ယောကျာ်းရော မိန်းမရော ဆိုးတယ်
Vol. 123 Ch. 4.1353
ထိုအချိန်တွင် ဤဖောက်ခွဲရေး ပစ္စည်း၏ စွမ်းအားသည် မျှော်စင် နယ်ပယ်ရှိ လူသားကျင့်ကြံသူ၏ စွမ်းအားများထက် အနည်းငယ် သာလွန်ကြောင်း ထင်ရှားပါသည်။
သို့သော် ဗုံးကြဲခံရပြီးနောက် ခြုံခိုဧရိယာတစ်ခုလုံး တုန်ခါသွားသော်လည်း ၎င်းတို့က မသေသေးပေ။ ယခင်အောင်မြင်မှုမှာ ဝက်မိစ္ဆာရဲ့ ခန္ဓာကိုယ်ထဲသို့ပါ ဖောက်ခွဲရေး ပစ္စည်းများကို ပစ်ချခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။
"သွားရအောင်!"
လုရွှမ် ဆိုရင်း သူ့ခန္ဓာကိုယ်က ရုတ်တရက် အပြင်၌ ပေါ်ထွက်လာ၏။
ယခုအချိန်တွင် ဖောက်ခွဲရေး ပစ္စည်းများကြောင့် ထိုသုံးကောင်မှာလည်း ဒဏ်ရာပြင်းထန်သွားကြပြီ။ နောက်အခိုက်အတန့်မှာတော့ လုရွှမ်ဆီက ဓားအလင်းတစ်ခု ဖြတ်ပြေးသွားပြီး မိစ္ဆာသားရဲရဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်ပြီးနောက် သားရဲဦးခေါင်းကို ခုတ်ထစ်ပစ်လိုက်သည်။
နောက်ဆုံး မိစ္ဆာသားရဲသည် ကျယ်လောင်စွာအော်၍ လှည့်ထွက် ပြေးသွားခဲ့သည်။ လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး မိုးကြိုးကဲ့သို့ ဓားဖြင့်လိုက်ကာ ထိုအကောင်ကိုပါ သတ်ပစ်လိုက်သည်။
ကျီရွှေမှာ အံ့အားသင့်သွားတာကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေ၏။ ထိုလုရွှမ်က ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားဖို့ သူမ တကယ်ကို မမျှော်လင့်ထားခဲ့ပါဘူး။
သူမသည် လျင်မြန်စွာ အမြန်ထကာ ဘီလူးသုံးကောင်ကို မွေးထွားခြင်းသစ်ပင်ဆီ ကူညီ ပစ်ချပေးလိုက်သည်။ နွယ်ပင်များက မိစ္ဆာသားရဲ အလောင်းတွေကို အလောင်းများကို စုပ်ယူသွားတာကို ကျီရွှေ လုရွှမ်ဘက်ကို လှည့်ကြည့်လိုက်၏။
"ရှင်?"
"မင်းမှာလည်း အိပ်မက်တွေ ရှိသေးတယ်မလား"
လုရွှမ် ပြုံးပြီး နတ်ဓားတစ်လတ်ကို ထုတ်ပေးလိုက်သည်။ ကျီရွှေ မယူဝံ့ပေ။
"ဒါက နတ်လက်နက်မလား... မဖြစ်ဘူး သိပ်တန်ဖိုးကြီးတယ် ကျွန်မ မတတ်နိုင်ဘူး"
လုရွှမ်က ပြုံးပြီး "မင်းငါ့ကို ဒီဖောက်ခွဲရေးပစ္စည်းတွေ ပေးတယ်လေ... ငါကမင်းကို နတ့လက်နက်တစ်ခုပေးမယ်... တရားမျှတတယ် ကျိုးကြောင်းလည်း ဆီလျော်တယ်... ဒါ့အပြင် ငါတခြားလူကိုလည်း နတ်လက်နက် ရာနဲ့ချီပြီး ပေးခဲ့ပြီးပြီ.. ဒီတစ်ခုတော့ မလိုအပ်တော့ဘူး ဒါနဲ့ဆိုရင် မင်း မိစ္ဆာသားရဲတွေကို ကောင်းကောင်းသတ်နိုင်မယ်လေ"
ကျီရွှေက ကြောင်သူတော် မဖြစ်ချင်သော်လည်း နတ်လက်နက်ကို သူမလက်ထဲ တိုက်ရိုက် ကိုင်ဆောင်လိုက်သည်။ ဤနတ်လက်နက်က အမျိုးသမီးအတွက် အထူးပြုလုပ်ထားသည့် နတ့လက်နက်တစ်ခု ဖြစ်ကြောင်း တွေ့ရကာ ၎င်းက သူမရဲ့ စိတ်နေစိတ်ထားနဲ့လည်း ကိုက်ညီပါသည်။
"ဒါဆို ကျေးဇူးတင်ပါတယ်"
"မင်း နောက်ထပ် သားရဲတွေကို ထပ်သတ်နိုင်ရင် အဆင်ပြေတယ်..."
