မင်းက မတန်ဘူးလေ
Vol. 77 Ch. 1154
“ မစ္စလင်းက ကျွန်တော်မျိုးကြီးတို့နဲ့အတူ ဆာကူရာမြေကို လိုက်ခဲ့ဖို့ သဘောတူလိုက်ပြီပေါ့…”
လင်းရီ ရုံးခန်းထဲမှတဆင့် စနောက်လိုက်၏။
“ နင့်ဘက်က ဘယ်လောက်တောင် စိတ်ရင်းမှန်ထားလဲဆိုတာကို တွေးမိတော့ ငါမငြင်းရက်တော့ဘူးလေ… ဒါကြောင့်မို့ ဒီက မတူချင် တူချင်နဲ့ လိုက်လျောပေးလိုက်တာ..” ကျီချင်းရန် ဘဝင်ခိုက်စွာဖြင့် ပြောလာခဲ့သည်။
“ ဘာပဲဖြစ်ဖြစ်ပါ.. သဘောတူပေးတာနဲ့တင် မစ္စလင်းကို ကျေးဇူးတင်ရမှာပေါ့…” လင်းရီ တဟားဟားရယ်ရင်း တုံ့ပြန်ပြောဆိုလိုက်ပြီး “ မစ္စလင်း အတူလိုက်ခဲ့မှာက လင်းမိသားစုကို ကျိန်းသေပေါက် ဂုဏ်တက်စေပါတယ်…”
“ နင် သိရင် ပြီးတာပဲ…” ကျီချင်းရန် ပြောပြီးနောက် ဖုန်းထဲမှ ခိုးခိုးခစ်ခစ် ရယ်သံများ ထွက်ပေါ်လာသည်။
“ ခုတောင် မစောတော့ဘူး.. ၃ နာရီကျော်နေပြီ… ငါ့ကို အခုလာကြိုလိုက်တော့.. ပြီးရင် ညစာ အတူသွားစားကြမယ်..”
“ အိုကေ… ငါအခုပဲ ထွက်လာနေပြီ..”
“ အင်း… လမ်းမှာ ဖြည်းဖြည်းမောင်းဦးနော်… လောစရာမလိုဘူး သိလား..”
ဖုန်းချပြီးနောက် လင်းရီ သူ၏ ပစ္စည်းပစ္စယများကို သိမ်းဆည်းလိုက်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်၏။ ပစ္စည်းပစ္စယ ဆိုသော်လည်းပဲ ရှိတာဆိုလို့ သူချွတ်ထားသည့် အပေါ်ကုတ်အင်္ကျီတစ်ထည်ပင်။
ထိုအချိန်တွင်ပဲ ရုံးခန်းတံခါး တွန်းပွင့်လာခဲ့၏။
ဂါဝန်အရှည် ၊ မိတ်ကပ်ပါးပါးနှင့် LV အိတ်ကို လွယ်ထားသည့် ဟော်ယွမ်ယွမ်မှာ အထဲသို့ လျှောက်လှမ်းလာခဲ့သည်။
“ ဟမ်… မင်းက ဘာတုန်း လာလုပ်တာ…”
“ အစ်မကျီနဲ့ တွေ့မို့ ရှင်နဲ့ လိုက်မလို့လေ… ကျွန်မနဲ့ အစ်မကျီက အတူဈေးဝယ်ထွက်ကြမှာ…
“ ငါတို့နှစ်ယောက်တည်း သွားမှာကို မင်းက ဘာလိုက်လုပ်ဦးမလို့…”
“ အစ်မကျီက လာခဲ့ဖို့ ပြောလို့ပေါ့… “ ဟော်ယွမ်ယွမ် ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်ပြီး “ ကျွန်မတို့က မနက်ဖြန်ဆို ဂျပန်ကို ခရီးထွက်တော့မှာဆိုတော့ သေချာပေါက် လိုအပ်တဲ့ အဝတ်အစားသစ်တွေ ဝယ်ရမှာပေါ့.. အားလုံးထဲမှာ အလှဆုံး ဖြစ်အောင် ဝတ်စားရမယ်..”
“ မင်းဘာမင်း ဘယ်လောက်လှလှ ငါ့ရဲ့ ချင်းရန်ကိုတော့ မင်း မယှဉ်နိုင်သေးပါဘူး..”
