← Chapters

တိုကျိုက နည်းနည်းပူတယ်

Vol. 77 Ch. 1155

တိုကျိုက နည်းနည်းပူတယ်

Vol. 77 Ch. 1155

လင်းရီ၏ စကားကြောင့် ကျီချင်းရန် ခစ်ကနဲ ရယ်မောမိသွားခဲ့သည်။

" နှစ်ပတ်လည် အခမ်းအနားပွဲဆိုတော့ ပြိုင်ဆိုင်မှုတွေက သိပ်ပြင်းထန်လောက်တယ်... ဒါပေမယ့် ငါ အဲ့ ပီကာချူ အရုပ်လေး လိုချင်တယ်... "

ကျီချင်းရန် လင်းရီကို ကြည့်ပြီး ပြောလိုက်၏။

သူမ၏ မျက်၀န်းတို့ ပြောဆိုနေသည်က " နင်က ကြိုးစား.. ငါကတော့ အောင်မြင်မှုရဲ့ အသီးအပွင့်တွေကို စားသုံးမယ်" ဟူ၍ပင်။

" အချိန်ကျလာရင် စည်းမျဉ်းစည်းကမ်းတွေ ဘယ်လိုရှိမလဲ တစ်ချက်ကြည့်ကြတာပေါ့... ငါ အကောင်းဆုံး ကြိုးစားပေးမယ်... "

" နင်က ' အကောင်းဆုံး ကြိုးစားပေးမယ် ' ပြောရဘူးလေ... နင် ပြောရမှာ ' ငါ ရအောင် လုပ်ပေးမယ်လို့ ပြောရမှာ... " ကျီချင်းရန် လက်သီးသေးသေးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပြောလိုက်၏။

ကျီချင်းရန်၏ မျက်လုံးထဲတွင် လင်းရီက သူ လုပ်လျှင် မဖြစ်နိုင်တာ မရှိသည့် လူစားမျိုးပင်။

" ကောင်းပြီ.. အဲ့ အရုပ်ရစေမယ်လို့ ငါ ကတိပေးတယ်.... "

ဟော်ယွမ်ယွမ်ကတော့ နှုတ်ခမ်းထော်လျက် ရှိနေတော့၏။ လင်းရီတို့နှစ်ယောက် ခင်တွယ်ပြနေသည်ကို သူမ အမြင်ကတ်နေမိတော့သည်။

" သွားစို့ အစ်မကျီ... ပွဲက လေးလွှာမှာ ကျင်းပမှာ.. တိုက်ဆိုင်ချင်တော့ အဲ့မှာ ရေကူး၀တ်စုံတွေ ရောင်းတယ်လေ... အဲ့သွားပြီး တစ်ချက်ကြည့်ကြရအောင်... "

" ရောက်ရောက်ချင်းကို ဘာလို့ ရေကူး၀တ်စုံ ကြည့်မှာလဲ... ငါတို့ လိုအပ်မှာမျိုးလည်း မဟုတ်ဘဲနဲ့... "

လင်းရီ အရှေ့မှတပါး ကျီချင်းရန် ထိုကဲ့သို့ အသားဖော်လွန်သည့် အ၀တ်အစားများကို အခြားသူရှေ့တွင် ၀တ်လိုစိတ် မရှိချေ။

သို့ပေမယ့် ဟော်ယွမ်ယွမ်ရှေ့တွင်တော့ ခြွင်းချက်ပင်။ သူမတို့ နှစ်ယောက်က ရေပင် အတူချိုးခဲ့သောကြောင့် များများစားစား ဂရုစိုက်မနေချေ။

" မပူနဲ့ စိတ်ချ... ငါတို့ ဟိုရောက်တာနဲ့ ရေပူစမ်းကို သွားကြမှာ... အဲ့မှာ ရေကူး၀တ်စုံတွေ ၀တ်လို့ရတယ်လေ.. အကုန်လုံးက သီးသန့် ရေနွေးကန်တွေနဲ့ဆိုတော့ အပြင်လူတွေ ရှိမှာကို ပူစရာ မလိုဘူး.... "ဟော်ယွမ်ယွမ် ပြောလိုက်သည်။

