာသမလုပ်နဲ့… မင်း အခု ဘယ်လို ပြောင်းရမှာလဲ ပြော….”
“ ပူမနေနဲ့… ဒီက ကျိုးဟိုင်မှာပဲ နေရမှာ…”
“ ကျိုးဟိုင်မှာပဲလား…” လင်းရီ မေးမြန်းပြီးနောက် “ အခု မင်းရဲ့ လက်ရှိ ရာထူးနဲ့ နောက်တစ်ကြိမ် ထပ်တိုးမယ်ဆို ကျိုးဟိုင်က မင်းအတွက် သင့်လျော်မှာ မဟုတ်တော့ဘူးနော်….”
“ ကျိုးဟိုင်တင် မဟုတ်ဘူး… ရန်ကျင်းကလည်း ငါ့အတွက် မသင့်လျော်တော့ဘူး…”
“ ဘာလို့…”
“ ဘာလို့ဆို ငါက သိပ်ငယ်နေသေးလို့လေ…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ရန်ကျင်းရဲ့ အဓိက အဖွဲ့ထဲ ဝင်ဖို့ဆို အသက် ၃၅ နှစ်ပြည့်တဲ့အထိ စောင့်ဖို့လိုတယ်…. အချိန်ကောင်း မဟုတ်သေးဘူး… ငါ့မိသားစုကလည်း မသွားခိုင်းသေးဘူး…”
“ ဒီတော့ … အခု မင်းရဲ့ ရာထူးက ဘယ်လိုဖြစ်သွားပြီလဲ..”
“ လက်ထောက် အတွင်းရေးမှူး…”
“ အာ… အုပ်ချုပ်ရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ရာထူးရွေ့ပြောင်းတယ်လို့ပဲ ပြောလို့ရတယ် ဟုတ်တယ်မလား..."
" ဟုတ်တယ်... တကယ့်ကို ရာထူးရွေ့ပြောင်းမှုပဲ... ဒါပေမယ့် စီမံခန့်ခွဲရမယ့် ဧရိယာပိုင်းကျတော့ ကွဲတယ်... ငါ လိုအပ်ချက် ပြည့်မီတဲ့ အသက်ရောက်တာနဲ့ တရား၀င် ရာထူးတည်နေရာကို တိုးပေးခံရတော့မှာ... အုပ်ချုပ်စီမံရတဲ့ ရာထူးနှစ်ခုကလည်း မတူပြန်ဘူး... ပြီးတော့ ငါက ရန်ကျင်း အဓိက ပါတီမှာ နေရာတစ်နေရာ ယူထားနိုင်မှာလေ... " လျန်ရူရွှယ် ပြောလိုက်ပြီး " ခြုံငုံပြီး ပြောရရင် ငါက ဟိုးရှေ့ကို အရင်ကြိုရောက်နေတယ်.. "
" နားလည်တယ်... "လင်းရီ ပြောလိုက်ပြီး " အခု မင်းအတွက် လမ်းက ခင်းပေးပြီးသား... ကျန်တာဆိုလို့ ကိုယ့်ဘက်က ကြိုးစားဖို့ပဲ ဟုတ်တယ်မလား... "
" နင်က မတုံးဘူးပဲ... ငါ ချီးကျူးပေးတာကို ခံထိုက်တယ်... "လျန်ရူရွှယ် အပြုံးလေးဖြင့် ပြောလိုက်သည်။
" လက်ရှိ ငါ့ရဲ့ အနေအထားက မတူတော့ဘူးဆိုတော့ နင့်မှာ သုတေသန ရလဒ်တွေ ရှိလာခဲ့ရင် ငါ့ကို အကျိုးအမြတ်လေး ဘာလေး ခွဲပေးဖို့ မမေ့နဲ့ ကြားလား... "
" ချီးကို ခွဲပေးပါလား... မင်းကို ဒီထက်ပိုပြီး ပေးလိုက်ရင် ရန်ကျင်းကို ကြိုပြီး ရောက်ရင် ရောက်သွားတော့မှာပေါ့... မရဘူး... မင်း ကျိုးဟိုင်မှာပဲ နေရမယ်... "
" နင် ဘယ်လိုလူစားလဲ... သူများ ကောင်းစားတာကို နင် မမြင်ချင်ဘူးပေါ့... "
" ဟုတ်တယ် အဲ့လိုပဲ.. ငါ လုပ်ချင်တာ ငါလုပ်မှာပဲ.... "
" ကျစ်... ငါ ဒီနေ့ စိတ်ကောင်း၀င်နေတော့ နင့်ကို ခွတ်လွှတ်ပေးလိုက်မယ်... "လျန်ရူရွှယ် ဂုဏ်ယူစွာ ပြောလိုက်ပြီးနောက် " ကောင်းပြီ.. သတင်းကောင်းကို နင်နဲ့ မျှဝေပြီးသွားပြီဆိုတော့ ရေချိုးတော့မယ်... တာ့...."
"ဟမ်...."
လျန်ရူရွှယ် ဖုန်းကိုင်ရင်းဖြင့် ခေတ္တကြာအောင် ကြက်သေသေနေမိတော့သည်။
ဒီက နှုတ်ဆက် စကားတောင် ပြောမဆုံးသေးဘူး ဘာကိစ္စ ဖုန်းချသွားတာလဲတဲ့...
ဘယ်လိုလူပါလိမ့်...
ဒူ ဒူ ဒူ...
သို့သော် မကြာမီအချိန်မှာပဲ လျန်ရူရွှယ်၏ ဝီချက်မှ အသံမြည်လာခဲ့သည်။ လင်းရီက ဗွီဒီယိုကော ခေါ်ဆိုလာခဲ့ခြင်းပင်။
" ငါတို့ ခုလေးတင်ပဲ စကားပြောပြီးကြတာ မဟုတ်ဘူးလား... ဘာလို့ ဗွီဒီယိုကော လာခေါ်နေတာလဲ... ဘာကိစ္စလဲ... "
" မင်းပြောတာ မင်းရေချိုးတော့မယ်မလား... ရေနွေးငွေ့တွေက လိုင်းစင်ဂနယ်ကို နှောင့်ယှက်မှာစိုးလို့ ဗွီဒီယိုကော ခေါ်ဖို့ ဆုံးဖြတ်လိုက်တာ.. ဒီလိုဆို လိုင်း lag မှာတွေ မပူရတော့ဘူး.... “