လင်းရီ စစ်ဆေးမေးမြန်းသည့် နည်းလမ်း
Vol. 77 Ch. 1148
" ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... "
" ငါလည်း မင်းကို အပေါ်ယံ အရေပြား တစ်ထောက်စာလောက် ကြည့်ပြီး ဆုံးဖြတ်တတ်တဲ့သူလို့ မထင်ပါဘူး... "ကော်ဇီကျန်း ပြောဆိုလိုက်ပြီး " ဘာပဲဆိုဆို တို့တွေက ဒီရဲ့ နယ်ပယ်မှာ ပရော်ဖက်ရှင်နယ်တွေပဲလေ... ငါ ဒီမှာ ရှိနေတာကို ငါးနှစ် ခြောက်နှစ် ရှိနေပြီ... ဒါပေမယ့် ငါ့ကို အထင်ကြီးအောင် လုပ်နိုင်တဲ့လူ ခုထိ မပေါ်သေးဘူး... "
ရန်ကျင်း သူမ နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်ပြီး မည်သည့်စကားကိုမျှ မဆိုပေ။ အတိတ်တွင်တုန်းက သူမသည်လည်း အရေပြားတစ်ထောက်စာကိုသာ မြင်၍ လူကို အကဲဖြတ်တတ်သူ တစ်ယောက် မဟုတ်ဟု ကိုယ့်ကိုယ်ကို ထင်ခဲ့မိ၏။
သို့သော် ယနေ့တွင်တော့ သူမ ကိုယ်တိုင်ကလည်း ရုပ်ဝါဒီ သမားတစ်ယောက် ဖြစ်နေသည်က်ု သတိမူမိလိုက်တော့သည်။
အတိတ်က သူမ သတိမပြုမိခဲ့သည်မှာ မည်သူကမျှ လင်းရီကဲ့သို့ ချောမော ခန့်ညားခြင်း မရှိသောကြောင့်ပင် ဖြစ်လေသည်။
ဆယ်မိနစ်ကြာပြီးနောက် အုပ်စုမှာ အကျော်ဇေယျ အကျဉ်းစခန်း၏ ဧရိယာ C သို့ ရောက်လာခဲ့ကြ၏။ ထိုနေရာက နိုင်ငံတကာ အရေးအခင်းများတွင် ပါ၀င်ပတ်သက်နေသည့် အကျဉ်းသားများကို ထိန်းသိမ်းထားသည့် နေရာလည်း ဖြစ်သည်။
ထို့ပြင် အခန်းတစ်ခုချင်းစီတိုင်းက တိုက်ပိတ် အခန်းများဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် သတင်းပေါက်ကြားမှု မရှိစေရန် အထူးကြပ်မတ်ထား၏။
လင်းရီ အခြား အခန်းများကို တစ်ချက်ကြည့်ကြည့်လိုက်တော့ အကျဉ်းချခံထားရသူ အများစုမှာ ဟွာရှန့်လူမျိုးများဖြစ်နေကြောင်းကို သတိပြုမိလိုက်သည်။ သူတို့အကုန်လုံးကလည်း လေးဆယ်ကျော် ငါးဆယ် ၀န်းကျင် အရွယ်များ ဖြစ်ကြလေသည်။
သို့သော်လည်းပဲ အကျဉ်းထောင်၏ နေရာ သုံးပုံတစ်ပုံလောက်ကိုတော့ နိုင်ငံခြားသားများက နေရာယူထားခဲ့၏။