" ပြီးတော့ တိုကျိုမှာ နည်းနည်းလေးပူတယ်... အသားအေးတာလေးတွေ ၀တ်ပေးမှပေါ့... "

" မင်းရဲ့ ကောင်းကြီးကကော လိုက်မယ်မဟုတ်ဘူးလား... "

" ပြဿနာ မရှိဘူး... အဲ့ခါကျရင် ကျွန်မက ရေကူး၀တ်စုံပဲ ၀တ်လိုက်မယ်လေ.. ကောင်းလည်း မြင်ဖူးပြီးသားပဲကို... "

" သူက မြင်ဖူးပြီးသား ဆိုရင်တောင် မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ဆို သူ့အတွက် တစ်ပန်းရှုံးနေဦးမယ်... "လင်းရီ ပြောလိုက်၏။

" ရှင်.. ရှင်တို့ ဒါတော့ လွန်သွားပြီး... "ဟော်ယွမ်ယွမ် ကျွဲမြီးတိုသွားခဲ့ပြီး " မသိဘူးဟာ.. သွားမှာပဲ... "

ကျီချင်းရန် ရွေးချယ်စရာမရှိဘဲ ဟော်ယွမ်ယွမ်နောက်သို့ လိုက်သွားရတော့၏။

လေးလွှာ၏ အပြင်အဆင်က အောက်အလွှာများနှင့်မတူပဲ ဧရိယာ အကျယ်ကြီးကို ရှင်းလင်းထားခဲ့၏။

ထို့ကြောင့် ပြိုင်ပွဲ ကျင်းပရန်အတွက် ပြီးပြည့်စုံနေတော့သည်။

ပွဲကျင်းပရန် အချိန်လိုသေးသော်လည်းပဲ ၀န်ထမ်းများကတော့ ပွဲစီစဉ်ကျင်းပရန်အလို့ငှာ ပစ္စည်းများကို ဟိုရွေ့ ဒီပြောင်း ပြုနေကြလေသည်။

ကျီချင်းရန် ကြည့်ရင်းဖြင့် စိတ်လှုပ်ရှားနေပြီး တစ်ချိန်တည်းတွင် ရှက်လည်း ရှက်ရွံ့နေမိခဲ့၏။

ဤသည်က စုံတွဲချစ်သူများကြား ပြိုင်ဆိုင် လှုပ်ရှားမှုမျိုး ဖြစ်ပြီး မည်ကဲ့သို့သော ရင်ဖိုစရာ လှုပ်စရာမှုများ ပါ၀င်လာမည်လဲဆိုတာကို သူမ မသိရှိချေ။

သို့ပေမယ့် လူတိုင်း အရှေ့တွင် ပြုလုပ်ရမည်ဆိုလျှင်တော့ စိတ်ထဲ မသိမသာ ရှက်ရွံ့နေမိလေသည်။

" ကဲပါ ကဲပါ.. ရှင်တို့နှစ်ယောက် ဘယ်လောက်ချစ်ကြောင်း လူတိုင်းသိအောင် ပြချင်တယ်တိုတာ ကျွန်မ သိတယ်... ဒါပေမယ့် အခုလောလောဆယ် ပွဲက မစသေးဘူး ဟုတ်ပြီလား... ဒီတော့ ၀ယ်စရာ ရှိတာ အရင်၀ယ်ကြမယ်... "ဟော်ယွမ်ယွမ် ပြောရင်းဖြင့် ကျီချင်းရန်ကို ပြန်ပေးဆွဲသွားတော့၏။