“ သိတယ်… ကျွန်မနေရာ ကျွန်မသိတယ်..” ဟော်ယွမ်ယွမ် ဝန်ခံလိုက်၏။
“ ဒါပေမယ့် အစ်မကျီက ချောင်ရန် အုပ်စုက.. ကျွန်မက လင်းယွင်အုပ်စုကလေ.. အဲ့တော့ သူ့ကို ထည့်မတွက်ဘူး… ကျွန်မရဲ့ လင်းယွင်အုပ်စုက အလှဆုံး အမှုဆောင်ဒါရိုက်တာ ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ပြီး ထိန်းသိမ်းထားရမယ်…”
“ သောက်ပိုတွေ လျှောက်လုပ်နေပြန်ပါပြီကွာ… ထျန်းရန်ဆိုလည်း မင်းထက်လှတယ် မဟုတ်ဘူးလား…”
“ ကျွန်မက သူနဲ့ ယှဉ်ရင် တစ်နေရာတည်း ရှုံးတာ… သူ့ရင်ဘက်က အယ်စတုံကြီးလေ… တခြားနေရာမှာဆိုရင်တော့ သူနဲ့ ယှဉ်ရမှာ မကြောက်ပါဘူး…”
“ ဒီ ကိစ္စမင်း ကောင်းကြီးနဲ့ တိုင်ပင်သင့်တယ်… ထျန်းရန် စင်ဂယ်ဖြစ်တုန်းဆိုတော့ ဒါက မင်း သူ့ကို ဖြတ်ကျော်နိုင်မယ့် အခွင့်အရေးပဲလေ…”
“ သူဌေးပြောတာ မှန်တယ်… ဒါကြောင့်မို့ ကောင်း ကလည်း လိုက်ခဲ့မှာ…”
“ ဘာ… မင်း တကယ်ကြီး သူ့ကို ခေါ်လာခဲ့မယ်ပေါ့… ကုမ္ပဏီက မိသားစုဝင်တွေကို ခရီးမှာခေါ်ခွင့်မပြုထားဘူးလေကွာ… ငါ့ကို လိုက်မတုနဲ့… ငါက သူဌေး… ငါကလွဲရင် ဘယ်သူမှ ခေါ်လို့မရဘူး..”
“ ဘယ်သူက မိသားစုဝင်ကို ခေါ်လာမယ် ပြောလို့လဲ… ကောင်းက အခုဆို ကျွန်မတို့ရဲ့ ထောက်ပံ့ပို့ဆောင်ရေး ဌာနမှာ အလုပ်လုပ်နေပြီ… သူက လင်းယွင်အုပ်စုရဲ့ တရားဝင် ဝန်ထမ်း တစ်ယောက်ပဲ… ဒီတော့ ကုမ္ပဏီရဲ့ ခရီးစဉ်ကို မျှမျှတတနှင့် အတူလိုက်ကြမှာလေ.. အလကား ဂုန်းလိုက်ဆင်းမှာ မဟုတ်ဘူး..”
“ ဘောပဲ… မင်းတို့ ထိပ်တန်း တက္ကသိုလ် ကျောင်းဆင်းတွေက တစ်ခုခုတော့ တစ်ခုခုပဲ… ငါ့ထက်ကို ခြေနှစ်လှမ်းလောက် အသာစီးရနေကြတယ်… အခုဆို မင်းတို့နှစ်ယောက်လုံးက စနစ်ကြီး တစ်ခုလုံးကိုတောင် ကစားနေကြပြီ…”
“ တော်ပြီ… အပိုစကားတွေ မပြောနဲ့တော့… အစ်မကျီ စောင့်နေတော့မယ်…”
“ ဘာလို့ အဲ့လောက် လောနေမှာလဲ… မင်း ကောင်းကြီးကို မခေါ်တော့ဘူးလား..”
“ ဒီတိုင်း ဈေးဝယ်ထွက်တာလေးကို ဘာလို့ သူ့ကို ခေါ်ရမှာလဲ…” ဟော်ယွမ်ယွမ် မေးခွန်းထုတ်လိုက်ပြီး “ ပြီးတော့ သူဌေးလည်း ရှိနေမှာဆိုတော့ ကျွန်မကိုယ်စား ပိုက်ဆံရှင်းပေးမယ့်သူ ရှိပြီပဲလေ… ကောင်းရဲ့ ပိုက်ဆံတွေကို ချွေချွေတာတာ လုပ်ရမှာပေါ့..”
