← Chapters

သေဆုံးခြင်းသစ်ပင်

Vol. 123 Ch. 4.1351

သေဆုံးခြင်းသစ်ပင်

Vol. 123 Ch. 4.1351

"မင်းမျက်နှာ?"

"အဲဒီမိစ္ဆာသားရဲတွေက ကျွန်မနဲ့ လိင်ဆက်ဆံချင်နေတာ ဟုတ်ပြီလေ... အဲဒါကြောင့် ကျွန်မမျက်နှာကို ကိုယ့်ဘာသာကို ကုတ်ဖဲ့ပစ်လိုက်တယ်... ဘယ်သူက လုပ်ချင်ဦးမလဲ ကြည့်ရသေးတာပေါ့"

ထိုမိန်းကလေးက ဘာမှမထူးခြားသလို ကြည့်နေသည်။ သူ့အသံက အမှန်အတိုင်း ပြောနေသံဖြင့် ပြည့်နေသည်။ မိန်းကလေးတွေက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ဥပဓိရုပ်ပျက်သွားသော်လည်း တိုက်ပွဲများကတော့ ဆက်လက် ရှိနေဆဲ ဖြစ်သည်။

သူမမျက်နှာပေါ်ရှိ ဤအမာရွတ်ကြောင့် သူမသတ္တိကို သိလိုက်တာမို့ လုရွှမ် ဒီမိန်းကလေးကို ပိုသဘောကျလာသည်။

"လုရွှမ်"

"ကျီရွှေ..."

မိန်းကလေးက ပြုံးပြသည်။ သူမအပြုံးက ရုပ်ဆိုးပေမယ့် တောက်ပလွန်းနေ၏။ လုရွှမ် ခဏလောက်စဉ်းစားပြီး လှည့်မေးလိုက်သည်။

"မင်းရဲ့အစီအစဥ်က ဘာလဲ"

"ဒါက အရမ်းရိုးရှင်းပါတယ်... မသေခင် နောက်ထပ် မိစ္ဆာသားရဲ တချို့ကို သတ်လိုက်ရုံပဲ... ဒီလောက်ဆို လုံလောက်ပြီ"

လုရွှမ် မရယ်ဘဲ မနေနိုင်ပေ။ ဒီကျီရွှေက အရမ်းမလှပေမယ့် သူရဲကောင်းဆန်တယ်လို့ ခံစားရသည်။

"ဒါဆို ငါတို့ ပူးပေါင်းနိုင်မယ်လို့ ထင်ပါတယ်... ငါ့ရဲ့ ကျင့်ကြံမှု အဆင့်နိမ့်တာကို မင်းစိတ်ထဲ မထားရင်ပေါ့..."

"ဟားဟား အဲဒါကို ဘယ်သူက မကြိုက်တာရှိလို့လဲ... နောက်ပြီး ရှင့်ရဲ့ကိုယ်ပိုင် ခွန်အားနဲ့ဆို ဒီနေရာက လွတ်မြောက်နိုင်မှာပဲလေ.. ကျွန်မနယ်ပယ်က ရှင့်ထက် မြင့်နေပေမယ့် ခွန်အားက အများကြီး နိမ့်နေနိုင်တယ် မဟုတ်ဘူးလား"

ဒီအမျိုးသမီးက အရမ်း ပြက်သားလေသည်။

"ကောင်းပြီ... အခု ဒီမှာ စောင့်ရအောင်..၇ယောက်လောက် စုနိုင်ရင် ထွက်ခွာကြမယ်!"

သူတို့နှစ်ယောက် အဲဒီမှာ စောင့်နေပေမယ့် ဘယ်သူမှ ထပ်မလာတော့ဘူး။ သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူး ဆိုတာ သိသာပါ၏။

ကျီရွှေ: "ဒီမှာ ကောင်းတာတွေ အများကြီးရှိတယ်၊ အဲဒါတွေကို သွားရွေးရအောင်"

"ကောင်းပြီ!"

