ဒီ မစ်ရှင်က နည်းနည်းတော့ ခက်တယ်
Vol. 77 Ch. 1149
" ဟင်... ဘာကို ဆိုလိုချင်တာလဲ... "
ကော်ဇီကျင်းနှင့် ရန်ကျင်းတို့ နှစ်ယောက်လုံး ချိုးယွီလော့၏ ၏ကားကို ကြားတော့ ကြောင်အမ်းသွားခဲ့ကြသည်။
" ဘာလို့ဆို သူ့ရဲ့ ခြေထောက်ဒဏ်ရာက လင်းရီကြောင့် ရခဲ့တာလေ..." နင်ချဲ့ ပြောပြလိုက်ငည်။
" ဒါကြီးက - ဒါကြီးက ညှင်းပန်းနှိပ်စက်နေတာပဲ မဟုတ်ဘူးလား... "
" အင်း .. ဟုတ်တယ်..." နင်ချဲ့ အခြားသော အခန်းများရှိ ရှိုးပွဲကြည့်ရန် ရပ်နေကြသူများဘက် ငေးမောရင်း " ဒီလို မကောင်းတဲ့ကောင်တွေကို ကိုင်တွယ်ဖို့ဆိုရင် ကိုယ်က သူတို့ထက် ပိုပြီး ဆိုးသွမ်းနေဖို့လိုတယ်... ညှင်းပန်းနှိပ်စက်တာက တစ်ခုတည်းသော ခဲယမ်းမီးကျောက်ပဲ... "
ကော်ဇီကျန်းနှင့် ရန်ကျင်းတို့ ကျောချမ်းသွားခဲ့ကြသည်။
သူတို့ ဤလူများအပေါ် အထင်သေးမိခဲ့သည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။
၎င်းတို့က သိပ်ကြောက်စရာ ကောင်းလွန်းလှပေသည်။
အုပ်စုမှာ စုံစမ်းစစ်ဆေးရေး အခန်းသို့ ရောက်လာခဲ့ကြပြီး လင်းရီနှင့် ဂျင်မီတို့ အရင်ဆုံး ၀င်သွားခဲ့ကြသည်။ သို့ပေမယ့် ချိုးယွီလော့ ကော်ဇီကျင်းတို့ကို အပြင်ဘက်တွင် ဟန့်တားမြစ်လိုက်၏။
" နောက်လာမယ့် စကားဝိုင်းမှာ လျှို့ဝှက်ချက်တစ်ချို့ ရှိလာမှာမို့လို့ နင်တို့ နှစ်ယောက် လိုက်လို့မရဘူး.. ကျေးဇူးပြုပြီး နားလည်ပေးကြပါ... "
" ဒါပေမယ့် သူ့ကို အရင်က စုံစမ်းစစ်ဆေးခဲ့တဲ့တာ ကျွန်မတို့ပဲလေ... ဘာလို့ အခုကျတော့မှ လျှို့ဝှက်ချက် ဖြစ်လာရတာလဲ... "
" နင်တို့ နှစ်ယောက် စုံစမ်းစစ်ဆေးတုန်းက သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ကြရောပေါ့.... ဟုတ်တယ်ဟုတ်... "
ချိုးယွီလော့၏ စကားလုံးများကို ကြားပြီးနောက် နှစ်ယောက်သား ပြန်အမှတ်ရသွားခဲ့ကြသည်။
ဂျင်မီ အချုပ်ကျနေစဉ်အခါက ဒါရိုက်တာမှ သူတို့ နှစ်ယောက်ကို သဘောတူညီမှု လက်မှတ် ရေးထိုးခိုင်းခဲ့လေသည်။
စုံစမ်းမေးမြန်းရာမှ ရရှိလာခဲ့သည့် မည်သည့် သတင်းအချက်အလက်ကိုမျှ အပြင်သို့ ပေါက်ကြားခြင်းငှာ မရှိစေရချေ။ မဟုတ်ပါက သူလျှိုအဖြစ် မှတ်ယူခံရပြီး ထိန်းသိမ်းစစ်ဆေးခံရပေမည်။
သူတို့ လက်မှတ်ထိုးစဉ်အခါတုန်းကတော့ များများစဉ်းစားနေခဲ့ခြင်း မရှိသော်လည်းပဲ ယခု ထိုလက်မှတ်က အင်မတန်မှ အရေးကြီးကိစ္စတစ်ရပ် ဖြစ်နေခဲ့ပုံ ရ၏။
" အခု ငါတို့ လက်လွှဲယူလိုက်ပြီဆိုတော့ နင်တို့ နှစ်ယောက်ကို ၀င်ခွင့်မပြုနိုက်တော့ဘူး... " ချိုးယွီလော့ တောင်းပန်တိုလျိုးသည့် လေသံဖြင့် ပြောလိုက်သည်။