လေးလွှာ၏ ငါးပုံတစ်ပုံက ရေကူး၀တ်စုံများနှင့် ပြည့်နှက်လို့နေသည်။ အမျိုးသား၀တ် ၊ အမျိုးသမီး၀တ် အရွယ်စုံ ဆိုဒ်စုံ ရှိလို့နေပြီး နိုင်ငံတကာမှ နာမည်ကြီး ဘရန်းများလည်း အပြိုင်အဆိုင်ပင်။

သို့ပေမယ့် ဈေးတွေကတော့ မသေးလှ။ ယွမ်တစ်ထောင်အောက် အထည်များက ရှိပင် မရှိကြချေ။

အထူးသဖြင့် ရက်သားချည်ထည် အနည်းငယ်သာ ပါ၀င်သည့် အချို့သော အမျိုးသမီး ရေကူး၀တ်စုံများမှာ ယွမ် ၅,၀၀၀ ကျော်ဖြင့် ရောင်းချနေလျက် ရှိသည်။ သို့တိုင်အောင် ထူးဆန်းသည်က ၎င်းအရာကိုပင် လူပေါင်းများစွာက မေးမြန်းစပ်စု ၀ယ်ယူနေကြခြင်း ဖြစ်၏။

လင်းရီ ပြောစရာ စကားပင် ရှာမရတော့ချေ။ သူကဲ့သို့ ရိုးသားဖြောင့်မှန် အဖြူထည်ဆန်လှသည့် ကောင်လေးတစ်ယောက်ကပင် ထိုကဲ့သို့ ရေကူး၀တ်စုံများက ၀တ်ရန်မသင့်သည်ကို သိနေမှတော့ အဘယ်ကြောင့် ထိုအမျိုးသမီးတို့က ယင်း၀တ်စုံနှင့် စပ်လျဉ်းပြီး မေးခွန်းများစွာကို မေးနေကြရသနည်း။ သို့ပေမယ့် ကျီချင်းရန်က သူ့အတွက် သီးသန့်၀တ်ပြမည်ဆိုလျှင်တော့ တစ်မျိုးပင်။

မည်သို့ပင်ဆိုစေ သူနှင့် ကျီချင်းရန်မှာ တရား၀င် စုံတွဲ ရည်းစားများ ဖြစ်ကြသော်လည်း သူ့ကိုပင် ထိုသို့ ၀တ်မပြဖူးချေ။

တစ်ဖက်ရှိ ဟော်ယွမ်ယွမ်ကလည်း ကြောင့်ကြမဲ့သည့် စရိုက်ရှိသော်ငြား ရေကူး၀တ်စုံ ရွေးချယ်ရာတွင်တော့ အထူးတလှယ် ဆင်ခြင်နေလျက် ရှိသည်။

" နင် ဘီကနီတွေ သိပ်ကြိုက်တာ မဟုတ်ဘူးလား.. ဘာလို့ ရှေးဆန်တဲ့ ဒီဇိုင်းကြီးတွေ ရွေးနေတာလဲ... "

ကျီချင်းရန် ပြုံးစစဖြင့် မေးလိုက်၏။

" ကိုယ့်မှာ ကောင်လေး ရှိလာပြီဆိုတော့ ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ ဆင်ခြင်သင့်ပြီလေ... " ဟော်ယွမ်ယွမ် ပြောလိုက်ပြီး " ကောင်း က စိတ်သဘောထား သေးသိမ်တဲ့ လူစားမျိုး... သူ ဒီကိစ္စကို သွယ်ဝိုက်ပြီး သုံးလေးကြိမ် ပြောခဲ့ဖူးတယ်...အဲ့တာကြောင့်လေ.. "

" အဓိပ္ပာယ် ရှိတယ်.. လူနှစ်ယောက် အတူနေပြီဆို ရင် အပြန်အလှန် နားလည်မှုရှိမှလည်း ဖြစ်မှာ... "