လင်းရီ သေချာလေး အနီးကပ် အကဲခတ်ကြည့်လိုက်ရာ ၎င်းတို့ အကုန်လုံး၏ အမူအရာမှာ တည်ငြိမ်အေးဆေးနေပြီး အကျဉ်းထောင်ထဲ ရောက်နေသည်ထက် ဟိုတယ် ရောက်နေကြသူများနှင့်တောင် ဆင်တူနေကြသေးသည်။
ခြေသံများကြားတော့ လူတစ်ချို့မှ အလိုအလျောက် မျက်လုံးတစ်ချက် ပင့်ကြည့်လိုက်ကြ၏။ ထို့နောက် မိမိတို့လက်ထဲတွင်ရှိ စာအုပ် သို့မဟုတ် သတင်းစာ စာရွက်များထဲ ပြန်လည် နစ်မြောသွားခဲ့ကြသည်။
သတင်းစာများ စာအုပ်များကို အကျဉ်းစခန်းမှ ပံ့ပိုးထားပေးခြင်းဖြစ်ပြီး လုံခြုံစိတ်ချရကာ ၎င်းတို့ စိတ်တိုင်းကျ ကိုင်တွယ် အသုံးပြုနိုင်ပေသည်။
သို့သော်လည်းပဲ လူတစ်ချို့ကတော့ ပို၍ပင် စိတ်အေးသက်သာစွာဖြင့် ရှိနေကြသည်။ သူတို့က လင်းရီနှင့် ကျန်သူများကို လှည့်ပင် မကြည့်ဘဲ မရှိသကဲ့သို့ ပြုမူနေကြလေသည်။
" ဒီလူတွေက သိပ်စိတ်၀င်စားဖို့ ကောင်းသား... တုတ်တုတ်လေးတောင် မလှုပ်ကြဘူးပဲ...."ချိုးယွီလော့ သာမန်လျှံကာ ပြောဆိုလိုက်သည်။
" ဒီလူတွေရဲ့ စိတ်နေစရိုက်ကလည်း သာမန်လူတွေ ယှဉ်နိုင်တာမျိုး မဟုတ်ဘူးလေ.. ဒီတော့ သူတို့ရဲ့ စိတ်ခံစားချက်တွေက သိပ်တည်ငြိမ်တယ်... ခင်များ သူတို့ကို မနက်ဖြန် ဆွဲထုတ်ပြီး ပစ်သတ်မယ်လို့ ပြောရင်တောင် စိတ်ထဲ ထားနေမှာ မဟုတ်ဘူး... "
" နေသားကျလွန်းသွားလို့များလား... "
" အနည်းနဲ့အများပေါ့... "ရန်ကျင်း၏ အသံထွက်လာခဲ့ပြီး " စွမ်းဆောင်နိုင်စွမ်း ရှိတဲ့သူတစ်ချို့က သူတို့ကို တစ်စုံတစ်ယောက်က ကာကွယ်ပေးမယ်ဆိုတာ သိနေကြတယ်လေ... အဲ့ဒီတော့ အကြောက်အလန့် မရှိကြဘူး.. မထွက်ခွာနိုင်တော့ပဲ သေမယ့်နေ့ကို လက်ချိုးရေပြီး စောင့်နေကြတဲ့သူတွေလည်း ဒီမှာ ရှိတယ်... သက်သေတွေ စုစည်းပြီးတာနဲ့ သူတို့ကို ကိုင်တွယ်တော့မှာ... "
" ငါ သဘောပေါက်ပြီ... "
မကြာမီ အုပ်စုမှာ ဧရိယာ C ၏ စစ်ဆေးမေးမြန်းခန်း တည်ရှိရာ အလယ် ဘလော့သို့ ရောက်ရှိလာခဲ့ကြသည်။
" ဒီမှာ စောင့်နေ... ကျွန်မ ဂျင်မီကို ခေါ်လာခဲ့ဖို့ ပြောလိုက်ဦးမယ်... "