" တကယ်လို့ နင်တို့ မကြားသင့် မကြားထိုက်တာကို ကြားမိသွားခဲ့ရင် ကောင်းမှာ မဟုတ်ဘူးနော်... "
၎င်းကိုကြားတော့ ကော််ဇီကျန်းနှင့် ရန်ကျင်းတို့ ငြိမ်ကျသွားခဲ့ကြသည်။
သူတို့ ဤကိစ္စထဲ ၀င်မရှုပ်တာ ပိုကောင်းပေလိမ့်မည်။
" ဒါဆိုလည်း ကျုပ်တို့ မလိုက်တော့ဘူး.. စုံစမ်းမေးမြန်းလို့ ပြီးတော့မှပဲ ပြန်ခေါ်သွားလိုက်တော့မယ်... "
" ကျေးဇူးပါပဲနော်... "
ညွှန်ကြားချက်များ ပေးပြီးနောက် ချိုးယွီလော့နှင့် နင်ချဲ့တို့ စစ်ဆေးမေးမြန်းခန်းထဲ ၀င်ရောက်လိုက်ကြသည်။
ထိုအချိန်တွင် လင်းရီက ထိုင်ခုံပေါ်တွင် ခြေတင်ချိတ်လျက် ထိုင်နေပြီး ဂျင်မီကတော့ အပြစ်ပေးခံထားရသည့် မူလတန်းကျောင်းသားလေး တစ်ယောက်ကဲ့သို့ နံရံရှေ့ မတ်တပ်ရပ်နေခဲ့ရသည်။
ချိုးယွီလော့နှင့် နင်ချဲ့တို့ လင်းရီအနောက် သွားရပ်လိုက်ကြ၏။
ကျုံးဝေ့တပ်ဖွဲ့ အလှလေး နှစ်ယောက်၏ ခြံရံမှုကို လင်းရီ တစ်ယောက်တည်းသာလျှင် ခံစားရရှိနိုင်သည့် အခွင့်အရေးမျိုး ဖြစ်၏။
" မင်း ငါ့ကို မသတ်သရွေ့ မင်းသိချင်တာ အကုန် ငါပြောပြမယ်... " ဂျင်မီ တောင်းပန်လိုက်သည်။
" မင်း သေမှာရှင်မှာကို ငါ အဆုံးအဖြတ် မပေးနိုင်ပါဘူးကွာ.. ဘာလို့ အဲ့လောက်တောင် စိုးရိမ်နေရတာတုန်း... " လင်းရီ ထူးမခြားသည့် အမူအရာဖြင့် ပြောလိုက်၏။
ထိုစကားကြားတော့ ဂျင်မီ အတွေးသန်းပေါင်းများစွာ ဖြတ်ပြေးသွားခဲ့ပြီး သွေးအန်ချင်သလို ဖြစ်သွားခဲ့တော့သည်။
' မင်းစိတ်နဲ့သာဆို ငါ့ကို သတ်ဖို့ တစ်မိနစ်လောက်ပဲ ကြာမယ်... ဟုတ်ပြီလား...'
" ငါ့မှာ တစ်ခုတောင်းဆိုစရာ ရှိတယ်.. မင်း အဲ့ဒီအချက်ကို သဘောတူပေးမယ်ဆိုရင် မင်း ဘာပဲမေးမေး ငါ ဖြေပေးဖို့ သဘောတူတယ်... "
ဂျင်မီ မည်မျှ ကြောက်ရွံ့နေပုံကို ကြည့်ရင်း ချိုးယွီလော့နှင့် နင်ချဲ့တို့ မနေနိုင်ပဲ လင်းရီ ကွမ်တမ် သင်္ဘောကြီးပေါ်၌ မည်သည့်အမှုများ ပြုခဲ့သည်ကို သိချင်စိတ် ပြင်းပြမိသွားခဲ့ကြသည်။ ယခု ဂျင်မီမှာ လင်းရီကို မျက်လုံးစေ့စေ့ပင် မကြည့်ဝံ့ ဖြစ်နေလေသည်။
" ကောင်းပြီလေ... မင်း အရင်ပြောကြည့်... မလွန်ကြူးလာသရွေ့တော့ ငါ သဘောတူပေးမယ်... "
" ငါ ကျန်တဲ့ ဘ၀တစ်လျှောက်လုံး ဘယ်မှ မသွားချင်တော့ဘူး... ဒီမှာပဲ တစ်သက်လုံး နေသွားချင်တယ်... မင်းငါ့ရဲ့ ဒီတောင်းဆိုမှုကိုသာ သဘောတူပေးမယ်ဆိုရင် ငါမင်းနဲ့ အပြည့်အ၀ ပူးပေါင်းပေးနိုင်တယ်... "
ဟမ်...
