← Chapters

ငါနဲ့အတူ အိပ်ပေးလို့ ကျေးဇူးတင်ရမှာလား။

Vol. 77 Ch. 1151

ငါနဲ့အတူ အိပ်ပေးလို့ ကျေးဇူးတင်ရမှာလား။

Vol. 77 Ch. 1151

" ငါ လခွမ်းတွေ ဖြစ်နေတာလားဟ..." လင်းရီ ရေရွတ်မိသွားခဲ့ပြီး " ငါသွားတာ တစ်ရက်တည်း ရှိ‌သေးတာကို ဒီလိုမျိုးတွေ ဖြစ်နေပြီပေါ့... "

တီ တီ တီ...

ရုတ်တရက်ဆိုသလို ကျီချင်းရန် ကားဟွန်းတီးသံကို ကြားလိုက်ရ၏။

ကျီချင်းရန် ဖုန်းပြောနေရင်း တွန့်ကနဲ ဖြစ်သွားခဲ့ပြီး ဒေါသတကြီးနှင့် ပေါက်ကွဲတော့မည့် အချိန်မှာပဲ ဒရိုင်ဘာ နေရာတွင် ထိုင်နေသည့် လင်းရီကို မြင်တော့ မူလက အေးစက်စက် မျက်နှာထားလေးမှာ ပန်းများ ပွင့်လန်းလာသည့်နှယ် နူးညံ့ပျော့ပျောင်းသွားခဲ့တော့၏။

" နင် ပြန်လာမယ်ဆို ဘာလို့ ကြိုပြီး မပြောတာလဲ.... "

ပျော်ရွှင်နေသည့် ပျံလွှားငှက်ကလေး တစ်ကောင်ကဲ့သို့ ကျီချင်းရန် လင်းရီကားထံ စိတ်လှုပ်ရှား ကြီးစွာဖြင့် အပြေးလေး ရောက်လို့လာသည်။

" လာစမ်းပါဦး.. ငါ့ကို ရှင်းပြစမ်းပါဦး... ကောင်လေးက ဒီနေ့ အိမ်မှာ မရှိတော့ ငါ့နေရာမှာ အိပ်လို့ရတယ်ဆိုတာက ဘာကိုပြောချင်နေတာတုန်း... "လင်းရီ ကျီချင်းရန်၏ ပါးကို ဖျစ်ညစ်ရင်း မေးမြန်းလိုက်၏။

" အာ.... "

ကျီချင်းရန် တဒင်္ဂမျှ ကြက်သေသေသွားခဲ့ပြီး အပြုံးတစ်ပွင့် ပြန်လည် ပွင့်လန်းလို့လာလေသည်။

" မဟုတ်ပါဘူး.. ငါ့ အတန်းဖော်ဟောင်းနဲ့ ဖုန်းပြောနေတာပါ နင်ကလည်း... အာ့.. ဆက်ပြီး ညစ်မနေနဲ့တော့... နင်လုပ်တာနဲ့ ငါ့မိတ်ကပ်တွေတော့ ပျက်ကုန်တော့မှာပဲ... "

" အတန်းဖော် တစ်ယောက်နဲ့ ပြောနေတယ် ဟုတ်လား... မင်း ရည်းစားဟောင်းတွေနဲ့ ပြန်ဆက်သွယ်နေတာလား... "

" နင် ဘာစကားတွေ လာပြောနေတာလဲ... "ကျီချင်းရန် ချက်ချင်းပင် ကျွဲမြီးတိုနေသည့် မျက်နှာထားဖြင့် ဖြစ်သွားခဲ့ပြီး " ငါ့ရဲ့ အတန်းဖော် လုထျန်ကို နင်မမှတ်မိဘူးလား... ငါတို့ တီချယ်ကျန်းရဲ့ အိမ်ကို မသွားခင်တုန်းက နင်တောင် သူနဲ့ တစ်ခါ တွေ့ခဲ့ဖူးသေးတယ်လေ... "

" လုထျန် ... လုထျန်... "

လင်းရီ ရေရွတ်ရင်း မည်သူဆိုတာကို မှတ်မိသွားခဲ့သည်။ သူမက သူ ကျီချင်းရန်ကို ရုံးခန်းအပြည့် ပန်းပင်လယ်ကြီး စပရိုက် လုပ်ပေးချိန်တွင် ရှိနေခဲ့သူ တစ်ယောက်ပင်။