ဒါက အကောင်းဆုံးပါပဲ။

သူတို့နှစ်​​ယောက်​​ ရောက်​​သော​ နေရာသည်​ အနည်းငယ်​​ ဝေး​နေ​သော်​လည်း ပျံသန်းပြီး သုံးရက်​အတွင်းတွင်​ပင် လူသား တစ်ယောက်နှင့် မိစ္ဆာသားရဲ တစ်​​ကောင်​နှင့်​ပင် မ​တွေ့ခဲ့ကြပါ။ သို့နှင့် သူတို့နှစ်ယောက်လည်း သစ်ပင်ကြီးတစ်ပင်ဆီ ရောက်သွားခဲ့သည်။

ဒီသစ်ပင်ပေါ်မှာတော့ အရုပ်နဲ့တူတဲ့ အသီးအနှံတွေ ရှိနေကာ အရမ်းချစ်စရာ ကောင်းလှသည်။ သို့သော် ကျီရွှေရဲ့ မျက်လုံးများကတော့ ချက်ချင်းပင် နီရဲလာပြီး သူမမျက်နှာပေါ်မှ မျက်ရည်များ စီးကျလာသည်။

"ဒီအသီးအနှံလေးတွေက ကျွန်မတို့ လူသားတွေရဲ့ ဝိညာဉ်တွေကို ဒီမှာသတ်ပြီးတော့ အလောင်းတွေကိုလည်း ဒီမှာ လွှင့်ပစ်ခဲ့တာ... အနှစ်ခြောက်ဆယ် ကြာ​ပြီးတဲ့အခါကျရင်တော့ ဒီလိုမျိုး အသီးလေးတွေ ပေါက်လာလိမ့်မယ်"

လုရွှမ် ဒေါသများဖြင့် သစ်ပင်ကြီးကို စိုက်ကြည့်လိုက်သည်။

"ဒါဆို ဒီသစ်ပင်ကို ဖျက်စီးပစ်အောင်"

ကျီရွှေ သူ့ခေါင်းကို ခါယမ်းလိုက်ပြီး "လူတော်တော်များများက ဒီလိုတွေးနေကြပေမယ့် ရိုးရိုင်းရှင်းရှင်းနဲ့ မလုပ်နိုင်ကြဘူး... ဒဏ္ဍာရီအရတော့... ရေ၊ မီး၊ လေနဲ့ မိုးကြိုးပစ်လို့ မပျက်စီးနိုင်သလို ဒီမြင့်မြတ်တဲ့ သစ်ပင်ကို ဘယ်အရာကမှ မသတ်နိုင်ဘူးတဲ့"

"သစ်ပင်?"

"တကယ်တော့ ဒီသစ်ပင်ကိုယ်တိုင်က ကျွန်မတို့ လူသားတွေအတွက် မြင့်မြတ်တဲ့သစ်ပင်ပဲ... ဒါပေမဲ့ မိစ္ဆာသားရဲတွေဆီက တားမြစ်ပိတ်ပင်တာတွေ ခံထားရတယ်... အခုက မိစ္ဆာတွေအတွက် မြင့်မြတ်တဲ့ သစ်ပင်ဖြစ်လာတော့ ကျွန်မတို့လူသားတွေရဲ့ စိတ်ဝိညာဉ်နဲ့ လုပ်ထားတဲ့ အသီးအနှံလည်း ဖြစ်လာတယ်.. မိစ္ဆာသားရဲရဲ့ ဉာဏ်ရည်တွေက အရမ်းကောင်းလာတော့ ကျွန်မတို့ လူသားတွေရဲ့ မှတ်ဉာဏ်တွေကို ရယူဖို့ အခွင့်အရေးတောင် ရနိုင်ပါသေးတယ်"

"ဒါကလည်း မိစ္ဆာသားရဲတွေ ပိုအားကောင်းလာရတဲ့ အကြောင်းရင်းလည်း ဖြစ်တယ် ကျွန်မတို့ရဲ့ လူ့စွမ်းရည်နဲ့ မှော်စွမ်းအားတွေကို ဒီိမိစ္ဆာတွေက နားလည်ထားပြီးသား ဖြစ်သွားတော့ ဘာလုပ်လုပ် မအောင်မြင်နိုင်တော့ဘူး"

လုရွှမ် ဤသစ်ပင်ကြီးအား ကြည့်လိုက်သည်။ ထိုကဲ့သို့ ဇာတ်လမ်းမျိုး ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပင်လယ်က ပြောင်းလဲသွားရင် လူတွေကလည်း ပြောင်းလဲသွားသည်။

"ဒါဆို ငါတို့ကို ပြောင်းလဲပစ်ဖို့ တခြားနည်းလမ်း မရှိဘူးလား"

ကျီရွှေက ခေါင်းညိတ်လိုက်ပြီး "မရှိဘူး... ရှိလည်း မဖြစ်နိုင်ဘူး"

"ဒဏ္ဍာရီအရ... မြင့်မြတ်တဲ့သစ်ပင်က လူသားထက် မိစ္ဆာသားရဲတွေကို မျိုချနေသမျှ ကာလပတ်လုံး ဒါမှမဟုတ် သူမျိုထားတဲ့ သတ္တဝါတွေက လူသားဝိညာဥ်တွေထက် ပိုအားကောင်းနေသမျှ ကာလပတ်လုံး ရှင်ထင်တာတွေကို လုပ်နိုင်လိမ့်မယ်..."