ဒါ ဘယ်လိုတောင်းဆိုမှုကြီးတုန်း...
ငါတို့ ဒီလိုမျိုး မလုပ်လို့ မရဘူးလားကွ..
" မင်း နောက်နေတာ မဟုတ်ဘူးဆိုတာ သေချာလား... "
" ငါ သေချာတယ်... "ဂျင်မီ အသံ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်ပြီး " မင်း ဂျက်ဖရီအကြောင်း မသိသေးလို့... သူက အကြင်နာ တရားရှိတဲ့လူ မဟုတ်ဘူး... မင်း ငါ့ကို ပြန်လွှတ်ပေးရင်တောင် ငါ့ကို သူလျှိုဆိုပြီး သတ်ပစ်မှာပဲ... "
လင်းရီ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး လက်ချောင်းများကို ပေါင်ပေါ် တင်၍ တတောက်တောက် ပြုနေလေသည်။
ဂျင်မီပြောသည်က အဓိပ္ပာယ် ရှိသည်။
ရွှေနက်ကဲ့သို့ အဖွဲ့အစည်းကြီး တစ်ခု တည်ထောင်ပြီး စွမ်းအားကောင်းသူများကို သိမ်းသွင်းနိုင်ရန်အတွက် ဂျက်ဖရီသည် ကျိန်းသေပေါက်ကို အညှာတာ ကင်းမဲ့သူမျိုး ဖြစ်ရမည်။
အကယ်၍ ၎င်းနေရာတွင် လင်းရီဆိုပါကလည်း ဂျင်မီကို မဆိုင်းမတွ သတ်မိမှာ အမှန်ပင်။ မဟုတ်ပါက ရတက်အေးရလိမ့်မည် မဟုတ်ချေ။
" မင်း အမေရိကားကို မဖြစ်မနေ ပြန်စရာ လိုလို့လား... ဟွာရှမှာပဲ နေပြီး အပူပင်ကင်းကင်းနဲ့ နေသွားလို့လည်း ရတာပဲ... "
" မင်း ဂျက်ဖရီကို သိပ်အထင်သေးလွန်းနေပြီ... ငါနဲ့ ငါ့အဖော်တွေ ပျောက်သွားခဲ့တာ ဒီလောက်ကြာနေပြီကို သူလည်း ငါ အဖမ်းခံလိုက်ရတယ်ဆိုတာ ရိပ်မိမှာပဲ... ဒီက အခြေအနေတွေကို စောင့်ကြည့်ဖို့တောင် ဟွာရှကို လူတွေ ပို့ရင် ပို့ထားခဲ့လောက်ပြီ... တကယ်လို့ ဒီရဲ့ နေရာကနေ လွှတ်လာခဲ့မယ်ဆိုရင် ငါ အသက်ရှည်ရှည် နေနိုင်တော့မှာ မဟုတ်တော့ဘူး... "
ဂျင်မီ၏ အသံထဲတွင် ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေပြီး မျက်နှာထက်တွင် ပြင်းပြသည့် အသက်ရှင်လိုစိတ်ကို လှစ်ဟာပြထားသည်။
လင်းရီ နောက်သို့လှည့်ပြီး ချိုးယွီလော့နှင့် နင်ချဲ့တို့ထံ ကြည့်လိုက်၏။ သူက ကျုံးဝေ့တပ်ဖွဲ့သို့ ရောက်သည်မှာ မကြာသေးသောကြောင့် သူ မည်မျှ လုပ်ပိုင်ခွင့် ရှိသလဲဆိုတာ သူ မသိသေးချေ။
သူမတို့နှစ်ယောက် စက္ကန့်အနည်းငယ်ကြာအောင် တွေးတောလိုက်ကြပြီး အဆုံးတွင် နင်ချဲ့မှ သဘောတူသည့်ဟန်ဖြင့် ခေါင်းညိမ့်ပြလိုက်၏။
" မင်းတောင်းဆိုတာကို သဘောတူတယ်.. မင်းသိတာ မှန်သမျှ ပြောပြမယ်ဆိုရင် မင်း မသေမချင်း ဒီမှာ ရှိနေရမယ်ဆိုတာ အာမခံတယ်... "