" မင်း သူ့ကို ဖိတ်ခေါ်နေတာလား... "

" ဒါပေါ့... ဘာလဲ.. နင်က ငါ တခြား ယောက်ျားတစ်ယောက်နဲ့ တွေ့နေတယ်လို့ ထင်နေတာလား... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... " ကျီချင်းရန် သူမ၏ ဖုန်းကို လက်ထဲတွင် ကိုင်ထားရင်း " နင် စောင့်နေ... ငါသူ့ကို ပြန်ခေါ်ပြမယ်... "

ရိုးသားသည့် လူက အရိပ်ကို ကြောက်ရိုးထုံးစံ မရှိဟု ဆိုရိုးရှိသည့် အတိုင်းပင်။

" ဟဲ့... နင်ဘာလို့ မပြောမဆိုနဲ့ ဖုန်းချပစ်တာလဲ.."

လုထျန် မေးမြန်းလိုက်ပြီး " မြန်မြန် ထွက်ခဲ့တော့ဟာ... ငါ ယွမ်ယွမ်ကို ကြိုလာခဲ့ပြီးပြီ... သွားပြီး အချောလေးတွေနဲ့ သွားသောက်ကြစို့... သူတို့ရဲ့ ဘော်ဒီတွေက အမိုက်စား အလန်းဇယားလေးတွေနော်.... နင့်ကောင်လေးကလည်း အိမ်မှာ မရှိဘူးဆိုတော့ အတော်ပဲ... ငါတို့ မနက်မိုးလင်းတဲ့အထိ ကဲလို့ရပြီ... "

ကျီချင်းရန် "...... "

ကျီချင်းရန်၏ မျက်နှာမှာ မီးပြင်းဖိုကဲ့သို့ ရဲရဲနီနေသည်။ သူမ ရှက်လွန်းလို့ တွင်းတစ်ခုထဲ ပြေးပုန်းချင်စိတ်ပင် ဖြစ်နေမိတော့သည်။

" ငါ အဲ့လိုမျိုးတွေ စိတ်မ၀င်စားဘူး.. နင်တို့ပဲ သွားကြတော့... "

" အာ.... နင် မလိုက်ဘူးပေါ့... " လုထျန် စိတ်ပျက်သည့် လေသံမျိုးဖြင့် ပြောလာခဲ့ပြီး " ငါတို့ အတူသွားဖို့ သဘောတူထားပြီးသား မဟုတ်ဘူးလား.... ပြီးတော့ နင့်ကောင်ကလည်း အိမ်မှာ ရှိတာ မဟုတ်ဘဲနဲ့.. တစ်သက်မှာ တစ်ခါပဲ ကြုံမယ့် အခွင့်အရေးကို လက်လွှတ်လို့ မကောင်းဘူးနော်.... နင် နောင်တရနေလိမ့်မယ်..."

" အဲ့လို... အဲ့လိုဆိုရင်တောင် ငါ မသွားဘူး... "

" ဒါဆိုလည်း ငါတို့ နှစ်ယောက်ပဲ သွားတော့မယ်နော် အစ်မကျီ.. "

ပြောလိုက်သူက လုထျန်မဟုတ်။ ဘေးတွင် ထိုင်နေသည့် ယွမ်ယွမ်ပင် ဖြစ်သည်။

" သူဌေးက ခဏခဏ ခရီးထွက်တတ်တော့ သူ့ကိုက မြင်ရခဲတယ်.. နောင်ကျ အခွင့်အရေးတွေ အများကြီး ရှိလာဦးမှာပဲလေ... ဒီတစ်ကြိမ်လေး လွှတ်သွားတာ ဘာမှ မဖြစ်ပါဘူး... "

" ကဲပါ.. ငါနဲ့ ယွမ်ယွမ်နဲ့ သွားပြီ... နောက်တစ်နေ့မှ ဆုံကြစို့... "

ဖုန်းချပြီးနောက် ကျီချင်းရန် ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်ပြီး မျက်နှာပေါ်တွင် အပြစ်ကင်းစင်သည့် အမူအရာလေးအား ဆင်မြန်းထားကာ လင်းရီကို ပေကလပ် ပေကလပ် ကြည့်လိုက်၏။

သူမ မည်သို့ ရှင်းပြရမည်နည်း။

" မိန်းကလေးကျီ... ကျွန်တော့်ကို သင့်တင့်လျောက်ပတ်တဲ့ ဖြေရှင်းချက်လေး မပေးသင့်ဘူးလား..." လင်းရီ အပြုံးလေးဖြင့် မေးမြန်းလိုက်သည်။