"ဒီသစ်ပင်က အမည်မသိ လူပေါင်းများစွာကို မျိုချလိုက်ပြီးပြီ... အမြင့်ဆုံး အဆင့်က လူသားတွေကိုလည်း မျိုချခဲ့တယ်.. ဒဏ္ဍာရီအရဆို ဒီသစ်ပင်မျိုးက နတ်ခြေလှမ်းနယ်ပယ် အဆင့်၇ အထိ တက်လှမ်းဖို့ ခွန်အားရှိတယ်လို့ ပြောတယ်"

ကျီရွှေ သက်ပြင်းချလိုက်သည်။ လုရွှမ်လည်း အလားတူပါပဲ။ အခြေအနေတွေက ကြမ်းတမ်းလွန်းတော့ သူလည်း ရိုးရိုးရှင်းရှင်း မလုပ်နိုင်လောက်သေးပေ။

"ငါတို့ ဒီအသီးတွေကို ရွေးခူးလို့ရလား"

လုရွှမ် ရုတ်တရက် မေးလိုက်သည်။ ကျီရွှေက အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်သည်။

"ရှင် ခူးလို့ရပေမယ့် ကျွန်မတို့အတွက် အသုံးမဝင်ဘူး... နောက်ပြီး ခူးပြီး အသက် ဆယ်ချက်လောက်ကြာရင် အသီးက အကိုင်းအခက်တွေပေါ် ပျံတက်သွားလိမ့်မယ်...ဒါနဲ့ ကျွန်မတို့ ကလေးအသီးကို ခူးလို့မရဘူး.. မဟုတ်ရင် စိတ်ဝိညာဉ်ရဲ့ တုံ့ပြန်မှုတွေ ဒါမှမဟုတ် တိုက်ရိုက်သေတဲ့အထိ ဖြစ်သွားလိမ့်မယ်။"

လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "အိုး... ဒီလိုဆိုရင် သူတို့ကို ဆွဲချပြီး အထူးနေရာ တစ်ခုမှာ ထားလိုက်ကြရအောင်"

ကျီရွှေက ထိတ်လန့်သွားပြီး လုရွှမ်ရဲ့ လက်ဖဝါးကို ဇတ်ကနဲ ငုံ့ကြည့်လိုက်၏။

"ရှင့်မှာ သိုလှောင်လက်စွပ် ရှိလား"

ဒါပေမဲ့ မကြာခင်မှာပဲ သူမရဲ့မျက်လုံးထဲက စိတ်လှုပ်ရှားမှုတွေကလည်း ပျောက်ကွယ်သွားခဲ့ပါသည်။

"သိုလှောင်လက်စွပ်နဲ့တောင် အဆင်မပြေသေးပါဘူး.. သူတို့က လွင့်ပျံနေမှာပဲ"

"တကယ်ဆိုလည်း စမ်းကြည့်ရမယမယ်"

ဒါပေါ့။ သိုလှောင် လက်စွပ်ထဲမှာ ထည့်ထားရင် အလုပ်မဖြစ်ပါဘူး၊ ဒါကြောင့် တခြားနေရာမှာ ထားလိုက်ရမည်။ ဒီလိုအသီးအနှံတွေကို ဘယ်မှာ ထားလို့ရနိုင်မလဲ။

လုရွှမ်: 'ကျီးဖိုးဖိုး..ထွက်သွားပြီး ကြည့်လို့ရမလား"

ရွှေကျီးကန်းရဲ့ ဝိညာဉ်က လုရွှမ်အတွေးထဲမှာ ထွက်လာသည်။

“ဘာကြီး?? နိဗ္ဗာန်နအသီးအနှံတွေ အများကြီး ရှိနေပါလား... ဟေ့ အရည်အသွေး နည်းနည်းကွာတယ် ဒါပေမဲ့ အဆင်ပြေတယ်ကွ!”

"ကောင်းလေ... မင်းက နတ်ဘုရား လူဝင်စားလားလို့တောင် ထင်လာပြီ... မင်းကံကောင်းလိုက်တာ တကယ် ကံကောင်းတာနော်... ဒီဟာတွေနဲ့ဆို ငါဘာလို့ နတ်သေရည်ကို ချက်ရမှာလဲ... မွေးဖွားရေစင်ကို တိုက်ရိုက် ချက်လိုက်လို့ရပြီ"

"မွေးဖွားရေစင်... အဲဒါဘာလဲ?"