ထိုစကားကြားတော့ ဂျင်မီ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုတို့မှာ နေလာနှင်းကဲ့သို့ ပပျောက်သွားခဲ့ပြီး ပျော်ရွှင်သွားခဲ့တော့၏။ ခေတ္တကြာအောင် စိတ်တည်ငြိမ်စေလိုက်ပြီးနောက် " အခု မင်းသိချင်တာ မှန်သမျှ မေးတော့... ငါ သိတဲ့ဟာဆို သေချာပေါက် ပြောပြပေးမယ်... "
" ငါ ကွမ်တမ် သင်္ဘောပေါ်ကနေ ယူလာတဲ့ အပြာရောင် အရည်တွေက ဘာတွေလဲ... "
" အဲ့တာကို ဗီဇ သွေးရည်ကြည်လို့ ခေါ်တယ်... မစ်ဆူ မိသားစုကနေပြီး ဖန်တီးထုတ်လုပ်ထားတာ... အဲ့ဆေးရည်ကြည်က လူသား ခန္ဓာကိုယ်ကို အချိန်တို အတွင်း E အဆင့် တိုက်ပွဲ၀င် ခွန်အား ရရှိအောင် ကူညီပေးနိုင်တယ်... "
" ဆေးပုလင်း တစ်ပုလင်းက လူတစ်ယောက်ကို E အဆင့် တိုက်ပွဲခွန်အား ရရှိအောင် လုပ်ပေးနိုင်တယ် ဟုတ်လား... "
ယင်းကြောက်မက်ဖွယ် အကျိုးသက်ရောက်မှုကြီးက ချိုးယွီလော့နှင့် နင်ချဲ့ကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။ သူမတို့ နှစ်ယောက်လည်း ထိုအရာက ခွန်အား တိုးတက်စေမည့် အရာပစ္စည်းဖြစ်ကြောင်း သိရှိထားသော်လည်း E အဆင့်သို့ လွယ်လင့်တကူ ရောက်ရှိအောင် ကူညီပေးနိုင်လိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ကြချေ။
သူမတို့ နှစ်ယောက်ကလည်း လေ့ကျင့်သူများ ဖြစ်သောကြောင့် သာမန်လူများ တန်းထျန်ထဲတွင် အတွင်းအားပျိုးထောင်ပြီး ထုတ်ယူသည့် နည်းလမ်းကို ကျွမ်းကျင်နိုင်ရန် မည်မျှ ခက်ခဲကြောင်း သူမတို့ နှစ်ယောက်လုံး နားလည်ထားလေသည်။
ထင်မှတ်မထားစွာဖြင့် ယခု အခြားနိုင်ငံများက သူမတို့ သွေး၊ချွေးတို့ အရင်းခံပြီး ကာလရှည်ကြာ နာကျင်စွာဖြင့် လေ့ကျင့်ခဲ့ရမှုတို့ကို ဗီဇသွေးရည်ကြည် တစ်ပုလင်းတည်းနှင့် အစားထိုး ရရှိစေနိုင်နေသည်။ ၎င်း၏ အကျိုးသက်ရောက်မှုက ဖော်မပြနိုင်လောက်အောင် တုန်လှုပ်ဖွယ် ကောင်းလွန်းလှသည်။
" အမှန်ပဲ.. ဒါပေမယ့် ငါသိထားသလောက်တော့ ဒီရဲ့ သွေးရည်ကြည်က မပြီးပြည့်စုံသေးဘူး... ကျရှုံးနိုင်ချေ ၂၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ရှိတယ်... ပြီးတော့ တကယ်လို့ အောင်မြင်သွားမယ်ဆိုရင် လူရဲ့ သက်တမ်းကိုလည်း ဧရာမ တိုတောင်းသွားစေလိမ့်မယ်... အဲ့တာက ခွန်အားအတွက် ပေးဆပ်ရမယ့် တန်ဖိုးပဲ... "