" မလိုဘူး... မှန်အထူကြီး ခြားပြီး စကားပြောရတာ အဆင်မပြေဘူး.. အခန်းထဲပဲ တိုက်ရိုက်သွားမယ်... ငါ သူနဲ့ မျက်နှာချင်းဆိုင် စကားပြောချင်တယ်... "
ကော်ဇီကျန်းနှင့် ရန်ကျင်းတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ စည်းမျဉ်းစည်းကမ်းအရဆိုပါက ယခုလို ပြုမူဆောင်ရွက်ရန် ခွင့်မပြုထားချေ။
သို့ပေမယ့်လည်း တောင်းဆိုလာသူ၏ အထောက်အထားက ထူးခြားနေသည့် အပြင် ဒါရိုက်တာကွမ်းကိုယ်တိုင် ကြိုဆိုဧည့်ခံပေးခဲ့ရသူလည်း ဖြစ်နေသည့် အတွက် မတူကွဲပြားသည့် ကိစ္စတစ်ခု ဖြစ်သွားခဲ့ချေပြီ။
" ကောင်းပြီလေ... ကျွန်မနောက် လိုက်ခဲ့ကြ... "
ကော်ဇီကျန်းကတော့ ဘာမျှ ၀င်မပြောပေ။ ဒါရိုက်တာက အမိန့်ပေးပြီး ဖြစ်သောကြောင့် သူ့ဘက်က လိုအပ်သည်မှာ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပေးဖို့ရာပင်။
သူတို့ မည်သို့မည်ပုံ စစ်ကြောမေးမြန်းပြီး မည်သည့်အချက်အလက်များ ရရှိသွားမလဲ ဆိုတာတော့ သူနှင့် ဘာမျှ သက်ဆိုင်ခြင်း မရှိချေ။
စစ်ဆေးမေးမြန်းခန်းထဲမှ ထွက်လာခဲ့ပြီး ငါးယောက်သား ဧရိယာ C ၏ တစ်၀က်လောက်ကို ပြန်လည် လမ်းလျှောက်လာခဲ့ကြသည်။ မကြာမီအချိန်မှာပဲ သူတို့ ဂျင်မီကို ထိန်းသိမ်းထားသည့် အခန်းရှေ့သို့ ရောက်လာခဲ့ကြလေသည်။
" ဖွင့်စမ်း... "ကော်ဇီကျန်း သံမဏိ တံခါးကို ခေါက်လိုက်ပြီး " မင်းကို မေးခွန်း မေးချင်နေတဲ့သူ ရှိတယ်... အပြစ်လျော့ပေါ့ ပေးစေချင်တယ်ဆိုရင် မေးတာမှန်သမျှ ဖြေပေးလိုက်... "
ထိုအခိုက်အတန့်တွင် ဂျင်မီမှာ အကျဉ်းစခန်း၏ အကျဉ်းသား ယူနီဖောင်းကို ၀တ်ဆင်ထားပြီး သူ့လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားကာ နံရံကို မှီလျက် စွဲလမ်းနှစ်သက်စွာ ဖတ်ရှုနေသည်။
" ငါ အခု ဒဏ်ရာရနေတယ်.. စစ်ဆေးမေးမြန်းတာကို ပူးပေါင်းပေးဖို့ အသင့်မဖြစ်သေးဘူး... ငါ နေပြန်ကောင်းလာတဲ့အထိ စောင့်... "