" တကယ်တမ်းကျ လုပ်ငန်းခွင်မှာလည်း ထို့အတူပါပဲ... " ဟော်ယွမ်ယွမ်ပြောလိုက်ပြီး " သူဌေးက ပေါ့တီးပေါ့ပြက်နဲ့ဆိုတော့ မဖြစ်ထိုက်တာတွေ မဖြစ်ရလေအောင် ကျွန်မလည်း နေ့တိုင်း ရိုးရိုးအအကြီးတွေပဲ ၀တ်ရတော့တာပေါ့... "

" ဟီးဟီး... မင်းကိုယ်မင်း တအား အထင်ကြီးလွန်းနေပြီ... ထျန်းရန်ရဲ့ ၃၆ D ကြီးက အဲ့မှာ ရှိနေတာကို ငါက ဘာကိစ္စ မင်းဆီ လာရှာမှာလဲ... "

" အစ်မကျီ.. နင်ကြည့်လိုက်... သူက နင်နဲ့အတူ ရှိနေတာတောင် တခြား အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်လုံးကိုယ်ပေါက် အကြောင်း ပြောနေတယ်နော်... သူ အရမ်း လွန်သွားပြီ.. "

" သူက ဒီတိုင်းပြောတာလေ.. ပုံမှန်ဆို ကုမ္ပဏီတောင် သွားခဲတဲ့လူကို ဘာဂရုစိုက်နေရမှာလဲ... "

သို့ပေမယ့် လင်းရီ၏ ကံကြမ္မာကတော့ အိမ်ရောက်လျှင် အထောင်းခံရဖို့ သေချာနေသလောက်ရှိသည်။

" ဒါပေမယ့်.. ဒါပေမယ့် သတိထားပြီး ကြိုတင်ကာကွယ်ထားရမယ်လေ... "

" အမ်... အဲ့ကိစ္စက.... "

ကျီချင်းရန် အနည်းငယ် တုံ့ဆိုင်းနေပြီး အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့ကာ " ငါ တကယ်ကြီး စိုးရိမ်စိတ်ကို မရှိတာ... "

" သူပြောတာနဲ့ပဲ မျက်ကန်း ယုံကြည်လိုက်လို့ မဖြစ်ဘူးလေ... သူ့ရဲ့ စကားလုံးလှလှလေးတွေမှာ နစ်မြောမသွားစေနဲ့‌... "

" မဟုတ်ဘူး မဟုတ်ဘူး.. ငါ ပြောချင်တာ အဲ့သဘောမျိုး မဟုတ်ဘူး... "

" ငါပြောချင်တာ ငါ့ရဲ့ ကိုယ်လုံး ကိုယ်ပေါက်က ဒါရိုက်တာထျန်နဲ့ မကွာဘူးလေ... နင် သူနဲ့ မယှဉ်နိုင်ဘူးဆိုရင်တောင် ငါက ယှဉ်နိုင်တယ်.... "

" အစ်မကျီ နင် - နင် - နင်... "

ဟော်ယွမ်ယွမ် ဒေါသအရမ်း ထွက်သွားခဲ့ပြီး " နင့်ကို အလုပ်သမားနေ့တုန်းက အတန်းလစ်လို့ရအောင် ဘယ်သူက ကူညီပေးခဲ့လဲဆိုတာ နင်မေ့သွားပြီလား... "

" အိုက်ယား... ငါလည်း နင် အန်တီလာတုန်းက ကူညီပေးခဲ့တယ်လေ.. ငါတို့ ကျေသွားပြီကိုပဲ... "

" အစ်မကျီ ပြောင်းလဲသွားပြီ.. အရင်ကနဲ့လည်း မတူတော့ဘူး... နင် အဲ့ သူဌေး အစုတ်ပလုတ်ရဲ့ ဖျက်ဆီးတာကို ခံလိုက်ရပြီ... "

" မဟုတ်ဘူး... ငါ မပြောင်းလဲပါဘူး... "

" မငြင်းနဲ့... ပြောင်းလဲသွားတယ်.. နင်က အရင်လို အပြစ်ကင်းစင်ပြီး ဘာမှ မသိတဲ့လူ မဟုတ်တော့ဘူး... "