“ မယုံကြည်နိုင်စရာပဲ.. ငါ ဆလံသလိုက်ပြီ… မင်းကလွဲရင် ဘယ်သူမှ ငါ့ထက်ပိုပြီး မကောက်ကျစ်နိုင်လောက်တော့ဘူး…”
လင်းရီ ရှုံးနိမ့်စွာဖြင့် သက်ပြင်းချလိုက်၏။ သူ ဤတစ်ကြိမ်တော့ ဟော်ယွမ်ယွမ်ကို အရှုံးပေးလိုက်ရချေပြီ။
ကားသော့ကို ယူပြီး အောက်ထပ်သို့ ဟော်ယွမ်ယွမ်နှင့်အတူ ဆင်းလာခဲ့လိုက်၏။ ထို့နောက် ချောင်ရန် အုပ်စုသို့ ဦးတည်လိုက်သည်။
မိနစ်အနည်းငယ် ကြာအောင် စောင့်ဆိုင်းပြီးနောက် ကျီချင်းရန် ကြော့ရှင်းစွာဖြင့် လမ်းလျှောက်ထွက်လာခဲ့၏။
“ ငါတို့ ထိုက်မု ပလာဇာကို သွာကြမလား…”
“ ‘ရုံရှင်း’ ပဲ သွားကြစို့… ငါကြားတာ သူက ထိုက်မု ပလာဇာထက် ကောင်းတယ်တဲ့.. “ ကျီချင်းရန် အကြံပြု ပြောဆိုလိုက်ပြီး “ ပြီးတော့ ငါကြားမိတာ ရုံရှင်းက နှစ်ပတ်လည် ဈေးရောင်းပွဲတော် ရှိတယ်ဆိုပဲ… သွားကြည့်ကြည့်ရအောင်….”
“ ကောင်းပြီလေ… သွားကြစို့..”
လင်းရီ ရုံရှင်း ပလာဇာကို ဖုန်းပေါ်တွင် ရှာလိုက်ပြီး ထိုနေရာသို့ သုံးယောက်သား ဦးတည်လိုက်ကြသည်။
တစ်နာရီလောက်ကြာအောင် ကားမောင်းပြီးနောက် လင်းရီ ကားကို ရုံရှင်း ပလာဇာ၏ ကားပါကင်တွင် ထိုးရပ်လိုက်၏။ တစ်ချက်ကြည့်လိုက်သည်နှင့် ဤပလာဇာက ထိုက်မု ပလာဇာထက် အပုံကြီးသာနေကြောင်းကို လင်းရီ သိရှိလိုက်ရသည်။ ရန်ကျင်းမြို့၏ VV ပလာဇာနှင့်ပင် ရင်ဘောင်တန်းနိုင်လောက်ပေသည်။
မောလ်၏ အပြင်ဘက်တွင် ဆိုင်းဘုတ် အကြီးစားကြီး တစ်ခု ထောင်ထားပြီး ‘ ရုံရှင်း ပလာဇာ၏ ငါးနှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှ နွေးထွေးစွာ ကြိုဆိုပါတယ် ‘ ဟုလည်း ရေးသားထားသည်။
“ အချိန်တွေကလည်း ကုန်တာ မြန်လိုက်တာနော်… ရုံရှင်း ပလာဇာ ဖွင့်ပြီးတာတောင် သိပ်မကြာသေးဘူး ထင်နေတာ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက ငါးနှစ်မြောက် နှစ်ပတ်လည်နေ့တောင် ကျင်းပနေပြီ…” ကျီချင်းရန် မှတ်ချက်ပြုလိုက်၏။
“ အစ်မကျီက အလုပ်အရမ်းများနေလို့ မသိလိုက်တာ… ပြီးတော့ ဒီနေရာက ချောင်ရန် အုပ်စုနဲ့လည်း ဝေးတယ်လေ… သိပ်မလာဖြစ်တော့ မမှတ်မိတာ မဆန်းပါဘူး..” ဟော်ယွမ်ယွမ် ဝင်ထောက်လိုက်၏။ “ ငါကတော့ မှတ်မိတယ်… လုံးဝကို ငါးနှစ် ရှိနေပြီ…”
“ နင် ဘယ်လိုလုပ်ပြီး အဲ့လောက်တောင် ကောင်းကောင်းကြီး မှတ်မိနေတာလဲ…”
“ ဘာလို့ဆို ငါက အချိန်ကို အရမ်း sensitive ဖြစ်လို့လေ.. “ ဟော်ယွမ်ယွမ် လင်းရီ၏ ဟန်ပန်ကို အတုယူရင်း မိုးမမြင် လေမမြင် အသွင်ဖြင့် ဟန်ထုတ်လိုက်၏။