ရန်ကျင်း ချိုးယွီလော့နှင့် ကျန်သူများဘက် လှည့်ကြည့်လိုက်ပြီး " ရှင်တို့မြင်တဲ့အတိုင်း သူက အမြဲတမ်း ဒီလိုချည်းပဲ... သူ စိတ်ကောင်း၀င်နေတဲ့ အချိန်ဆိုရင်တော့ အပြင်ထွက်လာပြီး ကျွန်မတို့မဲ့ ပူးပေါင်းပေးတယ်... စိတ်အခြေအနေ မကောင်းဘူးဆိုရင်တော့ ဂရုတောင် မစိုက်ဘဲ စာအုပ်ဖတ်နေတော့တာပဲ... "
ချိုးယွီလော့နှင့် နင်ချဲ့တို့ လင်းရီကို အလိုအလျောက် လှည့်ကြည့်လိုက်ကြသည်။
" နင်နဲ့ လွှဲထားလိုက်မယ်... "
လင်းရီ ခေါင်းညိမ့်ပြီး ရန်ကျင်းကို ကြည့်လိုက်၏။ " တံခါးဖွင့်လိုက်... "
" ဒီလူက သိပ်အန္တရာယ် များလွန်းတယ်... စည်းမျဉ်းစည်းကမ်းတွေ အရဆိုရင် ရှင့်ကို ပေး၀င်လို့ မရဘူး... တကယ်လို့ သူက ရှင့်ကို ဖမ်းပြီး ဓားစာခံ လုပ်ထားမယ်ဆိုရင် အကုန် ရှုပ်ကုန်လိမ့်မယ်... "
ကော်ဇီကျန်းနှင့် ရန်ကျင်းတို့ ဂျင်မီ၏ အခြေအနေကို ရှင်းလင်းစွာ နားလည်ထားခဲ့ကြသည်။
အကယ်၍ ထိုလူသာ အမှတ်မထင် လှုပ်ရှားလာခဲ့မည် ဆိုပါက သူမတို့သည်လည်း အပြစ်ကင်းလိမ့်မည် မဟုတ်ချေ။
" အဆင်ပြေတယ်... ဒီတိုင်း တံခါးသာ ဖွင့်လိုက်... "
လင်းရီ စိတ်ပိုင်းဖြတ်ပြီး ဖြစ်နေသည်ကို မြင်တော့ ကော်ဇီကျန်းနှင့် ရန်ကျင်းတို့လည်း ထွေထူး စကားအပိုတွေ ပြောမနေတော့ချေ။ သူတို့ တံခါးဖွင့်၍ လင်းရီကို ၀င်ခွင့်ပြုလိုက်ကြတော့၏။
အခန်းက အရမ်း အကြီးစားကြီးတော့မဟုတ်။ တစ်ဆယ်စတုရန်းပတ်လည်မျှသာ ရှိသည်။ အိပ်ယာနှင့် သန့်စင်ခန်းမှအပ ကျယ်ကျယ်ပြန့်ပြန့် နေရာ သိပ်ရှိမနေချေ။
သူ ကုတင်ဘက်သို့ ဦးတည်သွားလိုက်ပြီး ဂျင်မီမှာ စာဖတ်တစ်ချက် မပြတ်ကြောင်းကို လင်းရီ သတ်ပြုမိလိုက်သည်။ ငနဲသားက ဆိုဒ်အပြည့်နှင့် မသိပါက ငယ်သားက ဘော့စ်ကို လာရောက်တွေ့ဆုံသည်နှင့်ပင် ဆင်တူနေသည်။
ကော်ဇီကျန်းနှင့် ရန်ကျင်းတို့ကလည်း လင်းရီ အမည်တွင်သည့် ကောင်ချောလေးက မည်သို့ ကိုင်တွယ် စစ်ဆေးမေးမြန်းမလဲဆိုတာကို သိချင်စိတ် ပြင်းပြနေခဲ့ကြ၏။
မည်သို့ပင်ဆိုစေ သူတို့ နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့သည့်တိုင်အောင် စကားတစ်ခွန်းပင် မအစ်နိုင် ဖြစ်ခဲ့သည် မဟုတ်ပါလော။
ဘန်း...