" ငါကျိန်ရဲတယ်... ငါ တကယ်ကြီး ဘာမှမလုပ်ဘူး... သူတို့ ပြောနေသလိုမျိုး မဟုတ်ဘူး... နင် အလုပ်ခရီးသွားရင် ငါ အမြဲတမ်း အမေတို့ အိမ်မှာ သွားနေတာ.. နင် အမေ့ကို လှမ်းမေးကြည့်လို့ရတယ်... "

" ပြီးတော့ နင် ထျန်ထျန်ကို မယုံဘူး ဆိုရင်တောင် နင် ယွမ်ယွမ်ကို‌တော့ ယုံကြည်ပေးသင့်တယ်လေ... "

" ထားလိုက်... သူက လုထျန်လောက်တောင် မယုံရဘူး... "

" ဘာပဲပြောပြော ငါက အပြစ်ကင်းတယ်... နင်ငါ့ကို ယုံရမယ်... " ကျီချင်းရန် မကျေမနပ် နှုတ်ခမ်းစူလာခဲ့တော့သည်။

" အိုက်ယား.. ဒီက စနေတာကိုပဲ... "

လင်းရီ ကျီချင်းရန်၏ ပါးကို တစ်ဖန် ဆွဲညစ်ပစ်လိုက်၏။ သူဆက်ပြောနေပါက သူမ စတင် ငိုတော့ချေမည်။

" ဒါဆို နင် ပြန်လာတာကို ဘာလို့ ငါ့ကို ကြိုမပြောလဲ... "

" ငါ မင်းကို စပရိုက် လုပ်ချင်လို့လေ... " လင်းရီ ပြောလိုက်ရင်း " ဒါပေမယ့် တစ်ခုခု သိလိုက်ရမယ်လို့တော့ မျှော်လင့်မထားဘူး... "

" အား... ငါနင့်ကို သတ်မယ်... "ကျီချင်းရန်၏ လက်သီးဆုပ် သေးသေးလေးများ လင်းရီကိုယ်ပေါ် ကျရောက်လာခဲ့တော့သည်။ " ငါ ဗိုက်ဆာပြီ... မြန်မြန် ခေါ်သွားပေးတော့.... "

သူမ၏ အတန်းဖော် သူငယ်ချင်းများ ရောက်ရှိနေသော်လည်း ကျီချင်းရန် လင်းရီနှင့် အတူ ထမင်းစားဖို့ကို ပို၍ နှစ်သက်မိသည်။

" ဘာစားချင်လဲ..... "

" အင်း..." ကျီချင်းရန် ခေတ္တမျှ တွေးတောလိုက်ရင်း " အသားကင် စားရအောင်... ငါတို့ နောက်ဆုံးတစ်ခေါက် စားဖြစ်ခဲ့တာတောင် တော်တော်ကြာနေပြီ... "

" အိုကေဗျာ..."

သို့နှင့် လင်းရီ ကျီချင်းရန်ကို ဂျပန်စတိုင် ဘာလီကျူးဆိုင်သို့ ခေါ်ဆောင်လာခဲ့လိုက်၏။

" ငါ ယွမ်ယွမ်ဆီကနေ ကြားခဲ့တာ ခရီးသွားမယ့် အစီအစဉ်က ပြီးနေပြီဆို... " ညစာ စားနေစဉ် ကျီချင်းရန် သာမန်လျှံကာ မေးမြန်းလိုက်သည်။

" အင်း.. ငါလည်း ဒီနေ့လေးတင်မှ သိလာခဲ့တာ... ကုမ္ပဏီကိစ္စတွေကို ၀င်စွက်ခဲတယ်လေ.. အဲ့ကိစ္စတွေ ချီကြီးတို့ပဲ ကိုင်တွယ်ကြတာ... "

" နင် ခရီးသွားတဲ့ အချိန်ကျ မိသားစု၀င် တစ်ယောက်တစ်လေတော့ ခေါ်ခွင့် ပြုသင့်တယ်ထင်တယ်နော်... " ကျီချင်းရန် တူကို ပါးစပ်ထဲထည့်ကိုက်ထားရင်း မျက်၀န်းများက မျှော်လင့်တောင့်တမှုတို့ဖြင့် တလက်လက် ဖြစ်လို့နေသည်။