" ယွမ်ယွမ် မင်းရဲ့ ဒီနေ့ ကုန်ကျစရိတ်မှန်သမျှကို ငါတာ၀န်ယူပေးမယ်... " လင်းရီ ပြောလိုက်သည်။

" ဝါး.. သူဌေးက လူကောင်းပဲ.. ရှင်နဲ့ အစ်မကျီက ကမ္ဘာပေါ်မှာ အဖြူစင်ဆုံး သဘောအကောင်းဆုံးတွေပဲ... . "

ကျီချင်းရန် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းပြီး မျက်မှောင်နှစ်ခုကို နှိပ်နှယ်မိလိုက်သည်။

လူတိုင်းတွင် အားနည်းချက် ကိုယ်စီ ရှိကြ၏။ ဟော်ယွမ်ယွမ်ကိုလည်း လင်းရီတစ်ဦးတည်းကသာလျှင် ချက်ချင်း ငြိမ်ကျသွားအောင် ပြုလုပ်နိုင်သည်။

ဤသည်က ပိုက်ဆံ၏ စွမ်းအားများပင်လော။

နှစ်ယောက်သား ခေတ္တမျှ ဈေး၀ယ်ထွက်လိုက်ကြ၏။ သို့သော် ကျီချင်းရန်ကတော့ ရေကူး၀တ်စုံများကို စိတ်မ၀င်စားချေ။ သူမတွင် အရင်က ၀ယ်ထားသည့် လေးငါးစုံ ရှိထားပြီးဖြစ်သောကြောင့် လုံလောက်နေပြီး ဖြစ်၏။

သို့သော်လည်း ဟော်ယွမ်ယွမ်ကတော့ ဂရုတစိုက်နှင့် ရွေးချယ်နေလျက် ရှိသည်။

" မိုးနတ်မင်း... အဲ့တာက ဘာကြီးလဲ... "

ဟော်ယွမ်ယွမ် သူမ၏ ပါးစပ်ကို လက်အုပ်ထားပြီး ရှော့ခ်ရနေသည့် မျက်နှာထားမျိုးဖြင့် တစ်နေရာသို့ လက်ညိုးထိုးပြလိုက်သည်။ ထိုနေရာတွင် အရုပ်မော်ဒယ် တစ်ယောက်က လျှို့ဝှက်အပ်သည့် ကိုယ်ပိုင်နေရာများသာ ဖုံးကွယ်ထားသော ကြိုးလေးချောင်း ဘီကနီကို ၀တ်ဆင်ထားလေသည်။ သူမ ကြည့်ရင်းဖြင့် ချက်ချင်းပင် ရှက်ရွံ့သလို ခံစားလိုက်ရတော့သည်။

သူမ အိပ်ယာထဲ နေမည် ဆိုလျှင်ပင် ထိုကဲ့သို့သော ၀တ်စုံမျိုး ၀တ်ဖို့ ရှက်ရွံ့စိတ် ဖြစ်မိမည်မှာ အမှန်ပင်...။ ကမ်းခြေတွင် ၀တ်ရမည် ဆိုလျှင်တော့ ဆိုဖွယ်ရာ ရှိတော့မည် မဟုတ်ချေ။

" ‌ ညီမလေးက ဒီ၀တ်စုံလေးကို စိတ်၀င်စားလို့လား... "

ထိုစဉ် အရောင်း၀န်ထမ်း ကောင်မလေး တစ်ယောက်မှ ချက်ချင်း ရောက်ချလာပြီး အပြုံးလေးဖြင့် စတင်မိတ်ဆက်ပေးတော့၏။

" ဒါက ဒီနှစ်ထုတ် GUCCI ရဲ့ ရေကူး၀တ်စုံသစ်လေ... ဈေးက ယွမ် ၉,၄၉၉ ကျတယ်... "

" ငါ-ိုး... ဈေးအဲ့လောက်ကြီးလားဟ..."