"ဟားဟား မွေးဖွားရေစင်က အတော်လေးကို အံ့သြစရာကောင်းတဲ့ အရာတစ်ခုပေါ့... ဥပမာ လူတစ်ယောက် သေဆုံးပြီး လူဝင်စားတဲ့ နေရာကို ရောက်သွားရင် သူသင်ယူပြီး ထိန်းချုပ်ထားသမျှ အရာအားလုံးက အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူးလား... အဲဒါက သူ့ကို သွန်သင်ဆုံးမခဲ့တဲ့ မုန်းစရာကောင်းတဲ့ အရာကြီးပဲ... အနာဂတ် မျိုးဆက်တွေ အတွက် ထားခဲ့သင့်တယ်လေ... ဒီအရာတွေနဲ့ဆို တိုက်ရိုက် ကူးစက်နိုင်တယ် အဆင်ပြေပြီး ပြီးပြည့်စုံတယ်"

လုရွှမ် အံ့အားသင့်သွားသည်။ ထိုသို့သော ကိစ္စမျိုးလည်း ရှိနေဦးမယ်လို့ သူ မထင်ချေ။ ဒါက အရမ်းလွန်တယ် မဟုတ်ဘူးလား။

ရွှေကျီးကန်းက လုရွှမ်ရဲ့ အတွေးအမြင်ကို နားလည်တာကြောင့် ခေါင်းညိတ်လေ၏။

"ဟုတ်တယ်... ငါလည်း ဒီလိုပဲ ထင်တယ် ဒီသစ်ပင်က သေသွားတာ ကြာပြီ ဒါပေမဲ့ ဒီမှာ တစ်ပင်ရှိဖို့တော့ ငါ မမျှော်လင့်ထားဘူးနော်... ကောင်းပြီ အဲဒါကို နောက်မှ ပြောင်းထားသင့်တယ်... သူတို့ထဲက တစ်ယောက်ကို စုပ်ယူနိုင်ရင်ကို အဆင်ပြေပြီ...."

ရွှေကျီးကန်းက သူ့အသံကို အနည်းငယ်မျှ စိတ်မဝင်စားသည့်နှယ် ပြောနေသည်။ လုရွှမ်ခမျာတော့ သွေးအန်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

ထို့ထက်ပို၍ စုပ်ယူနိုင်လေလေ အနာဂတ်တွင် ထိန်းချုပ်နိုင်လေလေ ဖြစ်သည်။ ဒါက ရေရှည်ကိစ္စဖြစ်ပေမယ့် ကြာလေလေ ရိတ်သိမ်းမှုက ပိုကြီးလေပါပဲ။

လုရွှမ်: "ဒီအသီးကို ခူးလို့ မရဘူး... အသက်ရှူတဲ့ ဆယ်ချက်လောက်နဲ့တင် စားလို့ မရ​တော့ဘူးလို့ ကြားတယ်"

"ဟင့်အင်း ကျောက်စိမ်းနေရာ ရှိတယ်လေ... မင်းဘာကို ကြောက်နေတာလဲ"

လုရွှမ်လည်း ထိုစကားများကို စောင့်မျှော်နေသဖြင့် သူသည် သစ်ပင်ပေါ်သို့ တိုက်ရိုက်ပျံသန်းကာ စတင် ခူးဆွတ်လိုက်သည်။

ကျီရွှေ ခေါင်းကို အနည်းငယ် ခါယမ်းမိသည်။ သူမ အောက်မှ ကြည့်ကာ မကူညီနိုင်သဖြင့် ပြေးကာ တစ်လုံးကို ကောက်ယူပြီးနောက် အသက်ရှူကြိမ် ဆယ်ချက်ခန့်ကြာပြီးနောက် သစ်သီးသည် သဲလွန်စမရှိဘဲ အကိုင်းအခက်ဆီသို့ ပြန်​ရောက်သွားတာ တွေ့လိုက်ရသည်။

"အဆင်မပြေဘူးလို့ ပြောသားပဲ... ရှင်!"

သူမ ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်တော့ လုရွှမ်က အများကြီး ကောက်နေပြီဆိုတာ တွေ့လိုက်ရပြီး အကိုင်းအခက် အလွတ်တွေက လုရွှမ် အောင်မြင်ကြောင်း ပြသနေလေ၏။

"ရှင် အောင်မြင်သွားတာလား?"

ကျီရွှေ အံ့သြစွာ အော်လိုက်သည်။

All Chapters