ထိုအခိုက်အတန့်တွင်ပဲ ယူနီဖောင်း စကတ်အတိုလေးနှင့် မိန်းမငယ်လေး နှစ်ယောက်မှ သူတို့ဘေးနား အချင်းချင်း တွတ်ထိုးရင်းဖြင့် ဖြတ်သွားခဲ့ကြသည်။
“ တို့ သူဌေးကလည်း လူတစ်မျိုးပဲနော်… လေးနှစ်တောင် မပြည့်သေးတာကို ဇွတ်ပြီး ငါးနှစ်နေတော့တာပဲ… ဘယ်လိုတောင် မားကတ်တင်း ဂျီးနီးယပ်လဲ…”
ဟော်ယွမ်ယွမ် “ …… “
“ မင်းက အချိန်ကို စူပါ sensitive ဖြစ်တာ မဟုတ်ဘူးလား…” လင်းရီ အမိအရ နာနာ နှိပ်ကွတ်လိုက်၏။
“ ဒါက သာမန်ပါပဲ.. ဟုတ်ပြီလား… လူတိုင်းလည်း တစ်ခါတစ်လေ အမှားလုပ်မိတတ်ကြတာပဲလေ… ငါက စက်ရုပ်မှ မဟုတ်တာ…” ဟော်ယွမ်ယွမ် ကိုယ့်ဘက်ကိုယက်၍ ပြောဆိုလိုက်ပြီး “ ကျွန်မကသာ အချိန်ပြည့် ပြီးပြည့်စုံနေမယ်ဆိုရင် တခြားသူတွေ ဘယ်လို အသက်ရှင်ကြတော့မလဲ…”
ကျီချင်းရန် ဟော်ယွမ်ယွမ်ကို တစ်ချက်ကြည့်ပြီး ထို့နောက် လင်းရီကို ကြည့်လိုက်၏။ သူမစိတ်ထဲ လင်းရီနှင့် ယွမ်ယွမ်က သားအဖ နှင့် ဆင်တူနေသည်ဟု ခံစားနေရတော့သည်။
“ သွားမယ် သွားမယ်.. ဒီမှာ ရပ်ပြီး ဘာလုပ်မှာလဲ… “ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် ဟော်ယွမ်ယွမ်မှာ အလျင်အမြန် ခေါင်းစဉ်ပြောင်းလိုက်၏။ သူမ လင်းရီနှင့် ဖြည်းဖြည်းချင်း ဆင်တူလာနေသော်လည်း လင်းရီကဲ့သို့ မျက်နှာပြောင်တိုက် အရှက်ကင်းမဲ့နေသည့် အဆင့်မျိုးသို့ မရောက်ရှိသေးချေ။
“ အဲ ဟိုမှာ … အဲ့ဒီ ပန်းခြင်းနှစ်ခုကို ကြည့်စမ်းပါဦး…”
နှစ်ပတ်လည် အထိမ်းအမှတ်ပွဲ ကျင်းပနေခြင်း ဖြစ်သောကြောင့် အဝင်ဝတွင် ကော်ဇောအနီရောင် ထူထူကြီး ခင်းထားပြီး ပွဲကျင်းပရန်အတွက် နှစ်ဖက်နှစ်ချပ်စီတွင် လှပသည့် ပန်းအိုးများ စီတန်းချထားသည်။ ထို့ပြင် လုပ်ငန်း ပါတနာ အသီးသီးကလည်း ဂုဏ်ပြုကြောင်း ပန်းခြင်းများ ပေးပို့ကြလေသည်။ ကျီချင်းရန်၏ အာရုံကို ဖမ်းစားသွားသည်က လင်းယွင်အုပ်စုနှင့် DIDI က ပို့လိုက်သည့် ပန်းခြင်းများပင်။
လင်းရီ ခေါင်းရမ်းပြလိုက်ပြီး ထိုအကြောင်းကို သူ မသိကြောင်း ဖော်ပြလိုက်သည်။
“ ရုံရှင်း ပလာဇာက DIDI နဲ့ အရင်ကတည်းကရင် လုပ်ဖော်ကိုင်ဖက် ပါတနာတွေလေ… သူတို့ရဲ့ နှစ်ပတ်လည်နေ့ ဆိုမှတော့ ဥက္ကဌထျန်က ပန်းခြင်း နှစ်ခု ပို့လိုက်တာ မဆန်းပါဘူး…” ဟော်ယွမ်ယွမ် ရှင်းပြလိုက်၏။
“ အင်း… အဓိပ္ပာယ် ရှိတယ်..”