" လိုက်ချင်တယ်ဆိုလည်း လိုက်ချင်တယ် ပြောရောပေါ့ကွာ... "

" မပြောပါဘူး... နင် ငါ့ကို လိုလိုလားလားနဲ့ ဖိတ်ခေါ်မှပဲ ရမယ်... မဟုတ်ရင် ငါမသွားဘူး... "

" အဟမ်း အဟမ်း အဟမ်း... "

လင်းရီ တူကိုချ... လည်ချောင်းရှင်းလိုက်ရင်း " မစ္စလင်းခင်ဗျာ... ကျွန်တော်မျိုးတို့ ကုမ္ပဏီက အပျော်ခရီး သုံးရက်ထွက်မှာ ဖြစ်လို့ မစ္စလင်းကို ကျွန်တော်နဲ့အတူ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ... "

" အန်း... စဉ်းစားလိုက်ပါဦးမယ်... " ကျီချင်းရန် ခေါင်းငဲ့စောင်းရင်း မျက်လုံးကို အပေါ် မျက်နှာကြက်သို့ ကြည့်လျက် အပြည့်အ၀ ဟိတ်ဟန်ထုတ်နေတော့၏။

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်သည်။ ကျီချင်းရန်သည်လည်း တစ်ခါတစ်လေကျပြန်တော့ ကလေးဆိုးကြီး တစ်ယောက်ကဲ့သို့ ပြုမူတတ်ပေသည်။

ခုနစ် နာရီ ထိုးလောက်ကျတော့ နှစ်ယောက်သား စားသောက်ပြီးစီးသွားခဲ့ပြီး အပြင်ဘက် လမ်းခဏထွက်လျှောက်ကာ အိမ်သို့ ပြန်လာခဲ့ကြ၏။

အိမ်သို့ ပြန်ရောက်လာပြီးသည့်နောက် ကျီချင်းရန်မှာ ဆိုဖာပေါ် ထိုင်ပြီး ဖုန်းပွတ်နေရင်း လာမည့် ခရီးစဉ်တွင် ၀တ်မည့် အ၀တ်များကို ရှာဖွေနေတော့၏။

လင်းရီကတော့ ဖုန်းနှင့် ချိတ်ဆင်ထားသည့် လုံခြုံရေး ကင်မရာကို ကြည့်ရင်း အနားယူနေလိုက်သည်။

ဖန်လုံအိမ်ထဲတွင် မည်သည့် မူမမှန် မှုမျိုးကိုမှ သူ မတွေ့ရချေ။ အထဲရှိ အသီးများကတော့ အပြည့်အ၀ ရင့်မှည့်နိုင်ရန်အတွက် တစ်ပတ်ခန့် အချိန် လိုအပ်နေသေးသည်။

သူ ဂျပန်မှ ပြန်ရောက်လာခဲ့တော့မှ ရိတ်သိမ်းပြီး ရောင်းချလျင်လည်း အလျင်မီသေးသည်။

သို့သော်လည်းပဲ ၀က်ပေါက်လေးကိုတော့ သန့်ရှင်းရေး ပြုလုပ်ပေးရန် လိုအပ်နေချေပြီ။ မဟုတ်ပါက သကောင့်သားကြောင့် ကမ္ဘာကြီး လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်သွားစေပြီး သိပ္ပံပညာရှင်များကို ခေါင်းကိုက်သွားစေနိုင်လောက်သည်။

နောက်တစ်နေ့ နံနက်ခင်းတွင် နှစ်ယောက်သား ကားကိုယ်စီ မောင်း၍ ခွဲထွက်လိုက်ကြပြီး လင်းရီကတော့ ဟွမ်ရှီးကျေးရွာထံ မောင်းချလာခဲ့၏။

လေးငါးရက် ကြာပြီးသည့်နောက် အခြေခံ အဆောက်အဦးများ အားလုံး ပြီးစီးသွားခဲ့ပြီး အသေးစိတ်တစ်ချို့သာလျှင် ကျန်ရှိတော့သည်။ ကျေးလက်ဆန်သည့် ဆွဲဆောင်မှု အော်ရာများ စတင်ထုတ်လွှတ်နေချေပြီ။

" လင်းရီ... နင် ဘာလို့ ဒီရောက်နေတာလဲ... "

လင်းရီ ဟိုကြည့် ဒီကြည့် ပြုနေစဉ်မှာပဲ ရန်စီ၏ အသံက နောက်ကျောမှနေ၍ ထွက်ပေါ်လာခဲ့သည်။