လင်းရီ ကုတင်ကို ဆောင့်ကန်ပစ်လိုက်၏။ ဖီလင်အပြည့်နှင့် စာဖတ်နေသည့် ဂျင်မီကိုသာမက အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် လေးယောက်လုံးကိုပါ ထိတ်လန့်တကြား ဖြစ်သွားစေခဲ့လေသည်။
ဤသည်က သာမန်ရိုးကျ ရာဇ၀တ်သားကို စုံစမ်းမေးမြန်း ချဉ်းကပ်နည်းနှင့် မတူညီပေ။ မည်သို့ပင် ကြည့်ကြည့် ခံ၀န်ချက် ရရှိစေရန် ညှင်းပန်းနှိပ်စက်သည်နှင့် ဆင်တူနေတော့၏။
" မင်း ဒါဘာလုပ်တာတုန်း... ငါက.... "
လင်းရီကြောင့် အထိတ်တလန့် ဖြစ်သွားခဲ့ပြီးနောက် ဂျင်မီ စာအုပ်ကို ဒေါသတကြီး ကိုင်ပေါက်၍ ကုတင်ပေါ်မှ ဝုန်းခနဲ ထရပ်လိုက်သည်။
သို့ပေမယ့် သူ စကားဆုံးအောင် မပြောနိုင်သေးခင်မှာပဲ သူ့အရှေ့ ရပ်နေသူမှာ လင်းရီ ဖြစ်ကြောင်းကို သတိမူမိလိုက်လေသည်။
သူ ချက်ချင်းဆိုသလို ကြက်သေသေသွားခဲ့၏။ သူ့ခေါင်းတစ်ခုလုံး မူးနောက် ပြာဝေသွားပြီး ခြေထောက်များ မခိုင်ချင်သလို ဖြစ်သွားခဲ့ကာ ကုတင်ပေါ် ပြန်ထိုင်ကျသွားခဲ့တော့သည်။
ကော်ဇီကျန်းနှင့် ရန်ကျင်းကို ရှော့ခ်ရသည့် မျက်နှာထားနှင့် တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြ၏။
ဘာတွေ ဖြစ်နေတာလဲ.. ဒါ သူ့ပုံစံ မဟုတ်ဘူးလေ.. ငါတို့ ရောက်လာတုန်းကဆို မောက်မောက်မာမာ ပြုမူပြမယ်.. အကြောင်းပြချက်ပေါင်းစုံပေးပြီး သူတို့ကို ငြင်းမယ်၊ ဖရုဿဝါစာ စကားတွေ ပြောပြီးတော့တောင် စော်ကားလိုက်ဦးမယ်.. အခု လင်းရီ ဆိုတဲ့သူကို တွေ့တော့ ဟိုက ဘာမှတောင် မပြောရသေးဘူး ဘာလို့ ကြောင်ကိုတွေ့တဲ့ ကြွက်လိုမျိုး ဖြစ်သွားခဲ့တာလဲ....
" ဇိမ်ကျချက်ကတော့ ငါတောင် မနာလို ဖြစ်လာပြီ... မင်းက ဒီရောက်လာပြီးတာတောင်မှ စာဖတ်ဖို့ စိတ်ရှိနေသေးတယ် ဟုတ်လား... မင်း ပျော်ပါးလို့ ကောင်းအောင် ဖာတစ်ချို့ပါ ထပ်ခေါ်ပေးရဦးမလား... "
ချိုးယွီလော့ ".... "
ရန်ကျင်း ".... "
နင်ချဲ့ " ပွဲတော့ကောင်းပြီ .. "
ဝုန်းဒိုင်းအသံများကို ကြားတော့ အခြားအခန်းများထဲရှိ အကျဉ်းသားများလည်း ခေါင်းများ ပြူလာခဲ့ကြသည်။
သူတို့အားလုံး ချောင်းကြည့်ပေါက်မှတဆင့် မရမက နားစွင့်နေကြပြီး ဘာဖြစ်နေလဲဆိုတာကို စပ်စပ်စုစု ပြုမူနေခဲ့ကြလေသည်။
" ငါ ... ငါ အဲ့လို အတွေးမျိုး မရှိပါဘူး... "
" မရှိဘူးဆိုရင် ငါလခွီးတွေ လုပ်နေတာလား... ငါ မေးတုန်းက မင်း ဘာလို့ ကောင်းကောင်း ပြန်မဖြေလဲ... "