ကွမ်တမ် သင်္ဘောကြီးထံမှ ပြန်လာပြီးကတည်းကရင် ကျုံးဝေ့တပ်ဖွဲ့၏ သုတေသန ပညာရှင်များမှ ဗီဇ သွေးရည်ကြည်၏ ပေါင်းစပ်ဖွဲ့စည်းမှုကို ရှာဖွေနေခဲ့ကြသည်။ သို့သော် ယခု အကယ်၍ ရှာတွေ့ခဲ့လျှင်ပင် အချည်းနှီးချည်းသာ ဖြစ်မည်ဟု ချိုးယွီလော့နှင့် နင်ချဲ့တို့ နှစ်ယောက်လုံး ထပ်တူထပ်မျှ ခံစားလိုက်ကြရလေသည်။
ဟွာရှတွင် ထိုကဲ့သို့ လူမဆန်သည့် သုတေသန ပြုမှုများကို ခွင့်မပြုထားချေ။
" ဒါဆိုလည်း နောက်မေးခွန်းတစ်ခုကို သွားမယ်... "လင်းရီ သူ၏ ကိုယ်ဟန်ကို ပြောင်းလဲလိုက်ပြီး " လွန်ခဲ့တဲ့ ရက်တွေတုန်းက ကျုံးဝေ့တပ်ဖွဲ့က ဘက်စ်သတ္တုရိုင်း တစ်သုတ် ရလာခဲ့ပြီးတော့ နိုင်ငံထဲ သွင်းဖို့ ကြိုးပမ်းခဲ့ကြတယ်... ဒါပေမယ့် လမ်းမှာတင်ပဲ ငါ့လူတွေ အသတ်ခံလိုက်ရပြီး သတ္တုရိုင်းလည်း အလုယက်ခံလိုက်ရတယ်... ရွှေနက် ကော်ပိုရေးရှင်းအပေါ် မင်းရဲ့ နားလည်မှုနဲ့ဆိုရင် ဂျက်ဖရီ လုပ်တာ ဖြစ်နိုင်လောက်လား... "
" ဖြစ်နိုင်တယ်... "ဂျင်မီ ပြောလိုက်ပြီး " ငါတို့က ဥပဒေမဲ့ တစ်သိုက်ပဲလေ... ငါတို့ ဘာမဆို လုပ်ရဲ ကိုင်ရဲတယ်... "
" မင်းက ဂျက်ဖရီရဲ့ ဗီဇ ဆေးရည်ကြည်ကို ယူသွားခဲ့တယ်ဆိုတော့ သူ့ဘက်က လက်သားပြန်ချေလာမှာ ကျိန်းသေပေါက်ပဲ... "
" ကောင်းပြီ... နောက်မေးခွန်းတစ်ခု...." လင်းရီ မေးမြန်းလိုက်ပြီး " မင်းတို့ ဘာရည်ရွယ်ချက်နဲ့ ဘက်စ်သတ္တုရိုင်းတွေ မှောင်ခိုလုပ်နေကြတာလဲ... "
" အရင်တုန်းကတော့ ငွေအတွက်ပဲ... ဒါပေမယ့် အခု ... ဂျက်ဖရီကလည်း ကြွယ်၀မှု အတော်အသင့် စုဆောင်းမိလာပြီဆိုတော့ သူ့ရဲ့ အဓိက ပစ်မှတ်က ဗီဇ ဆေးရည်ကြည်ပဲ... ငါတို့ အမြဲတမ်း ဂျပန် ဒါမှမဟုတ် အမေရိကားနဲ့ အပေးအယူတွေ လုပ်တယ်... ဒါပေမယ့် အမေရိကားမှာ သတ္တုရိုင်းကိစ္စကို လတ်တလော တင်းတင်းကြပ်ကြပ် လုပ်လာတော့ အခု ဂျပန်က မစ်ဆူမိသားစုနဲ့ပဲ အဓိက အပေးအယူ လုပ်ဖြစ်တော့တယ်... "
လင်းရီ မသိမသာ မျက်မှောင်ကြုတ်သွားခဲ့သည်။ အသင်း ၁ ၏ အဖွဲ့၀င်များက သေဆုံးသွားပြီး ဖြစ်သောကြောင့် အကယ်၍ သူက လက်စားပြန်ချေလျှင်ပင် အသက်ပြန်ရှင်လာကြမည် မဟုတ်ချေ။
ထို့ကြောင့် ဤကိစ္စကို အကောင်းဆုံး ကိုင်တွယ်ရန် နည်းလမ်းက ဘက်စ်သတ္တုရိုင်း နှစ်ကီလိုကို ပြန်လည် ရယူဖို့ရာပင်။
သို့သော်ငြားလည်း အကယ်၍ ရွှေနက် ကော်ပိုရေးရှင်းကသာ မစ်ဆူမိသားစုနှင့် အပေးအယူ ပြုလုပ်ပြီးပြီဆိုပါက ပြန်လည် ရယူဖို့ရာ သိပ်ကို ခက်ခဲ့သွားပေလိမ့်မည်။
ဤမစ်ရှင်က အနည်းငယ်တော့ ခက်ချေပြီတကား….