ရန်စီ၏ အ၀တ်အစားတို့ကတော့ သာမန် ရိုးရိုးရှင်းရှင်းပင် ၀တ်စားထား၏။ သူမက ချွေးစုပ် ဘောင်းဘီ မီးခိုးရောင်၊ အဖြူရောင် နိုက်ကီ တီရှပ်နှင့် အပြာရောင် စနိကာ တစ်ရံကို စီးနင်းထားသည်။ ခြုံငုံ သုံးသပ်ကြည့်လိုက်ပါက သူမ အိပ်ရာမှ ထလာခဲ့တာ မကြာသေးသည့်ပုံပင်။ မျက်နှာတွင် မိတ်ကပ် မလိမ်းခြယ်ရသေးသော်လည်း ၀င်းဝါ ကြည်လင်နေသည့် အသားအရေက လူကို ဆယ့်ရှစ်နှစ် အရွယ် ကောင်မလေး တစ်ယောက်အလား အထင်မှားသွားနိုင်သည်။

သို့သော်လည်းပဲ လှိုင်းတံခွန်ကဲ့သို့ အတွန့်အတွန့်ဖြင့် ဖြာကျနေသည့် ဆံကေသာတို့က ရင့်ကျက်သည့် အမျိုးသမီး တစ်ယောက်၏ ရောင်ဝါကို ပို၍ အားကောင်းသွားစေပြီး ဖော်မပြနိုင်သည့် ဆွဲဆောင်မှုများ သင်းပျံ့နေတော့၏။

"ဒီ ရက်ပိုင်း ငါ ရန်ကျင်းကို ရောက်နေတာ... မနေ့ကလေးတင် ပြန်လာခဲ့တာ.. ဒါကြောင့်မို့ ဒီကို တစ်ချက် လာကြည့်ကြည့်တာ... "

" မပူပါနဲ့.. ငါ နင့်အိမ်ကို သေချာကြည့်ထားပေးပါတယ်တော်... "ရန်စီ ပြောလိုက်ပြီး " ဒါပေမယ့် ငါ တစ်ခု သတိထားမိတာ နင်စိုက်ထားတဲ့ အသီးတွေ စားပြီးကတည်းကရင် ငါ့အသားအရေက ပိုပိုပြီး လှလာသလိုပဲ... ရက်အတော်ကြာ ညဉ့်နက်တဲ့ထိ နေတာတောင်မှ ဘာမှ မဖြစ်ဘူး .. "

" စဉ်းစားလေ... ထူးခြားချက်မှ မရှိဘူးဆိုရင် ငါက အသီးကို ဒီလောက် ဈေးကြီးတဲ့ နှုန်းနဲ့ ရောင်းပါ့မလား... အကုန် ဝိုင်းရိုက်လို့ သေသွားမှာပေါ့... "

" ငါသိသားပဲ.. နင်က နင့်ရဲ့ အရည်အချင်းတွေနဲ့ ကမ္ဘာကြီးကို အံ့အားသင့်အောင် လုပ်ပြမယ့် လူစားမျိုးဆိုတာ... နင်က သာမန်လူတွေ မလုပ်ပြနိုင်တဲ့ အရာကို လုပ်ပြလိုက်တာပဲ... "

" ဒါက... အမျိုးသမီးတွေနဲ့ ပတ်သက်လာရင်လည်း အတူတူပါပဲ... ငါက တော်ရုံ ဆွဲဆောင်မှု ရှိတဲ့ မိန်းကလေးတွေဆို စိတ်မ၀င်စားဘူး... "

ရန်စီ လက်ခါးထောက်လိုက်ပြီး လှပသည့် မျက်၀န်းတို့က လင်းရီကို တောက်လောင်စွာ ကြည့်လျက် " ဆိုတော့ နင် ပြောတဲ့ အတိုင်းဆို နင် ငါနဲ့ အတူအိပ်တာကိုပဲ ငါက ၀မ်းသာပြီး ကျေးဇူးတင်သင့်တယ်ပေါ့... "

" အာ... ကျေးဇူးတင်စရာတော့ မလိုပါဘူး.. ငါ မင်းအပေါ် ဘယ်လိုတွေကောင်းအောင် လုပ်ပေးခဲ့လဲဆိုတာကိုပဲ စိတ်နှလုံးသွင်းထားရင် ရပြီ... "

" ဂါး... ငါ နင့်ကို သတ်မယ်... “

All Chapters