“ အထဲဝင်ပြီး တစ်ချက်ကြည့်ကြစို့..” ဟော်ယွမ်ယွမ် ကျီချင်းရန် လက်မောင်းကို ဆွဲပြီး “ နှစ်ပတ်လည်နေ့ဆိုတော့ လျှော့ဈေးတွေ ရလောက်တယ်…”
“ အင်း ဟုတ်တယ်.. သွားကြစို့…”
ကျီချင်းရန်တွင် ပိုက်ဆံ အများအပြား ရှိသော်လည်းပဲ ပေးလာသည့် ဒစ်စကောင့်ကို ပျော်ပျော်ကြီး လက်ခံသည်။ မည်သို့ပင်ဆိုစေ လျှော့ဈေးနှင့် ဝယ်ရသည်မှာ စိတ်ကျေနပ်ဖို့ ကောင်းသည် မဟုတ်ပါလား။
သုံးယောက်သား အထဲသို့ ဝင်လိုက်သည့် အခိုက်အတန့်မှာပဲ ပွဲတော်အပြင်အဆင်က လူတိုင်း၏ အမြင်အာရုံကိုဖမ်းစားသွားခဲ့တော့၏။
“ ယွမ်ယွမ်…. ဟိုကိုကြည့်လိုက်… အဲ့မှာ လူတွေ အများကြီးပဲ… နှစ်ပတ်လည်ပွဲတော်ရဲ့ တစ်စိတ်တစ်ပိုင်းနဲ့တူတယ်… သွားကြည့်ကြည့်ရအောင်…”
ဤတစ်ကြိမ်တွင်တော့ ကျီချင်းရန် ဟော်ယွမ်ယွမ်၏ လက်မောင်းကို ဆွဲပြီး အနီးအနားရှိ ပိုစတာထံ လမ်းလျှောက်သွားလိုက်သည်။
“ နှစ်ပတ်လည် အခမ်းအနား၏ ဒုတိယအကြိမ် ပြိုင်ပွဲ…”
“ ယနေ့ညနေ ၅ : ၃၀ ။ ရုံရှင်း ပလာဇာတွင် နှစ်ပတ်လည် ပွဲတော်၏ ဒုတိယအကြိမ်မြောက် ချစ်သူစုံတွဲများနှင့် အတားအဆီးကျော်ပြေးပွဲကို စတင်ကျင်းပပါမည်…”
“ ပထမဆု - ယွမ် လေးသောင်းတန် ကူပွန် တစ်ခု ၊ ယွမ်နှစ်သောင်းတန် လျှော့ဈေး ကူပွန် တစ်ခု၊ ပီကာချူ အရုပ်တစ်ခု “
“ ဒုတိယဆု - ယွမ်နှစ်သောင်းတန် ကူပွန် တစ်ခု၊ ယွမ် တစ်သောင်းတန် လျှော့ဈေး ကူပွန် တစ်ခု နဲ့ မီးညှောင်အရုပ်တစ်ခု ။ “
“ တတိယဆု - ယွမ် တစ်သောင်းတန် ကူပွန် တစ်ခု ၊ ယွမ် ငါးထောင်တန် လျှော့ဈေးကူပွန် တစ်ခုနဲ့ ကီးချိန်းတစ်ခု။ “
ပိုစတာကို ဖတ်ရှုပြီးနောက် ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ လင်းရီကို မျှော်လင့်တောင့်တသည့် အကြည့်တို့ဖြင့် တစ်ပြိုင်နက် ကြည့်လာခဲ့ကြသည်။
လင်းရီ ရှေ့သို့ တက်ပြီး ဟော်ယွမ်ယွမ်၏ ခေါင်းကို ညင်သာစွာ လှည့်၍ တစ်ဖက်သို့ လှည့်ကြည့်ခိုင်းထားလိုက်၏။
“ ဒါ ချစ်သူစုံတွဲတွေရဲ့ အတားအဆီးဖြတ်ကျော် ပြေးပွဲ… သူဌေးနဲ့ ဝန်ထမ်းတွေရဲ့ ပြိုင်ပွဲ မဟုတ်ဘူး… ဘာလို့ ငါ့လာကြည့်နေတာတုန်း…”
“ ကျွန်မတို့ ဟန်ဆောင်လို့ ရနေတာပဲ.. ပြီးတော့ အစ်မကျီကလည်း ဒီလောက်လှတာကို ဒီလိုမျိုး ကလေးဂိမ်းတွေထဲ ဝင်ပြိုင်မှာမှ မဟုတ်တာ…”
“ အင်း… မင်းပြောတာ ဟုတ်သလိုတော့ ရှိတယ်.. ဒါပေမယ့် မင်းက မထိုက်တန်ဘူးလေ…”
“ သပဘော့စ်….”