"အင်း!" ကျီရွှေ ခေါင်းတဆက်ဆက် ညိတ်သည်။
သူတို့နှစ်ယောက် နောက်တစ်ခေါက် ပုန်းနေပြန်သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ဆယ်ရက် ကြာသွားသည်။ ထိုအခါ မိစ္ဆာသားရဲများလည်း အကောင်သုံးဆယ်ထက်မနည်းရောက်လာပြီး လုရွှမ်တို့ လက်ထဲမှာ အဆုံးသတ်သွားကြသည်။
လုရွှမ်သည် သူမအား အချိန်မရွေး လမ်းညွှန်ပြသခဲ့ပြီး သူမ၏ ရန်သူကို သတ်ဖြတ်သော စွမ်းရည်မှာလည်း အလွန် တိုးတက်လာခဲ့သည်။ အစကတည်းက သူမ လုရွှမ်အနားတွင်သာ တိုက်ခိုက်နိုင်ခဲ့သော်လည်း ယခုအခါတွင် သူမသည် အမှီအခိုကင်းစွာဖြင့် သားရဲ ဦးခေါင်းကို ဖြတ်ရန် သူမခွန်အားကို အားကိုးနိုင်ပြီ။
သူမမျက်နှာမှ အပြုံးတွေဟာလည်း ပိုပိုပြီး ပေါ်လွင်လာသည်။ သူမ အရမ်းစိတ်လှုပ်ရှားနေခဲ့လေ၏။
လုရွှမ်: "ထွက်သွားကြတော့မလား"
ကျီရွှေကလည်း အလွန်ထက်မြက်သည်။ သူမတို့ ဤနေရာတွင် အတော်ကြာ နေခဲ့မိကြောင်း သိပါ၏။ သူမသာ ကြာကြာဆက်နေလျှင် ခေါင်းသုံးဆယ်ကျော်ကို သတ်နိုင်လောက်အောင် ကြီးမားသော ခြိမ်းခြောက်မှုက တခြားအကောင်များအား ဆွဲဆောင်နိုင်မှာ သေချာသည်။
ဒီလောက်ဆို လုံလောက်ပြီဆိုတာ နားလည်ပါသေးသည်။ သူတို့နှစ်ယောက် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ နတ်ဆိုးအကောင်သုံးဆယ်ကျော် အုပ်စုက ပြေးလာပြီး သူတို့ပတ်ဝန်းကျင်က တိရစ္ဆာန်တွေရဲ့ အသွေးကို အနံ့ခံကာ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
လမ်းတစ်လျှောက်တွင် လုရွှမ် ကျီရွှေရဲ့ ကျင့်ကြံမှုအဆင့်ကိုလည်း အကဲဖြတ်နေပါသည်။ မျှော်စင်နယ်ပယ် ပထမအဆင့်ပင်။ အခြေခံအုတ်မြစ်က ထင်သလောက် ခိုင်ခံတာမျိုး ဟုတ်သော်လည်း ဤနေရာက ကြွယ်ဝသော ဝိညာဉ်စွမ်းအင်ကြောင့် ခွန်အားက အတော်အတန် အားကောင်းကာ လျှော့တွက်၍ မရချေ။
တခြားလူတွေလိုပဲ သူမ အရည်အချင်းသည် ပျမ်းမျှအားဖြင့် ထင်ရှားသော်လည်း ဥာဏ်အလွန်ကောင်းသည်။ သူမကိုယ်ပိုင် စိတ်ကူးစိတ်သန်း အနည်းငယ်ဖြင့် ဖောက်ခွဲရေးစွမ်းရည်ကို တီထွင်နိုင်ခဲ့ခြင်းက လုရွှမ်ပင် မနှိုင်းယှဉ်နိုင်သော အရည်အချင်း တစ်ခုဖြစ်သည်။
ထို့ကြောင့် လုရွှမ်ဟာ လမ်းတစ်လျှောက် သူမရဲ့ လေ့ကျင့်မှုနှင့် တိုက်ခိုက်ရေး စွမ်းရည်ကို သတိရှိစွာ ထောက်ပြခဲ့သည်။ သို့ဖြင့် ရက်အနည်းငယ် အကြာတွင် သူမခွန်အားက 30%အထိ တိုးလာသည်ဟု ခံစားလာခဲ့ရသည်။