ယွမ် ကိုးထောင်ကျော်လောက်က ဈေးကြီးသည်လို့ လင်းရီ မထင်။ ထိုမျှလောက်က သူကောင်းကောင်းစားသည့် တစ်နပ်စာ အတွက်ပင် လောက်ငှမှု မရှိချေ။

ဤအတိုင်း ကြိုးလေးငါးခြောက်ချောင်းကို ဤကဲ့သို့ ဈေးနှုန်းမျိုးဖြင့် ရောင်းချနေသည်က ရယ်စရာ ကောင်းသည်ဟု ခံစားနေရရုံသာဖြစ်၏။

' မင်းက Gucci ဆိုတာနဲ့ပဲ ဒီလောက် ဈေးအမြင့်ကြီး တင်ပြီးမှတော့ ရောင်းလို့ မရဘူးလေ.. ဟုတ်တယ်ဟုတ်...'

" ငါလည်း နည်းနည်းဈေးကြီးတယ်လို့ ထင်တယ်... " ကျီချင်းရန် နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ထားရင်း ပြောလိုက်၏။

ကုတ်တစ်ထည်အတွက် ယွမ် နှစ်သိန်း အကုန်ကျခံလိုက်ရသည်ကို ကျီချင်းရန် မည်သို့မျှ မနေချေ။ အနည်းဆုံးတော့ သူမစိတ်ထဲ ထိုက်တန်သည်ဟု ခံစားရသေး၏။

သို့ပေမယ့် ကြိုးလေးငါးခြောက်ချောင်းကို ယွမ် ကိုးထောင်ကျော် လာတောင်းနေမည် ဆိုလျှင်တော့ သူမ သေချာပေါက် လက်သင့်ခံနိုင်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် သူမ ၀တ်လေ့ ရှိသည့် အတွင်းခံများက သာမန်ဆို ယွမ် ရာဂဏန်းလောက်သာ ရှိပြီး ထောင်ကျော်သည်ကပင် နည်း၏။ သဘာ၀ အလျောက် ယခုလို ဈေးနှုန်းမျိုးကို သူမ လက်မခံနိုင်ချေ။

အခြားတစ်ဖက်တွင် ဟော်ယွမ်ယွမ်က ပို၍တောင် ကပ်စေးကုပ်သောကြောင့် သူမသည်လည်း လုံး၀ လုံး၀ လက်မခံနိုင်ခဲ့ချေ။

" ဒီရဲ့ လက်ဇရီဘရန်းတွေကတော့ ရူးနေပြီ... ကြိုက်ရာဈေးတပ်ပြီး လူတွေကို အရူးလို မြင်နေကြတာပဲ... " ဟော်ယွမ်ယွမ် ကျီချင်းရန်ကို ဆွဲလိုက်ပြီး " သွားကြစို့ အစ်မကျီ... "

သုံးယောက်သား ထွက်ပြီး အခြားဆိုင်သို့ ဦးတည်လိုက်ကြ၏။

" အဲ့ အချောလေးက ဘာလို့ ပြန်ထွက်သွားတာလဲတဲ့.... "

အခြား ဆံပင်အရှည်နှင့် အရောင်းကောင်မလေးတစ်ယောက်မှ ရောက်လာပြီး မေးမြန်းလိုက်၏။

" ဒီက သူ့ကို ငမ်းလို့တောင် မ၀သေးပဲကို... "

" ချောလည်း အလကားပဲ.. သူ့မှာ ပိုက်ဆံဆိုတဲ့ ၀တ္ထု မရှိဘူး... အဲ့ ကောင်မလေး နှစ်ယောက်ကတော့ လူမှားပြီး ငယ်ရွယ်မှုတွေ ဖြုန်းတီးနေမိတာပဲ... "

စာစဉ် (၇၇) ပြီး၏။

All Chapters