" ငါ - ငါ ... " ဂျင်မီ အချိန်အတော်ကြာအောင် စကား ထစ်အ ထစ်အ ဖြစ်နေပြီး စကားတစ်ခွန်းပင် ဆုံးအောင် မပြောဆိုနိုင်တော့ချေ။
ယခုလေးတင် သူ မိမိုက်သလို ပြုမူနေခဲ့သည်က ကော်ဇီကျင်းတို့နှင့် မပူးပေါင်းပေးချင်သောကြောင့်ပင်။
သို့သော် ယခုတော့ သူ ဆက်ပြီး မိမိုက်သလို မလုပ်နိုင်တော့။ ယခု ဤနတ်ဆိုးက ရောက်ရှိလို့လာပြီး မည်သည့် သောက်စည်းမျဉ်းစည်းကမ်းကိုမျှ ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။ သူ့ကို စိတ်တိုင်းကျ ထုထောင်းရိုက်နှက်သွားနိုင်လေသည်။
" မင်း - မင်း ဘာလို့ ဒီရောက်လာခဲ့တာလဲ... တကာ်လို့ သာမန် စုံစမ်းမေးမြန်းတာဆိုရင် စုံစမ်းမေးမြန်းခန်းထဲ သွားရမယ် မဟုတ်ဘူးလား..... "
" မှန်ကြီးခြားနေတော့ မင်းကို ရိုက်ဖို့ နှက်ဖို့ကျ အဆင်မပြေဘူးလေ... မင်းက မင်းမိမိုက်သလို လုပ်တာကို ကြည့်ခိုင်းထားပြီးတော့ မရိုက်နှက်စေချင်ဘူးပေါ့ ဟုတ်လား... "
" မဟုတ်ဘူး မဟုတ်ဘူး.. ငါ မလုပ်ရဲပါဘူးကွာ... မင်း ဘာပဲမေးမေး ငါ ဖြေပေးပါ့မယ်... ငါ့ကို ရိုက်-ရိုက်တော့ မရိုက်ပါနဲ့... "
ကော်ဇီကျန်း ".... "
ရန်ကျင်း "..... "
ဒီနတ်ဘုရားလိုလူက ဘယ်ကနေများ ကြွခဲ့ပါလိမ့်...
ရောက်ရောက်ချင်းပဲ တရားခံက ပူးပေါင်းပေးဖို့ကို တောင်းဆိုနေရပြီ...။
ဒါ လူတိုင်းမှာ သူတို့ ကြောက်ရွံ့ရတဲ့ တစ်စုံတစ်ရာတော့ အမြဲရှိနေကြောင်းကို ဖော်ပြလိုက်တာပဲ...
" ဒါဆိုလည်း ကောင်းပြီ.. မင်းက ပူးပေါင်းပေးဖို့ ဆန္ဒရှိနေမှတော့ ငါ အပိုစာသားတွေ ထပ်မပြောတော့ဘူး.. စစ်ဆေးမေးမြန်းခန်းထဲ သွားကြစို့... "
" အိုကေ အိုကေ .. ငါ အပြည့်အ၀ကို ပူးပေါင်းပေးမယ်... "
ဂျင်မီမှ စကားပြောရန် ဆန္ဒရှိနေသည်ကို မြင်တော့ ကော်ဇီကျန်း ရှေ့တက်လာပြီး သူ့ကို လက်ထိပ်ခတ်ကာ စစ်ဆေးမေးမြန်းခန်းထဲ ခေါ်ဆောင်သွားရန် ဟန်ပြင်လိုက်တော့သည်။
"ဟွန့်... ဒီကောင်က သိပ်သရုပ်ဆောင်ကောင်းလွန်းတယ်... ငါတို့ မေးတော့မယ်ဆို အတိတ်မေ့သလိုလို... ရွှေပျောက်သလိုလို... အားမရှိသလိုလိုနဲ့... အခု သူ့ရဲ့ ပြေးမလွတ်တဲ့ ဝိပါတ်နဲ့တိုးတော့ ငါ့ထက်တောင် ဖြောင့်အောင် လမ်းလျှောက်နေနိုင်သေး... " ရန်ကျင်း မကျေမနပ် ရေရွတ်ရင်း စောဒကတက်လိုက်သည်။
" ဖြောင့်ဖြောင့် လျှောက်ရမှာပေါ့... သူလည်း ဘယ်ရွေးချယ်စရာရှိမှာ ... မဟုတ်ရင် လင်းရီက သူ့ရဲ့ တခြားခြေထောက်ကိုပအ ဒုက္ခိတ ဖြစ်အောင် လုပ်ပစ်လိုက်မှာလေ... “