အနှစ်ခြောက်ဆယ်တိုင်း ဖြစ်ပျက်နေသည့် အမဲလိုက်ပွဲက လူသားမျိုးနွယ် အပေါ် မိစ္ဆာသားရဲများ၏ စစ်ဆေးခြင်းတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် ဝင်ရောက်လာသူများဟာ ငယ်ရွယ်သော မိစ္ဆာများသာ ဖြစ်ကြပြီး ၎င်းတို့၏ အမြင့်ဆုံး စွမ်းအားမှာ မျှော်စင်နယ်ပယ် အတွင်းသာ ရှိသည်။
နတ်ခြေလှမ်းနယ်ပယ် တက်လှမ်းသော ဝင်လာနိုင်သော်လည်း အနည်းငယ်မျှသာ ဝင်ရောက်နိုင်သည်။ ဒါက လူသားသခင်များ ခိုးဝင်မည်ကို စိုးရိမ်၍ ချမှတ်ထားသော အကာအကွယ် တစ်မျိုးလည်း ဖြစ်၏။
လုရွှမ်က ကျီရွှေကို ဦးဆောင်ကာ ထွက်ပြေးလာခဲ့သည်။ သူတို့ မိစ္ဆာသားရဲများ ဝန်းရံထားသော အဝိုင်းထဲတွင် ပိတ်မိနေမည်ကို စိုးရိမ်သောကြောင့်ပင်။ ဂရုတစိုက် ပုန်းနေကြရင်း မိစ္ဆာသားရဲ တစ်ကောင်နှစ်ကောင်လောက်ကို တွေ့ရင် ထွက်လာပြီး သူတို့ကို သတ်ပစ်လိုက်သည်။
အကယ်၍ ကြီးမားသော သားရဲစစ်တပ်ကို တွေ့ကြုံရပါက သဘာဝအတိုင်း သေခြင်းတရားကို သွားရောက် တိုက်ခိုက်ခြင်း သို့မဟုတ် မိမိကိုယ်ကို ဖျက်ဆီးခြင်း သို့မဟုတ် သားရဲများနှင့်အတူ သေဆုံးရလိမ့်မည်။
မထွက်ခွာမီ စန်းမြောင် မျိုးနွယ်စုကြားတွင် ပျံ့နှံ့နေသည့် ဒဏ္ဍာရီတစ်ခုကို သူ ကြားသိခဲ့ရသည်။ အမဲလိုက်တွင်းသို့ ဝင်ရောက်လာသော လူသားအများစုသည် ဖမ်းမိ၍ သတ်ဖြတ်ခံရမည်ကို ကြောက်ရွံ့သဖြင့် အဆိပ်ကို ပြင်ဆင်ထားကြသည်။
လုရွှမ်တို့ အဖွဲ့ကတော့ ၎င်းတို့၏ လုပ်ရပ်များကို မရပ်တန့်စေဘဲ သတ္တိရှိရှိ သရုပ်ပြခဲ့သည်။ ဒါကလည်း သတ္တိတစ်မျိုးပဲ မဟုတ်ပါလား။ ဒီနေရာထဲ ဝင်လာပြီးရင် လူတိုင်းက မိမိတို့စိတ်ကို သေရတော့မယ် ဟူသော အတွေးဖြင့် ကြံရွယ်ထားပြီးသား ဖြစ်ရမည်။
လဝက်လောက်ကြာတော့ လုရွှမ် သူနဲ့သိတဲ့လူကို ရှာမတွေ့ရတာကြောင့် အနည်းငယ် စိတ်ညစ်လာသည်။ ဒီနေရာက ကျယ်ဝန်းသော်လည်း အော်ဟစ်အကူအညီ တောင်းနေသူများစွာကိုလည်သ တွေ့ခဲ့ရသည်။
လုရွှမ်မှာ ကျီရွှေတစ်ယောက်ကတော့ ဆင်းပြီး အကူအညီ ပေးမယ်လို့ မူလက ထင်ထားပေမယ့် သူမဟာ အောက်က လူသားတွေ အသတ်ခံရပြီး နတ်ဆိုးတွေရဲ့ စားသောက်မှုကိုတောင် အေးအေးဆေးဆေး စောင့်ကြည့်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့။ အစကနေ အဆုံးအထိ အေးအေးဆေးဆေး ကြည့်နေခဲ့တာပင်။
တချို့က ကျယ်လောင်စွာ အော်ကြသည်။ လူတစ်ယောက်နဲ့ မိစ္ဆာသားရဲတစ်ကောင် တိုက်ခိုက်ပြီးနောက် မိစ္ဆာသားရဲ သေဆုံးပြီး လူသားလည်း အပြင်းအထန် ဒဏ်ရာရပြီး သေဆုံးသွားတော့သည်။
ကျီရွှေ: "သူတို့ အကူအညီ တောင်းတဲ့အခါ သူတို့အသံက တခြားသားရဲတွေကို ဆွဲခေါ်ပြီးသား ဖြစ်သွားပြီ.... ဆိုလိုတာက ရှင်က အရမ်းတန်ခိုးကြီးပေမယ့် သားရဲဘက်က အရမ်းများလာရင် ကျွန်မတို့နှစ်ယောက်စလုံး သေကုန်လိမ့်မယ်"
ကျီရွှေရဲ့ ရှင်းပြချက်က မအေးချမ်းစေပေမယ့် ကျိုးကြောင်းသင့်နေ၏။ ဒီလို စိတ်ဖြင့်သာ သူတို့သည် အန္တရာယ်ရှိသော ပတ်ဝန်းကျင်တွင် ရှင်သန်နိုင်မည် ဖြစ်သည်။ ခွန်အားမရှိရင် အလျင်စလို အကူအညီ မတောင်းတာက အကောင်းဆုံးပါပဲ။ ဒါက ကိုယ့်အတွက်သာမက တခြားသူများကိုပါ ဒုက္ခပေးမိမည်။
ကျီရွှေ သူ့ကို ကယ်တင်ဖို့ အလျင်စလို ထွက်သွားရင် လုရွှမ်ကလည်း သူမကို ကယ်တင်ဖို့ ထွက်လာရလိမ့်မယ်။
အမြင်မတူတဲ့ လူတွေဟာ ပေါင်းစည်းဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီလို အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ချင်တယ် ဆိုရင်တော့ သည်းမခံနိုင်တဲ့ စေတနာနဲ့ ဖြောင့်မတ်ခြင်းလို့ ခေါ်တဲ့ ကုသိုလ်တရားတွေက သူတစ်ပါးနဲ့ ကိုယ့်ကိုကိုယ်ပဲ ဒုက္ခပေးမိလိမ့်မယ်။
မသိလိုက်ခင်မှာပဲ နောက်ထပ်တစ်လ ကျော်သွားပါပြီ။ ထိုလတွင် လုရွှမ်နဲ့ ကျီရွှေတို့ မိစ္ဆာသားရဲ တစ်ရာကျော်ကို သတ်ဖြတ်ခဲ့ကြသည်။ သူတို့နှစ်ဦး၏ ဂုဏ်သတင်းသည် တဖြည်းဖြည်း ပျံ့နှံ့လာကာ ၎င်းတို့ကို ယောက်ျားနှင့် မိန်းမ နတ်ဆိုးများဟုပင် ခေါ်လာကြသည်။
သူတို့နှစ်ယောက်လုံးမှာ နတ်ဓားတွေ ရှိကြပြီး သူတို့သတ်ခဲ့တဲ့ မိစ္ဆာသားရဲတွေဆီမှာ အကင်နံ့တွေ ကျန်ရစ်ခဲ့ပါ၏။ ယင်းကြောင့် သားရဲအပေါင်းတို့သည် ယောက်ျားနှင့် မိန်းမ စုံတွဲကို ဖမ်းရမည်ဟု ကြွေးကြော်ကာ အလွန်အမင်း ဒေါသ ထွက်ခဲ့ကြသည်။
လုရွှမ်မှာ သူငယ်ချင်းတွေကို မတွေ့ရသေးတဲ့အတွက် စိတ်မကောင်း ဖြစ်လာသည်။ သူတို့အခြေအနေ ဘယ်လိုရှိလဲ မသိ။
နောက်တစ်ည၌။
မီးတောက်တွေက တဖျစ်ဖျစ် တောက်နေသည်။
နှစ်ယောက်သား မီးကိုထွန်းညှိပြီး ဖီးနစ်ရဲ့သွေးလို့ ပြောကြတဲ့ ငှက်တစ်ကောင်ကို ကင်ထားတဲ့ ပေါင်သားအား ကင်စားနေကြ၏။ မီးငှက်လို့ ခေါ်တဲ့ ဖီးနစ်သွေးလိုင်းက လုရွှမ်ကိုယ်ထဲမှာ ပါတာကြောင့် သူဟာ ဖီးနစ်ရဲ့သွေးလိုင်းကို သဘာဝအတိုင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
ဘယ်မှာလဲ ဖီးနစ်သွေး၊ ၎င်းက ဒေါင်းသွေးသာသာပဲ ရှိလေ၏။